ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဆရာေတာ္အရွင္ဆႏၵာဓိကႏွင့္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္တို႔ကို အာဇာနည္ေန႔က ရန္ကုန္ၿမိဳ႕ေနအိမ္၌ ေတြ႔ရစဥ္(ဓာတ္ပံု−အတိုင္ပင္ခံ႐ံုး)

၂၀၁၇ ခုႏွစ္၊ ဇူလိုင္ ၁၉ ရက္တြင္က်ေရာက္သည့္ ႏွစ္ (၇၀)ျပည့္ အာဇာနည္ေန႔၌ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္တကြ က်ဆံုးေလၿပီးေသာ အာဇာနည္ေခါင္းေဆာင္ ႀကီးမ်ားကို ရည္စူး၍ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္က ဆရာေတာ္၊ သံဃာေတာ္မ်ားအား ရန္ကုန္ၿမိဳ႕ တကၠသိုလ္ရိပ္သာလမ္းေနအိမ္၌ ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းခဲ့ပါ သည္။ အဆိုပါအာဇာနည္ေန႔ အလွဴပြဲတြင္ ေရႊပါရမီေတာရ ဆရာေတာ္ အရွင္ဆႏၵာဓိက မိန္႔ၾကားခဲ့ေသာ တရားေတာ္ကိုအမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္၏တရားဝင္လူမႈကြန္ရက္ စာမ်က္ ႏွာ၌ ေဖာ္ျပထားရာ 7Day သတင္းစာပရိသတ္မ်ားအတြက္ ျပန္လည္ ေဖာ္ျပေပးလိုက္ပါသည္။

ဆရာေတာ္အရွင္ဆႏၵာဓိက မိန္႔ၾကားခဲ့ေသာ တရားေတာ္

ႏိုင္ငံသားေတြကို ဆိုးက်ဳိး ျဖစ္ေစတဲ့သူဟာ ႏုိင္ငံ့ရန္သူပါပဲ။ ႏိုင္ငံတုိးတက္မႈကို အဟန္႔အတား ျဖစ္ေစတဲ့သူဟာ ႏိုင္ငံ့ရန္သူပါပဲ။ ဘယ္လိုပံုစံ၊ ဘယ္လိုအေနအထား မ်ဳိးနဲ႔ပဲျဖစ္ျဖစ္ ႏိုင္ငံကို မတည္ မၿငိမ္ျဖစ္ေအာင္ လုပ္တဲ့သူ၊ ႏိုင္ငံ သားေတြရဲ႕ စိတ္ႏွလံုးေအးခ်မ္းမႈ နဲ႔ ဘဝတုိးတက္မႈကို ေႏွာင့္ေႏွးေစ တဲ့သူတိုင္းဟာ ႏိုင္ငံ့ရန္သူေတြ ခ်ည္းပါပဲ။ အဲဒီႏိုင္ငံ့ရန္သူေတြရဲ႕ အျမစ္ကိုလည္း ျပတ္ျပတ္သား သား ျဖတ္ေတာက္ပစ္ရမယ္။ အၫြန္႔ကိုလည္း ျပတ္ျပတ္သား သား ျဖတ္ေတာက္ပစ္ရမယ္။


ေတသကုဏဇာတ္ေတာ္မွာ ျမတ္စြာဘုရားရွင္က မင္းက်င့္ တရားေတြ အမ်ားႀကီးေဟာထား ပါတယ္။ အဲဒီအထဲကတစ္ခုက ကဗ်ာဆန္ဆန္ေလးမို႔လို႔ အမွတ္ တရေျပာပါရေစ။ ရန္သူရဲ႕ အျမစ္ကိုလည္း ျဖတ္ရမယ္၊ အၫြန္႔ကိုလည္း ျဖတ္ရမယ္တဲ့။ ဒါက တိုက္႐ိုက္ဘာသာျပန္လိုက္တာပါ။ မင္းက်င့္တရားကို ေဟာ ထားတာဆုိေတာ့ အျပည့္အစံု ဘာသာျပန္ရရင္ ‘ႏိုင္ငံ့ရန္သူရဲ႕ အျမစ္ကိုလည္း ျဖတ္ရမယ္၊ အၫြန္႔ကိုလည္းျဖတ္ရမယ္’လို႔ အဓိပၸာယ္ရပါတယ္။ ႏိုင္ငံသား ေတြကို ဆိုးက်ဳိးျဖစ္ေစတဲ့သူဟာ ႏိုင္ငံ့ရန္သူပါပဲ။ ႏိုင္ငံတိုးတက္မႈ ကို အဟန္႔အတားျဖစ္ေစတဲ့သူ ဟာ ႏိုင္ငံ့ရန္သူပါပဲ။ ဘယ္လိုပံုစံ၊ ဘယ္လိုအေနအထားမ်ဳိးနဲ႔ပဲျဖစ္ ျဖစ္ ႏိုင္ငံကို မတည္မၿငိမ္ျဖစ္ ေအာင္ လုပ္တဲ့သူ၊ ႏိုင္ငံသားေတြ ရဲ႕ စိတ္ႏွလံုးေအးခ်မ္းမႈနဲ႔ ဘဝ တိုးတက္မႈကို ေႏွာင့္ေႏွးေစတ့ဲ လူတိုင္းဟာ ႏိုင္ငံ့ရန္သူေတြခ်ည္း ပါပဲ။ အဲဒီႏိုင္ငံ့ရန္သူေတြရဲ႕အျမစ္ ကိုလည္း ျပတ္ျပတ္သားသား ျဖတ္ေတာက္ပစ္ရမယ္။ အၫြန္႔ ကိုလည္း ျပတ္ျပတ္သားသား ျဖတ္ေတာက္ပစ္ရမယ္။

