ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ဟိုတစ္ဖက္က ငါးျမစ္ခ်င္းဆုိင္တြင္ လူအံုေနေသာ္လည္း ပုစြန္က်ားဆုိင္ေရွ႕တြင္ လူရွင္းေနသည္။ ပုစြန္ လာကိုင္ၾကည့္လုိက္၊ ေဈးေမးလိုက္၊ “အင္း” ဟူ၍ သက္ျပင္းခ်ကာ ျပန္သြားလိုက္ႏွင့္ ပုစြန္သည္ မပုစိန္လည္း ေတာ္ေတာ္ေလး စိတ္တိုေနၿပီျဖစ္သည္။ ထုိ႔ေၾကာင့္လည္း “အပ်င္းေျပ လာကိုင္ၾကည့္လို႔ ရတယ္ေနာ္၊ တစ္ဆယ္သားကို ၆က်ပ္ႀကီးမ်ားေတာင္ ေရာင္းတာ” ဟု အေငၚတူးၿပီး ေအာ္ေလသည္။
“ျမတ္စြာဘုရား ေျခာက္က်ပ္တဲ့”

ဆိုင္ေရွ႕တြင္ ရပ္ၿပီး ေဈးေမးေတာ့မည္ျပဳေသာ ေဒၚလွေမ၏ ပါးစပ္သည္ အလိုလို ျပန္ပိတ္သြားသည္။ “တစ္ဆယ္သား ေျခာက္က်ပ္ဆုိေတာ့ ဆယ့္ငါးက်ပ္သားဝယ္ရင္ ကိုးက်ပ္၊ အင္း မစားရက္စရာႀကီးပါလား” ဟု စဥ္းစားမိသည္။ မ်က္စိေရွ႕တြင္ ပုစြန္ႀကီးသည္ ေငြပံုႀကီးအသြင္သို႔ ေျပာင္းလဲသြားသလို ထင္မိသည္။ ဒီေငြေတြကို ဝမ္းထဲ မ်ိဳခ်ရမွာကေတာ့ ႏွေျမာစရာ။

“မယူဘူးလား အန္တီႀကီး”
“ေဈးေကာင္းလိုက္တာေအ”
“ပစၥည္းေကာင္းလို႔ ေဈးေကာင္းတာ အန္တီႀကီးရဲ႕၊ ေဟာဒီမွာၾကည့္ ေခါင္းေတာင္ မက်ိဳးေသးဘူး၊ စိမ္းလို႔ လတ္လို႔ ဒါမ်ိဳးဆိုတာ တစ္ခါတေလမွ ရတာ စားစမ္းပါ”
“ကင္ပြန္းခ်ဥ္ရြက္ေလး ခ်ဥ္ရည္ခ်က္ၿပီး ပုစြန္က်ားခ်ိဳခ်ိဳေလးနဲ႔ စားလိုက္ရရင္ေတာ့၊ အင္း အေဖႀကီးကလည္း ႀကိဳက္ရွာတယ္”

ေဒၚလွေမသည္ ၾကက္သြန္နီ အကြင္းလိုက္ အုပ္ခ်က္ထားေသာ ပုစြန္က်ား အေကာင္ နီနီရဲရဲႀကီးမ်ားကို ေတြး၍ျမင္ေယာင္ရင္း တံေတြးကို မသိမသာ မ်ိဳခ်သည္။

“ကဲ ဘယ္ေလာက္သားလဲ၊ ငါးဆယ္သား ခ်ိန္လိုက္ရမလား”
“အမေလး မရက္စက္ပါနဲ႔ေအ”

ေဒၚလွေမက ေယာင္ယမ္းၿပီး ေျခတစ္လွမ္း ေနာက္ဆုတ္မိသည္။ ထုိ႔ေနာက္ “ညည္းတို႔ ပုစြန္က်ားကလဲ ကုေဋရွစ္ဆယ္ သူေဌးသားေတာင္ ေန႔တိုင္းစားရင္ မြဲရခ်ည္ရဲ႕” ဟု ခပ္ေငါ့ေငါ့ေလး ေျပာမိသည္။

“ေကာင္းလြန္းလို႔ပါ အန္တီႀကီးရယ္၊ ေဈးေပါရင္ေတာ့ ပစၥည္းညံ့ပဲ ရမွာေပါ့၊ ဟုတ္ဘူးလား”

မပုစိန္က တစ္ဖက္ဆုိင္ကို ေမးေငါ့ကာ အသံကိုျမႇင့္၍ေျပာသည္။ ပစၥည္းခ်င္းတူေသာ္လည္း တစ္ဖက္ဆုိင္မွ ပုစြန္က်ားက အေကာင္ေသးကာ ေခါင္းကျပဳတ္ေနၿပီး အေရာင္ကလည္း နီနီႏွင့္ မလတ္တလတ္မို႔ သူက ေျပာအားရွိေနသည္။

တစ္ဖက္ဆုိင္မွ မိန္းမက သူတုိ႔ဘက္သုိ႔ မ်က္ေစာင္းဝဲလိုက္ၿပီး

“ေပါတယ္ေနာ္ ေပါတယ္၊ ေဟာဒါမ်ိဳးကိုစား က်ားမွက်ား၊ တစ္ဆယ္သား သံုးက်ပ္ခြဲ၊” ဟု အသံကုန္ဟစ္သည္။
“အင္း အဲဒါဝယ္ရင္ေတာ့ တစ္ဝက္ေလာက္ သက္သာတယ္”

