Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဘာစီလိုနာမွ ဘရာဇီးၾကယ္ ပြင့္ေနမာသည္ ပီအက္စ္ဂ်ီသို႔ လာမည့္ တနလၤာ (သို႔မဟုတ္) အဂၤါေန႔တြင္ အၿပီးသတ္ေျပာင္းေရႊ႕မည္ျဖစ္ေၾကာင္း အသံလႊင့္ဌာန Radio Montecarlo (RMC) က ေၾကညာသည္။


ေနမာသည္ အခြန္မေဆာင္ မီ လစာယူ႐ိုသန္း ၃၀ ရရွိမည္ျဖစ္ ကာ ပီအက္စ္ဂ်ီႏွင့္ ငါးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုမည္ဟု ယင္းသတင္းဌာန က ေဖာ္ျပသည္။

စာခ်ဳပ္၏ အၿပီးသတ္အ ခ်က္အလက္မ်ားကို သေဘာတူ ထားၿပီးျဖစ္ေၾကာင္း ေနမာႏွင့္ နီး စပ္ေသာ သတင္းရင္းျမစ္တစ္ခု ကို ကုိးကား၍ RMC က ေဖာ္ျပ သည္။

ေနမာအတြက္ ပီအက္စ္ဂ်ီက ဘာစီလိုနာအသင္းထံ စာခ်ဳပ္ေလ်ာ္ေၾကးအျဖစ္ ယူ႐ို ၂၂၂  သန္းေပးရမည္ျဖစ္ၿပီး အာဂ်င္တီးနား တုိက္စစ္မွဴး ဒီမာရီယာကို အလိုက္ေပးမည္ျဖစ္ေၾကာင္း အျခားသတင္းတစ္ရပ္က ေဖာ္ျပသည္။

ဘာစီလိုနာအသင္းဥကၠ႒ ဘာတိုျမဴက ေနမာကို ဘာစီလိုနာတြင္ ဆက္ေနေစလိုေၾကာင္း သို႔ေသာ္ အသင္းမွထြက္ခြာခြင့္ျပဳမည့္ေၾကး သတ္မွတ္ထားၿပီးျဖစ္ ၍ ၎ကိုေခၚယူလိုပါက သတ္ မွတ္ေၾကးေပးလွ်င္ ထြက္ခြာခြင့္ျပဳမည္ဟု ေျပာၾကားသည္။

ေနမာႏွင့္ ၎တို႔ၾကား ေျပာ ဆုိေဆြးေႏြးျခင္းမရွိေသးဟု ဘာ တိုျမဴက ေျပာၿပီး ေနမာအတြက္ ရေသာ ေငြက အသင္းအတြက္ အင္အား ေတာင့္တင္းေစလိမ့္ မည္ဟုေျပာသည္။

ထိုအေတာအတြင္း ေနမာ ၏ အသင္းေဖာ္ အင္နီေယစတာ က ဘာစီလိုနာအေနျဖင့္ ေနမာ ကို ပိုင္ဆိုင္ျခင္းသည္ ယူ႐ိုသန္း ၂၀၀ (သို႔မဟုတ္) ၃၀၀ ပိုင္ဆိုင္ ျခင္းထက္ ပိုတန္ဖိုးရွိသည္ဟု ထင္ေၾကာင္း ေျပာၾကားသည္။ ဘာစီ လိုနာ ေနာက္ခံလူေဟာင္း ပူယုိးလ္က ေနမာအေနျဖင့္ ၎လုပ္ခ်င္ေသာအရာကို ေျပာဆုိရွင္းျပသင့္ေၾကာင္း ေျပာသည္။

ဘရာဇီးၾကယ္ပြင့္ေဟာင္း ေရာ္နယ္ဒင္ဟုိကလည္း ေနမာ အေနျဖင့္ ရင္ထဲရွိသည့္အတိုင္း ဆံုးျဖတ္သင့္ေၾကာင္း တုိက္တြန္း ေျပာၾကားသည္။

ဘာစီလုိနာအသင္း လက္ရွိ ေလ့က်င့္ခန္းဆင္းေနေသာ မီယာ မီၿမိဳ႕၌ ေနမာသည္ ေလ့က်င့္ခန္း ဆင္းေနစဥ္ နီလ္ဆင္ဆီမီဒုိႏွင့္ ျပႆနာျဖစ္ၿပီး အျခားအသင္းေဖာ္မ်ားႏွင့္လည္း အျငင္းပြားခဲ့ သည္။ ထို႔အျပင္ ေနမာသည္ အေျပာင္းအေရႊ႕ကိစၥမ်ား ညိႇႏိႈင္းရမည္ျဖစ္၍ ဇူလိုင္ ၃၁ ရက္တြင္ ရွန္ဟိုင္းၿမိဳ႕၌ ပရိသတ္မ်ားႏွင့္ ေတြ႕ဆံုမည့္ခရီးစဥ္ကို ဖ်က္သိမ္းခဲ့ၿပီးမွ သြားေရာက္မည္ဟု အတည္ျပဳခဲ့သည္။ ယင္းျဖစ္ရပ္မ်ားသည္ ဘာစီလိုနာမွ ၎ထြက္ခြာရန္ လွမ္းေနေသာ ေျခလွမ္းမ်ားျဖစ္ သည္ဟု ယူဆရေၾကာင္း သတင္းဌာနမ်ားက ခန္႔မွန္းထားသည္။