ႏိုင္ငံကို ဆိုးက်ဳိးျပဳတဲ့ ႏိုင္ငံ့ ရန္သူေတြ အမ်ဳိးစံုရွိတဲ့အထဲက က်မ္းဂန္မွာ တိုက္႐ိုက္ဖြင့္ဆိုျပ ထားတဲ့ ဥပမာေလးတစ္ခုပဲေျပာ ပါမယ္။ ခုိးဆိုးလုႏိႈက္ လုပ္ေနၾက တဲ့သူေတြဟာ ႏိုင္ငံ့ရန္သူေတြပါ။ အဲဒီ ခိုးဆိုးလုႏိႈက္ေတြရဲ႕အျမစ္ကုိ လည္း ျဖတ္ရမယ္။ အၫြန္႔ကို လည္းျဖတ္ရမယ္။ အျမစ္ကိုျဖတ္ တယ္ဆုိတာ ခုိးဆိုးလုႏိႈက္လုပ္ရ ျခင္းရဲ႕ အေၾကာင္းရင္းကို အမွန္ အတိုင္း သိေအာင္ရွာၿပီး အဲဒီ အေၾကာင္းရင္းကို ဖယ္ရွားပစ္ဖို႔ ေျပာတာပါ။ ဆင္းရဲမြဲေတလို႔ ခိုး ဆိုးလုႏိႈက္တာဆိုရင္ ဆင္းရဲမြဲ ေတမႈပေပ်ာက္ေအာင္ ေဆာင္ ရြက္ရမယ္။ အလုပ္လက္မဲ့ျဖစ္ေန လို႔ ခိုးဆိုးလုႏိႈက္တာဆိုရင္ အလုပ္အကိုင္ အခြင့္အလမ္းေတြ ဖန္တီးေပးရမယ္။ အဲဒီလိုအား ျဖင့္ ခိုးဆိုးလုႏိႈက္ လုပ္ေနၾကရ ျခင္းရဲ႕ အေၾကာင္းတရားေတြကို ဘက္ေပါင္းစံုကေန အကြက္ေစ့ ေစ့ ေလ့လာသံုးသပ္ၿပီး ေျပလည္ သြားေအာင္၊ အဆင္ေျပသြား ေအာင္၊ နည္းလမ္းအမ်ဳိးမ်ဳိးနဲ႔ ေျဖရွင္းေဆာင္ရြက္ေပးတာဟာ ခိုးဆိုးလုႏိႈက္ဆိုတဲ့ ႏိုင္ငံ့ရန္သူ ေတြရဲ႕ အျမစ္ကို ျဖတ္ေတာက္ ပစ္တာပါပဲ။ ခုိးဆုိးလုႏိႈက္ေတြရဲ႕ အၫြန္႔ကို ျဖတ္တယ္ဆုိတာက ေတာ့ ခိုးဆိုးလုႏိႈက္သမားေတြကုိ တရားဥပေဒနဲ႔အညီ ထိထိေရာက္ ေရာက္ အေရးယူတာ၊ ေနာက္ ေနာင္ ဒီလိုအလုပ္မ်ဳိး မလုပ္ျဖစ္ ေအာင္ အသိပညာေပးတာ၊ အသက္ေမြးဝမ္းေက်ာင္းပညာသင္ၾကားေပးတာ၊ အလုပ္လုပ္ခ်င္စိတ္ရွိေအာင္ တိုက္တြန္းႏိႈးေဆာ္ေပးတာ၊ အလုပ္ခြင္ေတြထဲ အေရာက္ပို႔ေပးတာေတြကို ေျပာတာပါ။