ကြန္ပ်ဴတာထက္ပင္ ျမန္ေသာေဒၚလွေမ၏ ဦးေႏွာက္က ဖ်တ္ခနဲ တြက္လိုက္မိျပန္သည္။

“အင္း ဒါေပမဲ့ သံုးဆယ့္ငါးက်ပ္ေဈး ေပးၿပီး အပုပ္မစားဘူး၊ ေျခာက္ဆယ္ေဈးေပးၿပီး အေကာင္းပဲ စားေတာ့မယ္။ ဘာျဖစ္ေသးလဲ တစ္ခါတေလ စားတာ၊ အေဖႀကီးက ပင္စင္စားမုိ႔ ငါ့ကိုဟင္းေကာင္းေတာင္ မေကၽြးေတာ့ပါဘူးလုိ႔ စကားနာထုိးတာ ႏွစ္ခါေတာင္ ရွိေနၿပီ” ဟု ဆက္၍ေတြးမိေတာ့ ေျခႏွစ္လွမ္း ျပန္တုိးလိုက္မိသည္။ စိမ္းၿပီးလတ္ေနေသာ အေကာင္ႀကီးမ်ားကို ခပ္ရဲရဲေကာက္ကိုင္ကာ “ဆယ့္ငါးက်ပ္သားေလာက္ ခ်ိန္စမ္းေအ” ဟု ေလသံတင္းတင္းႏွင့္ ေျပာလိုက္သည္။ “အင္း တကယ္မစားရေသးဘူး၊ ဝယ္ရတာေတာင္ အရသာ ရွိလိုက္တာဟဲ့” ဟု ဆက္၍ေတြးေနရင္း တစ္ဦးတည္း ျပံဳးမိေလသည္။

“ေဟာဒီမွာၾကည့္၊ အသာႀကီး”
“အေလးေတာ့ မွန္ပါတယ္ေနာ္”
“ႀကိဳက္တဲ့ေနရာမွာ သြားခ်ိန္၊ ခ်ိန္ၿပီးမွ ပိုက္ဆံေပး၊ ပုစိန္တို႔က ႀကိဳက္ေဈးေျပာေရာင္းတာ အေလးမခုိးဘူး”

ခ်ိန္ခြင္ခြက္ထဲမွ ပုစြန္က်ားမ်ားကို ျခင္းေတာင္း ထိုးမခံေသးဘဲ တစ္ေကာင္ ႏွစ္ေကာင္ ေရတြက္မိသည္။ စုစုေပါင္း ခုနစ္ေကာင္။ တစ္ဆယ့္ငါးက်ပ္သားကို ဒီလိုအရြယ္ ပုစြန္က်ား ခုနစ္ေကာင္ရသည္ ဆုိကတည္းက အေလးမခိုးမွန္းေတာ့ အသိသာႀကီးပင္။

“မခ်ိန္ပါဘူးေအ၊ ပါးစပ္က အက်င့္ပါေနလို႔သာ ေျပာတာ၊ ယံုပါတယ္”

ေဒၚလွေမသည္ ေလခ်ိဳေသြးလိုက္ၿပီး လက္ထဲမွ တစ္ဆယ္တန္ကို လွမ္းေပးသည္။ ဒီေန႔ေတာ့ လွ်ာရင္းျမက္ျမက္ေလး စားလိုက္ဦးမည္။ ခုနတုန္းက ေဈးအဝမွ ကင္ပြန္းခ်ဥ္ရြက္ေတြ ေတြ႕ခဲ့သည္။ တစ္စည္းကို ျပားေျခာက္ဆယ္တဲ့။ ကင္ပြန္းခ်ဥ္ရြက္ တစ္စည္းကို ကန္စြန္းရြက္တစ္စည္း ေရာၿပီး ခ်ဥ္ရည္ခ်က္၊ ငါးပိရည္က်ိဳထဲတြင္ ၾကက္သြန္ၿဖဴႏွင့္ င႐ုတ္သီးစိမ္း ေထာင္းထည့္၊ အိမ္ေနာက္ေဖး ကျပင္နားတြင္ ေျမကေလးတစ္ေတာင္ေလာက္တြင္ ကပ္ၿပီးေပါက္ေနေသာ ခရမ္းကေဖာ့ပင္က အသီးေလးေတြ ခူးၿပီး ေရေႏြးေဖ်ာ၍ တို႔၊ ေဒၚလွေမ ေတြးရင္းပင္ လွ်ာစိုလာသည္။

“မမေမ ဘာရခဲ့လဲ”

ေဈးကအျပန္ လမ္းတြင္ေတာ့ မ်က္ေစာင္းထိုးအိမ္မွ ေဒၚစိန္ေအးႏွင့္ ေတြ႕သည္။ ကင္ပြန္းခ်ဥ္ရြက္ႏွင့္ ခ်ဥ္ေပါင္ရြက္စည္းတို႔ကို ေအာက္ဘက္ပို႔ၿပီး ပုစြန္က်ားကို ျမင္သာထင္သာ အေပၚေျပာင္းထည့္ခဲ့မိသည့္အတြက္ ေဒၚလွေမ ေက်နပ္သြားသည္။ ေဒၚစိန္ေအး၏ မ်က္လံုးက ျခင္းေတာင္းထဲ လွမ္းၾကည့္လိုက္သည္ကို ျမင္ေတာ့ ပိုၿပီးေက်နပ္သြားသည္။ တစ္ဆယ္သား ေျခာက္က်ပ္ဆုိတာ လူတုိင္းစားႏိုင္တာ မွတ္လို႔။

