Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရန္ကင္းကေလးေဆး႐ုံ ႀကီးတြင္ ေဆးကုသမႈခံယူေနေသာ ကေလးလူနာႏွစ္ဦး၌H1N1ႏွင့္ H3N2 ဗုိင္းရပ္စ္ပုိးေတြ႕ရွိ ေၾကာင္း က်န္းမာေရးဦးစီးဌာန တာ၀န္ရွိသူတစ္ဦးကေျပာသည္။


အဆုိပါကေလးႏွစ္ဦးသည္  H1N1 သံသယလကၡဏာေတြ႕ရ သျဖင့္ ဇူလုိင္ ၂၅ ရက္က ဓာတ္ခြဲ စစ္ေဆးခဲ့ရာ H1N1 ႏွင့္ H3N2 ဗုိင္းရပ္စ္ပုိး ေတြ႕ရွိျခင္းျဖစ္သည္။

‘‘မေန႔က ရန္ကင္းကေလး ေဆး႐ုံက ကေလးႏွစ္ဦးကုိ သံသ ယျဖစ္လုိ႔ ေသြးနမူနာဆရာတို႔ဆီ ကုိ ဇူလုိင္ ၂၅ ရက္ကပုိ႔ခဲ့တယ္။ တစ္ေယာက္က H1N1 ေတြ႕ တယ္။ ေနာက္တစ္ေယာက္က ေတာ့ H3N2 ဆုိတဲ့ဗုိင္းရပ္စ္ေတြ႕ တယ္’’ ဟု ရန္ကုန္တုိင္းကုသေရး ဦးစီးဌာန ဦးစီးမွဴးေဒါက္တာသာ ထြန္းေက်ာ္က ေျပာၾကားသည္။

H1N1 ေရာဂါပုိးကူးစက္ခံ ထားရသည့္ ကေလးငယ္သည္ အသက္(၃)ႏွစ္ႏွင့္တစ္လျဖစ္ၿပီး ရန္ကုန္တုိုင္း စမ္းေခ်ာင္းၿမိဳ႕နယ္ မွ ျဖစ္သည္။ H3N2 ေရာဂါပုိးကူးစက္ခံထားရသည့္ ကေလးငယ္ သည္ အသက္(၅)ႏွစ္ႏွင့္ ေျခာက္လအရြယ္ျဖစ္ၿပီး ပဲခူးတုိင္း သကၠလေက်းရြာမွျဖစ္သည္။

H3N2 ဗုိင္းရပ္စ္ပုိးသည္ H1N1 အုပ္စု၀င္ျဖစ္သျဖင့္ ျဖစ္ ပြားပုံ အတူတူပင္ျဖစ္ေၾကာင္းႏွင့္ ရန္ကင္းကေလးေဆး႐ုံႀကီးတြင္ ေရာဂါကာကြယ္ေရး ထိန္းခ်ဳပ္ သည့္အေနျဖင့္ ေဆး႐ုံတက္ ေရာက္ကုသမႈခံယူေနသည့္ က ေလးငယ္မ်ား၌ သုံးရက္ႏွင့္အ ထက္ဖ်ားျခင္း၊ အဖ်ားႀကီးျခင္း၊ အသက္႐ွဴျမန္ျခင္း၊ေသြးေပါင္က်ျခင္းစသည့္ ရာသီတုပ္ေကြးလကၡဏာျဖစ္ပါက ျပင္ပလူနာဌာနတြင္ သီးသန္႔ခန္းထားရွိကာ ေရာဂါရွာေဖြစမ္းသပ္္မည္ျဖစ္ေၾကာင္း ရန္ကင္းကေလးေဆး႐ုံအုပ္ ေဒါက္တာျမင့္ျမင့္ခုိင္ကေျပာသည္။

‘‘လက္ရွိမွာေတာ့ ကေလး ႏွစ္ဦးစလုံးက ရန္ကင္းကေလး ေဆး႐ုံႀကီးမွာပဲ ကုသေနပါတယ္။ အထူးၾကပ္မတ္ကုသေဆာင္မွာ ေဆးကုသေနတယ္။ ကေလးငယ္ ႏွစ္ဦးရဲ႕ က်န္းမာေရးအေျခအေန က ေကာင္းပါတယ္’’ ဟု ေဒါက္ တာသာထြန္းေက်ာ္ကေျပာသည္။

