ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျပင္သစ္ႏုိင္ငံ Bormes-les-Mimosas ေဒသ ကမ္းေျခ၌ ကမၻာလွည့္မ်ား ေရကူးေနခ်ိန္တြင္ အေနာက္ဘက္ေတာင္ကုန္း၌ မီးေလာင္ေနစဥ္ (Jean-Paul Pelissier/reuters)
 ေတာမီးအႀကီးအက်ယ္ ေလာင္ကြၽမ္းမႈ ႀကံဳေတြ႕ေနေသာ ျပင္သစ္ႏုိင္ငံ ေတာင္ပုိင္းတြင္ အ နည္းဆံုး လူတစ္ေသာင္းခန္႔ကုိ ညတြင္းခ်င္း ေဘးလြတ္ရာသုိ႔ ေရႊ႕ေျပာင္းေပးခဲ့ရေၾကာင္း ျပင္သစ္ အာဏာပုိင္မ်ားက ဇူလိုင္ ၂၆ ရက္တြင္ ေျပာသည္။


‘‘ေတာမီးက ေရွ႕ဆက္တုိး လာတဲ့အတြက္ အနည္းဆံုး လူ တစ္ေသာင္းေလာက္ကုိ ေဘး ကင္းရာဆီ ေရႊ႕ေျပာင္းကယ္ဆယ္ ေပးခဲ့ရပါတယ္။ ဒီဧရိယာက ေႏြ ရာသီမွာဆုိရင္ လူဦးေရႏွစ္ဆ (သို႔မဟုတ္) သံုးဆရိွတဲ့ ေနရာျဖစ္ပါတယ္’’ဟု မီးသတ္ဌာနမွ တာ ဝန္ရိွသူတစ္ဦးက ေျပာသည္။

 ႏုိင္ငံအေရွ႕ေတာင္ပိုင္းရိွ သစ္ေတာမ်ားကုိ ဝါးမ်ိဳေလာင္ ကြၽမ္းခဲ့ေသာ ေတာမီးမ်ား ၿငႇိမ္း သတ္ႏုိင္ေရး ျပင္သစ္ႏုိင္ငံက ဥေရာပ၏ အကူအညီကုိ ေတာင္း ခံခဲ့သည္။

မီးသတ္သမားႏွင့္ တပ္ဖြဲ႕ ဝင္ ၄,၀၀၀ ေက်ာ္က မီးၿငိႇမ္းသတ္ေရးေလယာဥ္ ၁၉ စီး၏ အကူအ ညီကုိ ရယူကာ မီးေတာက္မ်ားကို ၿငိႇ္မ္းသတ္ရန္ ႀကိဳးစားလ်က္ရိွ သည္။

 အာဏာပုိင္မ်ားအဆိုအရ ေတာမီးေလာင္ကြၽမ္းမႈ ဇူလုိင္ ၂၄ ရက္က စတင္ျဖစ္ပြားၿပီးေနာက္ပုိင္း အနည္းဆံုး မီးသတ္ တပ္ဖဲြ႕ဝင္ ခုနစ္ဦး ဒဏ္ရာရရိွခဲ့ သည္ဟုဆုိသည္။

ဆုိးရြားေသာ ေတာမီးသည္ ေျမထဲပင္လယ္ ကမ္း႐ုိးတန္းတစ္ ေလွ်ာက္ ျပည္တြင္းရိွ ေတာင္ကုန္းေတာင္တန္းထူထပ္ရာ ေဒသႏွင့္ ေကာ္စီကာကြၽန္းရိွ ကုန္းေျမဧရိယာ ဟက္တာေလးေထာင္ နီးပါးကုိ ဝါးမ်ိဳဖ်က္ဆီးခဲ့သည္။

