ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ရာသီတုပ္ေကြးေရာဂါ ႀကိဳတင္ကာကြယ္ျခင္းအျဖစ္ ရန္ကုန္ၿမိဳ႕ရွိ ေက်ာင္းသူ၊ေက်ာင္းသားအခ်ဳိ႕ ဇူလုိင္ ၂၆ရက္က ႏွာေခါင္းစည္းမ်ားတပ္ဆင္ထားစဥ္-ဓာတ္ပုံ−ေဂ်ေမာင္ေမာင္(အမရပူရ)
ဖ်ားနာမႈေၾကာင့္ အေျခခံပညာေက်ာင္းမ်ားတြင္ သံုးရက္ဆက္တိုက္ ေက်ာင္းပ်က္ကြက္သူရွိပါက ပ်က္ကြက္သူ၏ အမည္ႏွင့္ ေနရပ္လိပ္စာအျပည့္အစံုကို ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနထံ ခ်က္ခ်င္းေပးပို႔ ရန္ ၿမိဳ႕နယ္က်န္းမာေရး ဦးစီးဌာနမ်ားက အေျခခံပညာေက်ာင္းမ်ားသို႔ ၫႊန္ၾကားထားၿပီး ေက်ာင္းပိတ္ရန္ လိုအပ္ပါက လိုအပ္သလို ေဆာင္ရြက္ရန္ အေျခခံပညာဦးစီးဌာနက ခြင့္ျပဳထားသည္။

အျခား လူမႈေရးကိစၥျဖင့္ ေက်ာင္းပ်က္ကြက္ျခင္းမွ လြဲ၍ မည္သည့္ဖ်ားနာမႈပံုစံမ်ိဳးျဖင့္မဆုိ သံုးရက္ႏွင့္အထက္ ေက်ာင္း ပ်က္ပါက သက္ဆုိင္ရာအေျခခံ ပညာေက်ာင္းအုပ္ႀကီးမ်ားအေန ျဖင့္ ၿမိဳ႕နယ္ပညာေရးမွဴး႐ံုးသို႔ စာရင္းေပးပုိ႔ရမည္ျဖစ္ၿပီး ယင္းမွ တစ္ဆင့္ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနသို႔ေပးပို႔ရန္ က်န္းမာေရး ဦးစီးဌာနမ်ားက ၫႊန္ၾကားထား သည္။

‘‘ေသြးလြန္တုပ္ေကြးေရာ၊ အခု H1N1 ေရာအတြက္ပါ ေက်ာင္းေတြကို ၫႊန္ၾကားထား တာျဖစ္ပါတယ္။ ေက်ာင္းပ်က္တဲ့ သူရွိရင္ ဘာေၾကာင့္ပ်က္လဲစံုစမ္း ရမယ္။ ဖ်ားတယ္ဆုိရင္ ဘယ္လို ကုေနသလဲဆုိတာ ေပးပို႔ခုိင္းထား တယ္။ သတင္းရတယ္ဆုိတာနဲ႔ လိုက္စံုစမ္းၿပီး ေဆး႐ံုခ်က္ခ်င္း တက္ခုိင္းတာမ်ိဳးလုပ္မယ္။ အခု ထိေတာ့ H1N1 သံသယရွိသူစာ ရင္းနဲ႔ တက္လာတာမရွိေသးဘူး။ ေသြးလြန္တုပ္ေကြးပဲ မ်ားတယ္’’ ဟု ရန္ကုန္တုိင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဒုတိယဌာနမွဴး (ေရာဂါႏွိမ္နင္းေရး) ေဒါက္တာခင္နန္းလံုက ေျပာသည္။

‘‘ၿမိဳ႕နယ္က်န္းမာေရးဦးစီး ဌာနက ေက်ာင္းကို ဇူလုိင္ ၂၄ ရက္က ၫႊန္ၾကားခ်က္ဝင္ပါတယ္။ ဘယ္လို အေၾကာင္းေၾကာင္း ေၾကာင့္ဖ်ားဖ်ား သံုးရက္ေက်ာ္ တာနဲ႔ ေက်ာင္းသားရဲ႕ နာမည္၊ ေနရပ္လိပ္စာအျပည့္အစံုကို ၿမိဳ႕ နယ္ပညာေရးမွဴး႐ုံးကို ပို႔ရမယ္လို႔ ေျပာပါတယ္။ ဇူလုိင္ ၂၆ ရက္အ ထိေတာ့ သတင္းပို႔ရတာ မရွိေသး ဘူး’’ဟု အထက (၅) ဗိုလ္ တေထာင္ ေက်ာင္းအုပ္ႀကီး ဦးလွ ထြန္းက ေျပာသည္။

