ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

Long Distance Relationship (LDRS) လို႔ေခၚတဲ႔ အရာက ဒီေခတ္ႀကီးမွာ အဆန္းမဟုတ္ေတာ႔ပါဘူး။ ဒစ္ဂ်စ္တယ္နည္းပညာေတြနဲ႔ ပိုမိုျမန္ဆန္လာတဲ႔ ဆက္သြယ္ေရးလမ္းေၾကာင္းေတြၾကားမွာ အဂၤလန္က ေကာင္မေလးနဲ႔ ျမန္မာျပည္က ေကာင္ေလး ႀကိဳက္ဖို႔ဆိုတာလည္း အလြယ္ေလးပါ။ ျမန္မာတစ္ႏိုင္ငံတည္းမွာပဲ ေနထိုင္ရာၿမိဳ႕ေတြမတူညီေပမယ္႔ LDRS တစ္ခုကို တည္ေဆာက္လို႔ရပါတယ္။ ဒါေပမယ္႔ LDRS ေတြရဲ႕ ဘဝက သာမန္ RS ေတြထက္ ပိုမိုၾကမ္းတမ္းခက္ခဲပါတယ္။

အဓိကအခ်က္ကေတာ႔ အကြာအေဝးပါပဲ။ အေနေဝးရင္ေသြးေအးတယ္ဆိုတဲ႔ စကားကလည္းရွိေသးတယ္ေလ။ LDRS တိုင္းဟာ ႏွစ္ေယာက္ၾကားက အကြာအေဝးေၾကာင္႔ပဲ အခ်စ္ေတြတိုးပြားရသလို အဲဒီအကြာအေဝးေၾကာင္႔ပဲ ေဝးကြာၾကရပါတယ္။ ဒါေပမယ္႔ LDRS ဘဝကေနၿပီး အိမ္ေထာင္သည္ဘဝကို ကူးေျပာင္းသြားႏိုင္တဲ႔သူေတြလည္း အမ်ားႀကီးပါပဲ။ LDRS ေတြ ႏွစ္ဦးၾကားက ဆက္ဆံေရးေလးကို ဆက္လက္ ထိန္းသိမ္္းထားဖို႔ဆိုရင္....
၁။ အဆက္အသြယ္မျပတ္ပါေစနဲ႔

တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ မျမင္မေတြ႕ႏိုင္ဘူးဆိုေတာ႔ စိတ္ပိုင္းဆိုင္ရာအဆက္အသြယ္နဲ႔ ဒစ္ဂ်စ္တယ္ၾကားခံနယ္ေပၚက အဆက္အသြယ္ေတာ႔ မျပတ္ေတာက္ဖို႔ လိုအပ္ပါတယ္။ တစ္ခါ ဖုန္းေျပာရင္ နာရီဝက္၊ တစ္နာရီၾကာတဲ႔ စကားဝိုင္းေတြ ျဖစ္စရာမလိုပါဘူး။ ပံုမွန္ေလးအဆက္အသြယ္ေလးရွိေနရင္ ရပါၿပီ။

အခ်ိန္ဘယ္ေလာက္တိုပါေစ။ ပံုမွန္ေလးဆက္သြယ္ေနမယ္ဆိုတာ ဒီ Relationship ႀကီး တည္ျမဲေနဖို႔ ခင္ဗ်ားတို႔ႏွစ္ေယာက္လံုး ဘယ္ေလာက္စိတ္ဝင္စားတယ္ဆိုတာကို ေဖာ္ျပေနပါတယ္။ အေနေဝးရင္ ေသြးေအးတယ္ဆိုတာ ကိစၥအမ်ားစုအတြက္ေတာ႔ မွန္ကန္ေနဆဲပါပဲ။
၂။ အေသးအဖြဲကိစၥေလးေတြကိုလည္း ေျပာပါ

သမီးရည္းစားႏွစ္ေယာက္ၾကားမွာ ဘာအေၾကာင္းအရာေျပာရမလဲဆိုတာက သိပ္ႀကီးခက္ခက္ခဲခဲ စဥ္းစားေနစရာမလိုပါဘူး။ ခ်စ္ေၾကာင္း ႀကိဳက္ေၾကာင္းခ်ည္းပဲ ထိုင္ေျပာေနစရာလည္း မလိုပါဘူး။ ကိုယ္႔ရဲ႕ ေန႕စဥ္ဘဝထဲက အေသးအဖြဲ အေၾကာင္းအရာေလးေတြကို ေျပာပါ။