“မမေမတုိ႔က စေနေန႔ သားေတြ ေခၽြးမေတြ လာတတ္လုိ႔ ဟင္းေကာင္း ခ်က္ေကၽြးေတာ့မယ္ ထင္တယ္”

ေဒၚစိန္ေအး၏ စကားကိုၾကားေတာ့ ေက်နပ္စိတ္ႏွင့္ ဝင္းေမွးေနေသာ ေဒၚလွေမ၏မ်က္လံုးအစံုသည္ ႐ုတ္ခနဲ ျပဴးထြက္လာသည္။

“ဟုတ္သားပဲ၊ ဒီေန႔ စေနေန႔၊ အေဖႀကီးက ႐ုံးသမားမဟုတ္ေတာ့ လို႔ ငါေမ့ေနတာ၊ ဒီလိုဆုိ ပုစြန္အစိတ္သားေလာက္ ဝယ္မိရင္ေကာင္းသား”

ေဒၚလွေမက ေတြးၿပီး စိတ္မေကာင္းၿဖစ္သြားသည္။

သူတုိ႔မွာက အဘုိးႀကီး အဘြားႀကီး ႏွစ္ဦးတည္း၊ ပင္စင္လစာေလးႏွင့္ ျခစ္ျခစ္ျခဳတ္ျခဳတ္ ေနရေသာ္လညး္ သားေတြလာလွ်င္ မရွိ ရွိတာေလးေတြ ထုတ္ၿပီး ေကာင္းႏိုးရာရာေလးေတြေတာ့ ေကၽြးခ်င္သည္။ အေမ့လက္ရာကို အားပါးတရ ထုိင္စားေနေသာ သား၏ မ်က္ႏွာကိုၾကည့္ၿပီး ၾကည္ႏူးခ်င္သား။ သားသံုးဦးစလံုးကုိ သူတုိ႔ပညာအျပည့္ သင္ေပးခဲ့သည္ၿဖစ္၍ သင့္တင့္ေသာ အလုပ္အကိုင္၊ သင့္တင့္ေသာ ဝင္ေငြႏွင့္ အသင့္အတင့္ ေခ်ာင္လည္ၾကေလသည္။

“သူတုိ႔ဟာ သူတုိ႔စားႏုိင္ ေသာက္ႏုိင္ေနရင္ ဝမ္းသာေနရတာပါပဲ၊ တုိ႔ကို ျပန္ေထာက္ဖို႔ မလိုပါဘူး”

အေဖႀကီး ဦးေအာင္ျမတ္က ေျပာတတ္သည္။ ေဒၚလွေမကေတာ့ အေမမုိ႔လားမသိ၊ သားေတြ ေျမးေတြကို ဘာေကၽြးရပါ့မလဲ။ ဘာေပးရပါ့မလဲႏွင့္ စဥ္းစားတတ္သည္။ သားေတြဆီကလည္း ျပန္ၿပီးေမွ်ာ္လင့္မိသည္ကေတာ့ အမွန္ပင္။

“အင္း သားသံုးေယာက္ တစ္ေယာက္ကို ငါးဆယ္ေထာက္ရင္ေတာင္ သံုးေယာက္ဆိုေတာ့ တစ္ရာ့ငါးဆယ္၊ ဒါဆုိရင္ ကုသိုလ္ေကာင္းမႈေလး ဘာေလး ျပဳႏိုင္ လွဴႏိုင္ တန္းႏိုင္မွာေပါ့” ဟုေတြးမိသည္။

သို႔ေသာ္ သားေတြ ေခၽြးမေတြကလည္း အဘိုးႀကီး အဘြားႀကီး ႏွစ္ေယာက္တည္း ပင္စင္လစာႏွင့္ ေအးေအးေဆးေဆး စားေနႏုိင္သည္ဟု ယူဆ၍လား၊ ဒါမွမဟုတ္ မသိခ်င္ေယာင္ေဆာင္သည္လားေတာ့ အေသအခ်ာ မသိ။ ငါးဆယ္မေျပာႏွင့္ အစိတ္ပင္ မေထာက္ပံ့ၾကေခ်။ အိမ္လာလွ်င္ေတာ့ သရက္သီးေလးအစ၊ ကိတ္မုန္႔ေလးအစ ဝယ္ျခမ္းလာတတ္ၾကသည္။ ဒါ့အျပင္ တစ္ျပားမွထြက္မလာ။

သူကလည္း စိတ္ထဲကသာ ေျမႇာ္ျမင္မိေသာ္လည္း ႏႈတ္ကေတာ့ ထုတ္မေျပာေတာ့ေပ။ ဟိုတစ္ခါတုန္းက ႏႈတ္ကထုတ္ေျပာမိတုန္းကေတာ့ အိမ္က အေဖႀကီးႏွင့္ စကားမ်ားရသည္။ အေဖႀကီးက ျပတ္သည္။ သားေတြကို လံုးဝအားမကိုး။ လိုခ်င္မ်က္စိလည္း မရွိ။ ရေကာင္းေစဟူ၍လည္း သေဘာ မထား။ ေစာေစာထ လမ္းေလွ်ာက္၊ ေန႔ခင္းတရားထိုင္၊ တရားစာအုပ္ ဖတ္၊ တစ္ခါတစ္ရံလည္း အေပါင္းအသင္းမ်ားႏွင့္ တရားေဆြးေႏြး ညေရာက္လွ်င္ ဘုရားစင္ေရွ႕၌ တရားထုိင္၊ ထုိ႔ေနာက္ ဘုရားရွိခိုး၊ အမွ်ေဝၿပီး ခ်မ္းသာစြာ အိပ္စက္ေလသည္။ ဟိုေတြးဒီေတြး တလူးလူး တလြန္႔လြန္႔ႏွင့္ အိပ္မေပ်ာ္ေသာညဟူ၍ သူ႔မွာ မရွိေသး။
READ လူၾကီး ၿဖစ္ၿပီလား

