ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

သင့္မွာ သင့္ထက္ အသက္ႀကီးတဲ့ခ်စ္သူရွိပါသလား။ ၅ႏွစ္ႀကီးတာလား။ ၁၀ႏွစ္ႀကီးတာလား။ ဒါကိစၥမရွိပါဘူး။ ဒါေပမယ့္လည္း ၁၀ႏွစ္အထက္အသက္ႀကီးတဲ့အမ်ိဳးသား ဒါမွမဟုတ္ အမ်ိဳးသမီးကိုေတာ့ လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္တဲ့အခါ စဥ္းစားစရာအခ်က္ေတြရွိေနပါတယ္လို႔ စီနီယာေတြက အႀကံေပးၾကပါတယ္။ အသက္ႀကီးတဲ့ခ်စ္သူထားလို႔ သင့္မွာ ဘာေကာင္းက်ိဳးဆိုးက်ိဳးေတြ ရႏိုင္မလဲ သိၾကပါသလား။ ေကာင္မေလးေတြကေတာ့ “ႀကီးရင္မွီငယ္ရင္ခ်ီ” ဆိုသလို ကိုယ့္ထက္အသက္ႀကီးၿပီး ခၽြဲႏြ႕ဲလို႔ရတဲ့ခ်စ္သူကို လိုခ်င္ၾကတာေပါ့။ ေကာင္းက်ိဳးေတြေရာ ဆိုးက်ိဳးေတြပါ ရွိတယ္ဆိုတာေတာ့ လံုး၀ေမ့ထားလို႔ မရပါဘူး။ ေယဘူယ် သတ္မွတ္ခ်က္ေတြအရ အသက္ႀကီးတဲ့ ခ်စ္သူကို ပိုင္ဆိုင္ရျခင္းက သင့္ကို ဘယ္လိုေကာင္းက်ိဳးဆိုးက်ိဳးေတြေပးမလဲ ဆိုတာၾကည့္လိုက္ၾကရေအာင္။

ပထမဆံုး စတင္ရင္ဆိုင္ရမယ့္ ေမးခြန္းကေတာ့ “ဟယ္ ဘယ္လိုဆံုၾကတာလဲ၊ ဘယ္မွာေတြ႕ ၾကတာလဲ” ဆိုတာမ်ိဳးေတြပါပဲ။ အသက္၁၀ႏွစ္ေက်ာ္ကြာတဲ့အတြက္ ပတ္၀န္းက်င္မတူမွာျဖစ္တဲ့လူႏွစ္ေယာက္ ဘယ္လိုေတြ႕ ဆံုၾကတာလဲဆိုတာကို လူေတြ စိတ္၀င္စားပါလိမ့္မယ္။ တစ္ခါတစ္ေလၾကေတာ့လည္း ဒီလိုေမးခြန္းေတြက ေပ်ာ္စရာဆိုေပမယ့္ တစ္ခါတစ္ေလက်ေတာ့ စိတ္ကသိကေအာက္ျဖစ္ရမွာပါ။ ဒါေၾကာင့္ႏွစ္ဦးစလံုး လက္တြဲမိၿပီဆိုရင္ေတာ့ ဒီေမးခြန္းရဲ႕ အေျဖကို အရင္ဆံုးျပင္ဆင္ထားဖို႔လိုအပ္ပါလိမ့္မယ္။