ေျပာလိုရင္းကေတာ့ ဘယ္ ျပႆနာကိုမဆို ျပတ္ျပတ္သား သား ကိုင္တြယ္ေျဖရွင္းဖို႔ပါပဲ။ ျပႆနာရဲ႕ အေၾကာင္းအရင္း အျမစ္ကိုလည္း ျပတ္ျပတ္သား သား ျဖတ္ေတာက္ပစ္၊ျပႆနာရဲ႕ အက်ဳိးဆက္ အၫြန္႔ကိုလည္း ျပတ္ျပတ္သားသား ျဖတ္ေတာက္ ပစ္ရပါမယ္။ ေခါင္းေဆာင္ ေကာင္းဆိုတာ လုပ္စရာရွိတဲ့ အလုပ္ေတြကို၊ လုပ္သင့္လုပ္ထိုက္ တဲ့ အလုပ္ေတြကို ျပတ္ျပတ္ သားသား လုပ္ကိုလုပ္ရပါမယ္။ တစ္ဦးတစ္ေယာက္၊ တစ္စုတစ္ ဖြဲ႕ရဲ႕မ်က္ႏွာကို မၾကည့္ဘဲ ႏိုင္ငံ သားအားလံုးရဲ႕ မ်က္ႏွာတစ္ခု တည္းကိုပဲၾကည့္ၿပီး ျပတ္ျပတ္ သားသား လုပ္ရပါမယ္။ ခိုးဆိုးလု ႏိႈက္ကလည္း လမ္းေပၚက ခုိးဆိုး လုႏႈိက္နဲ႔ နန္းေပၚက ခုိးဆိုးလု ႏိႈက္ဆိုၿပီး ႏွစ္မ်ဳိးရွိပါတယ္။ ဆင္း ရဲလို႔၊ စားစရာမရွိလို႔ ခိုးဆိုးလု ႏိႈက္တဲ့သူေတြကေတာ့ လမ္း ေပၚက ခုိးဆိုးလုႏိႈက္ပါ။ ရာထူး အရွိန္အဝါရွိလို႔ ရာထူးအရွိန္ အဝါအားကိုးၿပီး မေတာ္မတရား တဲ့ နည္းလမ္းနဲ႔ ကိုယ္က်ဳိးစီးပြား ရွာတဲ့သူေတြက နန္းေပၚက ခိုးဆိုးလုႏိႈက္ပါ။ နန္းဆိုတာ နန္းေတာ္လို ခမ္းနားႀကီးက်ယ္တဲ့ တိုက္တာအေဆာက္အအံုေတြ၊ စည္းစိမ္ခ်မ္းသာေတြကို ေျပာတာပါ။ အဂတိလိုက္စားၿပီး ခ်မ္းသာေအာင္လုပ္ေနသူေတြဟာ နန္းေပၚက ခိုးဆိုးလုႏိႈက္ေတြပါပဲ။ စားစရာမရွိလို႔ ခိုးတဲ့သူကို လမ္းေပၚက ခိုးဆိုးလုႏိႈက္။ ထား စရာမရွိေအာင္ ခိုးတဲ့သူကို နန္း ေပၚက ခုိးဆိုးလုႏိႈက္လို႔ ေျပာရမွာ ေပါ့။ နန္းေပၚက ခုိးဆိုးလုႏိႈက္ ေတြရဲ႕အျမစ္ကိုလည္း ျဖတ္ရ မယ္။ မေတာ္ေလာဘႀကီးလို႔ ခိုး တာဆိုရင္ မေတာ္ေလာဘနည္း သြားေအာင္၊ အတၱလြန္ကဲလို႔ ခိုး တာဆိုရင္ အတၱေလ်ာ့ပါးသြား ေအာင္၊ တရားဥပေဒ မေလးစား လို႔ ခိုးတာဆိုရင္ တရားဥပေဒကို ေလးစားရေကာင္းမွန္းသိေအာင္ ေျပာျပေပးရမွာပါပဲ။ လူတစ္ ေယာက္ရဲ႕ ပစၥည္းကိုခိုးတာထက္ အမ်ားျပည္သူပိုင္ဆိုင္တဲ့ ျပည္သူ ပိုင္ပစၥည္း ခိုးတာက ပိုအျပစ္ႀကီး တယ္။ သံသရာမွာ ဆုိးက်ဳိးေတြ ပိုခံစားရမယ္ ဆုိတာမ်ဳိးလည္း ေျပာသင့္ရင္ ေျပာျပရမွာေပါ့။ နန္းေပၚက ခိုးဆိုးလုႏိႈက္ေတြရဲ႕ အၫြန္႔ကိုလည္း ျဖတ္ရမယ္။ မေတာ္မတရား အခြင့္အေရးယူ ထားတဲ့သူေတြ၊ မမွန္မကန္နည္း လမ္းနဲ႔ ကိုယ္က်ဳိးစီးပြားရွာတဲ့သူ ေတြ၊ ပံုစံအမ်ဳိးမ်ဳိးနဲ႔ အဂတိလိုက္ စားတဲ့သူေတြကို တရားဥပေဒနဲ႔ အညီ ထိထိေရာက္ေရာက္ အေရးယူရမယ္။ ေနာက္ေနာင္ မလုပ္သင့္၊ မလုပ္ထိုက္တာေတြ ကို မလုပ္ေအာင္ အသိပညာေပး ရမယ္။ တရားမမွ်တတဲ့ နည္း လမ္းနဲ႔ ပိုင္ဆိုင္ထားတဲ့သူတို႔ရဲ႕ စီးပြားဥစၥာေတြကိုလည္း ေဒသ ေကာင္းက်ဳိး၊ ႏိုင္ငံ့ေကာင္းက်ဳိး အတြက္ ျပန္လည္အသံုးျပဳႏိုင္ ေအာင္ ဖန္တီးေပးရမယ္။ တစ္ ေခတ္တစ္ခါက တရားမမွ်တတဲ့ နည္းလမ္းေတြ၊ နီးစပ္ရာနည္း လမ္းေတြနဲ႔ ႀကီးပြားခ်မ္းသာခဲ့ၾက တဲ့သူေတြရဲ႕ ပိုင္ဆိုင္မႈေတြကို ေခတ္သစ္၊ စနစ္သစ္ တည္ ေဆာက္ေနတဲ့ အခုခ်ိန္မွာ တိုင္း ျပဳျပည္ျပဳလုပ္ငန္းေတြအတြက္ ထိထိေရာက္ေရာက္ ျပန္လည္ အသံုးခ်ႏိုင္မယ္ဆိုရင္ တိုင္းျပည္ ဟာ အခ်ိန္တိုအတြင္း သိသိသာ သာ ဖြံ႕ၿဖိဳးတိုးတက္သြားမွာ ေသ ခ်ာပါတယ္။ အသံုးခ်ျဖစ္ေအာင္ လည္း သိမ္ေမြ႕ႏူးည့ံတဲ့နည္းလမ္း ေတြနဲ႔ အသိပညာေပးႏိုင္ရင္၊ တိုက္တြန္းႏိႈးေဆာ္ႏိုင္ရင္ ပင္ကို ဓာတ္ခံေကာင္းၿပီးသား ျမန္မာႏိုင္ငံသားေတြအတြက္ ျဖစ္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

