ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ေျခစြယ္ငုတ္ျခင္း
▂▂▂▂▂▂▂▂▂▂▂
ေျခမမ်ားတြင္ အျဖစ္မ်ားသည္။

ေျခစြယ္မ်ား နီရဲ၊ ေရာင္ရမ္း၊ နာက်င္ လာတတ္သည္။ ေျခသည္း ညွပ္စဥ္ က်န္ခဲ့ေသာ ေျခသည္း စြယ္က အသားထဲ တိုး၀င္ရာက ေျခစြယ္ ၀န္းက်င္တြင္၊ ေရာင္လာ တတ္သည္။ တစ္ခါတစ္ရံ ျပည္တည္ လိုက္လာသည္။ ေျခသည္း ညွပ္ရာတြင္ ေျခစြယ္ က်န္ျခင္းနွင့္၊ ရွဳးဖိနပ္ က်ပ္က်ပ္ စီးသည့္ အခါ၊ ေျခေခ်ာင္းဖ်ားမ်ား စုညွစ္ ခံထားရျခင္း တို႔မွာ ေျခစြယ္ငုပ္ ေစေသာအရင္းခံ အေၾကာင္းမ်ား ျဖစ္ၾက ပါသည္။

ဆရာ၀န္နွင့္အရင္ျပရန္

ေျခစြယ္ပိုး၀င္၊ ေရာင္ရမ္း ေနလွ်င္ ထိုသို႔ ေ၀ဒနာ ရေနသူတြင္ ဆီးခ်ိဳ၊ ေသြးေၾကာက်ဥ္း ေရာဂါ စသည္တို႔ ရွိလွ်င္။

မိမိဘာသာေဆာင္ရြက္နိုင္ေသာကိစၥရပ္မ်ား

ေျခစြယ္ငုပ္မွန္း ေစာစီးစြာ ခန္.မွန္း သတိထား မိပါက ေအာက္ပါတို.ကို ေဆာင္ရြက္ျခင္းျဖင့္ ေျခစြယ္ငုပ္ ေ၀ဒနာပိုဆိုး မလာေအာင္ ဟန္.တား ေပးထား နိုင္သည္။

ေျခစြယ္ ငုပ္ေနေသာ ေျခေထာက္ကို ေရေႏြးထဲ ဆားရည္ ေႏြးနွစ္ဇြန္း၊ သံုးဇြန္း ထည့္ေမႊ ထားေသာ ဆားရည္ ေႏြးျဖင့္ တစ္ခါစိမ္ ဆယ္မိနစ္ခန္.ၾကာ တစ္ေန. နွစ္ၾကိမ္ ပံုမွန္ စိမ္ေပးပါ။ နာေန၊ ေရာင္စ ျပဳေနေသာ ပလာစတာ ကပ္ထားပါ။

ေျခညွပ္ဖိနပ္၊ကြင္းထိုးဖိနပ္စီးပါ။

ေျခစြယ္ငုပ္နာလံုး၀ေပ်ာက္မွေျခသည္းညွပ္ပါ။

ေျခသည္းဆိုးျခင္း၊ေျခသည္းဆိုးေဆးခၽြတ္ျခင္းတို.ကိုေျခစြပ္ငုပ္ေနစဥ္မျပဳလုပ္ရ။

ကာကြယ္ျခင္း

အေကာင္းဆံုး ကာကြယ္နည္းမွာ ေျခေထာက္ကို ဂရုစိုက္ နည္းသာ ျဖစ္ပါသည္။ ေန.စဥ္ ေျခေဆးပါ။ ေျခေဆးျပီးေနာက္ ေရစင္ေအာင္ သုတ္၊ ေရေျခာက္ေအာင္ ထားပါ။ ေရွ.ဘက္တြင္ ေျခေခ်ာင္းေလး မ်ားကို စုညွစ္ ထားတတ္သည့္ ဖိနပ္၊ ဦးခၽြတ္၊ ေဒါက္ျမင့္၊ ဖိနပ္ စသည္တို. မစီးသင့္။ ခ်ည္ထည္ ေျခစြပ္၊ စေကာ့ကင္ မ်ားကိုသာ ၀တ္ပါ။ ေန.စဥ္ လဲပါ။ ေျခဦးပိုင္း ဖြင့္ထားေသာ ေျခစြပ္၊ စေကာ့ကင္မ်ား ၀ယ္၍ ရသည္။ ယင္းအမ်ိဳး အစားကို အသံုးျပဳပါ။