“အေမ”
“ေဟာေတာ့ အေဖ”

ကိုယ့္စိတ္ကူးႏွင့္ကိုယ္ တစိုက္စိုက္ ေလွ်ာက္လာေသာ ေဒၚလွေမသည္ သူ႔လက္ကို တစ္စံုတစ္ဦးက လွမ္းဆြဲလိုက္ေသာအခါမွ တံုခနဲရပ္သြားသည္။ သူ႔ကိုျပံဳးရယ္ၿပီး ၾကည့္ေနေသာ ခင္ပြန္းသည္ ဦးေအာင္ျမတ္အား ေယာင္ကန္းကန္းႏွင့္ ျပန္ၾကည့္မိသည္။

“လမ္းေလွ်ာက္ျပန္လာတာ၊ အေမ့ကိုေတြ႕ရလို႔ ရပ္ေစာင့္ေနတာ ဘာေတြ စဥ္းစားလာတာတံုး”
“ဒီလိုပါပဲ”

ဦးေအာင္ျမတ္က ေဒၚလွေမ၏ လက္ထဲမွ ေဈးျခင္းေတာင္းကို လွမ္းယူသည္။

“ဟာ ပုစြန္က်ားေတြ ဘာေတြနဲ႔ပါလား”
“ဟုတ္တယ္၊ အေဖႀကိဳက္တယ္ မဟုတ္လား”
“ႀကိဳက္ေတာ့ ႀကိဳက္တာေပါ့၊ ဒါေပမဲ့ ေဈးႀကီးမွာေပါ့ အေမရယ္”
“အုိ တစ္ခါတစ္ေလပဲဟာ”

ေဒၚလွေမက မ်က္ေစာင္းေလး မသိမသာ ဝဲကာ ေျပာမိသည္။ ဦးေအာင္ျမတ္က ဆြဲျခင္းကိုဆြဲကာ ေလွ်ာက္ေတာ့ သူက ေဘးမွယွဥ္ေလွ်ာက္ရင္း “အေဖႀကိဳက္သလို ၾကက္သြန္နီ အကြင္းႀကီးေတြအုပ္ၿပီး ေၾကာ္ေပးမယ္ေလ၊ ေနာက္ၿပီ ကင္ပြန္းရြက္ ခ်ဥ္ရည္ေလး ခ်က္ေပးမယ္၊ ႀကိဳက္တယ္ မဟုတ္လား” ဟု တယုတယ ေျပာမိစဥ္ လမ္းမွလူပ်ိဳေပါက္ကေလး ႏွစ္ဦးက သီခ်င္းတစ္ပုဒ္ကို ေအာ္ဆုိလိုက္ေသာေၾကာင့္ အတန္ငယ္ရွက္သြားသည္။

“အဘြားႀကီး မင္းက အဘိုးႀကီး င့ါကို ေမာင္ေတြ ဘာေတြေခၚပါဦး” တဲ့။

* * *

“ေနာက္ဆံုးေတာ့ အဘိုးႀကီး၊ အဘြားႀကီး ႏွစ္ေယာက္တည္း တစ္ေယာက္နဲ႔ တစ္ေယာက္ အေဖာ္လုပ္ရေတာ့တာပဲ၊ သားေတြကေတာ့ သူတုိ႔ အေဖာ္နဲ႔သူတို႔၊ ဒီလိုပဲေပါ့ေလ၊ ငါတုိ႔ ငယ္ငယ္တုန္းကလည္းကိုယ့္အေဖာ္ ကိုယ္ရွာၿပီး မိဘကို ထားခဲ့ၾကတာပဲ မဟုတ္လား”