အေျခခံပညာေက်ာင္းမ်ား တြင္ ရာသီတုပ္ေကြးေရာဂါ (H1N1)ႏွင့္ပတ္သက္၍ က်န္းမာ ေရးအသိပညာေပးေဟာေျပာပြဲ မ်ား က်င္းပရန္ ၫႊန္ၾကားမည္ျဖစ္ ၿပီး ေက်ာင္းမ်ားအေနျဖင့္ က်န္း မာေရးဝန္ႀကီးဌာန ၫႊန္ၾကား ခ်က္၊ အႀကံျပဳခ်က္မ်ားကို လိုက္ နာကာ မိမိေက်ာင္း၏ အေျခအေနအလိုက္ လိုအပ္သလို စီမံခန္႔ခြဲ ရန္ ခြင့္ျပဳထားေၾကာင္း အေျခခံ ပညာဦးစီးဌာန ေခတၱၫႊန္ၾကား ေရးမွဴးခ်ဳပ္ ေဒါက္တာေအာင္ႏုိင္ စိုးက ဆုိသည္။

‘‘ဆရာတုိ႔ေက်ာင္းမွာေတာ့ H1N1 စျဖစ္ကတည္းက မနက္ တုိင္း ေက်ာင္းစုေဝးပြဲမွာ ကေလး ေတြကို ေရာဂါနဲ႔ပတ္သက္တာ ေတြ၊ ဘယ္လိုကာကြယ္ရမလဲဆုိ တာေတြ ေျပာျပတယ္’’ဟု ဦးလွ ထြန္းက ဆုိသည္။

ရာသီတုပ္ေကြး ေရာဂါ ေၾကာင့္ ေက်ာင္းသားမိဘမ်ားက သားသမီးမ်ားကို ေက်ာင္းပို႔ရန္ စိုးရိမ္မႈမ်ားရွိေနေသာ္လည္း လကုန္တြင္ ေျဖဆုိရမည့္ အခန္းဆံုး စစ္ေဆးျခင္း စာေမးပြဲေၾကာင့္ ေက်ာင္းပို႔ေနသည္။

ထပ္မံရရွိေသာ သတင္းအရ ဇူလိုင္ ၂၆ ရက္က ထားဝယ္ ၿမိဳ႕ရွိ ၾကက္ၿခံမ်ားတြင္ ၾကက္ငွက္တုပ္ေကြး H5N1 ကူးစက္ခံေနရ ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရာ ထားဝယ္ၿမိဳ႕ေပၚ ရပ္ကြက္မ်ား၊ ရွင္မုတၳီး၊ ေမာင္မယ္ေရွာင္ေက်း ရြာႏွင့္ ေမတၱာၿမိဳ႕အပါအဝင္ ထား ဝယ္ၿမိဳ႕နယ္ရွိ စာသင္ေက်ာင္း မ်ားအားလံုးကို ဇူလိုင္ ၂၇ ရက္မွ၃၁ ရက္အထိ ငါးရက္ပိတ္ထားရန္ တနသၤာရီတုိင္း ေဒသႀကီးပညာေရးမွဴး႐ံုးက ၫႊန္ၾကားထားသည္။