ေက်ာင္းမွာ၊ ရံုးမွာ၊ ပတ္ဝန္းက်င္မွာ၊ သူငယ္ခ်င္းေတြၾကားမွာ ျဖစ္ပ်က္ေတြ႕ၾကံဳလာရတဲ႔ အေသးအဖြဲအေၾကာင္းအရာေလးေတြကို ေျပာျခင္းကလည္း ႏွစ္ဦးၾကားက သံေယာဇဥ္ေတြကို ပိုမိုခိုင္ျမဲလာေစပါတယ္။ ခင္ဗ်ားရဲ႕ခ်စ္သူဟာ ခင္ဗ်ားရဲ႕အခ်စ္ဆံုး သူငယ္ခ်င္းတစ္ေယာက္ျဖစ္လာတဲ႔အခ်ိန္မွာ အရာရာဟာ အဆင္ေျပေခ်ာေမြ႕လွပလာပါလိမ္႔မယ္။
၃။ တစ္ခါတေလ သူ႔ဆီအလည္သြားပါ

Long Distance Relationship ရဲ႕ ခက္ခဲၾကမ္းတမ္းတဲ႔အပိုင္းတစ္ခုကေတာ႔ လူခ်င္းမေတြ႕ရတာပါပဲ။ ဘယ္ေလာက္ပဲ မလိုအပ္ပါဘူးဆိုဆို။ အခ်စ္မွာ ရုပ္ပိုင္းဆိုင္ရာထိေတြ႕မႈေလးေတြျဖစ္တဲ႔ ေပြ႕ဖက္တာ၊ နမ္းရႈံ႕တာ၊ လက္ခ်င္းကိုင္ၿပီး ေလွ်ာက္လည္တာ စတာေတြကလည္း အတိုင္းအတာတစ္ခုထိ လိုအပ္တာပါပဲ။ ဒါေၾကာင္႔ မိမိခ်စ္သူရွိရာၿမိဳ႕ (သို႔) ႏိုင္ငံကို တစ္ခါတေလ အလည္အပတ္သြားပါ။

သူမ (သို႕) သူ အႏွစ္သက္ဆံုး စားေသာက္ဆိုင္တစ္ဆိုင္မွာ လိုက္ေကြ်းပါ။ အမွတ္တမဲ႔တဒဂၤေလးေတြနဲ႔ အမွတ္တရ အခိုက္အတန္႕ေလးေတြကို ဖန္တီးပါ။ ဒီအရာေလးေတြက ျပန္လည္ေဝးကြာရခ်ိန္မွာ အလြမ္းကို ေလာင္စာျဖည္႔ေပးမယ္႔ အရာေလးေတြ ျဖစ္လာမွာပါ။
၄။ တစ္ေယာက္ကိုယ္တစ္ေယာက္ နားလည္ေအာင္လုပ္ပါ

နားလည္မႈဆိုတာ Relationship တစ္ခုမွာ အလိုအပ္ဆံုးအရာတစ္ခုပါ။ စကားေလးေတြေျပာရင္း တစ္ေယာက္အေၾကာင္းကို တစ္ေယာက္ပိုမိုနားလည္ေအာင္ ႀကိဳးစားပါ။ သူဘယ္အရာေတြကို အႀကိဳက္ဆံုးလဲ ဆိုတာ။ သူဘယ္အရာေတြကို အမုန္းဆံုးလဲ ဆိုတာေတြကို မွတ္သားထားပါ။ ဒါေတြက သူ႕ဆီကို အေဝးကေန လက္ေဆာင္ေလးေတြ ပို႔ေပးရာမွာ အေရးပါလာႏိုင္သလို ခံစားခ်က္ေတြကို ေဖာ္ျပရာမွာလည္း အေရးပါလာႏိုင္ပါတယ္။
၅။ ယံုၾကည္မႈကိုတည္ေဆာက္ပါ