ေဒၚလွေမက ၾကက္သြန္နီဥႀကီးမ်ား အကြင္းလိုက္လွီးရင္း စဥ္းစားသည္။ အသက္ႀကီးလာေတာ့ တစ္ဦးႏွင့္တစ္ဦး သံေယာဇဥ္က ပိုႀကီးလာသည္။ အရင္တုန္းကလို တဏွာခ်စ္၊ ဘယာခ်စ္ႏွင့္ မဟုတ္ေတာ့ဘဲ ေအးျမေသာေမတၱာက အေလးကဲလာသည္။ ထိန္းစရာ ေက်ာင္းစရာ ေျမးျမစ္လည္း မရွိေတာ့ ဘဝက ပ်င္းေျခာက္သေယာင္ ရွိေသာ္လည္း ေအးခ်မ္းသည္ကေတာ့ အမွန္ပင္။ ဦးစြာအိမ္ေထာင္က်ေသာ သားအလတ္က ေယာက္်ားေရာ၊ မိန္းမပါ အလုပ္လုပ္သည္။ သားသမီးရလာေတာ့ ေန႔ခင္းတုိင္ အဘိုးအဘြားအိမ္ လာပို႔ထားေသာေၾကာင့္ ေျမးထိန္းလိုက္ရေသးသည္။ အလုပ္ကတစ္ဖက္၊ လွည္းရက်င္းရ ေလွ်ာ္ရဖြပ္ရ၊ ႏုိ႔ဘူးေဖ်ာ္ရ၊ အာဟာရမႈန္႔က်ိဳၿပီး ခြံ႕ရႏွင့္ အဘုိးေရာ အဘြားေရာ တစ္ခ်က္ကေလးမွ် မအားၾက ရေပ။ အိမ္ေရွ႕အိမ္မွ ေဒၚခင္ေဝက “မလွေမတို႔က ညံ့တာကိုး၊ တကယ္ဆုိ မခင္ေဝ ေန႔ခင္းအပ်င္းေျပေအာင္ ေျမးေလးေတြ ေခၚထားပါလား ေျပာေနတာ၊ ငါက ငါ့အိမ္မွာ ႀကီးေတာင့္ႀကီးမားနဲ႔ ငါ့ထမင္းေတာင္ ငါအႏုိင္ႏုိင္ ခ်က္စားေနရတာ၊ ထဘီမကပ္ေအာင္ လုပ္မလို႔လားေအလို႔ ျပန္ေျပာလိုက္ ရတယ္” ဆုိၿပီး အေစာႀကီးကတည္းက ႀကိဳႀကိဳပိုပို ပိတ္ေျပာထားပါလားလို႔ ေျပာေသးသည္။ “ဒီလိုလည္း ဘယ္ဟုတ္ပါ့မလဲ၊ ကိုယ္ႏုိင္သမွ်ေတာ့ ကူရမွာေပါ့ရွင္” ဟု သူက ျပန္ေျပာခဲ့ရသည္။ ပင္ပန္းသည္ မွန္ေသာ္လည္း “သမီးေရ၊ ပူတူးေရ”ႏွင့္ ျမႇဴေခ်ာ့ေနရေတာ့လည္း အေမာေျပသားပင္၊ သုိ႔ေသာ္လည္း ကေလးက အျပင္းဖ်ားၿပီး ေသြးလြန္တုပ္ေကြးျဖစ္ေတာ့ အဘိုး အဘြား တရားခံျဖစ္ရေလသည္။ ေခၽြးမျဖစ္သူက “ေသြးလြန္တုပ္ေကြး ျခင္က ေန႔ခင္းကိုက္တဲ့ ျခင္” ဟု မ်က္စိမ်က္ႏွာ ပ်က္ပ်က္ႏွင့္ ေျပာသည္။ ေန႔ခင္းတုိင္ ကေလးကို ဂ႐ုမစိုက္၍ ျခင္ကိုက္ရသည္ဟု ဆုိလုိဟန္ရွိသည္။ ကေလးေဆး႐ုံကဆင္းေတာ့ ေဒၚလွေမတို႔ဆီ လာမပို႔ေတာ့ေပ။ ေခၽြးမ၏ မိဘမ်ားဆီ တစ္လွည့္ေရာက္သြားသည္။ မေျပာေကာင္း ေျပာေကာင္း ေသြးလြန္တုပ္ေကြး ကယ္လိုက္မွ အေဖႀကီးလည္း တရားစာအုပ္ ျပန္ဖတ္ႏုိင္ေတာ့သည္ကေတာ့ အမွန္ပင္။ ေဒၚလွေမခမ်ာလည္း ကေလးေသးမ်ားႏွင့္ စိုကာ အကြက္အကြက္ ျဖစ္ေနေသာ ဧည့္ခန္းက ၾကမ္းကေလးကိုျပန္ၿပီး ေျပာင္ေစရန္ တကုန္းကုန္းႏွင့္ ခါးခ်ည့္ေအာင္ ပြတ္တုိက္ရင္း ေျမးကေလးကို လြမ္းခဲ့ရသည္။ သည့္ေနာက္ပိုင္းေတာ့ ဘယ္သားကမွလာၿပီး ကေလး မထိန္းခုိင္းေတာ့ေပ။ ေသြးလြန္တုပ္ေကြးျဖစ္မွာ ေၾကာက္ေသာေၾကာင့္လား မသိ။ ကေလးထိန္းစာေမးပြဲတြင္ အဘိုးအဘြားက ပထမတန္းပင္ မေအာင္ဘဲ က်ရႈံးသြားခဲ့ေလၿပီ။

“အမယ္ ေမႊးလွခ်ည္လားဟ”

ဦးေအာင္ျမတ္က မီးဖိုထဲဝင္လာကာ ေဒၚလွေမ၏ ေဘးတြင္ ဖင္ထုိင္ခံုဆြဲ၍ ဝင္ထုိင္သည္။ ေဒၚလွေမက အကြင္းလိုက္ လွီးထားေသာ ၾကက္သြန္နီမ်ားကို ဒယ္အုိးထဲမွ ပုစြန္နီနီရဲရဲမ်ား အေပၚသုိ႔ အုပ္ခ်လိုက္သည္။

“င့ါသားႀကီး ေကၽြးခ်င္လုိက္တာ၊ ဒီေကာင္က ပုစြန္က်ားမ်ားဆို အေသႀကိဳက္တာ”

