ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ကၽြန္ေတာ္ အဂၤလန္မွာ ပညာသင္ေနစဥ္ တစ္ရက္မွာ ဆရာနဲ႔ စကား အၾကာႀကီး ေျပာခဲ့ပါတယ္။“ဆရာတို႔ အဂၤလန္က လူေတာ္ေတြ အေတာ္မ်ားမ်ား ထြက္တယ္ေနာ္”ဒီလိုေျပာေတာ့ ဆရာ ရယ္ေနတယ္။“ဘာလို႔ ရယ္ေနတာလဲ ဆရာ”ဆရာ့ကိုေမးေတာ့ တစ္ေန႔ကဖတ္ဖူးတဲ့ဟာသေၾကာင့္လို႔ ဆိုတယ္။

“တစ္ေန႔ကဖတ္ဖူးတဲ့ ဟာသကို သတိရလို႔”“ဟုတ္ကဲ့ ဆရာ”“ဟာသထဲမွာ လူတစ္ေယာက္ဟာ ရြာတစ္ရြာကို ေရာက္သြားတယ္တဲ့။ အဲဒီရြာက ေခါင္းေဆာင္ေတြ အမ်ားႀကီး ထြက္တာကိုး။ ဒါနဲ႔ သူက အဲဒီက အဘိုးအိုကို ေမးတယ္။ အဘိုးတို႔ဆီက ေခါင္းေဆာင္ေတြ အေတာ္ေမြး ထုတ္ေပးတာပဲဆိုေတာ့ အဘိုးအိုက ဟုတ္လား၊ က်ဳပ္ မသိရပါလား၊ တကယ္ေတာ့ က်ဳပ္တို႔ဆီက ကေလးေတြပဲ ေမြးတာပါတဲ့”ဆရာက ေျပာၿပီးရယ္ေနပါတယ္။

“တကယ္ေတာ့ ကမၻာအရပ္ရပ္မွာ လူေတာ္ေတြရွိပါတယ္။ အခ်ဳိ႕လူေတြ ဟာ ေမြးကတည္းက အင္မတန္ ေတာ္တယ္၊ ဒါေပမဲ့ သူတို႔ဟာ ျပဳစု ပ်ဳိးေထာင္ျခင္း မခံရဘူး။ အခ်ဳိ႕လူေတြက်ေတာ့ အခြင့္အေရးရတယ္။ ဒီအတြက္ သူတုိ႔အရည္အခ်င္း ျပႏိုင္တယ္ ”

“ကၽြန္ေတာ္တို႔ႏိုင္ငံကို တိုးတက္ေအာင္လုပ္ဖို႔ လူေတာ္ေတြ ဘယ္လိုရေအာင္ ရွာရမလဲ”“မင္းတို႔ ေတြ႕လာမွာပါ”လူေတာ္ေတြရဖို႔ ႏွစ္အၾကာႀကီး ေစာင့္ရပါတယ္။ဆရာက “၀စၥတန္ခ်ာခ်ီလ္ကို မင္းသိမွာပါ။ သူဟာ အင္မတန္ အေျပာေကာင္းတယ္။ ခ်ာခ်ီလ္ဟာ နာဇီဂ်ာမနီေတြကို ႏိုင္ေအာင္ တိုက္ႏိုင္တဲ့ ၿဗိတိသွ်၀န္ႀကီးခ်ဳပ္ ျဖစ္တယ္။ သူ႔မိန္႔ခြန္းေတြေၾကာင့္ ဒုတိယကမၻာစစ္မွာ သူ႔ရဲ႕ေအာင္ျမင္မႈကို မင္းတို႔ ေတြ႕မွာပဲ”

“သိပါတယ္ ဆရာ၊ သူဟာ စာေပႏိုဘယ္ဆုကိုလည္း ရခဲ့ပါတယ္”“တကယ္ေတာ့ ခ်ာခ်ီလ္ဟာ ပါလီမန္မွာ စကားေျပာတဲ့အခါ အၿမီးအေမာက္မတည့္တဲ့အတြက္ အမတ္ေတြက ခံုေပၚ ဖိနပ္ေတြနဲ႔ေခါက္ၿပီး အတားခံခဲ့ရတယ္။ ဒါေပမဲ့ ႏွစ္ေပါင္း သံုးေလးဆယ္ၾကာတဲ့အခါ သူ႔အရည္အခ်င္း ေပၚလာတယ္။ ဘုရင္မင္းျမတ္က သူ႔ကိုေခၚၿပီး ၀န္ႀကီးခ်ဳပ္ ခန္႔ခဲ့တယ္။ သူ ဦးေဆာင္ၿပီး ဂ်ာမနီကို တိုက္ခဲ့တယ္။ ဒုတိယကမၻာစစ္ကို အဆံုးသတ္ခဲ့တာပါပဲ”

“ဒါေပမဲ့ ကၽြန္ေတာ္တို႔ဆီမွာ လူေတာ္ေတြကို အားေပးတာထက္ ပ်က္စီးေစဖို႔ ႀကိဳးစားသူေတြမ်ားတာကို ေတြ႕ရတယ္ ဆရာ”“ဟုတ္ပါတယ္၊ တခ်ဳိ႕မွာေတာ့ မနာလို၀န္တိုျခင္းေတြက မ်ားေနတာကိုးကြ”ဆရာက မနာလို၀န္တို (Jealous) ျဖစ္ျခင္းကို ေျပာသြားပါတယ္။ ကၽြန္ေတာ္တုိ႔ဆီက ဂဠဳန္ဦးေစာရဲ႕ မစၦရိယစိတ္ေတြေၾကာင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို လုပ္ၾကံျခင္းမ်ဳိးပါပဲ။