ေနာက္ရင္ဆိုင္ရမွာကေတာ့ သင့္ရဲ႕ဘ၀နဲ႔ သက္ဆိုင္ပါတယ္။ သူက သင့္ထက္ အရင္အရြယ္ေရာက္ခဲ့တယ္။ ဒါေၾကာင့္မို႔လို႔ သူ႔ရဲ႕ေနာက္ေၾကာင္းနဲ႔ မိသားစုအေျခအေနကို သင့္ဘက္က ပိုၿပီး သိရဖို႔လိုအပ္ပါတယ္။ သင့္ေရွ႕မွာ သူဟာ သင့္ထက္ ဘ၀လမ္းခရီးကို အမ်ားႀကီးေက်ာ္ျဖတ္လာရတဲ့အတြက္ေၾကာင့္မို႔လို႔ ခ်စ္သူရည္းစား အမ်ားႀကီးထားဖူးမွာပါ။ ဒီ့ထက္အေရးႀကီးတာကေတာ့ သူက အရင္သင္နဲ႔မေတြ႕ခင္အခ်ိန္တုန္းက အိမ္ေထာင္က်ဖူးသလားအထိ သင္ လိုက္စံုစမ္းဖို႔ လိုပါတယ္။ မျဖစ္ႏိုင္ဘူးလို႔ မေတြးပါနဲ႔။ သူက သင့္ထက္ ဆယ္ႏွစ္ေက်ာ္ႀကီးတဲ့သူတစ္ဦးသာ ျဖစ္မယ္ဆိုရင္ သင့္ရဲ႕အသက္ ၁၀ႏွစ္မွာ သူ႔ရဲ႕အသက္က ၂၀ေက်ာ္ျဖစ္ေနတယ္ဆိုတာကို သတိရပါ။

ေနာက္ထပ္အခ်က္ကေတာ့ သင္ရဲ႕လြတ္လပ္ခြင့္ေတြ ဆံုးရွံဳးေကာင္းဆံုးရွံဳးႏိုင္တယ္ဆိုတာပါပဲ။ သူနဲ႔ သင္ဟာ ၁၀ႏွစ္ေက်ာ္အရြယ္ကြာတဲ့အတြက္ေၾကာင့္ ေခတ္တစ္ေခတ္ကြာခဲ့တယ္လို႔ ေျပာလို႔ရပါတယ္။ သူ႔ရဲ႕ေခတ္အျမင္နဲ႔ သင့္ရဲ႕ေခတ္အျမင္တူညီမွာ မဟုတ္ပါဘူး။ သူႀကိဳက္တဲ့သီခ်င္းေတြက အနည္းငယ္ပ်င္းဖို႔ေကာင္းၿပီးေဟာင္းေနတဲ့သီခ်င္းေတြျဖစ္ႏိုင္သလို သင့္ရဲ႕ ဂီတကိုေတာ့ သူနားလည္လက္ခံမေပးႏိုင္တာမ်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။ ေနာက္ၿပီး သူတို႔ေခတ္မွာ မိန္းကေလးေတြ Night Out ထြက္တာ ေခတ္မစားေသးဘူးဆိုရင္ေတာ့ သင္ သင္ရဲ႕သူငယ္ခ်င္းေတြနဲ႔ Night Out ထြက္တာကို နားလည္ေပးခ်င္မွ နားလည္ေပးႏိုင္ပါလိမ့္မယ္။

ေနာက္တစ္ခုကေတာ့ လက္ထပ္ထိမ္းျမားျခင္းနဲ႔ ပတ္သက္လို႔ ေျပာျပခ်င္ပါတယ္။ သူက နဂိုထဲက သင့္ထက္ ဆယ္ႏွစ္ေက်ာ္ႀကီးေနၿပီျဖစ္တဲ့အတြက္ သင့္ကို လက္ထပ္ဖို႔အတြက္ အခ်ိန္အၾကာႀကီးေစာင့္ဖို႔ဆိုရင္ သူ႔အတြက္ အဆင္ေျပႏိုင္မယ္မထင္ပါဘူး။ ဒါေၾကာင့္ သင့္ကို ခပ္ျမန္ျမန္ အိမ္ေထာင္ျပဳဖို႔အတြက္ပဲ တိုက္တြန္းမွာပါ။ အသက္ရမွ  အိမ္ေထာင္ျပဳခ်င္တဲ့ မိန္းကေလးေတြအတြက္ေတာ့ အသက္ႀကီးတဲ့ခ်စ္သူကို လံုး၀လံုး၀ မေရြးခ်ယ္သင့္ဘူးလို႔ ေျပာပါရေစ။

