ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ခ်ိဳင္းၾကား၊ ေပါင္ၾကားနဲ႔ လွ်ိဳ႕ဝွက္အပ္တဲ႔ေနရာေတြလို ႏူးညံ႕တဲ႔ေနရာမ်ိဳးေတြမွာ အေမႊးေပါက္တယ္ဆိုတာ ဆန္းေတာ႔မဆန္းပါဘူး။ တစ္ခါတေလမွာ အဲဒီအေမႊးေတြက ကြ်န္ေတာ္တို႔ရဲ႕ခႏၶာကိုယ္ကို ျပင္ပကလာတဲ႔ ထိခိုက္မႈေတြကေတာင္ ကာကြယ္ေပးပါေသးတယ္။ ဒါေပမယ္႔ အမ်ိဳးသမီးေတြကေတာ႔ အဲဒီအေမႊးေတြကို ရႈပ္တယ္လို႔ျမင္ၾကၿပီး hair removal clinic လို႔ေခၚတဲ႔ အေမႊးခြ်တ္ေဆးခန္းေတြကို တကူးတကသြားၿပီးေတာင္ အေမႊးခြ်တ္ၾကပါေသးတယ္။ အထူးသျဖင္႔ ခ်ိဳင္းေမႊးတို႔၊ ေျခသလံုးေမႊးတို႔ေပါ႔။

ဒီေန႕မွာေတာ႔ ေဆးခန္းသြားစရာမလိုဘဲ ခ်ိဳင္းၾကားကအေမႊးေတြကို အလြယ္တကူ ဖယ္ရွားႏိုင္မယ္႔ နည္းလမ္းေလးေတြကို ျပသေပးသြားမွာျဖစ္ပါတယ္။ တစ္ပတ္မွာ (၂) ႀကိမ္၊ (၃) ႀကိမ္ေလာက္လုပ္ေပးမယ္ဆိုရင္ မလိုလားအပ္တဲ႔အေမႊးေတြ လံုးဝကင္းစင္သြားမွာပါ။
၁။ ႏွႏြင္းမႈန္႔အႏွစ္

လိုအပ္တဲ႔ပါဝင္ပစၥည္းေတြကေတာ႔ နႏြင္းမႈန္႔ (၁/၂) ခြက္၊ ႏြားႏို႔စစ္စစ္ တစ္ခြက္၊ ေရေႏြး (၁) ခြက္၊ တဘက္တစ္ထည္တို႔ပဲ ျဖစ္ပါတယ္။

အရင္ဆံုး ပါဝင္ပစၥည္းေတြအားလံုးကို သမသြားေအာင္ေရာေမႊၿပီး ထူပ်စ္တဲ႔ နႏြင္းမႈန္႔အႏွစ္ေလးျဖစ္သြားေအာင္လုပ္ပါ။ ၿပီးရင္ေတာ႔ ခ်ိဳင္းေအာက္ကအေမႊးေပၚမွာ အဲဒီအႏွစ္ေလးကို သုတ္လိမ္းေပးပါ။ ၿပီးရင္ အဲဒီအတိုင္း မိနစ္ (၂၀)၊ (၃၀) ေလာက္ၾကာေအာင္ ထားေပးလိုက္ပါ။ အဲဒီအခ်ိန္မွာ ေရေႏြးဇလံုထဲမွာ တဘက္ကို စိမ္ထားေပးလိုက္ပါ။ အခ်ိန္ေစ႔ၿပီဆိုတာနဲ႔ ေရေႏြးစိမ္ထားတဲ႔ တဘက္ကိုယူၿပီး ျပန္လည္ သန္႕ရွင္းေရးလုပ္ေပးလိုက္ပါ။ ေရေျခာက္ေအာင္ ျပန္သုတ္ေပးၿပီးရင္ ေမႊးညွင္းေပါက္ေတြက်ယ္ၿပီး အေမႊးေလးေတြ ကြ်တ္သြားေစဖို႔ အထက္ေဖာ္ျပပါ အဆင္႔ေတြအတိုင္း ေနာက္တစ္ႀကိမ္ထပ္လုပ္ေပးလိုက္ပါ။
၂။ Sodium bicarbonate water  (ဆိုဒီယမ္ ဘိုင္ကာဘိုနိတ္ ေရ)

ပါဝင္ပစၥည္းေတြကေတာ႔ ဆိုဒီယမ္ ဘိုင္ကာဘုိနိတ္နဲ႔ ေရအနည္းငယ္တို႔႔ပဲ ျဖစ္ပါတယ္။ ဆိုဒီယမ္ ဘိုင္ကာဘိုနိတ္ (sodium carbonate) ဆိုတာ မုန္႕ဖုတ္ရာမွာသံုးတဲ႔ ဆိုဒါ (ေပါင္ဒါ) မႈန္႔ထဲမွာ ေတြ႕ရတတ္တဲ႔ ဓာတုပစၥည္းတစ္မ်ိဳးျဖစ္ပါတယ္။ ျပဳလုပ္ေတာ႔မယ္ဆိုရင္ မုန္႕ဖုတ္ဆိုဒါနဲ႔ ေရအနည္းငယ္ေရာၿပီး အႏွစ္ေလးျဖစ္ေအာင္ လုပ္လိုက္ပါ။

