ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

တကယ္ေတာ့ အပ်ဳိႀကီးဆုိတာ စင္္ေပၚကပါ။ အိမ္ ေထာင္က်သြားတဲ့ သူေတြက
သူတုိ႔ အပ်ဳိႀကီးဘဝကုိ ျပန္မရႏုိင္ေတာ့မွန္းသိလုိ႔
အပ်ဳိႀကီးေတြကုိ ယူမယ့္သူမရွိလုိ႔
မရတာလုိ႔ဆုိျပီး ရိတိတိနဲ႔ စြပ္စြဲခ်င္ေနၾကတာ ..

တကယ္ေတာ့ အပ်ဳိႀကီးဆုိတာ မရလုိ႔မယူတာမဟုတ္ဘူး။
မယူခ်င္လုိ႔ မရတာ...
ယူခ်င္ရင္ ဝုိင္းဝုိင္းကုိလည္လုိ႔....မယူခ်င္လုိ႔ ခါခ်ေနရတာျဖစ္တယ္။

အပ်ဳိႀကီးေတြမွာ အားသာခ်က္ေတြ အမ်ားႀကီးရွိတယ္။
တစ္သက္လံုး မုဆိုးမ မျဖစ္ေတာ့တဲ့သူ...
တခုလပ္ ဆုိတဲ႔ အမည္ကု္ိ ေသခန္းျဖတ္ထားတ့ဲအမ်ဳိးသမီး..
ဒါေတြကုိ သူတုိ႔ေတြ ထည့္မစဥ္းစားဘူး။
ဒီလုိဂုဏ္ပုဒ္ေတြ အတပ္မခံႏုိင္လုိ႔ အပ်ဳိႀကီးလုပ္ေနတာ..ရွင္းတယ္ေနာ္

အပ်ဳိႀကီးဆုိတာ
ေစ်းမွာ မေရာင္းရလုိ႔ က်န္ေနတဲ႔ပစၥည္း မဟုတ္ဘူး။
မွန္ေဘာင္ထဲကပစၥည္းလုိ တန္ဖုိးႀကီးလုိ႔
လူအမ်ားက မဝယ္ႏုိင္တာ..

အပ်ဳိႀကီးေတြက
ေတာစပ္မွာေပါက္တဲ့
ေတာရုိင္းစံပယ္မဟုတ္ဘူး။
စႏၵကူးဆုိတဲ့ တန္ဖုိးရွိတဲ့ပန္း...
ေတာနက္မွာပဲ ေပါက္တယ္။
ေတာစပ္မွာ ေပါက္တဲ့ ေတာရုိင္းစံပယ္ကုိ လူတုိင္းခူးႏုိင္ေပမယ့္
ေတာနက္ထဲမွာ ေပါက္တဲ့ စႏၵကူးလုိ တန္ဖုိးရွိတဲ့ပန္းကုိေတာ့ လူတုိင္းမရႏုိင္ဘူးေလ..

အပ်ဳိႀကီးဆုိတာ
စမ္းေခ်ာင္းလုိ တသြင္သြင္မစီးေပမယ့္
ပင္လယ္လုိျပင္ျပင္လုိ က်ယ္ျပန္႔တယ္။
သမုဒၵရာလုိ နက္ရႈိင္းတယ္...
ေမာက္ထားတဲ့ ဖဲခ်ပ္လုိ လူအမ်ားစိတ္ဝင္စားတာခံရတယ္...
မိဘရင္္ခြင္္မွာ အေအးခ်မ္းဆံုးနဲ႕ အနီးကပ္ဆုံး လုပ္ေကြ်းခြင့္ ရသူေတြဆုိလဲမမွားဘူး။
သားဆိုးအေမ လင္္ဆိုးမယားဆိုတ့ဲ ဒဏ္ကုိ
မခံရတ့ဲ ပညာရွိေတြေပါ့...

အပ်ိဳႀကီးေတြရဲ႕ အားသာခ်က္က
ဘယ္ေတာ့မွ မေၾကြတ့ဲ ပန္းတစ္ပြင့္
ပိုက္ကြန္ေပါင္းမ်ားစြာက
ရုန္းထြက္ႏုိင္္လာတ့ဲ ေရေဆးငါးေလး...
မုဆုိးတုိင္းရဲ႕ ျမားခ်က္ေအာက္က လြတ္ေအာင္ေရွာင္ႏုိင္ခဲ့တဲ့ သားသမင္ပမာဆုိေတာ့
လူေတြႏႈတ္ဖ်ားမွာ ေရပန္းစားေနတာသဘာဝပဲေလ..

