ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ဒုတိယသားေကာင္ မိန္းကေလး မုဒိမ္းက်င့္ခံရသည့္ ေနရာ။
ပါကစၥတန္ ေက်းရြာေကာင္စီတစ္ခုက လက္စားေခ်မႈအျဖစ္ ဆယ္ေက်ာ္သက္ မိန္းကေလးတစ္ဦးကို မုဒိမ္းက်င့္ႀကံရန္ စီရင္ခ်က္ ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

ပါကစၥတန္ ရဲတပ္ဖြဲ႕က မိသားစု ႏွစ္ခုမွ ေဆြမ်ိဳးမ်ားႏွင့္ ေက်းရြာေကာင္စီ လူႀကီးမ်ား အပါအ၀င္ လူေပါင္း ၂၀ ေက်ာ္ကို မုဒိမ္းမႈ ႏွစ္ခုႏွင့္ ဆက္စပ္၍ ဖမ္းဆီးခဲ့ေၾကာင္း ဇူလုိင္ ၂၇ ရက္က အတည္ျပဳ ေျပာၾကားခဲ့သည္။ ပါကစၥတန္ေတာင္ပိုင္း မူဇာဖာရာဘတ္ၿမိဳ႕အနီး ေက်းရြာတစ္ခုတြင္ အဆိုပါ စက္ဆုပ္ဖြယ္ စီရင္ဆံုးျဖတ္မႈ ေပၚေပါက္ခဲ့ျခင္း ျဖစ္သည္။

ျဖစ္စဉ္တြင္ အမ်ိဳးသား တစ္ဦးက ျမက္ရိတ္ေနသည့္ အသက္ ၁၂ ႏွစ္အရြယ္ မိန္းကေလးငယ္ကို မုဒိမ္းက်င့္ႀကံခဲ့သည္။ ထိုျဖစ္ရပ္ကို မိန္းကေလး၏ မိသားစုက ေက်းရြာေကာင္စီသို႔ တိုင္ၾကား အသိေပးခဲ့သည္။ ထိုအခါ ေက်းရြာေကာင္စီ မုဒိမ္းသမား၏ မိသားစုကို ေခၚယူကာ ညႇိႏိႈင္းေစၿပီးေနာက္ လက္စားေခ်သည့္ အေနျဖင့္ မုဒိမ္းသမား၏ အသက္ ၁၇ ႏွစ္အရြယ္ ညီမကို ျပန္လည္ မုဒိမ္းက်င့္ေစရန္ ဆံုးျဖတ္ခဲ့သည္။

“ပထမေတာ့ ေကာင္မေလးရဲ႕ အစ္မႏွစ္ေယာက္ကို ေက်းရြာလူႀကီးေတြက အျပစ္အစားခံဖုိ႔ အရင္ေျပာတယ္။ ဒါေပမဲ့ ေနာက္ဆံုးမွာ အငယ္ဆံုး မိန္းကေလးက သားေကာင္ နံပါတ္ ၂ ျဖစ္သြားေတာ့တယ္။ သူ႔အေမနဲ႔ အစ္မေတြက အတင္းကာကြယ္ဖုိ႔ လုပ္ေပမယ့္ ေက်းရြာေကာင္စီ လူႀကီးေတြက ေသနတ္နဲ႔ခ်ိန္ ၿခိမ္းေျခာက္ၿပီး မိန္းကေလးကို ေခၚထုတ္သြားတာ”ဟု ပါကစၥတန္ ရဲတပ္ဖဲြ႕မွ တာဝန္ရွိသူ တစ္ဦးက ဆိုသည္။

မိန္းကေလးသည္ ကုတင္တစ္လံုးေပၚတြင္ မုဒိမ္းက်င့္ခံရၿပီး ေက်းရြာေကာင္စီ လူႀကီးမ်ားက အဆုိပါ ျပစ္ဒဏ္ စီရင္မႈကို ေစာင့္ၾကည့္ခဲ့ၾကသည္။