Relationship တစ္ခုမွာ ယံုၾကည္မႈက အသက္တမွ်အေရးပါ ပါတယ္။ အထူးသျဖင္႔ Long Distance Relationship ေတြမွာေပါ႔။ အေကာင္းဆံုးကေတာ႔ မိမိရဲ႕လက္တြဲေဖာ္အေပၚ သစၥာရွိၿပီး သူ႔ရဲ႕ယံံုၾကည္မႈကို ရယူတာပါပဲ။ တကယ္လို႔ အမွားတစ္ခုခုက်ဴးလြန္မိရင္လည္း ပြင္႔ပြင္႔လင္းလင္းထုတ္ေဖာ္ဝန္ခံလိုက္ပါ။ ဘာလို႔လဲဆုိေတာ႔ မေကာင္းမႈဆိုတာ တကယ္ဆိတ္ကြယ္ရာမရွိလို႔ပါပဲ။ တစ္ေန႔မဟုတ္ တစ္ေန႔ေတာ႔ ခင္ဗ်ားလုပ္ထားတဲ႔အရာကို သူသိသြားမွာျဖစ္ၿပီး အခ်ိန္ကာလအၾကာႀကီး သူ႔ကို ခင္ဗ်ားလိမ္ထားတယ္ဆိုတဲ႔အသိက ခင္ဗ်ားတို႔ႏွစ္ေယာက္ၾကားမွာ ျပန္ဆက္မရတဲ႔ အက္ေၾကာင္းကို ျဖစ္သြားေစႏိုင္ပါတယ္။ ဒါေၾကာင္႔ ျဖစ္ႏိုင္ရင္ တစ္ေယာက္ရဲ႕ယံုၾကည္မႈကို တစ္ေယာက္က မခ်ိဳးေဖာက္မိေအာင္ ထိန္းသိမ္းပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
Long Distance Relationship (LDRS) လို့ခေါ်တဲ့ အရာက ဒီခေတ်ကြီးမှာ အဆန်းမဟုတ်တော့ပါဘူး။ ဒစ်ဂျစ်တယ်နည်းပညာတွေနဲ့ ပိုမိုမြန်ဆန်လာတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကြားမှာ အင်္ဂလန်က ကောင်မလေးနဲ့ မြန်မာပြည်က ကောင်လေး ကြိုက်ဖို့ဆိုတာလည်း အလွယ်လေးပါ။ မြန်မာတစ်နိုင်ငံတည်းမှာပဲ နေထိုင်ရာမြို့တွေမတူညီပေမယ့် LDRS တစ်ခုကို တည်ဆောက်လို့ရပါတယ်။ ဒါပေမယ့် LDRS တွေရဲ့ ဘဝက သာမန် RS တွေထက် ပိုမိုကြမ်းတမ်းခက်ခဲပါတယ်။

အဓိကအချက်ကတော့ အကွာအဝေးပါပဲ။ အနေဝေးရင်သွေးအေးတယ်ဆိုတဲ့ စကားကလည်းရှိသေးတယ်လေ။ LDRS တိုင်းဟာ နှစ်ယောက်ကြားက အကွာအဝေးကြောင့်ပဲ အချစ်တွေတိုးပွားရသလို အဲဒီအကွာအဝေးကြောင့်ပဲ ဝေးကွာကြရပါတယ်။ ဒါပေမယ့် LDRS ဘဝကနေပြီး အိမ်ထောင်သည်ဘဝကို ကူးပြောင်းသွားနိုင်တဲ့သူတွေလည်း အများကြီးပါပဲ။ LDRS တွေ နှစ်ဦးကြားက ဆက်ဆံရေးလေးကို ဆက်လက် ထိန်းသိမ်းထားဖို့ဆိုရင်....
၁။ အဆက်အသွယ်မပြတ်ပါစေနဲ့

တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် မမြင်မတွေ့နိုင်ဘူးဆိုတော့ စိတ်ပိုင်းဆိုင်ရာအဆက်အသွယ်နဲ့ ဒစ်ဂျစ်တယ်ကြားခံနယ်ပေါ်က အဆက်အသွယ်တော့ မပြတ်တောက်ဖို့ လိုအပ်ပါတယ်။ တစ်ခါ ဖုန်းပြောရင် နာရီဝက်၊ တစ်နာရီကြာတဲ့ စကားဝိုင်းတွေ ဖြစ်စရာမလိုပါဘူး။ ပုံမှန်လေးအဆက်အသွယ်လေးရှိနေရင် ရပါပြီ။

အချိန်ဘယ်လောက်တိုပါစေ။ ပုံမှန်လေးဆက်သွယ်နေမယ်ဆိုတာ ဒီ Relationship ကြီး တည်မြဲနေဖို့ ခင်ဗျားတို့နှစ်ယောက်လုံး ဘယ်လောက်စိတ်ဝင်စားတယ်ဆိုတာကို ဖော်ပြနေပါတယ်။ အနေဝေးရင် သွေးအေးတယ်ဆိုတာ ကိစ္စအများစုအတွက်တော့ မှန်ကန်နေဆဲပါပဲ။
၂။ အသေးအဖွဲကိစ္စလေးတွေကိုလည်း ပြောပါ

သမီးရည်းစားနှစ်ယောက်ကြားမှာ ဘာအကြောင်းအရာပြောရမလဲဆိုတာက သိပ်ကြီးခက်ခက်ခဲခဲ စဉ်းစားနေစရာမလိုပါဘူး။ ချစ်ကြောင်း ကြိုက်ကြောင်းချည်းပဲ ထိုင်ပြောနေစရာလည်း မလိုပါဘူး။ ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲက အသေးအဖွဲ အကြောင်းအရာလေးတွေကို ပြောပါ။