ေျခသည္းညွပ္လွ်င္အေသအခ်ာညွပ္ပါ။

ေျခသည္းညွပ္နည္း


(၁)ေျခသည္း မညွပ္မီ ေျခသည္းနူး၊ ေပ်ာ့သြား ေစရန္ ေရေႏြး ဇလံုထဲတြင္ ဆယ္မိနစ္ခန္. စိမ္ထားပါ။

(၂)တံုးေသာ ေျခသည္းညွပ္၊ ဓား၊ ကပ္ေၾကးတို. မသံုးသင့္။ တစ္ခါ ညွပ္လွ်င္ တစ္ခ်က္တည္း ျပတ္မည့္ ေျခသည္းျပတ္မည့္ ေျခသည္းညွပ္ကို သံုးပါ။ ေျခသည္းကို ေကြး ၀ိုက္ ညွပ္သြားပါ။ ေထာင့္ဘက္မ်ားကို ဂရုစိုက္ ညွပ္ပါ။ ေထာင့္ဘက္ဖ်ား မ်ားကို တစဥ္း တိုက္ပါ။

(၃)ေျခစြယ္ ကုပ္ေနလွ်င္၊ ေျခသည္းညွပ္၊ ဓား၊ ကပ္ေၾကး စသည္တို.ကို ဇြတ္ထိုး မထည့္ရ။ ေရေႏြး စိမ္ျပီးေျခသည္း နူးညံ့ ေနခ်ိန္မွာ ထိုေျခစြယ္ကို ညွပ္ပါ။ မာေခါက္ ေကြးကုပ္ ေနေသာ ေျခစြယ္ေအာက္သို. မည္သည့္ အရာမွ ထိုးမ သြင္းရ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: က်န္းမာေရးအတြက္ ေဆးတစ္ခြက္

#Unicode Version#
 ခြေစွယ်ငုတ်ခြင်း
▂▂▂▂▂▂▂▂▂▂▂
ခြေမများတွင် အဖြစ်များသည်။

ခြေစွယ်များ နီရဲ၊ ရောင်ရမ်း၊ နာကျင် လာတတ်သည်။ ခြေသည်း ညှပ်စဉ် ကျန်ခဲ့သော ခြေသည်း စွယ်က အသားထဲ တိုးဝင်ရာက ခြေစွယ် ဝန်းကျင်တွင်၊ ရောင်လာ တတ်သည်။ တစ်ခါတစ်ရံ ပြည်တည် လိုက်လာသည်။ ခြေသည်း ညှပ်ရာတွင် ခြေစွယ် ကျန်ခြင်းနှင့်၊ ရှုးဖိနပ် ကျပ်ကျပ် စီးသည့် အခါ၊ ခြေချောင်းဖျားများ စုညှစ် ခံထားရခြင်း တို့မှာ ခြေစွယ်ငုပ် စေသောအရင်းခံ အကြောင်းများ ဖြစ်ကြ ပါသည်။

ဆရာဝန်နှင့်အရင်ပြရန်

ခြေစွယ်ပိုးဝင်၊ ရောင်ရမ်း နေလျှင် ထိုသို့ ဝေဒနာ ရနေသူတွင် ဆီးချို၊ သွေးကြောကျဉ်း ရောဂါ စသည်တို့ ရှိလျှင်။

မိမိဘာသာဆောင်ရွက်နိုင်သောကိစ္စရပ်များ

ခြေစွယ်ငုပ်မှန်း စောစီးစွာ ခန်.မှန်း သတိထား မိပါက အောက်ပါတို.ကို ဆောင်ရွက်ခြင်းဖြင့် ခြေစွယ်ငုပ် ဝေဒနာပိုဆိုး မလာအောင် ဟန်.တား ပေးထား နိုင်သည်။