တကယ္လို႔မွ သင့္ခ်စ္သူကသာ သင့္ထက္ ၁၀ႏွစ္ေက်ာ္ႀကီးတဲ့မိန္းကေလးျဖစ္မယ္ဆိုရင္ သင့္အတြက္ ေတာ္ေတာ္ကသိကေအာက္ႏိုင္မွာပါပဲ။ မိန္းကေလးေတြဆိုတာ အရင္ထဲက သ၀န္တိုတတ္ၾကပါတယ္။ အကယ္လို႔မ်ားသာ သင္ဟာ သူ႔ထက္ ၁၀ႏွစ္ေက်ာ္ငယ္မယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလးကို သ၀န္တိုၿပီး သင့္ကို မ်က္စိေအာက္က အေပ်ာက္မခံျဖစ္ေနမွာပါ။ ဒါဆိုရင္ေတာ့ သင္ စဥ္းစားရပါေတာ့မယ္။ အခ်စ္ႀကီးၿပီး အရာရာသ၀န္တိုေနမယ္ဆိုရင္ေတာ့ သင့္ဘက္ကေန ေရရွည္လက္တြဲဖို႔ရာ လြယ္ကူပါ့မလား။ ဒါကေတာ့ သင့္ကိုယ္တိုင္သင္ ေမးရမယ့္ ေမးခြန္းတစ္ခုပါ။

ဆက္ၿပီးေျပာျပရမယ္ဆိုရင္ေတာ့ အေပါင္းအသင္းျပႆနာေတြပါပဲ။ သင္ဟာ Social က်ၿပီး အေပါင္းအသင္းေပါင္းစံုနဲ႔ ေပ်ာ္ေပ်ာ္ေနတတ္သူဆိုရင္ေတာင္ သင့္ရဲ႕ခ်စ္သူရဲ႕ အေပါင္းအသင္းေတြနဲ႔ေတာ့ အဆင္ေျပမွာမဟုတ္ပါဘူး။ သင့္မ်က္လံုးထဲမွာ ေခတ္ေနာက္က်ေနၿပီျဖစ္တဲ့ သင့္ရဲ႕ခ်စ္သူ သူငယ္ခ်င္းေတြကို ေပါင္းလို႔သင္းလို႔ လံုး၀အဆင္ေျပမွာ မဟုတ္သလို သင့္ခ်စ္သူဘက္ကလည္း သင့္ရဲ႕ ေခတ္မွီတဲ့ သူငယ္ခ်င္းေတြကို အေပါင္းအသင္းလုပ္လို႔ရမယ္ မထင္ပါဘူး။ ဒါကလည္း သင္တို႔ႏွစ္ဦးၾကားမွာ ႀကီးမားတဲ့ အခက္အခဲတစ္ခုျဖစ္လာမွာပါ။

အေရးႀကီးတာတစ္ခုက်န္ပါေသးတယ္။ ဒါကေတာ့ ေတာ္ေတာ္မ်ားမ်ားေသာကိစၥေတြမွာ သူ႔ဘက္က အမွန္ေတြခ်ည္းပဲလို႔ ေတြးတတ္တဲ့သူမ်ိဳးဆိုရင္ေတာ့ သင္ အဆင္ေျပမွာမဟုတ္ပါဘူး။ ဘာျဖစ္လို႔ ဒီလိုေတြးမယ္လို႔ ေျပာရလဲဆိုရင္ေတာ့ သူဟာ သင့္ထက္လည္း အသက္အမ်ားႀကီးႀကီးတာျဖစ္လို႔ သင့္ကို ကေလးတစ္ဦးလိုျမင္ရာကေန သင့္ဆံုးျဖတ္ခ်က္ေတြ၊ သင့္ရဲ႕ အယူအဆေတြကို ကေလးတစ္ဦးလို ေတြးျမင္ေတာ့မယ္ဆိုရင္ေတာ့ သင္ေျပာသမွ်လုပ္သမွ်ထက္ သူေျပာသမွ်လုပ္သမွ်သာ အမွန္လို႔ထင္ေနမယ္ဆိုရင္ေတာ့ သင္ၾကာရင္စိတ္ညစ္လာရမွာပါ။

