လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ဘာသာေရးအ မည္ခံ အဖြဲ႕အစည္းမ်ားႏွင့္ ဂိုဏ္း ဂဏမ်ားသည္ ဥပေဒအရ ဖြဲ႕စည္းခြင့္မရွိသည့္ အဖြဲ႕အစည္းျဖစ္ၿပီး ႏုိင္ငံေတာ္အတြင္း သံဃာ့ဂိုဏ္း ကိုးဂိုဏ္းပါဝင္သည့္ သံဃာ့အဖြဲ႕ အစည္းႀကီး တစ္ခုတည္းသာရွိ ေၾကာင္း သာသနာေရးႏွင့္ ယဥ္ ေက်းမႈဝန္ႀကီးဌာနက ဇူလုိင္ ၂၅ ရက္စြဲျဖင့္ ထုတ္ျပန္သည္။

မ်က္ေမွာက္ကာလတြင္ သံ ဃာအခ်ိဳ႕ႏွင့္ လူပုဂၢိဳလ္အခ်ိဳ႕ ေရာေထြးပါဝင္ေသာ ဘာသာေရးအဖြဲ႕ ဖြဲ႕စည္းျခင္းသည္ သံဃာစည္းလံုးညီၫြတ္ေရးကို ထိခိုက္ေစၿပီး သံဃာ့အဖြဲ႕အစည္း အဆင့္ဆင့္ ၏ ႀကီးၾကပ္မႈကို ႐ႈပ္ေထြးေစေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပ ထားသည္။


ထို႔ေၾကာင့္ သံဃာ့အဖြဲ႕အ စည္း အေျခခံစည္းမ်ဥ္းကို ဆန္႔ က်င္ၿပီး သံဃာ့အဖြဲ႕အစည္းအ ဆင့္ဆင့္၏ ႀကီးၾကပ္မႈကို ခံယူ ျခင္းမရွိဘဲ သံဃာေတာ္မ်ားႏွင့္ ျဖစ္ေစ၊ သံဃာေတာ္မ်ားႏွင့္ လူ ပုဂၢိဳလ္မ်ားျဖင့္ျဖစ္ေစ အေၾကာင္း ျပခ်က္အမ်ိဳးမ်ိဳးျဖင့္ ဖြဲ႕စည္းထား ေသာ ဘာသာေရးအမည္ခံ အဖြဲ႕အစည္းမ်ား ဖြဲ႕စည္းခြင့္မရွိ ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိ သည္။

၁၉၈၀ ျပည့္ႏွစ္ ေမလ ၂၅ ရက္တြင္ က်င္းပခဲ့ေသာ ပထမအႀကိမ္ ဂုိဏ္းေပါင္းစံု သံဃာ့အစည္းအေဝးႀကီးက တညီတၫြတ္ တည္း အတည္ျပဳျပ႒ာန္းခဲ့သည့္ သံဃာ့အဖြဲ႕အစည္း အေျခခံစည္းမ်ဥ္း အပိုဒ္ (၄)အရ ျမန္မာႏုိင္ငံ၌ ဂိုဏ္းေပါင္းစံုပါဝင္ေသာ သံဃာ့အဖြဲ႕အစည္း တစ္ခုတည္းသာ တည္ရွိသည္။ သံဃာ့အဖြဲ႕အ စည္း အေျခခံစည္းမ်ဥ္း အပိုဒ္(၇)အရ သံဃာ့အဖြဲ႕အစည္းအ တြင္း ေထရဝါဒ သံဃာ့ဂုိဏ္းကိုးဂိုဏ္းကိုသာ တည္ေထာင္ထားရွိ ခြင့္ျပဳခဲ့သည္။ အဆုိပါဂိုဏ္းမ်ားသည္ သုဓမၼာဂိုဏ္း၊ ေရႊက်င္ဂိုဏ္း၊ ဓမၼာႏုဓမၼမဟာဒြါရနိကာ ယဂိုဏ္း၊ ဓမၼာဝိနယာႏုေလာမ မူလဒြါရနိကာယဂိုဏ္း၊ အေနာက္ေခ်ာင္း ဒြါရဂိုဏ္း၊ ေဝဠဳဝန္နိကာယဂိုဏ္း၊ စတုဘုမၼိက မဟာသတိ ပဌာန္ငွက္တြင္းဂိုဏ္း၊ ဂဏဝိမုတ္ ကူးတုိ႔ဂိုဏ္း၊ ဓမၼယုတၱိနိကာယမဟာရင္ဂိုဏ္းတုိ႔ျဖစ္သည္။