ကျောင်းမှာ၊ ရုံးမှာ၊ ပတ်ဝန်းကျင်မှာ၊ သူငယ်ချင်းတွေကြားမှာ ဖြစ်ပျက်တွေ့ကြုံလာရတဲ့ အသေးအဖွဲအကြောင်းအရာလေးတွေကို ပြောခြင်းကလည်း နှစ်ဦးကြားက သံယောဇဉ်တွေကို ပိုမိုခိုင်မြဲလာစေပါတယ်။ ခင်ဗျားရဲ့ချစ်သူဟာ ခင်ဗျားရဲ့အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်လာတဲ့အချိန်မှာ အရာရာဟာ အဆင်ပြေချောမွေ့လှပလာပါလိမ့်မယ်။
၃။ တစ်ခါတလေ သူ့ဆီအလည်သွားပါ

Long Distance Relationship ရဲ့ ခက်ခဲကြမ်းတမ်းတဲ့အပိုင်းတစ်ခုကတော့ လူချင်းမတွေ့ရတာပါပဲ။ ဘယ်လောက်ပဲ မလိုအပ်ပါဘူးဆိုဆို။ အချစ်မှာ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုလေးတွေဖြစ်တဲ့ ပွေ့ဖက်တာ၊ နမ်းရှုံ့တာ၊ လက်ချင်းကိုင်ပြီး လျှောက်လည်တာ စတာတွေကလည်း အတိုင်းအတာတစ်ခုထိ လိုအပ်တာပါပဲ။ ဒါကြောင့် မိမိချစ်သူရှိရာမြို့ (သို့) နိုင်ငံကို တစ်ခါတလေ အလည်အပတ်သွားပါ။

သူမ (သို့) သူ အနှစ်သက်ဆုံး စားသောက်ဆိုင်တစ်ဆိုင်မှာ လိုက်ကျွေးပါ။ အမှတ်တမဲ့တဒင်္ဂလေးတွေနဲ့ အမှတ်တရ အခိုက်အတန့်လေးတွေကို ဖန်တီးပါ။ ဒီအရာလေးတွေက ပြန်လည်ဝေးကွာရချိန်မှာ အလွမ်းကို လောင်စာဖြည့်ပေးမယ့် အရာလေးတွေ ဖြစ်လာမှာပါ။
၄။ တစ်ယောက်ကိုယ်တစ်ယောက် နားလည်အောင်လုပ်ပါ

နားလည်မှုဆိုတာ Relationship တစ်ခုမှာ အလိုအပ်ဆုံးအရာတစ်ခုပါ။ စကားလေးတွေပြောရင်း တစ်ယောက်အကြောင်းကို တစ်ယောက်ပိုမိုနားလည်အောင် ကြိုးစားပါ။ သူဘယ်အရာတွေကို အကြိုက်ဆုံးလဲ ဆိုတာ။ သူဘယ်အရာတွေကို အမုန်းဆုံးလဲ ဆိုတာတွေကို မှတ်သားထားပါ။ ဒါတွေက သူ့ဆီကို အဝေးကနေ လက်ဆောင်လေးတွေ ပို့ပေးရာမှာ အရေးပါလာနိုင်သလို ခံစားချက်တွေကို ဖော်ပြရာမှာလည်း အရေးပါလာနိုင်ပါတယ်။
၅။ ယုံကြည်မှုကိုတည်ဆောက်ပါ

Relationship တစ်ခုမှာ ယုံကြည်မှုက အသက်တမျှအရေးပါ ပါတယ်။ အထူးသဖြင့် Long Distance Relationship တွေမှာပေါ့။ အကောင်းဆုံးကတော့ မိမိရဲ့လက်တွဲဖော်အပေါ် သစ္စာရှိပြီး သူ့ရဲ့ယံုံကြည်မှုကို ရယူတာပါပဲ။ တကယ်လို့ အမှားတစ်ခုခုကျူးလွန်မိရင်လည်း ပွင့်ပွင့်လင်းလင်းထုတ်ဖော်ဝန်ခံလိုက်ပါ။ ဘာလို့လဲဆိုတော့ မကောင်းမှုဆိုတာ တကယ်ဆိတ်ကွယ်ရာမရှိလို့ပါပဲ။ တစ်နေ့မဟုတ် တစ်နေ့တော့ ခင်ဗျားလုပ်ထားတဲ့အရာကို သူသိသွားမှာဖြစ်ပြီး အချိန်ကာလအကြာကြီး သူ့ကို ခင်ဗျားလိမ်ထားတယ်ဆိုတဲ့အသိက ခင်ဗျားတို့နှစ်ယောက်ကြားမှာ ပြန်ဆက်မရတဲ့ အက်ကြောင်းကို ဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် တစ်ယောက်ရဲ့ယုံကြည်မှုကို တစ်ယောက်က မချိုးဖောက်မိအောင် ထိန်းသိမ်းပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top