ခြေစွယ် ငုပ်နေသော ခြေထောက်ကို ရေနွေးထဲ ဆားရည် နွေးနှစ်ဇွန်း၊ သုံးဇွန်း ထည့်မွှေ ထားသော ဆားရည် နွေးဖြင့် တစ်ခါစိမ် ဆယ်မိနစ်ခန်.ကြာ တစ်နေ. နှစ်ကြိမ် ပုံမှန် စိမ်ပေးပါ။ နာနေ၊ ရောင်စ ပြုနေသော ပလာစတာ ကပ်ထားပါ။

ခြေညှပ်ဖိနပ်၊ကွင်းထိုးဖိနပ်စီးပါ။

ခြေစွယ်ငုပ်နာလုံးဝပျောက်မှခြေသည်းညှပ်ပါ။

ခြေသည်းဆိုးခြင်း၊ခြေသည်းဆိုးဆေးချွတ်ခြင်းတို.ကိုခြေစွပ်ငုပ်နေစဉ်မပြုလုပ်ရ။

ကာကွယ်ခြင်း

အကောင်းဆုံး ကာကွယ်နည်းမှာ ခြေထောက်ကို ဂရုစိုက် နည်းသာ ဖြစ်ပါသည်။ နေ.စဉ် ခြေဆေးပါ။ ခြေဆေးပြီးနောက် ရေစင်အောင် သုတ်၊ ရေခြောက်အောင် ထားပါ။ ရှေ.ဘက်တွင် ခြေချောင်းလေး များကို စုညှစ် ထားတတ်သည့် ဖိနပ်၊ ဦးချွတ်၊ ဒေါက်မြင့်၊ ဖိနပ် စသည်တို. မစီးသင့်။ ချည်ထည် ခြေစွပ်၊ စကော့ကင် များကိုသာ ဝတ်ပါ။ နေ.စဉ် လဲပါ။ ခြေဦးပိုင်း ဖွင့်ထားသော ခြေစွပ်၊ စကော့ကင်များ ဝယ်၍ ရသည်။ ယင်းအမျိုး အစားကို အသုံးပြုပါ။

ခြေသည်းညှပ်လျှင်အသေအချာညှပ်ပါ။

ခြေသည်းညှပ်နည်း

(၁)ခြေသည်း မညှပ်မီ ခြေသည်းနူး၊ ပျော့သွား စေရန် ရေနွေး ဇလုံထဲတွင် ဆယ်မိနစ်ခန်. စိမ်ထားပါ။

(၂)တုံးသော ခြေသည်းညှပ်၊ ဓား၊ ကပ်ကြေးတို. မသုံးသင့်။ တစ်ခါ ညှပ်လျှင် တစ်ချက်တည်း ပြတ်မည့် ခြေသည်းပြတ်မည့် ခြေသည်းညှပ်ကို သုံးပါ။ ခြေသည်းကို ကွေး ဝိုက် ညှပ်သွားပါ။ ထောင့်ဘက်များကို ဂရုစိုက် ညှပ်ပါ။ ထောင့်ဘက်ဖျား များကို တစဉ်း တိုက်ပါ။

(၃)ခြေစွယ် ကုပ်နေလျှင်၊ ခြေသည်းညှပ်၊ ဓား၊ ကပ်ကြေး စသည်တို.ကို ဇွတ်ထိုး မထည့်ရ။ ရေနွေး စိမ်ပြီးခြေသည်း နူးညံ့ နေချိန်မှာ ထိုခြေစွယ်ကို ညှပ်ပါ။ မာခေါက် ကွေးကုပ် နေသော ခြေစွယ်အောက်သို. မည်သည့် အရာမှ ထိုးမ သွင်းရ။


ဖိုးသူတော် (www.phothutaw.com)
Credit: ကျန်းမာရေးအတွက် ဆေးတစ်ခွက်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top