 ဒါက ပိဋကတ္ေတာ္မွာ တိုက္႐ိုက္ျပထားတဲ့ ခိုးဆိုးလုႏိႈက္ ဥပမာတစ္ခုကိုပဲ နမူနာေျပာတာ ပါ။ ဘယ္အေရးကိစၥပဲျဖစ္ျဖစ္ ႏိုင္ငံမွာ ျပႆနာျဖစ္ေအာင္ ဖန္ တီးေနတဲ့သူေတြ၊ ႏိုင္ငံကို မတည္ မၿငိမ္ျဖစ္ေအာင္ လႈပ္ရွားေဆာင္ ရြက္ေနတဲ့သူေတြ၊ ႏိုင္ငံတိုးတက္ မႈေႏွာင့္ေႏွးေအာင္ အဟန္႔အတား ျပဳေနတဲ့သူေတြ အားလံုးဟာ ႏိုင္ငံ့ရန္သူေတြခ်ည္းပါပဲ။ ဘယ္ လိုပံုစံမ်ဳိးနဲ႔ ရန္သူျဖစ္ျဖစ္၊ ႏိုင္ငံ့ ရန္သူအားလံုးရဲ႕ အျမစ္မွန္သမွ် ျဖတ္ေတာက္ပစ္ရပါမယ္။ ႏိုင္ငံ့ ရန္သူအားလံုးရဲ႕ အၫြန္႔မွန္သမွ် ျဖတ္ေတာက္ပစ္ရပါမယ္။ အျမစ္ ျဖတ္ဖို႔ အားနာေနရင္၊ အၫြန္႔ ျဖတ္ဖို႔ တြန္႔ဆုတ္ေနရင္ ႏိုင္ငံပဲ နစ္နာပါလိမ့္မယ္။ ‘ႏိုင္ငံ့ရန္သူရဲ႕ အျမစ္ကိုလည္း ျဖတ္ရမယ္။ အၫြန္႔ကိုလည္း ျဖတ္ရမယ္’ဆို တာကို ေျပာင္းျပန္လွန္လိုက္ရင္ ‘ႏိုင္ငံ့မိတ္ေဆြရဲ႕အျမစ္ကိုလည္း ခိုင္မာေအာင္ လုပ္ရမယ္။ အၫြန္႔ ကိုလည္း ေဝဆာေအာင္လုပ္ရ မယ္’လို႔  ေျပာႏိုင္ပါတယ္။  ႏိုင္ငံ ကို  ေကာင္းက်ဳိးျပဳတဲ့သူေတြ၊ ႏိုင္ငံကို ၿငိမ္းခ်မ္းၿပီး ဖြံ႕ၿဖိဳးတိုး တက္ေအာင္ စြမ္းေဆာင္ႏိုင္တဲ့သူ ေတြဟာ ႏိုင္ငံ့မိတ္ေဆြပါ။ ႏိုင္ငံ့ မိတ္ေဆြရဲ႕အျမစ္ကို ခိုင္မာ ေအာင္လုပ္တယ္ဆိုတာ သူတို႔ရဲ႕ အရည္အခ်င္းေကာင္းေတြ၊ အစြမ္းအစေကာင္းေတြကို တိုး တက္သည္ထက္ တိုးတက္ေအာင္ ျပဳစုပ်ဳိးေထာင္ေပးတာကို ေျပာ တာပါ။ ႏိုင္ငံ့မိတ္ေဆြရဲ႕ အၫြန္႔ ကို ေဝဆာေအာင္ လုပ္တယ္ဆုိ တာကေတာ့ ႏိုင္ငံ့ေကာင္းက်ဳိး အမွန္တကယ္ သယ္ပိုးသူေတြကို ထိုက္ထုိက္တန္တန္ ခ်ီးျမႇင့္ ေျမႇာက္စားတာ၊ သူတို႔ရဲ႕ လုပ္ပိုင္ ခြင့္နယ္ပယ္ကို က်ယ္ျပန္႔သည္ ထက္က်ယ္ျပန္႔ေအာင္ ဖန္တီး ေပးတာ။ သူတို႔လုပ္သမွ် အလုပ္ ေတြ ေအာင္ျမင္ထေျမာက္ေအာင္ နည္းလမ္းအမ်ဳိးမ်ဳိးနဲ႔ အားေပး ကူညီတာေတြကို ေျပာတာပါ။