ဦးေအာင္ျမတ္က အမွတ္ရေျပာသည္။

“သားသံုးေယာက္လံုး ႀကိဳက္တာပဲ အေဖရယ္၊ အရင္တုန္းကေတာ့ အဆင္ေျပရင္ ေျပသလို ခ်က္ေကၽြးေနက်၊ ခုေတာ့ သူတို႔မိန္းမေတြက ခ်က္မွေကၽြးပါ့မလား မသိပါဘူး”
“ပူမေနနဲ႔၊ ခင္ဗ်ားသားေတြက ဘဲဥျပဳတ္ကေလး စားလို႔ေကာင္းလိုက္တာ လုပ္ေနမွာ”
“ဒီေန႔မ်ား လာမလား မသိဘူး”

ေဒၚလွေမက တမ္းတမ္းတတ ေျပာမိသည္။ ဘာသားလာလာ လာေသာသူကို ပုုစြန္ကေလး ေကၽြးလုိက္ခ်င္သည္။ အားရပါးရစားေသာ သား၏မ်က္ႏွာ တစိမ့္စိမ့္ၾကည့္ကာ ေက်နပ္ခ်င္သည္။

“အေမေရ ဘာဟင္းခ်က္တံုးဗ်”

စိတ္ထဲတြင္ ေတြးေနမိေနတုန္း သားႀကီး၏ အသံကုိ ၾကားရေတာ့ ေဒၚလွေမ ျမဴးေပ်ာ္သြားသည္။

“တယ္ေမႊးပါလားဗ်”

ဒါကေတာ့ သားလတ္၏အသံ။

“ပုစြန္ဟင္းဗ် ကၽြန္ေတာ္သိတယ္”

သားငယ္၏ အသံကုိ ဆက္တုိက္ၾကားရေတာ့ ေဒၚလွေမ ရင္မ်ားပင္ ခုန္လာသည္။ သူတုိ႔တစ္ေတြ သူတုိ႔အိမ္ေထာင္ေတြႏွင့္ အသီးသီးခြဲခြာ သြားၾကၿပီးသည့္ ေနာက္ပိုင္းတြင္ သားသံုးဦးလံုး မိဘအိမ္တြင္ မဆံုမိၾကေတာ့။ တစ္ဦးက အဝင္ တစ္ဦးက အထြက္ႏွင့္ လြဲေနတတ္သည္။ ခုေတာ့ ဒင္းတုိ႔တစ္ေတြ ခ်ိန္းထားသလား မသိ။

“လူစံလွေခ်ကလားကြ”
“မဂၤလာေဆာင္မွာ ေတြ႕လာတာ အေဖေရ႕”

သားသံုးဦးလံုး မီးဖိုထဲသို႔ ေရွ႕ဆင့္ေနာက္ဆင့္ ေရာက္လာၾကသည္။ ဧည့္ခန္းဘက္မွ ရယ္ေမာစကားေျပာသံမ်ားကိုပါ ထပ္၍ၾကားရသည္။ ဇနီး မယားမ်ားပါ ပါလာဟန္ရွိေလသည္။

“အဲဒါ ဆာေနလို႔ အေမတို႔ အေဖတုိ႔အိမ္ လွည့္ဝင္လာၾကတာ”
“မဂၤလာေဆာင္က အျပန္ ဆာတယ္လို႔ကြာ”
“ဒီလုိအေဖရ၊ မဂၤလာေဆာင္တာက ကၽြန္ေတာ္တုိ႔ သံုးေယာက္လံုးနဲ႔ ခင္တဲ့ ကိုဘေသာင္းရဲ႕သမီးေလ၊ သူတုိ႔က သိပ္လည္း မတတ္နိုင္ေတာ့ အိမ္မွာပဲ လုပ္တယ္၊ ကၽြန္ေတာ္တို႔က မနက္ရွစ္နာရီက ဆယ္နာရီ အိမ္မွာဆုိေတာ့ မုန္႔ဟင္းခါးေလာက္ေတာ့ ေကၽြးမယ္ထင္တာ၊ အိမ္ကလည္းဘာမွ စားမသြားမိၾကဘူး၊ ဟုိက်ေတာ့ ေရခဲမုန္႔ကလည္း ခြက္ထဲ ဇြန္းဖ်ားေလးနဲ႔ ေကာ္ထည့္ထားတာ တကယ့္ကို နည္းနည္းေလး၊ လီွးထားတဲ့ ပလိန္းကိတ္ တစ္ေယာက္တစ္ခ်ပ္ ေဝပံုက်”
“အဟီး အဲ့ဒီဟာေလးေတြ စားၿပီးေတာ့မွ အရမ္းကို ဆာလာတာပဲ၊ အဲဒါမ်ိဳးေပ့ါ ဆင့္ပါးစပ္ ႏွမ္းပက္ဆုိတာ”
“ဟား ဟား ဒီမွာေတာ့ ပြဲေတာ္အုပ္နဲ႔ တုိးေနၿပီ ေမာင္၊ ပုစြန္က်ားဗ်”
“နီလို႔ ရဲလို႔၊ ႂကြပ္လုိ႔ ရြလို႔၊ စားရမွာလား အေဖ”
“အို ေမာင္ကလည္း အိမ္က်မွ ထမင္းစားပါေတာ့”
“ေအာင္မာ အဲဒီေတာ့ မင္းက ငါ့ကုိ ဘဲဥျပဳတ္ဆီဆမ္းေကၽြးမွာ မဟုတ္လား”
“အေမ့လက္ရာေလး လြမ္းလြန္းလို႔ဗ်ာ”
“အလြမ္းေျပေလး အလြမ္းေျပေလး”
READ Relationship တစ္ခု တည္ျမဲဖုိ႕ဆိုတာ မိန္းကေလးဘက္က အျပဳအမႈနဲ႕လည္း အမ်ားၾကီးသက္ဆိုင္ေနတတ္ပါတယ္။