ေလတုိက္ႏႈန္းျပင္းထန္ျခင္း ႏွင့္ ေလာင္စာမ်ား ေျခာက္ေသြ႕ ေနျခင္းက ေတာမီးအႏၲရာယ္ကို ပုိမုိဆုိးရြားေစေအာင္ ဖန္တီးေပး ေနၿပီး မီးၿငႇိမ္းသတ္ေရး ျပင္သစ္အစုိးရက ဥေရာပသမဂၢအဖြဲ႕ဝင္ ႏုိင္ငံမ်ားထံ ေလယာဥ္ႀကီးႏွစ္စီးပို႔ေပးရန္ ေမတၱာရပ္ခံခ်က္ကို အီတလီက ျဖည့္ဆည္းေပးခဲ့သည္။

—Ref: AFP

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ပြင်သစ်နိုင်ငံ Bormes-les-Mimosas ဒေသ ကမ်းခြေ၌ ကမ္ဘာလှည့်များ ရေကူးနေချိန်တွင် အနောက်ဘက်တောင်ကုန်း၌ မီးလောင်နေစဉ် (Jean-Paul Pelissier/reuters)

 တောမီးအကြီးအကျယ် လောင်ကျွမ်းမှု ကြုံတွေ့နေသော ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် အ နည်းဆုံး လူတစ်သောင်းခန့်ကို ညတွင်းချင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ပြင်သစ် အာဏာပိုင်များက ဇူလိုင် ၂၆ ရက်တွင် ပြောသည်။


‘‘တောမီးက ရှေ့ဆက်တိုး လာတဲ့အတွက် အနည်းဆုံး လူ တစ်သောင်းလောက်ကို ဘေး ကင်းရာဆီ ရွှေ့ပြောင်းကယ်ဆယ် ပေးခဲ့ရပါတယ်။ ဒီဧရိယာက နွေ ရာသီမှာဆိုရင် လူဦးရေနှစ်ဆ (သို့မဟုတ်) သုံးဆရှိတဲ့ နေရာဖြစ်ပါတယ်’’ဟု မီးသတ်ဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

 နိုင်ငံအရှေ့တောင်ပိုင်းရှိ သစ်တောများကို ဝါးမျိုလောင် ကျွမ်းခဲ့သော တောမီးများ ငြှိမ်း သတ်နိုင်ရေး ပြင်သစ်နိုင်ငံက ဥရောပ၏ အကူအညီကို တောင်း ခံခဲ့သည်။

မီးသတ်သမားနှင့် တပ်ဖွဲ့ ဝင် ၄,၀၀၀ ကျော်က မီးငြှိမ်းသတ်ရေးလေယာဉ် ၁၉ စီး၏ အကူအ ညီကို ရယူကာ မီးတောက်များကို ငြှိမ်းသတ်ရန် ကြိုးစားလျက်ရှိ သည်။

 အာဏာပိုင်များအဆိုအရ တောမီးလောင်ကျွမ်းမှု ဇူလိုင် ၂၄ ရက်က စတင်ဖြစ်ပွားပြီးနောက်ပိုင်း အနည်းဆုံး မီးသတ် တပ်ဖွဲ့ဝင် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ သည်ဟုဆိုသည်။

ဆိုးရွားသော တောမီးသည် မြေထဲပင်လယ် ကမ်းရိုးတန်းတစ် လျှောက် ပြည်တွင်းရှိ တောင်ကုန်းတောင်တန်းထူထပ်ရာ ဒေသနှင့် ကော်စီကာကျွန်းရှိ ကုန်းမြေဧရိယာ ဟက်တာလေးထောင် နီးပါးကို ဝါးမျိုဖျက်ဆီးခဲ့သည်။

လေတိုက်နှုန်းပြင်းထန်ခြင်း နှင့် လောင်စာများ ခြောက်သွေ့ နေခြင်းက တောမီးအန္တရာယ်ကို ပိုမိုဆိုးရွားစေအောင် ဖန်တီးပေး နေပြီး မီးငြှိမ်းသတ်ရေး ပြင်သစ်အစိုးရက ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများထံ လေယာဉ်ကြီးနှစ်စီးပို့ပေးရန် မေတ္တာရပ်ခံချက်ကို အီတလီက ဖြည့်ဆည်းပေးခဲ့သည်။

—Ref: AFP


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top