ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

အခုလတ္တေလာ အာရွသတင္းေတြမွာ ဂၽြန္ေစာနဲ႔ ရုပ္ခပ္ဆင္ဆင္တူၿပီး အသက္ ငါးဆယ္အရြယ္နဲ႔ မလုိုက္ေအာင္ ႏုနယ္ေနတဲ့ စင္ကာပူေမာ္ဒယ္လ္ေဟာင္း Chuando Tan ကေတာ့ ဟုိးေလးတစ္ေက်ာ္ျဖစ္ေနပါတယ္။ သူကေတာ့ အလြန္ဆံုးမွန္းၾကည့္မွ အသက္သံုးဆယ္အရြယ္သာရွိေသးတယ္လုိ႔ထင္ေနၾကၿပီး အမ်ိဳးသမီးေတြၾကားမွာ လတ္တေလာအတြင္း ေရပန္းစားလ်က္ရွိေနပါတယ္။

သူ႔ကုိသိတဲ့ လူအားလံုးကေတာ့ သူဟာ အသက္ ၅၀ ရွိေနၿပီဆိုတာ အမွန္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ၾကၿပီး ၂၀၀၁ ခုႏွစ္တုန္းကလည္း The Straits Times နဲ႔ အင္တာဗ်ဴးျပဳလုပ္ခဲ့ဖူးတာေတြက သူအသက္
၅၀ အရြယ္ျဖစ္ေနၿပီဆုိတာ ပိုၿပီး ေသခ်ာသြားေစခဲ့တာပါ။


စင္ကာပူမွာေတာ့ အမ်ိဳးသားနာမည္ၾကီးေမာ္ဒယ္လ္ေတြထဲကတစ္ေယာက္ျဖစ္ၿပီး ၁၉၈၀ နဲ႔ ၁၉၉၀ ဆယ္စုႏွစ္ပတ္ဝန္းက်င္မွာ ေအာင္ျမင္ခဲ့သူတစ္ေယာက္ျဖစ္တယ္လို႔ သိရပါတယ္။ သူဟာ ၁၉၉၆ ခုႏွစ္မွာေတာ့ career ကို လံုးဝေျပာင္းလဲခဲ့ၿပီး အဆိုေတာ္နဲ႔ ဖက္ရွင္ ဓာတ္ပံုရိုက္ဆရာအျဖစ္ ျဖတ္
သန္းခဲ့ရာမွာလည္း ေအာင္ျမင္ခဲ့ျပန္ပါတယ္။ Chuando Tan ဟာ အရည္အခ်င္းျပည့္ဝတဲ့ သူတစ္ေယာက္ျဖစ္ၿပီး သူငယ္ခ်င္းျဖစ္သူ Frey Ow နဲ႔Chuando&Frey ဓာတ္ပံုတိုက္ကို ၂၀၀၆ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့ကာ အာရွရဲ႕ ဒိတ္ဒိတ္ၾကဲ ေမာ္ဒယ္လ္ ၊ အႏုပညာရွင္ေပါင္းမ်ားစြာနဲ႔ လက္တြဲ
အလုပ္လုပ္ခဲ့ပါတယ္။


သူရုိက္ကူးေပးးထားတဲ့ ကာဗာဓာတ္ပံုေတြဟာ Jalouse, Muse, L’Officiel, Elle နဲ႔ Harper’s Bazaar လို မဂၢဇင္းေတြမွာ ေဖာ္ျပခံခဲ့ရတဲ့အျပင္  Janet Jackson ရဲ႕ ၂၀၀၈ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ အယ္လ္ဘမ္ Discipline အတြက္လည္း ကာဗာဓာတ္ပံုဆရာအျဖစ္ တာဝန္ယူေပးခဲ့ဖူးသူတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ ခႏၵာကိုယ္လွပမႈကို အရမ္းကို အေလးထားတဲ့သူတစ္ေယာက္ျဖစ္ၿပီး gym ကို တစ္ပတ္ေလးရက္ ပံုမွန္ကစားသလို ၊ ေန႔လည္စာကုိ ၾကက္ရင္အုပ္သာ စားသံုးေလ့ရွိသူျဖစ္တယ္လို႔ သိရပါတယ္။


သူ႔ကိုေတာ့ တရုတ္သတင္းစာတစ္ေစာင္ျဖစ္တဲ့  Yidian Zixun ကေန စတင္ေဖာ္ျပၿပီးခဲ့တဲ့ေနာက္မွာ လူသိပုိမ်ားလာၿပီး အသက္ ၅၀ အရြယ္နဲ႔ မလုိက္ေအာင္ ႏုပ်ိဳသူ ၊ မင္းသား ဂၽြန္ေစာနဲ႔ ဆင္တူသူ အစရွိသျဖင့္ ေခၚဆုိေနၾကပါတယ္။ သူ႔ရဲ႕ Instagram အေကာင့္မွာေတာ့ တစ္ေန႔တစ္ျခား
follower ေတြ တက္သထက္ တက္ေနၿပီး လူမသိခင္က follower ၁၁၀၀၀၀ သာရွိရာကေန အခုဆိုရင္ေတာ့ ႏွစ္ရက္အတြင္း follower ၂၀၀၀၀၀ အထိ တက္သြားားတယ္လို႔လည္း သိရပါတယ္။ အခ်င္းေရာ အဆင္းပါျပည့္စံုတဲ့ ဒီအမ်ိဳးသားကိုေတာ့ ေကာင္မေလးေတြက စတင္ဝန္းရံေနၾကပါၿပီ :P