သားေတြက တစ္ေယာက္တစ္ေပါက္ ရယ္ေမာေျပာေနစဥ္ ေဒၚလွေမက ငါးေယာက္ဆံ့ေသာ စားပြဲဝုိင္းကေလးကို ခင္းၿပီး ထမင္းအျမန္ခူးသည္။ ဦးေအာင္ျမတ္က ပိုက္ဆံေလးငါးက်ပ္ကို လက္ထဲမသိမသာ ဝွက္ယူသြားကာ လမ္းထိပ္ထမင္းဆုိင္သို႔ ေျပးသည္။ လက္ထဲတြင္ ထမင္းထုပ္ႏွင့္ သခြားသီးႏွစ္လံုး ပါလာသည္။

အေမ့ထမင္းဝိုင္းေလးက ပုစြန္က်ားဟင္း၊ ကင္ပြန္းရြက္ခ်ဥ္ရည္၊ ငါးပိေဖ်ာ္ရည္၊ အတုိ႔အျမႇပ္ စံုစံုလင္လင္ႏွင့္ ၿမိဳင္ၿမိဳင္ဆုိင္ဆုိင္ရွိသည္။ ငါးေယာက္စားပြဲကို ေျခာက္ေယာက္ထိုင္ေတာ့ အတန္ငယ္က်ပ္တည္းေသာ္လည္း သားေတြက ပုိၿပီးေပ်ာ္ေနဟန္ပင္ ရွိေလသည္။

“စားၾက စားၾက၊ ငါ့သားေတြ ေကၽြးခ်င္လုိ႔ေမွ်ာ္ေနတာ” ဟု အေဖႀကီးက ျပံဳးျပံဳးေျပာသည္။

“ငါကေတာ့ ငါ့မိန္းမကို ဦးခ်ၿပီ ေမာင္”

သားႀကီးက ေခၽြးမႀကီး၏ ပန္းကန္ထဲသုိ႔ ပုစြန္တစ္ေကာင္ ခပ္ထည့္ ေပးသည္။

“စုကေတာ့ စုေယာက္်ားကို ဦးခ်တယ္”
“ဒါမ်ိဳးေလးေတြေၾကာင့္ ခ်စ္ရတာ၊ ေရာ့ဗ်ာ၊ ေမာင္ကတစ္လွည့္ ျပန္ထည့္ေပးမယ္ေနာ္”
“မ်က္စိရွက္တယ္ဗ်ိဳ႕၊ ကုိယ့္ပန္းကန္ထဲ ကိုယ့္လက္နဲ႔ပဲ၊ ထည့္မယ္ေဟ့မိန္းမ ထည့္စား”

သူတုိ႔ထမင္းပြဲကား တဝါးဝါးတဟားဟားႏွင့္ ရယ္ေမာသံ ညံေနသည္။

“ေဟ့ တစ္ေယာက္တည္း ခ်န္မထားေကာင္းဘူး၊ ဒီေကာင္တစ္ေကာင္တည္း ပ်င္းေနမွာေပါ့”
“အုိ ေမာင္ကလည္း အေမတုိ႔ဖို႔ က်န္ေသးရဲ႕လား”
“အေဖတုိ႔ ခုပဲ စားၿပီးပါၿပီကြာ”

တစ္ေကာင္တည္း က်န္ေတာ့ေသာ ပုစြန္ႀကီးကုိ သားႀကီးက လွမ္းႏိႈက္မွ ေခၽြးမက ေယာကၡမႏွစ္ဦးအား သတိရသည္။ ဦးေအာင္ျမတ္က ခြင့္လႊတ္စြာျပံဳးရင္း မုသားမဆုိစဖူး ဆုိလုိက္ေလသည္။

ေဒၚလွေမကေတာ့ ပီပီျပင္ျပင္ မျပံဳးႏုိင္၊ ကိုယ့္သားေတြ စားေနတာကို ေက်နပ္ၾကည္ျဖဴေသာ္လည္း ေခၽြးမေတြ၏ ပန္းကန္ထဲက ပုစြန္အေကာင္ႀကီးမ်ားကိုေတာ ့ႏွေျမာမိသည္မွာအမွန္။ ကိုယ္မစားရတာက ကိစၥမရွိ။ အေဖႀကီးပါ စားရေတာ့မည္ မဟုတ္ဟု ေတြးမိေတာ့ ေအာင့္သက္သက္ကေလးေတာ့ ျဖစ္မိသည္။ သားကေတာ့ သား၊ ေခၽြးမကေတာ့ ေခၽြးမပင္။ ေခၽြးမကို သမီးအရင္းလုိ သေဘာမထားရေကာင္းလားဟု အျပစ္တင္ကလည္း ခံ႐ုံသာရွိသည္။ သမီးလို သေဘာမထားႏုိင္သည္ကေတာ့ အမွန္ပင္။ သူတုိ႔ကလည္း ကိုယ့္ကုိ အေမလုိ သေဘာထားသည္ မဟုတ္ဟု ေတြးမိသည္။ အေမ့အိမ္သာ ဆုိလွ်င္ေတာ့ “ဟာ အေမတုိ႔ဖို႔ ရွိေသးရဲ႕လား” ဟုမစားခင္ကတည္းက ေမးမည္ထင္သည္။ ကိုယ့္ေယာက္်ား ပန္းကန္ထဲသို႔ ဦးခ်မထည့္မီ မိဘအတြက္ အရင္ပန္းကန္ေလးနဲ႔ သတ္သတ္ခြဲၿပီး ဖယ္ထားလိမ့္မည္ ထင္သည္။