ႏိုင္ငံ့မိတ္ေဆြေတြရဲ႕အျမစ္ ကို ခိုင္မာသည္ထက္ ခိုင္မာ ေအာင္၊ ႀကီးထြားသည္ထက္ ႀကီး ထြားေအာင္ ျပဳလုပ္ေဆာင္ရြက္ မယ္ဆိုရင္ ႏိုင္ငံ့မိတ္ေဆြေတြရဲ႕ အၫြန္႔ကို ရွင္သန္သည္ထက္ ရွင္သန္ေအာင္၊ ေဝဆာသည္ ထက္ေဝဆာေအာင္ ျပဳစုပ်ဳိး ေထာင္မယ္ဆိုရင္ ႏိုင္ငံေတာ္ႀကီး အရွိန္အဟုန္ေကာင္းေကာင္းနဲ႔ အားေကာင္းေမာင္းသန္ ဖြံ႕ၿဖိဳး တိုးတက္လာပါလိမ့္မယ္။ လိုရင္း ေလး ျပန္ေျပာမယ္ေနာ္။

ႏိုင္ငံ့ရန္သူရဲ႕ အျမစ္ကိုလည္းျဖတ္ရ မယ္။ အၫြန္႔ကိုလည္းျဖတ္ရ မယ္။ ႏိုင္ငံ့မိတ္ေဆြရဲ႕ အျမစ္ကုိ လည္း ခိုင္မာႀကီးထြားေအာင္လုပ္ ရမယ္။ အၫြန္႔ကိုလည္း ရွင္သန္ ေဝဆာေအာင္ လုပ္ရမယ္။ ျဖတ္ ေတာက္သင့္တာ မွန္သမွ် ျပတ္ ျပတ္သားသား ျဖတ္ေတာက္ပစ္ ျခင္း၊ လုပ္ေဆာင္သင့္တာမွန္သမွ် ျပတ္ျပတ္သားသား လုပ္ေဆာင္ ႏိုင္ျခင္းျဖင့္ တုိင္းျပည္ၿငိမ္းခ်မ္း ေအာင္၊ တုိင္းျပည္ဖြံ႕ၿဖိဳးတိုး တက္ေအာင္ စြမ္းေဆာင္ႏိုင္တဲ့ အာဇာနည္ပုဂၢိဳလ္ထူး၊ ပုဂၢိဳလ္ ျမတ္ေတြ ျဖစ္ၾကပါေစလို႔ ဆုမြန္ ေကာင္း ေတာင္းလိုက္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ဆရာတော်အရှင်ဆန္ဒာဓိကနှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဇာနည်နေ့က ရန်ကုန်မြို့နေအိမ်၌ တွေ့ရစဉ်(ဓာတ်ပုံ−အတိုင်ပင်ခံရုံး)

၂၀၁၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် နှစ် (၇၀)ပြည့် အာဇာနည်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင် ကြီးများကို ရည်စူး၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ဆရာတော်၊ သံဃာတော်များအား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါ သည်။ အဆိုပါအာဇာနည်နေ့ အလှူပွဲတွင် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက မိန့်ကြားခဲ့သော တရားတော်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏တရားဝင်လူမှုကွန်ရက် စာမျက် နှာ၌ ဖော်ပြထားရာ 7Day သတင်းစာပရိသတ်များအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါသည်။

ဆရာတော်အရှင်ဆန္ဒာဓိက မိန့်ကြားခဲ့သော တရားတော်

နိုင်ငံသားတွေကို ဆိုးကျိုး ဖြစ်စေတဲ့သူဟာ နိုင်ငံ့ရန်သူပါပဲ။ နိုင်ငံတိုးတက်မှုကို အဟန့်အတား ဖြစ်စေတဲ့သူဟာ နိုင်ငံ့ရန်သူပါပဲ။ ဘယ်လိုပုံစံ၊ ဘယ်လိုအနေအထား မျိုးနဲ့ပဲဖြစ်ဖြစ် နိုင်ငံကို မတည် မငြိမ်ဖြစ်အောင် လုပ်တဲ့သူ၊ နိုင်ငံ သားတွေရဲ့ စိတ်နှလုံးအေးချမ်းမှု နဲ့ ဘဝတိုးတက်မှုကို နှောင့်နှေးစေ တဲ့သူတိုင်းဟာ နိုင်ငံ့ရန်သူတွေ ချည်းပါပဲ။ အဲဒီနိုင်ငံ့ရန်သူတွေရဲ့ အမြစ်ကိုလည်း ပြတ်ပြတ်သား သား ဖြတ်တောက်ပစ်ရမယ်။ အညွန့်ကိုလည်း ပြတ်ပြတ်သား သား ဖြတ်တောက်ပစ်ရမယ်။


တေသကုဏဇာတ်တော်မှာ မြတ်စွာဘုရားရှင်က မင်းကျင့် တရားတွေ အများကြီးဟောထား ပါတယ်။ အဲဒီအထဲကတစ်ခုက ကဗျာဆန်ဆန်လေးမို့လို့ အမှတ် တရပြောပါရစေ။ ရန်သူရဲ့ အမြစ်ကိုလည်း ဖြတ်ရမယ်၊ အညွန့်ကိုလည်း ဖြတ်ရမယ်တဲ့။ ဒါက တိုက်ရိုက်ဘာသာပြန်လိုက်တာပါ။ မင်းကျင့်တရားကို ဟော ထားတာဆိုတော့ အပြည့်အစုံ ဘာသာပြန်ရရင် ‘နိုင်ငံ့ရန်သူရဲ့ အမြစ်ကိုလည်း ဖြတ်ရမယ်၊ အညွန့်ကိုလည်းဖြတ်ရမယ်’လို့ အဓိပ္ပာယ်ရပါတယ်။ နိုင်ငံသား တွေကို ဆိုးကျိုးဖြစ်စေတဲ့သူဟာ နိုင်ငံ့ရန်သူပါပဲ။ နိုင်ငံတိုးတက်မှု ကို အဟန့်အတားဖြစ်စေတဲ့သူ ဟာ နိုင်ငံ့ရန်သူပါပဲ။ ဘယ်လိုပုံစံ၊ ဘယ်လိုအနေအထားမျိုးနဲ့ပဲဖြစ် ဖြစ် နိုင်ငံကို မတည်မငြိမ်ဖြစ် အောင် လုပ်တဲ့သူ၊ နိုင်ငံသားတွေ ရဲ့ စိတ်နှလုံးအေးချမ်းမှုနဲ့ ဘဝ တိုးတက်မှုကို နှောင့်နှေးစေတဲ့ လူတိုင်းဟာ နိုင်ငံ့ရန်သူတွေချည်း ပါပဲ။ အဲဒီနိုင်ငံ့ရန်သူတွေရဲ့အမြစ် ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်။ အညွန့် ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်။