Mocha

Ref : Oddity


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thit Htoo Lwin

#Unicode Version#
အခုလတ်တလော အာရှသတင်းတွေမှာ ဂျွန်စောနဲ့ ရုပ်ခပ်ဆင်ဆင်တူပြီး အသက် ငါးဆယ်အရွယ်နဲ့ မလိုက်အောင် နုနယ်နေတဲ့ စင်ကာပူမော်ဒယ်လ်ဟောင်း Chuando Tan ကတော့ ဟိုးလေးတစ်ကျော်ဖြစ်နေပါတယ်။ သူကတော့ အလွန်ဆုံးမှန်းကြည့်မှ အသက်သုံးဆယ်အရွယ်သာရှိသေးတယ်လို့
ထင်နေကြပြီး အမျိုးသမီးတွေကြားမှာ လတ်တလောအတွင်း ရေပန်းစားလျက်ရှိနေပါတယ်။

သူ့ကိုသိတဲ့ လူအားလုံးကတော့ သူဟာ အသက် ၅၀ ရှိနေပြီဆိုတာ အမှန်ဖြစ်တယ်လို့ ပြောကြားခဲ့ကြပြီး ၂၀၀၁ ခုနှစ်တုန်းကလည်း The Straits Times နဲ့ အင်တာဗျူးပြုလုပ်ခဲ့ဖူးတာတွေက သူအသက်
၅၀ အရွယ်ဖြစ်နေပြီဆိုတာ ပိုပြီး သေချာသွားစေခဲ့တာပါ။


စင်ကာပူမှာတော့ အမျိုးသားနာမည်ကြီးမော်ဒယ်လ်တွေထဲကတစ်ယောက်ဖြစ်ပြီး ၁၉၈၀ နဲ့ ၁၉၉၀ ဆယ်စုနှစ်ပတ်ဝန်းကျင်မှာ အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ ၁၉၉၆ ခုနှစ်မှာတော့ career ကို လုံးဝပြောင်းလဲခဲ့ပြီး အဆိုတော်နဲ့ ဖက်ရှင် ဓာတ်ပုံရိုက်ဆရာအဖြစ် ဖြတ်
သန်းခဲ့ရာမှာလည်း အောင်မြင်ခဲ့ပြန်ပါတယ်။ Chuando Tan ဟာ အရည်အချင်းပြည့်ဝတဲ့ သူတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းဖြစ်သူ Frey Ow နဲ့Chuando&Frey ဓာတ်ပုံတိုက်ကို ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကာ အာရှရဲ့ ဒိတ်ဒိတ်ကြဲ မော်ဒယ်လ် ၊ အနုပညာရှင်ပေါင်းများစွာနဲ့ လက်တွဲ
အလုပ်လုပ်ခဲ့ပါတယ်။


သူရိုက်ကူးပေးးထားတဲ့ ကာဗာဓာတ်ပုံတွေဟာ Jalouse, Muse, L’Officiel, Elle နဲ့ Harper’s Bazaar လို မဂ္ဂဇင်းတွေမှာ ဖော်ပြခံခဲ့ရတဲ့အပြင်  Janet Jackson ရဲ့ ၂၀၀၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ် Discipline အတွက်လည်း ကာဗာဓာတ်ပုံဆရာအဖြစ် တာဝန်ယူပေးခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ခန္ဒာကိုယ်လှပမှုကို အရမ်းကို အလေးထားတဲ့သူတစ်ယောက်ဖြစ်ပြီး gym ကို တစ်ပတ်လေးရက် ပုံမှန်ကစားသလို ၊ နေ့လည်စာကို ကြက်ရင်အုပ်သာ စားသုံးလေ့ရှိသူဖြစ်တယ်လို့ သိရပါတယ်။


သူ့ကိုတော့ တရုတ်သတင်းစာတစ်စောင်ဖြစ်တဲ့  Yidian Zixun ကနေ စတင်ဖော်ပြပြီးခဲ့တဲ့နောက်မှာ လူသိပိုများလာပြီး အသက် ၅၀ အရွယ်နဲ့ မလိုက်အောင် နုပျိုသူ ၊ မင်းသား ဂျွန်စောနဲ့ ဆင်တူသူ အစရှိသဖြင့် ခေါ်ဆိုနေကြပါတယ်။ သူ့ရဲ့ Instagram အကောင့်မှာတော့ တစ်နေ့တစ်ခြား
follower တွေ တက်သထက် တက်နေပြီး လူမသိခင်က follower ၁၁၀၀၀၀ သာရှိရာကနေ အခုဆိုရင်တော့ နှစ်ရက်အတွင်း follower ၂၀၀၀၀၀ အထိ တက်သွားားတယ်လို့လည်း သိရပါတယ်။ အချင်းရော အဆင်းပါပြည့်စုံတဲ့ ဒီအမျိုးသားကိုတော့ ကောင်မလေးတွေက စတင်ဝန်းရံနေကြပါပြီ :P

Mocha

Ref : Oddity



ဖိုးသူတော် (www.phothutaw.com)
Credit: Thit Htoo Lwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top