‘‘ညေနက တနသၤာရီတုိင္း ဝန္ႀကီးခ်ဳပ္၊ လူမႈေရးဝန္ႀကီးနဲ႔ တုိင္းပညာေရးမွဴးေတြ အစည္း အေဝးလုပ္ၿပီး ၿမိဳ႕နယ္ပညာေရး မွဴးေတြကတစ္ဆင့္ ေက်ာင္းအုပ္ ေတြကို ေက်ာင္းငါးရက္ပိတ္ဖို႔ ၫႊန္ၾကားတာပါ။ ၾကာသပေတး ေန႔ကေန တနလၤာအထိ ငါးရက္ ပိတ္ရမွာပါ။ H5N1 ေၾကာင့္လို႔ ေျပာတယ္။ ထားဝယ္ၿမိဳ႕ေပၚက အထက္တန္းေက်ာင္း ခုနစ္ေက်ာင္းေရာ၊ မူလတန္း၊ အလယ္တန္းေက်ာင္းေတြေရာ အားလံုးကို ပိတ္ခုိင္းတာပါ’’ဟု အထက (၃) ထားဝယ္မွ အလယ္တန္းျပဆရာမ ေဒၚခင္မာမာကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ခြင်းအဖြစ် ရန်ကုန်မြို့ရှိ ကျောင်းသူ၊ကျောင်းသားအချို့ ဇူလိုင် ၂၆ရက်က နှာခေါင်းစည်းများတပ်ဆင်ထားစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ဖျားနာမှုကြောင့် အခြေခံပညာကျောင်းများတွင် သုံးရက်ဆက်တိုက် ကျောင်းပျက်ကွက်သူရှိပါက ပျက်ကွက်သူ၏ အမည်နှင့် နေရပ်လိပ်စာအပြည့်အစုံကို မြို့နယ်ကျန်းမာရေးဦးစီးဌာနထံ ချက်ချင်းပေးပို့ ရန် မြို့နယ်ကျန်းမာရေး ဦးစီးဌာနများက အခြေခံပညာကျောင်းများသို့ ညွှန်ကြားထားပြီး ကျောင်းပိတ်ရန် လိုအပ်ပါက လိုအပ်သလို ဆောင်ရွက်ရန် အခြေခံပညာဦးစီးဌာနက ခွင့်ပြုထားသည်။

အခြား လူမှုရေးကိစ္စဖြင့် ကျောင်းပျက်ကွက်ခြင်းမှ လွဲ၍ မည်သည့်ဖျားနာမှုပုံစံမျိုးဖြင့်မဆို သုံးရက်နှင့်အထက် ကျောင်း ပျက်ပါက သက်ဆိုင်ရာအခြေခံ ပညာကျောင်းအုပ်ကြီးများအနေ ဖြင့် မြို့နယ်ပညာရေးမှူးရုံးသို့ စာရင်းပေးပို့ရမည်ဖြစ်ပြီး ယင်းမှ တစ်ဆင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ပေးပို့ရန် ကျန်းမာရေး ဦးစီးဌာနများက ညွှန်ကြားထား သည်။

‘‘သွေးလွန်တုပ်ကွေးရော၊ အခု H1N1 ရောအတွက်ပါ ကျောင်းတွေကို ညွှန်ကြားထား တာဖြစ်ပါတယ်။ ကျောင်းပျက်တဲ့ သူရှိရင် ဘာကြောင့်ပျက်လဲစုံစမ်း ရမယ်။ ဖျားတယ်ဆိုရင် ဘယ်လို ကုနေသလဲဆိုတာ ပေးပို့ခိုင်းထား တယ်။ သတင်းရတယ်ဆိုတာနဲ့ လိုက်စုံစမ်းပြီး ဆေးရုံချက်ချင်း တက်ခိုင်းတာမျိုးလုပ်မယ်။ အခု ထိတော့ H1N1 သံသယရှိသူစာ ရင်းနဲ့ တက်လာတာမရှိသေးဘူး။ သွေးလွန်တုပ်ကွေးပဲ များတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယဌာနမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာခင်နန်းလုံက ပြောသည်။

‘‘မြို့နယ်ကျန်းမာရေးဦးစီး ဌာနက ကျောင်းကို ဇူလိုင် ၂၄ ရက်က ညွှန်ကြားချက်ဝင်ပါတယ်။ ဘယ်လို အကြောင်းကြောင်း ကြောင့်ဖျားဖျား သုံးရက်ကျော် တာနဲ့ ကျောင်းသားရဲ့ နာမည်၊ နေရပ်လိပ်စာအပြည့်အစုံကို မြို့ နယ်ပညာရေးမှူးရုံးကို ပို့ရမယ်လို့ ပြောပါတယ်။ ဇူလိုင် ၂၆ ရက်အ ထိတော့ သတင်းပို့ရတာ မရှိသေး ဘူး’’ဟု အထက (၅) ဗိုလ် တထောင် ကျောင်းအုပ်ကြီး ဦးလှ ထွန်းက ပြောသည်။