နိုင်ငံကို ဆိုးကျိုးပြုတဲ့ နိုင်ငံ့ ရန်သူတွေ အမျိုးစုံရှိတဲ့အထဲက ကျမ်းဂန်မှာ တိုက်ရိုက်ဖွင့်ဆိုပြ ထားတဲ့ ဥပမာလေးတစ်ခုပဲပြော ပါမယ်။ ခိုးဆိုးလုနှိုက် လုပ်နေကြ တဲ့သူတွေဟာ နိုင်ငံ့ရန်သူတွေပါ။ အဲဒီ ခိုးဆိုးလုနှိုက်တွေရဲ့အမြစ်ကို လည်း ဖြတ်ရမယ်။ အညွန့်ကို လည်းဖြတ်ရမယ်။ အမြစ်ကိုဖြတ် တယ်ဆိုတာ ခိုးဆိုးလုနှိုက်လုပ်ရ ခြင်းရဲ့ အကြောင်းရင်းကို အမှန် အတိုင်း သိအောင်ရှာပြီး အဲဒီ အကြောင်းရင်းကို ဖယ်ရှားပစ်ဖို့ ပြောတာပါ။ ဆင်းရဲမွဲတေလို့ ခိုး ဆိုးလုနှိုက်တာဆိုရင် ဆင်းရဲမွဲ တေမှုပပျောက်အောင် ဆောင် ရွက်ရမယ်။ အလုပ်လက်မဲ့ဖြစ်နေ လို့ ခိုးဆိုးလုနှိုက်တာဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ အဲဒီလိုအား ဖြင့် ခိုးဆိုးလုနှိုက် လုပ်နေကြရ ခြင်းရဲ့ အကြောင်းတရားတွေကို ဘက်ပေါင်းစုံကနေ အကွက်စေ့ စေ့ လေ့လာသုံးသပ်ပြီး ပြေလည် သွားအောင်၊ အဆင်ပြေသွား အောင်၊ နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းဆောင်ရွက်ပေးတာဟာ ခိုးဆိုးလုနှိုက်ဆိုတဲ့ နိုင်ငံ့ရန်သူ တွေရဲ့ အမြစ်ကို ဖြတ်တောက် ပစ်တာပါပဲ။ ခိုးဆိုးလုနှိုက်တွေရဲ့ အညွန့်ကို ဖြတ်တယ်ဆိုတာက တော့ ခိုးဆိုးလုနှိုက်သမားတွေကို တရားဥပဒေနဲ့အညီ ထိထိရောက် ရောက် အရေးယူတာ၊ နောက် နောင် ဒီလိုအလုပ်မျိုး မလုပ်ဖြစ် အောင် အသိပညာပေးတာ၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးတာ၊ အလုပ်လုပ်ချင်စိတ်ရှိအောင် တိုက်တွန်းနှိုးဆော်ပေးတာ၊ အလုပ်ခွင်တွေထဲ အရောက်ပို့ပေးတာတွေကို ပြောတာပါ။

