Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
 —Ref:Goal
Credit: 7Day Daily
#Unicode Version#
စင်ကာပူနိုင်ငံတွင် ကျင်းပနေသော နိုင်ငံတကာချန် ပီယံဆုများဖလားပြိုင်ပွဲတွင် အင် တာမီလန်အသင်းက ချယ်လ်ဆီး ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး လန်ဒန်မြို့အမ်းမရိတ်ဖလားပြိုင်ပွဲ တွင် ဆီဗီလာက ဂျာမနီမှ လိုက်ပ် ဇစ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။
အင်တာသည် ချယ်လ်ဆီးကို ဂျိုဗီတစ်နှင့် အီဗန်ပါရီဆစ်တို့ ၏ ဂိုးများဖြင့် ဦးဆောင်နေပြီး ကွန်ဒေ့ါဘီယာက ကိုယ့်ဂိုးကိုယ် သွင်းမိသဖြင့် ၂-၁ ဂိုးဖြင့် ပွဲပြီးခဲ့ သည်။ ချယ်လ်ဆီးနည်းပြကွန်တီ က အတောင့်တင်း ဆုံးအသင်းကို ပွဲထုတ်ခဲ့ပြီး မိုရက်တာ၊ ဘက်ရူဝါရီနှင့် ဝီလီယံတို့သုံးဦးကို ထိပ်ဆုံးတင်ကစားခဲ့သည်။ အင်တာနည်းပြစပယ်လက်တီကမူ ဘိုင်ယန်နှင့်ပွဲတွင် ဂိုးသွင်းခဲ့သော အီဒါကိုအနားပေးကာ မန်စီးတီးတိုက်စစ်မှူးဟောင်း ဂျိုဗီတစ်ကို အထောင်ထားကစားခဲ့သည်။
ပထမပိုင်းတွင်ဂျိုဗီတစ်က  ပင်နယ်တီမှတစ်ဆင့် ပြန်ထွက်လာသည့် ဘောလုံးကို ထပ်ဆင့်ပိတ်ပြီး ဂိုးသွင်းခဲ့ကာ ဒုတိယပိုင်းတွင် ပါရီဆစ်က ဒုတိယဂိုးသွင်းသည်။ အင်တာနောက်ခံလူ ကွန်ဒေါဘီရာ လူပေးမှားရာမှ  ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ပြီး ချယ်လ်ဆီး ချေပဂိုးရခဲ့သည်။
 အမ်းမရိတ်ဖလားပြိုင်ပွဲ ပထမဆုံးပွဲစဉ်တွင် ဆီဗီလာက အငြင်းပွားဖွယ် ပင်နယ်တီဖြင့် လိုက်ပ်ဇစ်ကို အနိုင်ရရှိခြင်းဖြစ်ပြီး ဝမ်ဆမ်ဘန်ယက်ဒါက ယင်းပင်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲ သည်။ လိုက်ပ်ဇစ်အသင်းက ချေပဂိုးရရှိရန် ကြိုးစားခဲ့သော်လည်း တိုက်စစ်မှူးများ ဂိုးသွင်းမသေ ချာမှုနှင့် ဆီဗီလာ နောက်တန်း၏ ကြံ့ကြံ့ခံ ကစားမှုတို့ကြောင့် ဂိုးမ ရရှိဘဲ အရှုံးပေးခဲ့ရသည်။
အာဆင်နယ်က ဧည့်သည် ဘင်ဖီကာကို      အဖွင့်ဂိုးပေးလိုက်ရသော်လည်း ဝဲလ်ကော့၊ ဂျီရော့၊ အီအိုဘီတို့၏ ဂိုးများဖြင့် ၅−၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။       
 —Ref:Goal
ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top