ကေလးလား ? မလုိခ်င္ပါဘူး။
မိခင္စိတ္နဲ႔ ခ်စ္တတ္ရင္
တစ္ကမာၻလံုးက ကေလး ကိုယ့္ကေလးဘဲ..
ဥပမာ မာသာထေရဇာကုိၾကည့္..
တစ္ေလာကလံုးရဲ့ မီးအိမ္ရွင္အေမ .ဂရုဏာရွင္မႀကီး … …

အပ်ိဳႀကီးဆိုတာ
မိဖုရားဆုိတဲ့ အခြင့္ေရးကုိျငင္းပဲျပီး
ကုိယ္တုိင္ ဘုရင္မ လုပ္ေနတဲ့သူ..
ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရတဲ့ေဒသ...

ဖန္စီေလးေတြ ဘယ္ေလာက္လွလွ ခဏပါပဲ ..
အရည္အေသြးလွတဲ႔ေက်ာက္ကေတာ့
ဘယ္ေတာ့မွ တန္ဖိုးမက်ဘူး...

ဝိုင္ဆုိတဲ႔ ရွန္ပိန္က… …
သက္တမ္းရင့္ေလ တန္ဖိုးတတ္ေလပဲ . . .
ကြ်န္းပင္မ်ားလုိ သက္တမ္းရင့္ေလ အရည္အေသြးလွေလဘဲ...
ဒီေခတ္မွာ ပင္မွည့္ဆုိတာ ေရႊထက္ရွားတဲ့ေခတ္...

အပ်ဳိႀကီးဆုိတာ..
ကုိယ့္ကုိကုိယ္ ဒုကၡမရွာတ့ဲ လူသား ..
လြတ္လပ္ဆဲ ငွက္ေလး..
ကိုယ့္အခ်ိန္ကိုယ္ ပိုင္ဆိုင္္တ့ဲသူ
အလွမပ်က္တ့ဲ ပန္းခ်ီတစ္ခ်ပ္
လင္ပူမမိတဲ့ မိန္းမ… …
မိဘကို တစ္သက္္လံုး
လုပ္ေက်ြးျပဳစုေနမယ့္သူ...

#ခိန္း မိုး ဇင္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေတာသားေလးရဲ့ စာေပရြာ

#Unicode Version#
တကယ်တော့ အပျိုကြီးဆိုတာ စင်ပေါ်ကပါ။ အိမ်ထောင်ကျသွားတဲ့ သူတွေက
သူတို့ အပျိုကြီးဘဝကို ပြန်မရနိုင်တော့မှန်းသိလို့
အပျိုကြီးတွေကို ယူမယ့်သူမရှိလို့
မရတာလို့ဆိုပြီး ရိတိတိနဲ့ စွပ်စွဲချင်နေကြတာ ..

တကယ်တော့ အပျိုကြီးဆိုတာ မရလို့မယူတာမဟုတ်ဘူး။
မယူချင်လို့ မရတာ...
ယူချင်ရင် ဝိုင်းဝိုင်းကိုလည်လို့....မယူချင်လို့ ခါချနေရတာဖြစ်တယ်။

အပျိုကြီးတွေမှာ အားသာချက်တွေ အများကြီးရှိတယ်။
တစ်သက်လုံး မုဆိုးမ မဖြစ်တော့တဲ့သူ...
တခုလပ် ဆိုတဲ့ အမည်ကို သေခန်းဖြတ်ထားတဲ့အမျိုးသမီး..
ဒါတွေကို သူတို့တွေ ထည့်မစဉ်းစားဘူး။
ဒီလိုဂုဏ်ပုဒ်တွေ အတပ်မခံနိုင်လို့ အပျိုကြီးလုပ်နေတာ..ရှင်းတယ်နော်

အပျိုကြီးဆိုတာ
ဈေးမှာ မရောင်းရလို့ ကျန်နေတဲ့ပစ္စည်း မဟုတ်ဘူး။
မှန်ဘောင်ထဲကပစ္စည်းလို တန်ဖိုးကြီးလို့
လူအများက မဝယ်နိုင်တာ..