ဒါဟာ အင္မတန္ ဆိုးရြားပါ တယ္။ ကၽြန္ေတာ္တို႔ တစ္ႏိုင္ငံလံုးဟာ ကမၻာမွာ ေအာက္တန္းေနာက္တန္း ကို က်သြားပါတယ္။ အာဇာနည္ႀကီးမ်ားကို လုပ္ၾကံတဲ့အတြက္ မ်ဳိးဆက္ျပတ္ သြားသလို ျဖစ္ခဲ့ရတယ္။ အရပ္ဘက္အုပ္ခ်ဳပ္ေရးမွာ အင္မတန္ေတာ္တဲ့ ဦးတင္ထြဋ္ အလုပ္ၾကံခံရတာလည္း ဆိုးပါတယ္။

စာေပပညာနဲ႔ပတ္သက္လို႔ သိပၸံေမာင္၀ အသတ္ခံရတာလည္း ဆံုး႐ံႈးမႈျဖစ္တယ္။ ဒီလိုအျဖစ္မ်ဳိးေတြ ကို ေရွာင္ဖို႔လိုတယ္။ယေန႔ ေရေဘးကိစၥျဖစ္တဲ့ကာလမွာ လူအမ်ားဟာ ကူညီ႐ိုင္းပင္းၾကတယ္။ လွဴဒါန္းၾကတယ္။ ေႏြရာသီေရရဖို႔ လွဴေနၾကတာ အမ်ားႀကီးပါပဲ။

လူေတြမွာ စိတ္ေကာင္းေတြ ရွိၾကပါတယ္။ လူတစ္ေယာက္ ေအာင္ျမင္ေအာင္ ႀကိဳးစားႏိုင္တာကေတာ့ သူ႔ရဲ႕ အတြင္းတန္ဖိုးေၾကာင့္ပါ။ ဒီလိုေအာင္ျမင္တဲ့ သူေတြဟာ က်န္တဲ့သူေတြရဲ႕ အားထားရာ ျဖစ္ပါတယ္။ ဒါကို မေမ့ဖို႔ လိုတယ္။ မနာလိုရာက လူတစ္ဦးတစ္ေယာက္ကို ပ်က္စီးေစတယ္။

ဒါေပမဲ့ ဒီလိုပ်က္စီးတာဟာ တစ္ဦးတစ္ေယာက္တည္း ပ်က္စီးတာမဟုတ္ဘူး။ လူ႔ေလာကကို ဖ်က္ဆီးတာမ်ဳိး ျဖစ္သြားတာကို သတိျပဳသင့္တယ္။‪#‎ၾကက္ကို‬ ‪#‎ၾကက္ဥကပဲရ‬အတြင္းတန္ဖိုးနဲ႔ပတ္သက္ၿပီး ကိုဘသစ္ ေျပာျပဖူးတယ္။“တို႔ရြာမွာ ေက်ာ္မင္းဦးဆိုတာရွိတယ္။ သူ႔အေၾကာင္း ေျပာခ်င္တယ္။

ေက်ာ္မင္းဦးဟာ ကၽြန္ေတာ္ ရြာေလးတစ္ရြာမွာေနစဥ္က မိတ္ေဆြျဖစ္ခဲ့တဲ့ အိမ္နီးနားခ်င္း မင္းသူရရဲ႕သားပါ။ ေက်ာ္မင္းဦးတုိ႔အိမ္မွာ ၾကက္မႀကီး တစ္ေကာင္ရွိတယ္။ ၾကက္မႀကီးက ဥေတြဥၿပီး၀ပ္ရင္ ေက်ာ္မင္းဦးက သူ႔ရဲ႕ ပင္ေပါင္ေဘာလံုး (စားပြဲတင္တင္းနစ္ေဘာလံုး)ေလးကို သြားထည့္တယ္။ သူ႔ရဲ႕ ေဘာလံုးေလးက အေကာင္ဘယ္ေတာ့မွ ေပါက္မလာဘူး။

သူ အႀကိမ္ႀကိမ္ စမ္းေပမယ့္ မရဘူး။ ဒီေတာ့ သူလာေျပာတယ္။“အေဖ အေဖ၊ ကၽြန္ေတာ့္ေဘာလံုးေလးဟာ ၾကက္ဥနဲ႔ တူတာပဲ၊ ၾကက္မႀကီး က အေကာင္ေပါက္ေအာင္ မ၀ပ္ေပးဘူး”ဒီေတာ့ သူ႔အေဖက ေျပာတယ္။“ၾကက္မတစ္ေကာင္ဟာ ဥေတြကို ၀ပ္တယ္။ ၾကက္ဥကိုပဲ ၀ပ္ ၀ပ္၊ ဘဲဥကိုပဲ ၀ပ္၀ပ္ အခ်ိန္တန္ရင္ အေကာင္ေပါက္လာမွာပဲ။