အဆင္မေျပမယ့္အခ်က္ေတြပဲ ဆက္တိုက္ေျပာေနလို႔ စိတ္ညစ္သြားၿပီလား။ အရမ္းႀကီးေတာ့ စိတ္မညစ္သြားပါနဲ႔။ ေကာင္းတဲ့အခ်က္ေတြမရွိတာေတာ့ မဟုတ္ပါဘူး။ ေကာင္းတဲ့အခ်က္ေတြ ရွိပါတယ္။ မေကာင္းတာေတြ အရင္ေျပာျပတယ္ဆိုတာက အေပၚမွာေျပာတဲ့ မေကာင္းတဲ့အခ်က္ေတြကို လက္ခံႏိုင္တယ္လို႔ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိတယ္ဆိုရင္ေတာ့ ေကာင္းတဲ့ဘယ္လိုအခ်က္ေတြရႏိုင္မလဲ ဆက္ၾကည့္ရေအာင္။

သူက အသက္ႀကီးတဲ့ခ်စ္သူျဖစ္လို႔ သင့္အေပၚ ညီမေလးတစ္ေယာက္လို ခ်စ္ခင္ယုယမႈကို သင္ ခံစားရမွာပါ။ သင့္အေပၚ သင့္ရဲ႕ အေဖတစ္ေယာက္လို အစ္ကိုတစ္ေယာက္လို ကိုယ္ခ်င္းစာေပးၿပီးအလိုလုိက္မွာေတာ့ ေသခ်ာတယ္ေနာ္။

သူ႔မွာက ေသခ်ာတဲ့စီးပြားေရးလမ္းေၾကာင္းတစ္ခုရွိႏွင့္ေနမွာျဖစ္လို႔ ငယ္တဲ့သူ ဒါမွမဟုတ္ ရြယ္တူေတြနဲ႔ တြဲရသလို ေငြေရးေၾကးေရးအ၀၀နဲ႔ ပတ္သက္လို႔ကေတာ့ သင္စိတ္ပူစရာမလိုပါဘူး။

သူဟာ သင့္ထက္ အသက္ႀကီးၿပီး အိမ္ေထာင္ျပဳဖို႔ အသက္အရြယ္အေနအထားအားျဖင့္လည္း အဆင္သင့္ျဖစ္ေနၿပီမို႔လို႔ သင့္ဘက္က မီးစိမ္းျပလိုက္တာနဲ႔ ေတြေ၀စရာမရွိပါဘူးေနာ္။

သူက မိန္းကေလးက်မ္းလည္းေက်ေနၿပီျဖစ္တာေၾကာင့္လည္း သင့္ကို ဘယ္လိုကိုင္တြယ္ျပဳစုယုယရမလဲ သူ ေကာင္းေကာင္းသိတာေၾကာင့္ သင္လည္း စိတ္ေက်နပ္မႈရမွာပါ။

ၿပီးေတာ့ အသက္ႀကီးတဲ့ခ်စ္သူရထားတာ အထူးသျဖင့္ မိန္းကေလးေတြအတြက္ကေတာ့ အဟန္႔အရမ္းေကာင္းပါတယ္။ ဘယ္သူမွ သင့္ကို လမ္းသြားရင္းလည္း မစမေနာက္ရဲတာ သင့္ေဘးက အမိုက္စား ဘီးက်ဲေၾကာင့္ဆုိတာ ေသခ်ာပါတယ္။