အပျိုကြီးတွေက
တောစပ်မှာပေါက်တဲ့
တောရိုင်းစံပယ်မဟုတ်ဘူး။
စန္ဒကူးဆိုတဲ့ တန်ဖိုးရှိတဲ့ပန်း...
တောနက်မှာပဲ ပေါက်တယ်။
တောစပ်မှာ ပေါက်တဲ့ တောရိုင်းစံပယ်ကို လူတိုင်းခူးနိုင်ပေမယ့်
တောနက်ထဲမှာ ပေါက်တဲ့ စန္ဒကူးလို တန်ဖိုးရှိတဲ့ပန်းကိုတော့ လူတိုင်းမရနိုင်ဘူးလေ..

အပျိုကြီးဆိုတာ
စမ်းချောင်းလို တသွင်သွင်မစီးပေမယ့်
ပင်လယ်လိုပြင်ပြင်လို ကျယ်ပြန့်တယ်။
သမုဒ္ဒရာလို နက်ရှိုင်းတယ်...
မောက်ထားတဲ့ ဖဲချပ်လို လူအများစိတ်ဝင်စားတာခံရတယ်...
မိဘရင်ခွင်မှာ အအေးချမ်းဆုံးနဲ့ အနီးကပ်ဆုံး လုပ်ကျွေးခွင့် ရသူတွေဆိုလဲမမှားဘူး။
သားဆိုးအမေ လင်ဆိုးမယားဆိုတဲ့ ဒဏ်ကို
မခံရတဲ့ ပညာရှိတွေပေါ့...

အပျိုကြီးတွေရဲ့ အားသာချက်က
ဘယ်တော့မှ မကြွေတဲ့ ပန်းတစ်ပွင့်
ပိုက်ကွန်ပေါင်းများစွာက
ရုန်းထွက်နိုင်လာတဲ့ ရေဆေးငါးလေး...
မုဆိုးတိုင်းရဲ့ မြားချက်အောက်က လွတ်အောင်ရှောင်နိုင်ခဲ့တဲ့ သားသမင်ပမာဆိုတော့
လူတွေနှုတ်ဖျားမှာ ရေပန်းစားနေတာသဘာဝပဲလေ..

ကလေးလား ? မလိုချင်ပါဘူး။
မိခင်စိတ်နဲ့ ချစ်တတ်ရင်
တစ်ကမ္ဘာလုံးက ကလေး ကိုယ့်ကလေးဘဲ..
ဥပမာ မာသာထရေဇာကိုကြည့်..
တစ်လောကလုံးရဲ့ မီးအိမ်ရှင်အမေ .ဂရုဏာရှင်မကြီး … …

အပျိုကြီးဆိုတာ
မိဖုရားဆိုတဲ့ အခွင့်ရေးကိုငြင်းပဲပြီး
ကိုယ်တိုင် ဘုရင်မ လုပ်နေတဲ့သူ..
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ဒေသ...

ဖန်စီလေးတွေ ဘယ်လောက်လှလှ ခဏပါပဲ ..
အရည်အသွေးလှတဲ့ကျောက်ကတော့
ဘယ်တော့မှ တန်ဖိုးမကျဘူး...

ဝိုင်ဆိုတဲ့ ရှန်ပိန်က… …
သက်တမ်းရင့်လေ တန်ဖိုးတတ်လေပဲ . . .
ကျွန်းပင်များလို သက်တမ်းရင့်လေ အရည်အသွေးလှလေဘဲ...
ဒီခေတ်မှာ ပင်မှည့်ဆိုတာ ရွှေထက်ရှားတဲ့ခေတ်...

အပျိုကြီးဆိုတာ..
ကိုယ့်ကိုကိုယ် ဒုက္ခမရှာတဲ့ လူသား ..
လွတ်လပ်ဆဲ ငှက်လေး..
ကိုယ့်အချိန်ကိုယ် ပိုင်ဆိုင်တဲ့သူ
အလှမပျက်တဲ့ ပန်းချီတစ်ချပ်
လင်ပူမမိတဲ့ မိန်းမ… …
မိဘကို တစ်သက်လုံး
လုပ်ကျွေးပြုစုနေမယ့်သူ...

#ခိန်း မိုး ဇင်


ဖိုးသူတော် (www.phothutaw.com)
Credit: တောသားလေးရဲ့ စာပေရွာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top