သံဃာ့အဖြဲ႕အစည္း အေျခ ခံစည္းမ်ဥ္း အပိုဒ္ (၄)၊ (၅)၊ (၈) အရလည္းေကာင္း၊ သံဃာ့အဖြဲ႕ အစည္းဆုိင္ရာ ဥပေဒပုဒ္မ (၃)၊ (၅)၊ (၈)၊ (၉) အရလည္းေကာင္း၊ၫႊန္ၾကားလႊာ အမွတ္(၈၁)တုိ႔ အရလည္းေကာင္း ဂိုဏ္းသစ္ႏွင့္ အဖြဲ႕အစည္းသစ္မ်ား ဖြဲ႕စည္းခြင့္ မရွိေၾကာင္း တားျမစ္ထားသည္။

သို႔ျဖစ္ပါ၍ သံဃာ့အဖြဲ႕အ စည္း အေျခခံစည္းမ်ဥ္းကို ဆန္႔ က်င္ၿပီး သံဃာ့အဖြဲ႕အစည္းအ ဆင့္ဆင့္၏ ႀကီးၾကပ္မႈကို ခံယူ ျခင္းမရွိဘဲ သံဃာေတာ္မ်ားျဖင့္ ျဖစ္ေစ၊ သံဃာေတာ္မ်ားႏွင့္ လူ ပုဂၢိဳလ္မ်ားျဖင့္ျဖစ္ေစ အေၾကာင္း ျပခ်က္အမ်ိဳးမ်ိဳးျဖင့္ ဖြဲ႕စည္းထား သည့္ ဘာသာေရးအမည္ခံ အဖြဲ႕ အစည္းမ်ားႏွင့္ ဂိုဏ္းဂဏမ်ား သည္ ဥပေဒအရ ဖြဲ႕စည္းခြင့္မရွိ သည့္ အဖြဲ႕အစည္းမ်ားသာ ျဖစ္ ေၾကာင္းႏွင့္ ႏုိင္ငံေတာ္အတြင္း သံဃာ့ဂိုဏ္းကိုးဂိုဏ္း ပါဝင္သည့္ သံဃာ့အဖြဲ႕အစည္းႀကီး တစ္ခု တည္းသာ တည္ရွိပါေၾကာင္း အ မ်ားျပည္သူ သိရွိႏုိင္ေစရန္ ရွင္း လင္းေဖာ္ျပအပ္ပါသည္ဟု ပါရွိ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
 ဘာသာရေးအ မည်ခံ အဖွဲ့အစည်းများနှင့် ဂိုဏ်း ဂဏများသည် ဥပဒေအရ ဖွဲ့စည်းခွင့်မရှိသည့် အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော်အတွင်း သံဃာ့ဂိုဏ်း ကိုးဂိုဏ်းပါဝင်သည့် သံဃာ့အဖွဲ့ အစည်းကြီး တစ်ခုတည်းသာရှိ ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်စွဲဖြင့် ထုတ်ပြန်သည်။

မျက်မှောက်ကာလတွင် သံ ဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့ ရောထွေးပါဝင်သော ဘာသာရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် သံဃာစည်းလုံးညီညွတ်ရေးကို ထိခိုက်စေပြီး သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ၏ ကြီးကြပ်မှုကို ရှုပ်ထွေးစေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။


ထို့ကြောင့် သံဃာ့အဖွဲ့အ စည်း အခြေခံစည်းမျဉ်းကို ဆန့် ကျင်ပြီး သံဃာ့အဖွဲ့အစည်းအ ဆင့်ဆင့်၏ ကြီးကြပ်မှုကို ခံယူ ခြင်းမရှိဘဲ သံဃာတော်များနှင့် ဖြစ်စေ၊ သံဃာတော်များနှင့် လူ ပုဂ္ဂိုလ်များဖြင့်ဖြစ်စေ အကြောင်း ပြချက်အမျိုးမျိုးဖြင့် ဖွဲ့စည်းထား သော ဘာသာရေးအမည်ခံ အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်မရှိ ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။