အသက္ႀကီးတဲ့ခ်စ္သူဆိုတာထဲမွာ အထူးသျဖင့္ ၁၀ႏွစ္ေက်ာ္ႀကီးတဲ့သူေတြကုိ လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္ဖို႔ စိတ္ကူးထားတဲ့ ေကာင္မေလးေတြအတြက္ ေယဘူယ်အခ်က္ေလးေတြ ေျပာျပေပးလိုက္တာပါ။ ဒါေတြက အသက္ႀကီးတဲ့ခ်စ္သူ အမ်ားစုရဲ႕ အသြင္အျပင္ေတြသာျဖစ္ၿပီး အားလံုးက ထပ္တူအတိအက်ပါပဲလို႔ မဆိုလိုတဲ့အတြက္ေၾကာင့္ မို႔လို႔ သိပ္ၿပီး မစိုးရိမ္ပါနဲ႔ေနာ္။ အဓိကေတာ့ Relationship တစ္ခုမွာ အေရးအႀကီးဆံုးက ခ်စ္ျခင္းေမတၱာနဲ႔ နားလည္မႈပဲျဖစ္တာေၾကာင့္ အရင္က ဘယ္လိုလူမ်ိဳးပဲျဖစ္ေနပါေစ သင့္ရဲ႕ဲအခ်စ္ေတြနဲ႔ အရာရာအေကာင္းအတိုင္းျဖစ္ေအာင္လုပ္ႏိုင္ပါတယ္လို႔ အားေပးပါရေစ။

Editor : Moethae Say
ဖိုးသူေတာ္ (www.phothutaw.com)
Credit: MODA
#Unicode Version#
သင့်မှာ သင့်ထက် အသက်ကြီးတဲ့ချစ်သူရှိပါသလား။ ၅နှစ်ကြီးတာလား။ ၁၀နှစ်ကြီးတာလား။ ဒါကိစ္စမရှိပါဘူး။ ဒါပေမယ့်လည်း ၁၀နှစ်အထက်အသက်ကြီးတဲ့အမျိုးသား ဒါမှမဟုတ် အမျိုးသမီးကိုတော့ လက်တွဲဖော်အဖြစ် ရွေးချယ်တဲ့အခါ စဉ်းစားစရာအချက်တွေရှိနေပါတယ်လို့ စီနီယာတွေက အကြံပေးကြပါတယ်။ အသက်ကြီးတဲ့ချစ်သူထားလို့ သင့်မှာ ဘာကောင်းကျိုးဆိုးကျိုးတွေ ရနိုင်မလဲ သိကြပါသလား။ ကောင်မလေးတွေကတော့ “ကြီးရင်မှီငယ်ရင်ချီ” ဆိုသလို ကိုယ့်ထက်အသက်ကြီးပြီး ချွဲနွ့ဲလို့ရတဲ့ချစ်သူကို လိုချင်ကြတာပေါ့။ ကောင်းကျိုးတွေရော ဆိုးကျိုးတွေပါ ရှိတယ်ဆိုတာတော့ လုံးဝမေ့ထားလို့ မရပါဘူး။ ယေဘူယျ သတ်မှတ်ချက်တွေအရ အသက်ကြီးတဲ့ ချစ်သူကို ပိုင်ဆိုင်ရခြင်းက သင့်ကို ဘယ်လိုကောင်းကျိုးဆိုးကျိုးတွေပေးမလဲ ဆိုတာကြည့်လိုက်ကြရအောင်။

ပထမဆုံး စတင်ရင်ဆိုင်ရမယ့် မေးခွန်းကတော့ “ဟယ် ဘယ်လိုဆုံကြတာလဲ၊ ဘယ်မှာတွေ့ ကြတာလဲ” ဆိုတာမျိုးတွေပါပဲ။ အသက်၁၀နှစ်ကျော်ကွာတဲ့အတွက် ပတ်ဝန်းကျင်မတူမှာဖြစ်တဲ့လူနှစ်ယောက် ဘယ်လိုတွေ့ ဆုံကြတာလဲဆိုတာကို လူတွေ စိတ်ဝင်စားပါလိမ့်မယ်။ တစ်ခါတစ်လေကြတော့လည်း ဒီလိုမေးခွန်းတွေက ပျော်စရာဆိုပေမယ့် တစ်ခါတစ်လေကျတော့ စိတ်ကသိကအောက်ဖြစ်ရမှာပါ။ ဒါကြောင့်နှစ်ဦးစလုံး လက်တွဲမိပြီဆိုရင်တော့ ဒီမေးခွန်းရဲ့ အဖြေကို အရင်ဆုံးပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ်။