ေရအရမ္းမမ်ားေစဖို႔တစ္ခ်က္ေတာ႔ သတိျပဳပါ။ မဟုတ္ရင္ အႏွစ္က အေရျပားေပၚမွာ အခ်ိန္ၾကာၾကာရွိေနႏိုင္မွာ မဟုတ္ပါဘူး။ အိပ္ယာမဝင္ခင္ ဒီအႏွစ္ကို ခ်ိဳင္းၾကားတစ္ခုလံုး ႏွံ႕စပ္ေအာင္လိမ္းေပးထားလိုက္ပါ။ တစ္ညလံုး ဒီတိုင္းပဲ သိပ္ထားေပးလိုက္ပါ။ ေနာက္တစ္ေန႕ မနက္ေရာက္ရင္ေတာ႔ အဲဲဒီေနရာကို ေရစင္ေအာင္ေဆးေပးႏိုင္ပါၿပီ။ ၿပီးရင္ေတာ႔ moisturizer သံုးေပးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version#
ချိုင်းကြား၊ ပေါင်ကြားနဲ့ လျှို့ဝှက်အပ်တဲ့နေရာတွေလို နူးညံ့တဲ့နေရာမျိုးတွေမှာ အမွှေးပေါက်တယ်ဆိုတာ ဆန်းတော့မဆန်းပါဘူး။ တစ်ခါတလေမှာ အဲဒီအမွှေးတွေက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို ပြင်ပကလာတဲ့ ထိခိုက်မှုတွေကတောင် ကာကွယ်ပေးပါသေးတယ်။ ဒါပေမယ့် အမျိုးသမီးတွေကတော့ အဲဒီအမွှေးတွေကို ရှုပ်တယ်လို့မြင်ကြပြီး hair removal clinic လို့ခေါ်တဲ့ အမွှေးချွတ်ဆေးခန်းတွေကို တကူးတကသွားပြီးတောင် အမွှေးချွတ်ကြပါသေးတယ်။ အထူးသဖြင့် ချိုင်းမွှေးတို့၊ ခြေသလုံးမွှေးတို့ပေါ့။

ဒီနေ့မှာတော့ ဆေးခန်းသွားစရာမလိုဘဲ ချိုင်းကြားကအမွှေးတွေကို အလွယ်တကူ ဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို ပြသပေးသွားမှာဖြစ်ပါတယ်။ တစ်ပတ်မှာ (၂) ကြိမ်၊ (၃) ကြိမ်လောက်လုပ်ပေးမယ်ဆိုရင် မလိုလားအပ်တဲ့အမွှေးတွေ လုံးဝကင်းစင်သွားမှာပါ။
၁။ နှနွင်းမှုန့်အနှစ်

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ နနွင်းမှုန့် (၁/၂) ခွက်၊ နွားနို့စစ်စစ် တစ်ခွက်၊ ရေနွေး (၁) ခွက်၊ တဘက်တစ်ထည်တို့ပဲ ဖြစ်ပါတယ်။

အရင်ဆုံး ပါဝင်ပစ္စည်းတွေအားလုံးကို သမသွားအောင်ရောမွှေပြီး ထူပျစ်တဲ့ နနွင်းမှုန့်အနှစ်လေးဖြစ်သွားအောင်လုပ်ပါ။ ပြီးရင်တော့ ချိုင်းအောက်ကအမွှေးပေါ်မှာ အဲဒီအနှစ်လေးကို သုတ်လိမ်းပေးပါ။ ပြီးရင် အဲဒီအတိုင်း မိနစ် (၂၀)၊ (၃၀) လောက်ကြာအောင် ထားပေးလိုက်ပါ။ အဲဒီအချိန်မှာ ရေနွေးဇလုံထဲမှာ တဘက်ကို စိမ်ထားပေးလိုက်ပါ။ အချိန်စေ့ပြီဆိုတာနဲ့ ရေနွေးစိမ်ထားတဲ့ တဘက်ကိုယူပြီး ပြန်လည် သန့်ရှင်းရေးလုပ်ပေးလိုက်ပါ။ ရေခြောက်အောင် ပြန်သုတ်ပေးပြီးရင် မွှေးညှင်းပေါက်တွေကျယ်ပြီး အမွှေးလေးတွေ ကျွတ်သွားစေဖို့ အထက်ဖော်ပြပါ အဆင့်တွေအတိုင်း နောက်တစ်ကြိမ်ထပ်လုပ်ပေးလိုက်ပါ။
၂။ Sodium bicarbonate water  (ဆိုဒီယမ် ဘိုင်ကာဘိုနိတ် ရေ)

ပါဝင်ပစ္စည်းတွေကတော့ ဆိုဒီယမ် ဘိုင်ကာဘိုနိတ်နဲ့ ရေအနည်းငယ်တို့ပဲ ဖြစ်ပါတယ်။ ဆိုဒီယမ် ဘိုင်ကာဘိုနိတ် (sodium carbonate) ဆိုတာ မုန့်ဖုတ်ရာမှာသုံးတဲ့ ဆိုဒါ (ပေါင်ဒါ) မှုန့်ထဲမှာ တွေ့ရတတ်တဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ပြုလုပ်တော့မယ်ဆိုရင် မုန့်ဖုတ်ဆိုဒါနဲ့ ရေအနည်းငယ်ရောပြီး အနှစ်လေးဖြစ်အောင် လုပ်လိုက်ပါ။

ရေအရမ်းမများစေဖို့တစ်ချက်တော့ သတိပြုပါ။ မဟုတ်ရင် အနှစ်က အရေပြားပေါ်မှာ အချိန်ကြာကြာရှိနေနိုင်မှာ မဟုတ်ပါဘူး။ အိပ်ယာမဝင်ခင် ဒီအနှစ်ကို ချိုင်းကြားတစ်ခုလုံး နှံ့စပ်အောင်လိမ်းပေးထားလိုက်ပါ။ တစ်ညလုံး ဒီတိုင်းပဲ သိပ်ထားပေးလိုက်ပါ။ နောက်တစ်နေ့ မနက်ရောက်ရင်တော့ အဲဒီနေရာကို ရေစင်အောင်ဆေးပေးနိုင်ပါပြီ။ ပြီးရင်တော့ moisturizer သုံးပေးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top