ရာသီတုပ္ေကြးေရာဂါ၌ Type A,B ရွိသည္။ အဆုိပါType A တြင္ A(H3N2), A(H1N1), A(H1N1)Pdm 2009 ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day daily

#Unicode Version#
 ရန်ကင်းကလေးဆေးရုံ ကြီးတွင် ဆေးကုသမှုခံယူနေသော ကလေးလူနာနှစ်ဦး၌H1N1နှင့် H3N2 ဗိုင်းရပ်စ်ပိုးတွေ့ရှိ ကြောင်း ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။


အဆိုပါကလေးနှစ်ဦးသည်  H1N1 သံသယလက္ခဏာတွေ့ရ သဖြင့် ဇူလိုင် ၂၅ ရက်က ဓာတ်ခွဲ စစ်ဆေးခဲ့ရာ H1N1 နှင့် H3N2 ဗိုင်းရပ်စ်ပိုး တွေ့ရှိခြင်းဖြစ်သည်။

‘‘မနေ့က ရန်ကင်းကလေး ဆေးရုံက ကလေးနှစ်ဦးကို သံသ ယဖြစ်လို့ သွေးနမူနာဆရာတို့ဆီ ကို ဇူလိုင် ၂၅ ရက်ကပို့ခဲ့တယ်။ တစ်ယောက်က H1N1 တွေ့ တယ်။ နောက်တစ်ယောက်က တော့ H3N2 ဆိုတဲ့ဗိုင်းရပ်စ်တွေ့ တယ်’’ ဟု ရန်ကုန်တိုင်းကုသရေး ဦးစီးဌာန ဦးစီးမှူးဒေါက်တာသာ ထွန်းကျော်က ပြောကြားသည်။

H1N1 ရောဂါပိုးကူးစက်ခံ ထားရသည့် ကလေးငယ်သည် အသက်(၃)နှစ်နှင့်တစ်လဖြစ်ပြီး ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် မှ ဖြစ်သည်။ H3N2 ရောဂါပိုးကူးစက်ခံထားရသည့် ကလေးငယ် သည် အသက်(၅)နှစ်နှင့် ခြောက်လအရွယ်ဖြစ်ပြီး ပဲခူးတိုင်း သက္ကလကျေးရွာမှဖြစ်သည်။

H3N2 ဗိုင်းရပ်စ်ပိုးသည် H1N1 အုပ်စုဝင်ဖြစ်သဖြင့် ဖြစ် ပွားပုံ အတူတူပင်ဖြစ်ကြောင်းနှင့် ရန်ကင်းကလေးဆေးရုံကြီးတွင် ရောဂါကာကွယ်ရေး ထိန်းချုပ် သည့်အနေဖြင့် ဆေးရုံတက် ရောက်ကုသမှုခံယူနေသည့် က လေးငယ်များ၌ သုံးရက်နှင့်အ ထက်ဖျားခြင်း၊ အဖျားကြီးခြင်း၊ အသက်ရှူမြန်ခြင်း၊သွေးပေါင်ကျခြင်းစသည့် ရာသီတုပ်ကွေးလက္ခဏာဖြစ်ပါက ပြင်ပလူနာဌာနတွင် သီးသန့်ခန်းထားရှိကာ ရောဂါရှာဖွေစမ်းသပ်မည်ဖြစ်ကြောင်း ရန်ကင်းကလေးဆေးရုံအုပ် ဒေါက်တာမြင့်မြင့်ခိုင်ကပြောသည်။

‘‘လက်ရှိမှာတော့ ကလေး နှစ်ဦးစလုံးက ရန်ကင်းကလေး ဆေးရုံကြီးမှာပဲ ကုသနေပါတယ်။ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသနေတယ်။ ကလေးငယ် နှစ်ဦးရဲ့ ကျန်းမာရေးအခြေအနေ က ကောင်းပါတယ်’’ ဟု ဒေါက် တာသာထွန်းကျော်ကပြောသည်။

ရာသီတုပ်ကွေးရောဂါ၌ Type A,B ရှိသည်။ အဆိုပါType A တွင် A(H3N2), A(H1N1), A(H1N1)Pdm 2009 ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top