နောက်ရင်ဆိုင်ရမှာကတော့ သင့်ရဲ့ဘဝနဲ့ သက်ဆိုင်ပါတယ်။ သူက သင့်ထက် အရင်အရွယ်ရောက်ခဲ့တယ်။ ဒါကြောင့်မို့လို့ သူ့ရဲ့နောက်ကြောင်းနဲ့ မိသားစုအခြေအနေကို သင့်ဘက်က ပိုပြီး သိရဖို့လိုအပ်ပါတယ်။ သင့်ရှေ့မှာ သူဟာ သင့်ထက် ဘဝလမ်းခရီးကို အများကြီးကျော်ဖြတ်လာရတဲ့အတွက်ကြောင့်မို့လို့ ချစ်သူရည်းစား အများကြီးထားဖူးမှာပါ။ ဒီ့ထက်အရေးကြီးတာကတော့ သူက အရင်သင်နဲ့မတွေ့ခင်အချိန်တုန်းက အိမ်ထောင်ကျဖူးသလားအထိ သင် လိုက်စုံစမ်းဖို့ လိုပါတယ်။ မဖြစ်နိုင်ဘူးလို့ မတွေးပါနဲ့။ သူက သင့်ထက် ဆယ်နှစ်ကျော်ကြီးတဲ့သူတစ်ဦးသာ ဖြစ်မယ်ဆိုရင် သင့်ရဲ့အသက် ၁၀နှစ်မှာ သူ့ရဲ့အသက်က ၂၀ကျော်ဖြစ်နေတယ်ဆိုတာကို သတိရပါ။

နောက်ထပ်အချက်ကတော့ သင်ရဲ့လွတ်လပ်ခွင့်တွေ ဆုံးရှုံးကောင်းဆုံးရှုံးနိုင်တယ်ဆိုတာပါပဲ။ သူနဲ့ သင်ဟာ ၁၀နှစ်ကျော်အရွယ်ကွာတဲ့အတွက်ကြောင့် ခေတ်တစ်ခေတ်ကွာခဲ့တယ်လို့ ပြောလို့ရပါတယ်။ သူ့ရဲ့ခေတ်အမြင်နဲ့ သင့်ရဲ့ခေတ်အမြင်တူညီမှာ မဟုတ်ပါဘူး။ သူကြိုက်တဲ့သီချင်းတွေက အနည်းငယ်ပျင်းဖို့ကောင်းပြီးဟောင်းနေတဲ့သီချင်းတွေဖြစ်နိုင်သလို သင့်ရဲ့ ဂီတကိုတော့ သူနားလည်လက်ခံမပေးနိုင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး သူတို့ခေတ်မှာ မိန်းကလေးတွေ Night Out ထွက်တာ ခေတ်မစားသေးဘူးဆိုရင်တော့ သင် သင်ရဲ့သူငယ်ချင်းတွေနဲ့ Night Out ထွက်တာကို နားလည်ပေးချင်မှ နားလည်ပေးနိုင်ပါလိမ့်မယ်။

နောက်တစ်ခုကတော့ လက်ထပ်ထိမ်းမြားခြင်းနဲ့ ပတ်သက်လို့ ပြောပြချင်ပါတယ်။ သူက နဂိုထဲက သင့်ထက် ဆယ်နှစ်ကျော်ကြီးနေပြီဖြစ်တဲ့အတွက် သင့်ကို လက်ထပ်ဖို့အတွက် အချိန်အကြာကြီးစောင့်ဖို့ဆိုရင် သူ့အတွက် အဆင်ပြေနိုင်မယ်မထင်ပါဘူး။ ဒါကြောင့် သင့်ကို ခပ်မြန်မြန် အိမ်ထောင်ပြုဖို့အတွက်ပဲ တိုက်တွန်းမှာပါ။ အသက်ရမှ  အိမ်ထောင်ပြုချင်တဲ့ မိန်းကလေးတွေအတွက်တော့ အသက်ကြီးတဲ့ချစ်သူကို လုံးဝလုံး၀ မရွေးချယ်သင့်ဘူးလို့ ပြောပါရစေ။