ဘာေၾကာင့္လဲဆိုေတာ့ ၾကက္ဥအတြင္းမွာ ၾကက္ကေလးေပါက္ႏိုင္တဲ့ အေနအထားရွိလို႔ပဲေပါ့။ ဒါေပမဲ့ မင္းေဘာလံုးက ၾကက္ကေလး ေပါက္ႏိုင္တဲ့ဟာမွ မဟုတ္တာပဲ။ ဘယ္လိုလုပ္ ၾကက္ကေလး ေပါက္မွာလဲ”ဒါ အမွန္ပါပဲ။ လူတိုင္းသိၾကတဲ့ သေဘာတရားပါပဲ။

တကယ္လို႔ အဲဒီၾကက္ဥေနရာမွာ ပလတ္စတစ္တစ္ခုကို ပံုသဏၭာန္တူ လုပ္ထည့္ထားရင္ ၾကက္ကေလးေပါက္မွာ မဟုတ္ဘူးေပါ့။ဒါဟာ တန္ဖိုးနဲ႔ဆိုင္တာပါပဲ။ အတြင္းမွာ ဘာမွမရွိရင္ ဘာမွ ထြက္မလာဘူးပဲ။အတြင္းတန္ဖိုးမရွိတဲ့သူေတြ ေခါင္းေဆာင္တက္လုပ္ေနသမွ် ဘာမွျဖစ္လာမွာ မဟုတ္တဲ့သေဘာပါပဲ” တဲ့။မွတ္သားစရာပါပဲ။

‪‎ပညာကိုခံယူ‬ပညာသင္တဲ့အခါမွာ အတြင္းတန္ဖိုးကို ခံခြက္နဲ႔ ႏိႈင္းယွဥ္တတ္တယ္။ မိမိရဲ႕ ခြက္ဟာ ႀကီးမားရင္ ေရမ်ားမ်ား ခံယူလို႔ရတယ္။ ခြက္ေပါက္ေန ရင္ေတာ့ ေရမရဘူးေပါ့။ (ေရဘူးေပါက္တာ မလိုခ်င္ဘူး၊ ေရရတာကိုပဲ လိုခ်င္တယ္ဆိုၿပီး ေျပာတဲ့သူေတြ ေခါင္းေဆာင္ျဖစ္ေနတယ္ဆိုရင္ ဘယ္လိုအဆင္ေျပမွာလဲ) အတြင္းတန္ဖိုးအေၾကာင္း ဆက္ေျပာခ်င္တယ္။

ေနာက္တစ္ခုက ပညာသင္ရင္ အေျခအေနေတြကို သိရမယ္။ ဒါေပမဲ့ ခြက္က ဘယ္လိုႀကီးႀကီး ေရမခံရင္ ေရမရသလို ေမွာက္ထားရင္ ေရမရဘူး။ၿပီးေတာ့ မိုးမရြာတဲ့အရပ္မွာ ေရခံရင္ေတာ့လည္း ေရမရဘူူူးေပါ့။ရတဲ့မိုးေရေတြဟာလည္း မိုးခါးေရ (Acid Rain) ျဖစ္ေနရင္ ေသာက္သံုးလို႔ မရျပန္ဘူး။

တကယ္ေတာ့ လူမႈေရးရာေတြဟာ ဥပမာျပလို႔မရေအာင္ ႐ႈပ္ေထြးလွတယ္။ဆရာေတာ္တစ္ပါးကေတာ့ “အ႐ႈပ္ေတြ မရွိေစဘဲ ရွင္းေအာင္ ေနတတ္တာ ဟာ မဂၤလာတစ္ပါးပါ” လို႔ ဆိုတယ္။ မွန္ပါတယ္။ လူေတြအေနနဲ႔ မ႐ႈပ္ေအာင္ေနဖို႔ ခက္ခဲတယ္။ မိတ္ေဆြတစ္ဦးကေတာ့ “တာ၀န္မဲ့ေနတတ္မွ သာ မ႐ႈပ္မွာပဲ”လို႔ ျငင္းခ်က္ထုတ္သြားတယ္။ လူမႈေရးဟာ ႐ႈပ္ေထြးလွ တယ္။ ျပႆနာေပါင္းစံု ရွိတယ္။

အ႐ႈပ္ထဲမွာ ရွင္းေအာင္ေနတတ္ဖို႔ ခက္လွတယ္။ ဒါဟာ ေလ့က်င့္ထားမႈနဲ႔ ဆိုင္တယ္။‪#‎စိတ္ရွင္းရင္‬ ‪#‎ဘ၀ရွင္းမလား‬အခ်ဳိ႕ကေတာ့ စိတ္ရွင္းမွ ဘ၀ရွင္းမယ္လို႔ ဆိုၾကတယ္။ တကယ္ေတာ့ ဘ၀ဆိုတာ မရွင္းႏိုင္ပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ ဗုဒၶျမတ္စြာေသာ္မွ ေလးသေခ်ၤနဲ႔ ကမၻာတစ္သိန္း ပါရမီျဖည့္ခဲ့တယ္။ ေနာက္ဆံုး ဗုဒၶအျဖစ္ ေရာက္ရွိတဲ့ ဘ၀မွာေသာ္မွ အေတာ္႐ႈပ္ေထြးတဲ့ လူမႈေရးေတြကို ရင္ဆိုင္ရတယ္။

“သားေတာ္ရာဟုလာ အေမြေတာင္းတယ္”