ပြောလိုရင်းကတော့ ဘယ် ပြဿနာကိုမဆို ပြတ်ပြတ်သား သား ကိုင်တွယ်ဖြေရှင်းဖို့ပါပဲ။ ပြဿနာရဲ့ အကြောင်းအရင်း အမြစ်ကိုလည်း ပြတ်ပြတ်သား သား ဖြတ်တောက်ပစ်၊ပြဿနာရဲ့ အကျိုးဆက် အညွန့်ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက် ပစ်ရပါမယ်။ ခေါင်းဆောင် ကောင်းဆိုတာ လုပ်စရာရှိတဲ့ အလုပ်တွေကို၊ လုပ်သင့်လုပ်ထိုက် တဲ့ အလုပ်တွေကို ပြတ်ပြတ် သားသား လုပ်ကိုလုပ်ရပါမယ်။ တစ်ဦးတစ်ယောက်၊ တစ်စုတစ် ဖွဲ့ရဲ့မျက်နှာကို မကြည့်ဘဲ နိုင်ငံ သားအားလုံးရဲ့ မျက်နှာတစ်ခု တည်းကိုပဲကြည့်ပြီး ပြတ်ပြတ် သားသား လုပ်ရပါမယ်။ ခိုးဆိုးလု နှိုက်ကလည်း လမ်းပေါ်က ခိုးဆိုး လုနှိုက်နဲ့ နန်းပေါ်က ခိုးဆိုးလု နှိုက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဆင်း ရဲလို့၊ စားစရာမရှိလို့ ခိုးဆိုးလု နှိုက်တဲ့သူတွေကတော့ လမ်း ပေါ်က ခိုးဆိုးလုနှိုက်ပါ။ ရာထူး အရှိန်အဝါရှိလို့ ရာထူးအရှိန် အဝါအားကိုးပြီး မတော်မတရား တဲ့ နည်းလမ်းနဲ့ ကိုယ်ကျိုးစီးပွား ရှာတဲ့သူတွေက နန်းပေါ်က ခိုးဆိုးလုနှိုက်ပါ။ နန်းဆိုတာ နန်းတော်လို ခမ်းနားကြီးကျယ်တဲ့ တိုက်တာအဆောက်အအုံတွေ၊ စည်းစိမ်ချမ်းသာတွေကို ပြောတာပါ။ အဂတိလိုက်စားပြီး ချမ်းသာအောင်လုပ်နေသူတွေဟာ နန်းပေါ်က ခိုးဆိုးလုနှိုက်တွေပါပဲ။ စားစရာမရှိလို့ ခိုးတဲ့သူကို လမ်းပေါ်က ခိုးဆိုးလုနှိုက်။ ထား စရာမရှိအောင် ခိုးတဲ့သူကို နန်း ပေါ်က ခိုးဆိုးလုနှိုက်လို့ ပြောရမှာ ပေါ့။ နန်းပေါ်က ခိုးဆိုးလုနှိုက် တွေရဲ့အမြစ်ကိုလည်း ဖြတ်ရ မယ်။ မတော်လောဘကြီးလို့ ခိုး တာဆိုရင် မတော်လောဘနည်း သွားအောင်၊ အတ္တလွန်ကဲလို့ ခိုး တာဆိုရင် အတ္တလျော့ပါးသွား အောင်၊ တရားဥပဒေ မလေးစား လို့ ခိုးတာဆိုရင် တရားဥပဒေကို လေးစားရကောင်းမှန်းသိအောင် ပြောပြပေးရမှာပါပဲ။ လူတစ် ယောက်ရဲ့ ပစ္စည်းကိုခိုးတာထက် အများပြည်သူပိုင်ဆိုင်တဲ့ ပြည်သူ ပိုင်ပစ္စည်း ခိုးတာက ပိုအပြစ်ကြီး တယ်။ သံသရာမှာ ဆိုးကျိုးတွေ ပိုခံစားရမယ် ဆိုတာမျိုးလည်း ပြောသင့်ရင် ပြောပြရမှာပေါ့။ နန်းပေါ်က ခိုးဆိုးလုနှိုက်တွေရဲ့ အညွန့်ကိုလည်း ဖြတ်ရမယ်။ မတော်မတရား အခွင့်အရေးယူ ထားတဲ့သူတွေ၊ မမှန်မကန်နည်း လမ်းနဲ့ ကိုယ်ကျိုးစီးပွားရှာတဲ့သူ တွေ၊ ပုံစံအမျိုးမျိုးနဲ့ အဂတိလိုက် စားတဲ့သူတွေကို တရားဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူရမယ်။ နောက်နောင် မလုပ်သင့်၊ မလုပ်ထိုက်တာတွေ ကို မလုပ်အောင် အသိပညာပေး ရမယ်။ တရားမမျှတတဲ့ နည်း လမ်းနဲ့ ပိုင်ဆိုင်ထားတဲ့သူတို့ရဲ့ စီးပွားဥစ္စာတွေကိုလည်း ဒေသ ကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုး အတွက် ပြန်လည်အသုံးပြုနိုင် အောင် ဖန်တီးပေးရမယ်။ တစ် ခေတ်တစ်ခါက တရားမမျှတတဲ့ နည်းလမ်းတွေ၊ နီးစပ်ရာနည်း လမ်းတွေနဲ့ ကြီးပွားချမ်းသာခဲ့ကြ တဲ့သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ခေတ်သစ်၊ စနစ်သစ် တည် ဆောက်နေတဲ့ အခုချိန်မှာ တိုင်း ပြုပြည်ပြုလုပ်ငန်းတွေအတွက် ထိထိရောက်ရောက် ပြန်လည် အသုံးချနိုင်မယ်ဆိုရင် တိုင်းပြည် ဟာ အချိန်တိုအတွင်း သိသိသာ သာ ဖွံ့ဖြိုးတိုးတက်သွားမှာ သေ ချာပါတယ်။ အသုံးချဖြစ်အောင် လည်း သိမ်မွေ့နူးညံ့တဲ့နည်းလမ်း တွေနဲ့ အသိပညာပေးနိုင်ရင်၊ တိုက်တွန်းနှိုးဆော်နိုင်ရင် ပင်ကို ဓာတ်ခံကောင်းပြီးသား မြန်မာနိုင်ငံသားတွေအတွက် ဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 ဒါက ပိဋကတ်တော်မှာ တိုက်ရိုက်ပြထားတဲ့ ခိုးဆိုးလုနှိုက် ဥပမာတစ်ခုကိုပဲ နမူနာပြောတာ ပါ။ ဘယ်အရေးကိစ္စပဲဖြစ်ဖြစ် နိုင်ငံမှာ ပြဿနာဖြစ်အောင် ဖန် တီးနေတဲ့သူတွေ၊ နိုင်ငံကို မတည် မငြိမ်ဖြစ်အောင် လှုပ်ရှားဆောင် ရွက်နေတဲ့သူတွေ၊ နိုင်ငံတိုးတက် မှုနှောင့်နှေးအောင် အဟန့်အတား ပြုနေတဲ့သူတွေ အားလုံးဟာ နိုင်ငံ့ရန်သူတွေချည်းပါပဲ။ ဘယ် လိုပုံစံမျိုးနဲ့ ရန်သူဖြစ်ဖြစ်၊ နိုင်ငံ့ ရန်သူအားလုံးရဲ့ အမြစ်မှန်သမျှ ဖြတ်တောက်ပစ်ရပါမယ်။ နိုင်ငံ့ ရန်သူအားလုံးရဲ့ အညွန့်မှန်သမျှ ဖြတ်တောက်ပစ်ရပါမယ်။ အမြစ် ဖြတ်ဖို့ အားနာနေရင်၊ အညွန့် ဖြတ်ဖို့ တွန့်ဆုတ်နေရင် နိုင်ငံပဲ နစ်နာပါလိမ့်မယ်။ ‘နိုင်ငံ့ရန်သူရဲ့ အမြစ်ကိုလည်း ဖြတ်ရမယ်။ အညွန့်ကိုလည်း ဖြတ်ရမယ်’ဆို တာကို ပြောင်းပြန်လှန်လိုက်ရင် ‘နိုင်ငံ့မိတ်ဆွေရဲ့အမြစ်ကိုလည်း ခိုင်မာအောင် လုပ်ရမယ်။ အညွန့် ကိုလည်း ဝေဆာအောင်လုပ်ရ မယ်’လို့  ပြောနိုင်ပါတယ်။  နိုင်ငံ ကို  ကောင်းကျိုးပြုတဲ့သူတွေ၊ နိုင်ငံကို ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုး တက်အောင် စွမ်းဆောင်နိုင်တဲ့သူ တွေဟာ နိုင်ငံ့မိတ်ဆွေပါ။ နိုင်ငံ့ မိတ်ဆွေရဲ့အမြစ်ကို ခိုင်မာ အောင်လုပ်တယ်ဆိုတာ သူတို့ရဲ့ အရည်အချင်းကောင်းတွေ၊ အစွမ်းအစကောင်းတွေကို တိုး တက်သည်ထက် တိုးတက်အောင် ပြုစုပျိုးထောင်ပေးတာကို ပြော တာပါ။ နိုင်ငံ့မိတ်ဆွေရဲ့ အညွန့် ကို ဝေဆာအောင် လုပ်တယ်ဆို တာကတော့ နိုင်ငံ့ကောင်းကျိုး အမှန်တကယ် သယ်ပိုးသူတွေကို ထိုက်ထိုက်တန်တန် ချီးမြှင့် မြှောက်စားတာ၊ သူတို့ရဲ့ လုပ်ပိုင် ခွင့်နယ်ပယ်ကို ကျယ်ပြန့်သည် ထက်ကျယ်ပြန့်အောင် ဖန်တီး ပေးတာ။ သူတို့လုပ်သမျှ အလုပ် တွေ အောင်မြင်ထမြောက်အောင် နည်းလမ်းအမျိုးမျိုးနဲ့ အားပေး ကူညီတာတွေကို ပြောတာပါ။