-Ref:Goal/AS

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 ဘာစီလိုနာမှ ဘရာဇီးကြယ် ပွင့်နေမာသည် ပီအက်စ်ဂျီသို့ လာမည့် တနင်္လာ (သို့မဟုတ်) အင်္ဂါနေ့တွင် အပြီးသတ်ပြောင်းရွှေ့မည်ဖြစ်ကြောင်း အသံလွှင့်ဌာန Radio Montecarlo (RMC) က ကြေညာသည်။


နေမာသည် အခွန်မဆောင် မီ လစာယူရိုသန်း ၃၀ ရရှိမည်ဖြစ် ကာ ပီအက်စ်ဂျီနှင့် ငါးနှစ်စာချုပ် ချုပ်ဆိုမည်ဟု ယင်းသတင်းဌာန က ဖော်ပြသည်။

စာချုပ်၏ အပြီးသတ်အ ချက်အလက်များကို သဘောတူ ထားပြီးဖြစ်ကြောင်း နေမာနှင့် နီး စပ်သော သတင်းရင်းမြစ်တစ်ခု ကို ကိုးကား၍ RMC က ဖော်ပြ သည်။

နေမာအတွက် ပီအက်စ်ဂျီက ဘာစီလိုနာအသင်းထံ စာချုပ်လျော်ကြေးအဖြစ် ယူရို ၂၂၂  သန်းပေးရမည်ဖြစ်ပြီး အာဂျင်တီးနား တိုက်စစ်မှူး ဒီမာရီယာကို အလိုက်ပေးမည်ဖြစ်ကြောင်း အခြားသတင်းတစ်ရပ်က ဖော်ပြသည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူက နေမာကို ဘာစီလိုနာတွင် ဆက်နေစေလိုကြောင်း သို့သော် အသင်းမှထွက်ခွာခွင့်ပြုမည့်ကြေး သတ်မှတ်ထားပြီးဖြစ် ၍ ၎င်းကိုခေါ်ယူလိုပါက သတ် မှတ်ကြေးပေးလျှင် ထွက်ခွာခွင့်ပြုမည်ဟု ပြောကြားသည်။

နေမာနှင့် ၎င်းတို့ကြား ပြော ဆိုဆွေးနွေးခြင်းမရှိသေးဟု ဘာ တိုမြူက ပြောပြီး နေမာအတွက် ရသော ငွေက အသင်းအတွက် အင်အား တောင့်တင်းစေလိမ့် မည်ဟုပြောသည်။

ထိုအတောအတွင်း နေမာ ၏ အသင်းဖော် အင်နီယေစတာ က ဘာစီလိုနာအနေဖြင့် နေမာ ကို ပိုင်ဆိုင်ခြင်းသည် ယူရိုသန်း ၂၀၀ (သို့မဟုတ်) ၃၀၀ ပိုင်ဆိုင် ခြင်းထက် ပိုတန်ဖိုးရှိသည်ဟု ထင်ကြောင်း ပြောကြားသည်။ ဘာစီ လိုနာ နောက်ခံလူဟောင်း ပူယိုးလ်က နေမာအနေဖြင့် ၎င်းလုပ်ချင်သောအရာကို ပြောဆိုရှင်းပြသင့်ကြောင်း ပြောသည်။

ဘရာဇီးကြယ်ပွင့်ဟောင်း ရော်နယ်ဒင်ဟိုကလည်း နေမာ အနေဖြင့် ရင်ထဲရှိသည့်အတိုင်း ဆုံးဖြတ်သင့်ကြောင်း တိုက်တွန်း ပြောကြားသည်။

ဘာစီလိုနာအသင်း လက်ရှိ လေ့ကျင့်ခန်းဆင်းနေသော မီယာ မီမြို့၌ နေမာသည် လေ့ကျင့်ခန်း ဆင်းနေစဉ် နီလ်ဆင်ဆီမီဒိုနှင့် ပြဿနာဖြစ်ပြီး အခြားအသင်းဖော်များနှင့်လည်း အငြင်းပွားခဲ့ သည်။ ထို့အပြင် နေမာသည် အပြောင်းအရွှေ့ကိစ္စများ ညှိနှိုင်းရမည်ဖြစ်၍ ဇူလိုင် ၃၁ ရက်တွင် ရှန်ဟိုင်းမြို့၌ ပရိသတ်များနှင့် တွေ့ဆုံမည့်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီးမှ သွားရောက်မည်ဟု အတည်ပြုခဲ့သည်။ ယင်းဖြစ်ရပ်များသည် ဘာစီလိုနာမှ ၎င်းထွက်ခွာရန် လှမ်းနေသော ခြေလှမ်းများဖြစ် သည်ဟု ယူဆရကြောင်း သတင်းဌာနများက ခန့်မှန်းထားသည်။

-Ref:Goal/AS


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top