“စိၪၥမာနက မတရား စြပ္စြဲတယ္”

“အဂုၤလိမာလက လက္ညိႇဳးျဖတ္ဖို႔ လိုက္တယ္”

ေျမာက္ျမားစြာေသာ ျပႆနာေတြ ရွိတာပဲ။ဒါေၾကာင့္လည္း ဗုဒၶက ဘ၀ရဲ႕ အဓိပၸာယ္ကို ဒုကၡနဲ႔ ျပတာပဲ။သစၥာေလးပါးမွာ “ဒုကၡဆိုတာ ဘ၀”ရဲ႕ ျပယုဂ္လို႔ ဆိုထားတာပဲ။- ဒုကၡျဖစ္တည္ရာ (ဇာတိ)- ဒုကၡကို လြတ္ေျမာက္ဖုိ႔ လမ္း (မဂၢ)- ဒုကၡကို လြတ္ေျမာက္ေသာေနရာ (နိဗၺာန္) တို႔ကို ေဖာ္ျပပါတယ္။

ဘ၀ကိုရင္ဆိုင္ဖို႔အတြက္ အတြင္းတန္ဖိုးျမင့္မားေအာင္ ျဖည့္ထားဖို႔လိုတယ္။တကယ္တမ္း လူတိုင္းမွာ တန္ဖိုးရွိပါတယ္။ ဒီတန္ဖိုးကို က်သြားေအာင္ ကိုယ္ပဲ လုပ္တတ္သလို ဒီတန္ဖိုးကို ျမင့္ေစဖို႔ ကိုယ္တိုင္ လုပ္ၾကရပါတယ္။ အတြင္းတန္ဖိုးရွိဖို႔ေတာ့ ေလ့က်င့္ယူရပါတယ္။

ပါရမီရင့္က်က္လာဖုိ႔ လူေတြ အတြင္းတန္ဖိုးျမင့္မားေအာင္ ေလ့က်င့္ပ်ဳိးေထာင္ရတာပဲ။ ေလ့က်င့္ထားတဲ့ လူတစ္ေယာက္ရဲ႕တန္ဖိုးကို ဒီအတိုင္းေတာ့ မျမင္ရဘူးေပါ့။ ဒါေပမဲ့ အေရးၾကံဳေတာ့ ျမင္ရတယ္။တန္ဖိုးရွိတဲ့သူ‬…မၾကာေသးမီက ကြယ္လြန္သြားတဲ့ စာေရးဆရာ ေမာင္သာရကို လူအေတာ္ မ်ားမ်ားက ႏွေျမာတသ ျဖစ္ၾကရတယ္။ သူ႔မွာ အႏုပညာတန္ဖိုး ႀကီးမားလို႔ ပါပဲ။ တကယ္ေတာ့ အႏုပညာ အတြင္းတန္ဖိုးကို လူတိုင္း မရႏိုင္ဘူး။

ဒါကို Aesthetic Value လို႔ ေခၚတယ္။ အႏုပညာဆိုင္ရာ တတ္သိမႈပဲ။ သူ႔ကို ႏွစ္ေပါင္းမ်ားစြာ ဆည္းပူးရတယ္။ ေလ့က်င့္ရတယ္။ (ေလ့က်င့္တိုင္း လည္း မျဖစ္ေျမာက္သူေတြရွိသလို မေလ့က်င့္ဘဲ ေအာင္ျမင္သူေတြ အမ်ားႀကီးပါပဲ။)အားကစားထူးခၽြန္သူေတြလည္း ဒီအတိုင္းပဲ။

သူတုိ႔ရဲ႕ ထူးခၽြန္မႈကိုေတာ့ Talent လို႔ ေခၚတယ္။ လူတိုင္း မရႏိုင္ပါဘူး။ ပညာရပ္ အေတာ္မ်ားမ်ားကို ေလ့က်င့္ၿပီး ရယူႏိုင္ေပမယ့္ ထိပ္တန္းကိုေရာက္ဖို႔ဆိုရင္ ပါရမီရွိဖို႔ လိုပါတယ္။တကယ္ေတာ့ သိပၸံပညာေရာ၊ ၀ိဇၨာပညာမွာပါ အတြင္းတန္ဖိုး ျမင့္မားတဲ့ သူေတြအတြက္ အလုပ္မရွားဘူး။

ခ်မ္းသာဖို႔လည္း လြယ္ကူပါတယ္။ ဒီတန္ဖိုးျမင့္တဲ့ လူေတြဟာ ေငြေၾကးခ်မ္းသာၿပီး ေပ်ာ္ရႊင္တဲ့ဘ၀ကို ရတတ္တယ္။ အိမ္ေတြ ပိုင္တယ္၊ ကားေတြ ပိုင္တယ္၊ ေရႊႀကိဳးႀကီးေတြ၊ လက္စြပ္ေတြ ျပဴးေနေအာင္၊ ဟမ္းခ်ိန္းေတြ ျပဴးေနေအာင္ ဆြဲႏိုင္တယ္။

မီးခံေသတၱာထဲမွာ သိမ္းထားတဲ့ ေရႊေငြေတြ အမ်ားႀကီးရွိတာ ဟာ ေကာင္းပါတယ္။ ဒါေပမဲ့ သူတို႔ဟာ အတြင္းတန္ဖိုး ျပည့္၀ေအာင္ ႀကိဳးစားဖုိ႔ လိုတယ္။ ဒါမွလည္း လူျဖစ္ရက်ဳိးနပ္မယ္။ တန္ဖိုးရွိတဲ့လူ တစ္ေယာက္ ျဖစ္လာမယ္။