အခြေခံပညာကျောင်းများ တွင် ရာသီတုပ်ကွေးရောဂါ (H1N1)နှင့်ပတ်သက်၍ ကျန်းမာ ရေးအသိပညာပေးဟောပြောပွဲ များ ကျင်းပရန် ညွှန်ကြားမည်ဖြစ် ပြီး ကျောင်းများအနေဖြင့် ကျန်း မာရေးဝန်ကြီးဌာန ညွှန်ကြား ချက်၊ အကြံပြုချက်များကို လိုက် နာကာ မိမိကျောင်း၏ အခြေအနေအလိုက် လိုအပ်သလို စီမံခန့်ခွဲ ရန် ခွင့်ပြုထားကြောင်း အခြေခံ ပညာဦးစီးဌာန ခေတ္တညွှန်ကြား ရေးမှူးချုပ် ဒေါက်တာအောင်နိုင် စိုးက ဆိုသည်။

‘‘ဆရာတို့ကျောင်းမှာတော့ H1N1 စဖြစ်ကတည်းက မနက် တိုင်း ကျောင်းစုဝေးပွဲမှာ ကလေး တွေကို ရောဂါနဲ့ပတ်သက်တာ တွေ၊ ဘယ်လိုကာကွယ်ရမလဲဆို တာတွေ ပြောပြတယ်’’ဟု ဦးလှ ထွန်းက ဆိုသည်။

ရာသီတုပ်ကွေး ရောဂါ ကြောင့် ကျောင်းသားမိဘများက သားသမီးများကို ကျောင်းပို့ရန် စိုးရိမ်မှုများရှိနေသော်လည်း လကုန်တွင် ဖြေဆိုရမည့် အခန်းဆုံး စစ်ဆေးခြင်း စာမေးပွဲကြောင့် ကျောင်းပို့နေသည်။

ထပ်မံရရှိသော သတင်းအရ ဇူလိုင် ၂၆ ရက်က ထားဝယ် မြို့ရှိ ကြက်ခြံများတွင် ကြက်ငှက်တုပ်ကွေး H5N1 ကူးစက်ခံနေရ ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ထားဝယ်မြို့ပေါ် ရပ်ကွက်များ၊ ရှင်မုတ္ထီး၊ မောင်မယ်ရှောင်ကျေး ရွာနှင့် မေတ္တာမြို့အပါအဝင် ထား ဝယ်မြို့နယ်ရှိ စာသင်ကျောင်း များအားလုံးကို ဇူလိုင် ၂၇ ရက်မှ၃၁ ရက်အထိ ငါးရက်ပိတ်ထားရန် တနင်္သာရီတိုင်း ဒေသကြီးပညာရေးမှူးရုံးက ညွှန်ကြားထားသည်။

‘‘ညနေက တနင်္သာရီတိုင်း ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီးနဲ့ တိုင်းပညာရေးမှူးတွေ အစည်း အဝေးလုပ်ပြီး မြို့နယ်ပညာရေး မှူးတွေကတစ်ဆင့် ကျောင်းအုပ် တွေကို ကျောင်းငါးရက်ပိတ်ဖို့ ညွှန်ကြားတာပါ။ ကြာသပတေး နေ့ကနေ တနင်္လာအထိ ငါးရက် ပိတ်ရမှာပါ။ H5N1 ကြောင့်လို့ ပြောတယ်။ ထားဝယ်မြို့ပေါ်က အထက်တန်းကျောင်း ခုနစ်ကျောင်းရော၊ မူလတန်း၊ အလယ်တန်းကျောင်းတွေရော အားလုံးကို ပိတ်ခိုင်းတာပါ’’ဟု အထက (၃) ထားဝယ်မှ အလယ်တန်းပြဆရာမ ဒေါ်ခင်မာမာကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top