၁၉၈၀ ပြည့်နှစ် မေလ ၂၅ ရက်တွင် ကျင်းပခဲ့သော ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက တညီတညွတ် တည်း အတည်ပြုပြဋ္ဌာန်းခဲ့သည့် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အပိုဒ် (၄)အရ မြန်မာနိုင်ငံ၌ ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့အစည်း တစ်ခုတည်းသာ တည်ရှိသည်။ သံဃာ့အဖွဲ့အ စည်း အခြေခံစည်းမျဉ်း အပိုဒ်(၇)အရ သံဃာ့အဖွဲ့အစည်းအ တွင်း ထေရဝါဒ သံဃာ့ဂိုဏ်းကိုးဂိုဏ်းကိုသာ တည်ထောင်ထားရှိ ခွင့်ပြုခဲ့သည်။ အဆိုပါဂိုဏ်းများသည် သုဓမ္မာဂိုဏ်း၊ ရွှေကျင်ဂိုဏ်း၊ ဓမ္မာနုဓမ္မမဟာဒွါရနိကာ ယဂိုဏ်း၊ ဓမ္မာဝိနယာနုလောမ မူလဒွါရနိကာယဂိုဏ်း၊ အနောက်ချောင်း ဒွါရဂိုဏ်း၊ ဝေဠုဝန်နိကာယဂိုဏ်း၊ စတုဘုမ္မိက မဟာသတိ ပဌာန်ငှက်တွင်းဂိုဏ်း၊ ဂဏဝိမုတ် ကူးတို့ဂိုဏ်း၊ ဓမ္မယုတ္တိနိကာယမဟာရင်ဂိုဏ်းတို့ဖြစ်သည်။

သံဃာ့အဖွဲ့အစည်း အခြေ ခံစည်းမျဉ်း အပိုဒ် (၄)၊ (၅)၊ (၈) အရလည်းကောင်း၊ သံဃာ့အဖွဲ့ အစည်းဆိုင်ရာ ဥပဒေပုဒ်မ (၃)၊ (၅)၊ (၈)၊ (၉) အရလည်းကောင်း၊ညွှန်ကြားလွှာ အမှတ်(၈၁)တို့ အရလည်းကောင်း ဂိုဏ်းသစ်နှင့် အဖွဲ့အစည်းသစ်များ ဖွဲ့စည်းခွင့် မရှိကြောင်း တားမြစ်ထားသည်။

သို့ဖြစ်ပါ၍ သံဃာ့အဖွဲ့အ စည်း အခြေခံစည်းမျဉ်းကို ဆန့် ကျင်ပြီး သံဃာ့အဖွဲ့အစည်းအ ဆင့်ဆင့်၏ ကြီးကြပ်မှုကို ခံယူ ခြင်းမရှိဘဲ သံဃာတော်များဖြင့် ဖြစ်စေ၊ သံဃာတော်များနှင့် လူ ပုဂ္ဂိုလ်များဖြင့်ဖြစ်စေ အကြောင်း ပြချက်အမျိုးမျိုးဖြင့် ဖွဲ့စည်းထား သည့် ဘာသာရေးအမည်ခံ အဖွဲ့ အစည်းများနှင့် ဂိုဏ်းဂဏများ သည် ဥပဒေအရ ဖွဲ့စည်းခွင့်မရှိ သည့် အဖွဲ့အစည်းများသာ ဖြစ် ကြောင်းနှင့် နိုင်ငံတော်အတွင်း သံဃာ့ဂိုဏ်းကိုးဂိုဏ်း ပါဝင်သည့် သံဃာ့အဖွဲ့အစည်းကြီး တစ်ခု တည်းသာ တည်ရှိပါကြောင်း အ များပြည်သူ သိရှိနိုင်စေရန် ရှင်း လင်းဖော်ပြအပ်ပါသည်ဟု ပါရှိ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top