‪‎နိဂံုး‬

အခ်ဳပ္ကေတာ့ ေလာကမွာ မလုပ္သင့္ မလုပ္အပ္တာေတြ အမ်ားႀကီးရွိ တယ္။ ဒီလိုရွိတဲ့အနက္ လူ႔အသက္ကို လုပ္ၾကံတာမ်ဳိးဟာ အဆိုးဆံုးဆိုတာ ကို သတိျပဳသင့္တယ္။အၾကမ္းဖက္လုပ္ရပ္မ်ားကို အားမေပးၾကပါနဲဲ႔။အဓိကကေတာ့ အဆင္းရဲဆံုးႏိုင္ငံမွာ ေအာက္တန္းအက်ဆံုး လူတစ္ေယာက္ မျဖစ္ေအာင္ ႀကိဳးစားဖို႔ပါပဲ။

ေဒါက္တာခင္ေမာင္ညိဳ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kanaung

#Unicode version#
ကျွန်တော် အင်္ဂလန်မှာ ပညာသင်နေစဉ် တစ်ရက်မှာ ဆရာနဲ့ စကား အကြာကြီး ပြောခဲ့ပါတယ်။“ဆရာတို့ အင်္ဂလန်က လူတော်တွေ အတော်များများ ထွက်တယ်နော်”ဒီလိုပြောတော့ ဆရာ ရယ်နေတယ်။“ဘာလို့ ရယ်နေတာလဲ ဆရာ”ဆရာ့ကိုမေးတော့ တစ်နေ့ကဖတ်ဖူးတဲ့ဟာသကြောင့်လို့ ဆိုတယ်။

“တစ်နေ့ကဖတ်ဖူးတဲ့ ဟာသကို သတိရလို့”“ဟုတ်ကဲ့ ဆရာ”“ဟာသထဲမှာ လူတစ်ယောက်ဟာ ရွာတစ်ရွာကို ရောက်သွားတယ်တဲ့။ အဲဒီရွာက ခေါင်းဆောင်တွေ အများကြီး ထွက်တာကိုး။ ဒါနဲ့ သူက အဲဒီက အဘိုးအိုကို မေးတယ်။ အဘိုးတို့ဆီက ခေါင်းဆောင်တွေ အတော်မွေး ထုတ်ပေးတာပဲဆိုတော့ အဘိုးအိုက ဟုတ်လား၊ ကျုပ် မသိရပါလား၊ တကယ်တော့ ကျုပ်တို့ဆီက ကလေးတွေပဲ မွေးတာပါတဲ့”ဆရာက ပြောပြီးရယ်နေပါတယ်။

“တကယ်တော့ ကမ္ဘာအရပ်ရပ်မှာ လူတော်တွေရှိပါတယ်။ အချို့လူတွေ ဟာ မွေးကတည်းက အင်မတန် တော်တယ်၊ ဒါပေမဲ့ သူတို့ဟာ ပြုစု ပျိုးထောင်ခြင်း မခံရဘူး။ အချို့လူတွေကျတော့ အခွင့်အရေးရတယ်။ ဒီအတွက် သူတို့အရည်အချင်း ပြနိုင်တယ် ”

“ကျွန်တော်တို့နိုင်ငံကို တိုးတက်အောင်လုပ်ဖို့ လူတော်တွေ ဘယ်လိုရအောင် ရှာရမလဲ”“မင်းတို့ တွေ့လာမှာပါ”လူတော်တွေရဖို့ နှစ်အကြာကြီး စောင့်ရပါတယ်။ဆရာက “ဝစ္စတန်ချာချီလ်ကို မင်းသိမှာပါ။ သူဟာ အင်မတန် အပြောကောင်းတယ်။ ချာချီလ်ဟာ နာဇီဂျာမနီတွေကို နိုင်အောင် တိုက်နိုင်တဲ့ ဗြိတိသျှဝန်ကြီးချုပ် ဖြစ်တယ်။ သူ့မိန့်ခွန်းတွေကြောင့် ဒုတိယကမ္ဘာစစ်မှာ သူ့ရဲ့အောင်မြင်မှုကို မင်းတို့ တွေ့မှာပဲ”

“သိပါတယ် ဆရာ၊ သူဟာ စာပေနိုဘယ်ဆုကိုလည်း ရခဲ့ပါတယ်”“တကယ်တော့ ချာချီလ်ဟာ ပါလီမန်မှာ စကားပြောတဲ့အခါ အမြီးအမောက်မတည့်တဲ့အတွက် အမတ်တွေက ခုံပေါ် ဖိနပ်တွေနဲ့ခေါက်ပြီး အတားခံခဲ့ရတယ်။ ဒါပေမဲ့ နှစ်ပေါင်း သုံးလေးဆယ်ကြာတဲ့အခါ သူ့အရည်အချင်း ပေါ်လာတယ်။ ဘုရင်မင်းမြတ်က သူ့ကိုခေါ်ပြီး ဝန်ကြီးချုပ် ခန့်ခဲ့တယ်။ သူ ဦးဆောင်ပြီး ဂျာမနီကို တိုက်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ခဲ့တာပါပဲ”

“ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ လူတော်တွေကို အားပေးတာထက် ပျက်စီးစေဖို့ ကြိုးစားသူတွေများတာကို တွေ့ရတယ် ဆရာ”“ဟုတ်ပါတယ်၊ တချို့မှာတော့ မနာလိုဝန်တိုခြင်းတွေက များနေတာကိုးကွ”ဆရာက မနာလိုဝန်တို (Jealous) ဖြစ်ခြင်းကို ပြောသွားပါတယ်။ ကျွန်တော်တို့ဆီက ဂဠုန်ဦးစောရဲ့ မစ္ဆရိယစိတ်တွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံခြင်းမျိုးပါပဲ။

ဒါဟာ အင်မတန် ဆိုးရွားပါ တယ်။ ကျွန်တော်တို့ တစ်နိုင်ငံလုံးဟာ ကမ္ဘာမှာ အောက်တန်းနောက်တန်း ကို ကျသွားပါတယ်။ အာဇာနည်ကြီးများကို လုပ်ကြံတဲ့အတွက် မျိုးဆက်ပြတ် သွားသလို ဖြစ်ခဲ့ရတယ်။ အရပ်ဘက်အုပ်ချုပ်ရေးမှာ အင်မတန်တော်တဲ့ ဦးတင်ထွဋ် အလုပ်ကြံခံရတာလည်း ဆိုးပါတယ်။

စာပေပညာနဲ့ပတ်သက်လို့ သိပ္ပံမောင်၀ အသတ်ခံရတာလည်း ဆုံးရှုံးမှုဖြစ်တယ်။ ဒီလိုအဖြစ်မျိုးတွေ ကို ရှောင်ဖို့လိုတယ်။ယနေ့ ရေဘေးကိစ္စဖြစ်တဲ့ကာလမှာ လူအများဟာ ကူညီရိုင်းပင်းကြတယ်။ လှူဒါန်းကြတယ်။ နွေရာသီရေရဖို့ လှူနေကြတာ အများကြီးပါပဲ။

လူတွေမှာ စိတ်ကောင်းတွေ ရှိကြပါတယ်။ လူတစ်ယောက် အောင်မြင်အောင် ကြိုးစားနိုင်တာကတော့ သူ့ရဲ့ အတွင်းတန်ဖိုးကြောင့်ပါ။ ဒီလိုအောင်မြင်တဲ့ သူတွေဟာ ကျန်တဲ့သူတွေရဲ့ အားထားရာ ဖြစ်ပါတယ်။ ဒါကို မမေ့ဖို့ လိုတယ်။ မနာလိုရာက လူတစ်ဦးတစ်ယောက်ကို ပျက်စီးစေတယ်။

ဒါပေမဲ့ ဒီလိုပျက်စီးတာဟာ တစ်ဦးတစ်ယောက်တည်း ပျက်စီးတာမဟုတ်ဘူး။ လူ့လောကကို ဖျက်ဆီးတာမျိုး ဖြစ်သွားတာကို သတိပြုသင့်တယ်။‪#‎ကြက်ကို‬ ‪#‎ကြက်ဥကပဲရ‬အတွင်းတန်ဖိုးနဲ့ပတ်သက်ပြီး ကိုဘသစ် ပြောပြဖူးတယ်။“တို့ရွာမှာ ကျော်မင်းဦးဆိုတာရှိတယ်။ သူ့အကြောင်း ပြောချင်တယ်။

ကျော်မင်းဦးဟာ ကျွန်တော် ရွာလေးတစ်ရွာမှာနေစဉ်က မိတ်ဆွေဖြစ်ခဲ့တဲ့ အိမ်နီးနားချင်း မင်းသူရရဲ့သားပါ။ ကျော်မင်းဦးတို့အိမ်မှာ ကြက်မကြီး တစ်ကောင်ရှိတယ်။ ကြက်မကြီးက ဥတွေဥပြီးဝပ်ရင် ကျော်မင်းဦးက သူ့ရဲ့ ပင်ပေါင်ဘောလုံး (စားပွဲတင်တင်းနစ်ဘောလုံး)လေးကို သွားထည့်တယ်။ သူ့ရဲ့ ဘောလုံးလေးက အကောင်ဘယ်တော့မှ ပေါက်မလာဘူး။

သူ အကြိမ်ကြိမ် စမ်းပေမယ့် မရဘူး။ ဒီတော့ သူလာပြောတယ်။“အဖေ အဖေ၊ ကျွန်တော့်ဘောလုံးလေးဟာ ကြက်ဥနဲ့ တူတာပဲ၊ ကြက်မကြီး က အကောင်ပေါက်အောင် မဝပ်ပေးဘူး”ဒီတော့ သူ့အဖေက ပြောတယ်။“ကြက်မတစ်ကောင်ဟာ ဥတွေကို ဝပ်တယ်။ ကြက်ဥကိုပဲ ဝပ် ဝပ်၊ ဘဲဥကိုပဲ ဝပ်ဝပ် အချိန်တန်ရင် အကောင်ပေါက်လာမှာပဲ။