တကယ်လို့မှ သင့်ချစ်သူကသာ သင့်ထက် ၁၀နှစ်ကျော်ကြီးတဲ့မိန်းကလေးဖြစ်မယ်ဆိုရင် သင့်အတွက် တော်တော်ကသိကအောက်နိုင်မှာပါပဲ။ မိန်းကလေးတွေဆိုတာ အရင်ထဲက သဝန်တိုတတ်ကြပါတယ်။ အကယ်လို့များသာ သင်ဟာ သူ့ထက် ၁၀နှစ်ကျော်ငယ်မယ်ဆိုရင်တော့ တော်တော်လေးကို သဝန်တိုပြီး သင့်ကို မျက်စိအောက်က အပျောက်မခံဖြစ်နေမှာပါ။ ဒါဆိုရင်တော့ သင် စဉ်းစားရပါတော့မယ်။ အချစ်ကြီးပြီး အရာရာသဝန်တိုနေမယ်ဆိုရင်တော့ သင့်ဘက်ကနေ ရေရှည်လက်တွဲဖို့ရာ လွယ်ကူပါ့မလား။ ဒါကတော့ သင့်ကိုယ်တိုင်သင် မေးရမယ့် မေးခွန်းတစ်ခုပါ။

ဆက်ပြီးပြောပြရမယ်ဆိုရင်တော့ အပေါင်းအသင်းပြဿနာတွေပါပဲ။ သင်ဟာ Social ကျပြီး အပေါင်းအသင်းပေါင်းစုံနဲ့ ပျော်ပျော်နေတတ်သူဆိုရင်တောင် သင့်ရဲ့ချစ်သူရဲ့ အပေါင်းအသင်းတွေနဲ့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ သင့်မျက်လုံးထဲမှာ ခေတ်နောက်ကျနေပြီဖြစ်တဲ့ သင့်ရဲ့ချစ်သူ သူငယ်ချင်းတွေကို ပေါင်းလို့သင်းလို့ လုံးဝအဆင်ပြေမှာ မဟုတ်သလို သင့်ချစ်သူဘက်ကလည်း သင့်ရဲ့ ခေတ်မှီတဲ့ သူငယ်ချင်းတွေကို အပေါင်းအသင်းလုပ်လို့ရမယ် မထင်ပါဘူး။ ဒါကလည်း သင်တို့နှစ်ဦးကြားမှာ ကြီးမားတဲ့ အခက်အခဲတစ်ခုဖြစ်လာမှာပါ။

အရေးကြီးတာတစ်ခုကျန်ပါသေးတယ်။ ဒါကတော့ တော်တော်များများသောကိစ္စတွေမှာ သူ့ဘက်က အမှန်တွေချည်းပဲလို့ တွေးတတ်တဲ့သူမျိုးဆိုရင်တော့ သင် အဆင်ပြေမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့ ဒီလိုတွေးမယ်လို့ ပြောရလဲဆိုရင်တော့ သူဟာ သင့်ထက်လည်း အသက်အများကြီးကြီးတာဖြစ်လို့ သင့်ကို ကလေးတစ်ဦးလိုမြင်ရာကနေ သင့်ဆုံးဖြတ်ချက်တွေ၊ သင့်ရဲ့ အယူအဆတွေကို ကလေးတစ်ဦးလို တွေးမြင်တော့မယ်ဆိုရင်တော့ သင်ပြောသမျှလုပ်သမျှထက် သူပြောသမျှလုပ်သမျှသာ အမှန်လို့ထင်နေမယ်ဆိုရင်တော့ သင်ကြာရင်စိတ်ညစ်လာရမှာပါ။