ထို႔ေနာက္ပိုင္းတြင္ မုဒိမ္းက်င့္ႀကံ ခံရသည့္ မိန္းကေလး ႏွစ္ဦးစလံုး ၎တို႔၏ မိခင္မ်ားႏွင့္အတူ မူဇာဖာရာဘတ္ၿမိဳ႕ အုပ္ခ်ဳပ္ေရး အဖြဲ႕ထံ လာေရာက္ တိုင္ၾကား အကူအညီ ေတာင္းခံရာမွ ျဖစ္စဉ္ကို ရဲတပ္ဖြဲ႕ သိရွိသြားၿပီး စံုစမ္း အေရးယူမႈမ်ား စတင္ခဲ့ျခင္း ျဖစ္သည္။ မိန္ကေလးမ်ား၏ ပုဂၢိဳလ္ေရး လံုၿခံဳမႈကို ကာကြယ္သည့္ အေနျဖင့္ ၎တုိ႔၏ အမည္မ်ားကို သတင္းဌာနမ်ားက ေဖာ္ျပျခင္း မရွိေခ်။

ပါကစၥတန္ ေက်းရြာ လူ႔အဖြဲ႕အစည္းမ်ားတြင္ အမ်ိဳးသမီးမ်ားကို ခြဲျခားႏွိမ့္ခ် ဆက္ဆံမႈမ်ား ဆက္လက္ တည္ရွိေနဆဲ ျဖစ္သည္။ ထို႔အျပင္ ျပစ္ဒဏ္ စီရင္မႈ အေနျဖင့္ အမ်ိဳးသမီးမ်ားကို မုဒိမ္းက်င့္သည့္ အေလ့အထမွာလည္း ယခုတစ္ႀကိမ္ ပထမဆံုး မဟုတ္ေခ်။ ၂၀၀၂ ခုႏွစ္က အစ္ကိုျဖစ္သူသည္ အျခား မ်ိဳးႏြယ္စု တစ္ခုမွ အမိ်ဳးသမီးႀကီး တစ္ဦးႏွင့္ လိင္ဆက္ဆံခဲ့ေၾကာင္း စြပ္စြဲခံရသည့္ေနာက္ အသက္ ၂၈ ႏွစ္အရြယ္ မူခါတာမိုင္ဆိုေသာ အမ်ိဳးသမီးကို မုဒိမ္းက်င့္ေစရန္ ဂ်ာဂါေခၚ ေက်းရြာအုပ္ခ်ဳပ္ေရးအဖဲြ႕က စီရင္ခ်က္ ခ်မွတ္ခဲ့ဖူးသည္။ သို႔ေသာ္ ေနာက္ပိုင္း စစ္ေဆးမႈမ်ားအရ မုိင္၏ အစ္ကိုအေပၚ စြဲဆိုခ်က္မ်ားမွာ မွန္ကန္မႈ မရွိဟု ေဖာ္ထုတ္ ေတြ႕ရွိခဲ့သည္။

လူ႔အခြင့္အေရး အဖြဲ႕မ်ားက ပါကစၥတန္ အစိုးရ အေနျဖင့္ အမ်ိဳးသမီးမ်ားႏွင့္ မိန္းကေလးငယ္မ်ားအေပၚ ယခုထက္ ပိုမို၍ လံုၿခံဳမႈ ရွိေအာင္ အကာအကြယ္ေပးရန္ ဆက္တိုက္ ဖိအားေပး ေတာင္းဆိုလ်က္ ရွိသည္။

Ref: CNN

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ဒုတိယသားကောင် မိန်းကလေး မုဒိမ်းကျင့်ခံရသည့် နေရာ။

ပါကစ္စတန် ကျေးရွာကောင်စီ တစ်ခုက လက်စားချေမှုအဖြစ် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကို မုဒိမ်းကျင့်ကြံရန် စီရင်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။

ပါကစ္စတန် ရဲတပ်ဖွဲ့က မိသားစု နှစ်ခုမှ ဆွေမျိုးများနှင့် ကျေးရွာကောင်စီ လူကြီးများ အပါအဝင် လူပေါင်း ၂၀ ကျော်ကို မုဒိမ်းမှု နှစ်ခုနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့ကြောင်း ဇူလိုင် ၂၇ ရက်က အတည်ပြု ပြောကြားခဲ့သည်။ ပါကစ္စတန်တောင်ပိုင်း မူဇာဖာရာဘတ်မြို့အနီး ကျေးရွာတစ်ခုတွင် အဆိုပါ စက်ဆုပ်ဖွယ် စီရင်ဆုံးဖြတ်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်တွင် အမျိုးသား တစ်ဦးက မြက်ရိတ်နေသည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်ကြံခဲ့သည်။ ထိုဖြစ်ရပ်ကို မိန်းကလေး၏ မိသားစုက ကျေးရွာကောင်စီသို့ တိုင်ကြား အသိပေးခဲ့သည်။ ထိုအခါ ကျေးရွာကောင်စီ မုဒိမ်းသမား၏ မိသားစုကို ခေါ်ယူကာ ညှိနှိုင်းစေပြီးနောက် လက်စားချေသည့် အနေဖြင့် မုဒိမ်းသမား၏ အသက် ၁၇ နှစ်အရွယ် ညီမကို ပြန်လည် မုဒိမ်းကျင့်စေရန် ဆုံးဖြတ်ခဲ့သည်။