ဘာကြောင့်လဲဆိုတော့ ကြက်ဥအတွင်းမှာ ကြက်ကလေးပေါက်နိုင်တဲ့ အနေအထားရှိလို့ပဲပေါ့။ ဒါပေမဲ့ မင်းဘောလုံးက ကြက်ကလေး ပေါက်နိုင်တဲ့ဟာမှ မဟုတ်တာပဲ။ ဘယ်လိုလုပ် ကြက်ကလေး ပေါက်မှာလဲ”ဒါ အမှန်ပါပဲ။ လူတိုင်းသိကြတဲ့ သဘောတရားပါပဲ။

တကယ်လို့ အဲဒီကြက်ဥနေရာမှာ ပလတ်စတစ်တစ်ခုကို ပုံသဏ္ဌာန်တူ လုပ်ထည့်ထားရင် ကြက်ကလေးပေါက်မှာ မဟုတ်ဘူးပေါ့။ဒါဟာ တန်ဖိုးနဲ့ဆိုင်တာပါပဲ။ အတွင်းမှာ ဘာမှမရှိရင် ဘာမှ ထွက်မလာဘူးပဲ။အတွင်းတန်ဖိုးမရှိတဲ့သူတွေ ခေါင်းဆောင်တက်လုပ်နေသမျှ ဘာမှဖြစ်လာမှာ မဟုတ်တဲ့သဘောပါပဲ” တဲ့။မှတ်သားစရာပါပဲ။

‪‎ပညာကိုခံယူ‬ပညာသင်တဲ့အခါမှာ အတွင်းတန်ဖိုးကို ခံခွက်နဲ့ နှိုင်းယှဉ်တတ်တယ်။ မိမိရဲ့ ခွက်ဟာ ကြီးမားရင် ရေများများ ခံယူလို့ရတယ်။ ခွက်ပေါက်နေ ရင်တော့ ရေမရဘူးပေါ့။ (ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေရတာကိုပဲ လိုချင်တယ်ဆိုပြီး ပြောတဲ့သူတွေ ခေါင်းဆောင်ဖြစ်နေတယ်ဆိုရင် ဘယ်လိုအဆင်ပြေမှာလဲ) အတွင်းတန်ဖိုးအကြောင်း ဆက်ပြောချင်တယ်။

နောက်တစ်ခုက ပညာသင်ရင် အခြေအနေတွေကို သိရမယ်။ ဒါပေမဲ့ ခွက်က ဘယ်လိုကြီးကြီး ရေမခံရင် ရေမရသလို မှောက်ထားရင် ရေမရဘူး။ပြီးတော့ မိုးမရွာတဲ့အရပ်မှာ ရေခံရင်တော့လည်း ရေမရဘူူူးပေါ့။ရတဲ့မိုးရေတွေဟာလည်း မိုးခါးရေ (Acid Rain) ဖြစ်နေရင် သောက်သုံးလို့ မရပြန်ဘူး။

တကယ်တော့ လူမှုရေးရာတွေဟာ ဥပမာပြလို့မရအောင် ရှုပ်ထွေးလှတယ်။ဆရာတော်တစ်ပါးကတော့ “အရှုပ်တွေ မရှိစေဘဲ ရှင်းအောင် နေတတ်တာ ဟာ မင်္ဂလာတစ်ပါးပါ” လို့ ဆိုတယ်။ မှန်ပါတယ်။ လူတွေအနေနဲ့ မရှုပ်အောင်နေဖို့ ခက်ခဲတယ်။ မိတ်ဆွေတစ်ဦးကတော့ “တာဝန်မဲ့နေတတ်မှ သာ မရှုပ်မှာပဲ”လို့ ငြင်းချက်ထုတ်သွားတယ်။ လူမှုရေးဟာ ရှုပ်ထွေးလှ တယ်။ ပြဿနာပေါင်းစုံ ရှိတယ်။

အရှုပ်ထဲမှာ ရှင်းအောင်နေတတ်ဖို့ ခက်လှတယ်။ ဒါဟာ လေ့ကျင့်ထားမှုနဲ့ ဆိုင်တယ်။‪#‎စိတ်ရှင်းရင်‬ ‪#‎ဘဝရှင်းမလား‬အချို့ကတော့ စိတ်ရှင်းမှ ဘဝရှင်းမယ်လို့ ဆိုကြတယ်။ တကယ်တော့ ဘဝဆိုတာ မရှင်းနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓမြတ်စွာသော်မှ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့တယ်။ နောက်ဆုံး ဗုဒ္ဓအဖြစ် ရောက်ရှိတဲ့ ဘဝမှာသော်မှ အတော်ရှုပ်ထွေးတဲ့ လူမှုရေးတွေကို ရင်ဆိုင်ရတယ်။

“သားတော်ရာဟုလာ အမွေတောင်းတယ်”

“စိဉ္စမာနက မတရား စွပ်စွဲတယ်”

“အဂုၤလိမာလက လက်ညှိုးဖြတ်ဖို့ လိုက်တယ်”

မြောက်မြားစွာသော ပြဿနာတွေ ရှိတာပဲ။ဒါကြောင့်လည်း ဗုဒ္ဓက ဘဝရဲ့ အဓိပ္ပာယ်ကို ဒုက္ခနဲ့ ပြတာပဲ။သစ္စာလေးပါးမှာ “ဒုက္ခဆိုတာ ဘဝ”ရဲ့ ပြယုဂ်လို့ ဆိုထားတာပဲ။- ဒုက္ခဖြစ်တည်ရာ (ဇာတိ)- ဒုက္ခကို လွတ်မြောက်ဖို့ လမ်း (မဂ္ဂ)- ဒုက္ခကို လွတ်မြောက်သောနေရာ (နိဗ္ဗာန်) တို့ကို ဖော်ပြပါတယ်။