အဆင်မပြေမယ့်အချက်တွေပဲ ဆက်တိုက်ပြောနေလို့ စိတ်ညစ်သွားပြီလား။ အရမ်းကြီးတော့ စိတ်မညစ်သွားပါနဲ့။ ကောင်းတဲ့အချက်တွေမရှိတာတော့ မဟုတ်ပါဘူး။ ကောင်းတဲ့အချက်တွေ ရှိပါတယ်။ မကောင်းတာတွေ အရင်ပြောပြတယ်ဆိုတာက အပေါ်မှာပြောတဲ့ မကောင်းတဲ့အချက်တွေကို လက်ခံနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုရင်တော့ ကောင်းတဲ့ဘယ်လိုအချက်တွေရနိုင်မလဲ ဆက်ကြည့်ရအောင်။

သူက အသက်ကြီးတဲ့ချစ်သူဖြစ်လို့ သင့်အပေါ် ညီမလေးတစ်ယောက်လို ချစ်ခင်ယုယမှုကို သင် ခံစားရမှာပါ။ သင့်အပေါ် သင့်ရဲ့ အဖေတစ်ယောက်လို အစ်ကိုတစ်ယောက်လို ကိုယ်ချင်းစာပေးပြီးအလိုလိုက်မှာတော့ သေချာတယ်နော်။

သူ့မှာက သေချာတဲ့စီးပွားရေးလမ်းကြောင်းတစ်ခုရှိနှင့်နေမှာဖြစ်လို့ ငယ်တဲ့သူ ဒါမှမဟုတ် ရွယ်တူတွေနဲ့ တွဲရသလို ငွေရေးကြေးရေးအ၀၀နဲ့ ပတ်သက်လို့ကတော့ သင်စိတ်ပူစရာမလိုပါဘူး။

သူဟာ သင့်ထက် အသက်ကြီးပြီး အိမ်ထောင်ပြုဖို့ အသက်အရွယ်အနေအထားအားဖြင့်လည်း အဆင်သင့်ဖြစ်နေပြီမို့လို့ သင့်ဘက်က မီးစိမ်းပြလိုက်တာနဲ့ တွေဝေစရာမရှိပါဘူးနော်။

သူက မိန်းကလေးကျမ်းလည်းကျေနေပြီဖြစ်တာကြောင့်လည်း သင့်ကို ဘယ်လိုကိုင်တွယ်ပြုစုယုယရမလဲ သူ ကောင်းကောင်းသိတာကြောင့် သင်လည်း စိတ်ကျေနပ်မှုရမှာပါ။

ပြီးတော့ အသက်ကြီးတဲ့ချစ်သူရထားတာ အထူးသဖြင့် မိန်းကလေးတွေအတွက်ကတော့ အဟန့်အရမ်းကောင်းပါတယ်။ ဘယ်သူမှ သင့်ကို လမ်းသွားရင်းလည်း မစမနောက်ရဲတာ သင့်ဘေးက အမိုက်စား ဘီးကျဲကြောင့်ဆိုတာ သေချာပါတယ်။

အသက်ကြီးတဲ့ချစ်သူဆိုတာထဲမှာ အထူးသဖြင့် ၁၀နှစ်ကျော်ကြီးတဲ့သူတွေကို လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ စိတ်ကူးထားတဲ့ ကောင်မလေးတွေအတွက် ယေဘူယျအချက်လေးတွေ ပြောပြပေးလိုက်တာပါ။ ဒါတွေက အသက်ကြီးတဲ့ချစ်သူ အများစုရဲ့ အသွင်အပြင်တွေသာဖြစ်ပြီး အားလုံးက ထပ်တူအတိအကျပါပဲလို့ မဆိုလိုတဲ့အတွက်ကြောင့် မို့လို့ သိပ်ပြီး မစိုးရိမ်ပါနဲ့နော်။ အဓိကတော့ Relationship တစ်ခုမှာ အရေးအကြီးဆုံးက ချစ်ခြင်းမေတ္တာနဲ့ နားလည်မှုပဲဖြစ်တာကြောင့် အရင်က ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ သင့်ရဲ့ဲအချစ်တွေနဲ့ အရာရာအကောင်းအတိုင်းဖြစ်အောင်လုပ်နိုင်ပါတယ်လို့ အားပေးပါရစေ။

Editor : Moethae Say
ဖိုးသူတော် (www.phothutaw.com)
Credit: MODA
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top