“ပထမတော့ ကောင်မလေးရဲ့ အစ်မနှစ်ယောက်ကို ကျေးရွာလူကြီးတွေက အပြစ်အစားခံဖို့ အရင်ပြောတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ အငယ်ဆုံး မိန်းကလေးက သားကောင် နံပါတ် ၂ ဖြစ်သွားတော့တယ်။ သူ့အမေနဲ့ အစ်မတွေက အတင်းကာကွယ်ဖို့ လုပ်ပေမယ့် ကျေးရွာကောင်စီ လူကြီးတွေက သေနတ်နဲ့ချိန် ခြိမ်းခြောက်ပြီး မိန်းကလေးကို ခေါ်ထုတ်သွားတာ”ဟု ပါကစ္စတန် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မိန်းကလေးသည် ကုတင်တစ်လုံးပေါ်တွင် မုဒိမ်းကျင့်ခံရပြီး ကျေးရွာကောင်စီ လူကြီးများက အဆိုပါ ပြစ်ဒဏ် စီရင်မှုကို စောင့်ကြည့်ခဲ့ကြသည်။

ထို့နောက်ပိုင်းတွင် မုဒိမ်းကျင့်ကြံ ခံရသည့် မိန်းကလေး နှစ်ဦးစလုံး ၎င်းတို့၏ မိခင်များနှင့်အတူ မူဇာဖာရာဘတ်မြို့ အုပ်ချုပ်ရေး အဖွဲ့ထံ လာရောက် တိုင်ကြား အကူအညီ တောင်းခံရာမှ ဖြစ်စဉ်ကို ရဲတပ်ဖွဲ့ သိရှိသွားပြီး စုံစမ်း အရေးယူမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။ မိန်ကလေးများ၏ ပုဂ္ဂိုလ်ရေး လုံခြုံမှုကို ကာကွယ်သည့် အနေဖြင့် ၎င်းတို့၏ အမည်များကို သတင်းဌာနများက ဖော်ပြခြင်း မရှိချေ။

ပါကစ္စတန် ကျေးရွာ လူ့အဖွဲ့အစည်းများတွင် အမျိုးသမီးများကို ခွဲခြားနှိမ့်ချ ဆက်ဆံမှုများ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် ပြစ်ဒဏ် စီရင်မှု အနေဖြင့် အမျိုးသမီးများကို မုဒိမ်းကျင့်သည့် အလေ့အထမှာလည်း ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ချေ။ ၂၀၀၂ ခုနှစ်က အစ်ကိုဖြစ်သူသည် အခြား မျိုးနွယ်စု တစ်ခုမှ အမျိုးသမီးကြီး တစ်ဦးနှင့် လိင်ဆက်ဆံခဲ့ကြောင်း စွပ်စွဲခံရသည့်နောက် အသက် ၂၈ နှစ်အရွယ် မူခါတာမိုင်ဆိုသော အမျိုးသမီးကို မုဒိမ်းကျင့်စေရန် ဂျာဂါခေါ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က စီရင်ချက် ချမှတ်ခဲ့ဖူးသည်။ သို့သော် နောက်ပိုင်း စစ်ဆေးမှုများအရ မိုင်၏ အစ်ကိုအပေါ် စွဲဆိုချက်များမှာ မှန်ကန်မှု မရှိဟု ဖော်ထုတ် တွေ့ရှိခဲ့သည်။

လူ့အခွင့်အရေး အဖွဲ့များက ပါကစ္စတန် အစိုးရ အနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ယခုထက် ပိုမို၍ လုံခြုံမှု ရှိအောင် အကာအကွယ်ပေးရန် ဆက်တိုက် ဖိအားပေး တောင်းဆိုလျက် ရှိသည်။

Ref: CNN


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top