ဘဝကိုရင်ဆိုင်ဖို့အတွက် အတွင်းတန်ဖိုးမြင့်မားအောင် ဖြည့်ထားဖို့လိုတယ်။တကယ်တမ်း လူတိုင်းမှာ တန်ဖိုးရှိပါတယ်။ ဒီတန်ဖိုးကို ကျသွားအောင် ကိုယ်ပဲ လုပ်တတ်သလို ဒီတန်ဖိုးကို မြင့်စေဖို့ ကိုယ်တိုင် လုပ်ကြရပါတယ်။ အတွင်းတန်ဖိုးရှိဖို့တော့ လေ့ကျင့်ယူရပါတယ်။

ပါရမီရင့်ကျက်လာဖို့ လူတွေ အတွင်းတန်ဖိုးမြင့်မားအောင် လေ့ကျင့်ပျိုးထောင်ရတာပဲ။ လေ့ကျင့်ထားတဲ့ လူတစ်ယောက်ရဲ့တန်ဖိုးကို ဒီအတိုင်းတော့ မမြင်ရဘူးပေါ့။ ဒါပေမဲ့ အရေးကြုံတော့ မြင်ရတယ်။တန်ဖိုးရှိတဲ့သူ‬…မကြာသေးမီက ကွယ်လွန်သွားတဲ့ စာရေးဆရာ မောင်သာရကို လူအတော် များများက နှမြောတသ ဖြစ်ကြရတယ်။ သူ့မှာ အနုပညာတန်ဖိုး ကြီးမားလို့ ပါပဲ။ တကယ်တော့ အနုပညာ အတွင်းတန်ဖိုးကို လူတိုင်း မရနိုင်ဘူး။

ဒါကို Aesthetic Value လို့ ခေါ်တယ်။ အနုပညာဆိုင်ရာ တတ်သိမှုပဲ။ သူ့ကို နှစ်ပေါင်းများစွာ ဆည်းပူးရတယ်။ လေ့ကျင့်ရတယ်။ (လေ့ကျင့်တိုင်း လည်း မဖြစ်မြောက်သူတွေရှိသလို မလေ့ကျင့်ဘဲ အောင်မြင်သူတွေ အများကြီးပါပဲ။)အားကစားထူးချွန်သူတွေလည်း ဒီအတိုင်းပဲ။

သူတို့ရဲ့ ထူးချွန်မှုကိုတော့ Talent လို့ ခေါ်တယ်။ လူတိုင်း မရနိုင်ပါဘူး။ ပညာရပ် အတော်များများကို လေ့ကျင့်ပြီး ရယူနိုင်ပေမယ့် ထိပ်တန်းကိုရောက်ဖို့ဆိုရင် ပါရမီရှိဖို့ လိုပါတယ်။တကယ်တော့ သိပ္ပံပညာရော၊ ဝိဇ္ဇာပညာမှာပါ အတွင်းတန်ဖိုး မြင့်မားတဲ့ သူတွေအတွက် အလုပ်မရှားဘူး။

ချမ်းသာဖို့လည်း လွယ်ကူပါတယ်။ ဒီတန်ဖိုးမြင့်တဲ့ လူတွေဟာ ငွေကြေးချမ်းသာပြီး ပျော်ရွှင်တဲ့ဘဝကို ရတတ်တယ်။ အိမ်တွေ ပိုင်တယ်၊ ကားတွေ ပိုင်တယ်၊ ရွှေကြိုးကြီးတွေ၊ လက်စွပ်တွေ ပြူးနေအောင်၊ ဟမ်းချိန်းတွေ ပြူးနေအောင် ဆွဲနိုင်တယ်။

မီးခံသေတ္တာထဲမှာ သိမ်းထားတဲ့ ရွှေငွေတွေ အများကြီးရှိတာ ဟာ ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ဟာ အတွင်းတန်ဖိုး ပြည့်ဝအောင် ကြိုးစားဖို့ လိုတယ်။ ဒါမှလည်း လူဖြစ်ရကျိုးနပ်မယ်။ တန်ဖိုးရှိတဲ့လူ တစ်ယောက် ဖြစ်လာမယ်။

‪‎နိဂုံး‬

အချုပ်ကတော့ လောကမှာ မလုပ်သင့် မလုပ်အပ်တာတွေ အများကြီးရှိ တယ်။ ဒီလိုရှိတဲ့အနက် လူ့အသက်ကို လုပ်ကြံတာမျိုးဟာ အဆိုးဆုံးဆိုတာ ကို သတိပြုသင့်တယ်။အကြမ်းဖက်လုပ်ရပ်များကို အားမပေးကြပါနဲ့။အဓိကကတော့ အဆင်းရဲဆုံးနိုင်ငံမှာ အောက်တန်းအကျဆုံး လူတစ်ယောက် မဖြစ်အောင် ကြိုးစားဖို့ပါပဲ။

ဒေါက်တာခင်မောင်ညို

ဖိုးသူတော် (www.phothutaw.com)
Credit: Kanaung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top