နိုင်ငံ့မိတ်ဆွေတွေရဲ့အမြစ် ကို ခိုင်မာသည်ထက် ခိုင်မာ အောင်၊ ကြီးထွားသည်ထက် ကြီး ထွားအောင် ပြုလုပ်ဆောင်ရွက် မယ်ဆိုရင် နိုင်ငံ့မိတ်ဆွေတွေရဲ့ အညွန့်ကို ရှင်သန်သည်ထက် ရှင်သန်အောင်၊ ဝေဆာသည် ထက်ဝေဆာအောင် ပြုစုပျိုး ထောင်မယ်ဆိုရင် နိုင်ငံတော်ကြီး အရှိန်အဟုန်ကောင်းကောင်းနဲ့ အားကောင်းမောင်းသန် ဖွံ့ဖြိုး တိုးတက်လာပါလိမ့်မယ်။ လိုရင်း လေး ပြန်ပြောမယ်နော်။

နိုင်ငံ့ရန်သူရဲ့ အမြစ်ကိုလည်းဖြတ်ရ မယ်။ အညွန့်ကိုလည်းဖြတ်ရ မယ်။ နိုင်ငံ့မိတ်ဆွေရဲ့ အမြစ်ကို လည်း ခိုင်မာကြီးထွားအောင်လုပ် ရမယ်။ အညွန့်ကိုလည်း ရှင်သန် ဝေဆာအောင် လုပ်ရမယ်။ ဖြတ် တောက်သင့်တာ မှန်သမျှ ပြတ် ပြတ်သားသား ဖြတ်တောက်ပစ် ခြင်း၊ လုပ်ဆောင်သင့်တာမှန်သမျှ ပြတ်ပြတ်သားသား လုပ်ဆောင် နိုင်ခြင်းဖြင့် တိုင်းပြည်ငြိမ်းချမ်း အောင်၊ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်အောင် စွမ်းဆောင်နိုင်တဲ့ အာဇာနည်ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ် မြတ်တွေ ဖြစ်ကြပါစေလို့ ဆုမွန် ကောင်း တောင်းလိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top