“စားလုိ႔ေကာင္း ဝါးလုိ႔ေကာင္း ဗိုက္လည္းေဖာင္းၿပီ အေမေရ႕”

သားေတြက ျပန္ေျပာေတာ့ ေတြးလက္စ အေတြးျပတ္ၿပီး ဝမ္းသာအားရ ျပံဳးမိသည္။ သူတုိ႔မယားေတြက ခ်က္ေကၽြးတာမဟုတ္ဘူး၊ အေမ့အိမ္ေရာက္မွ စားၾကရတာ၊ စားၾကပါေစ။ သူတုိ႔ကလည္း မိန္းမ ေရွ႕ထားၿပီး ဘယ္မ်ိဳက်ပါ့မလဲ။ သူတုိ႔မိန္းမေတြပါ စားမွ မ်ိဳက်ေတာ့မေပ့ါ။ ဟုတ္တာေပ့ါေလဟု ခ်က္ခ်င္းပင္ ခြင့္လႊတ္စိတ္ ျပန္ဝင္လာသည္။ ေခၽြးမအငယ္က ပန္းကန္ေတြ ထိုင္ေဆးမည္ျပဳေတာ့ “အဲ သြားသြား၊ ဝတ္ေကာင္းစားလွေတြ ဝတ္ၿပီး ေဆးမေနနဲ႔၊ ထားခဲ့ ထားခဲ့၊ အေမေဆးလိုက္ပါ့မယ္” ဟု ေစတနာအရင္းခံႏွင့္ ေျပာၿဖစ္သည္။ ေခၽြးမေလးက “ဟာ အေမကလည္း မဟုတ္တာ၊ ေဆးေပးခဲ့ပါ့မယ္” ဟုဇြတ္ေျပာၿပီး ဇြတ္ပင္ ေဆးေၾကာသြားသည္။ ေခၽြးမႀကီးေတြက စားပြဲႀကီးသုတ္ၿပီး တံျမက္စည္းလွမ္းသြားၾကေတာ့ မီးဖုိေခ်ာင္ေလးက ျပန္ၿပီး သန္႔ရွင္း သပ္ရပ္သြားသည္။

“ကဲ မိန္းမ၊ မွတ္ထားစမ္း ငါက အေမ့အိမ္မွာ ဒီလိုပဲ ေန႔တုိင္းစားလာတယ္ဆုိတာ မွတ္ထား”
“အေမခ်က္တဲ့ ခ်ဥ္ရည္ဟင္းကို ဘယ္သူမွမီေအာင္ မခ်က္နိုင္ဘူး၊ လွ်ာထဲကုိ စြဲေနတာပဲ”
“ေအာင္မာ ငါးပိရည္ကအစ အေမမ်ား ေဖ်ာ္ထားရင္ ေမႊးၿပီး ခ်ိဳေနတာ”

သားေတြက တစ္ေယာက္တစ္ေပါက္ ခ်ီးက်ဴးၾကေတာ့ အေဖႀကီးဦးေအာင္ျမတ္က “အဲဒါ ငါ့မိန္းမကြ၊ မွတ္ထား” ဟုျပံဳးျပံဳးႀကီးဆိုသည္။ သားေတြေရာ ေခၽြးမေတြေရာ ဝါးခနဲရယ္ၾကစဥ္ ေဒၚလွေမ ေက်နပ္ျပံဳးႏွင့္ ရွက္ျပံဳးကုိ တစ္ၿပိဳင္နက္ ျပံဳးမိေလသည္။

သားေတြ ေခၽြးမေတြ ျပန္သြားေတာ့ ဆယ့္တစ္နာရီပင္ ထုိးၿပီးေလၿပီ။ စကားေျပာသံ၊ ရယ္ေမာသံမ်ားႏွင့္ ဆူညံစုိျပည္ေနေသာ အိမ္ကေလးသည္ ခ်က္ခ်င္းပင္ တိတ္သြားသည္။ ေျခာက္ကပ္သြားသည္။ အေမခ်က္ထားေသာ ပုစြန္က်ားကေလးမ်ားလည္း ဟုိအိမ္ သည္အိမ္ မွ်ၿပီးပါသြားၾကၿပီ။

“ကဲ အေမေရ ထမင္းစားၾကစုိ႔”
“ဆာလွၿပီလား”
“ဆာၿပီေပါ့ကြာ၊ သားေတြ မ်ိဳမက်မွာစိုးလို႔ စားၿပီးသားေျပာထားေတာ့ ကုိယ့္စကားနဲ႔ကုိယ္ ထမင္းလည္း မစားရဲ၊ ေတာ္ပါေသးရဲ႕ေမာင္မင္းႀကီးသားေတြ ေစာေစာျပန္ေပလို႔”

ဦးေအာင္ျမတ္က စားပြဲဝိုင္းေလးခ်ကာ ထမင္းဇလံုကို ထဆြဲသည္။ ေစာေစာတုန္းက သားေတြမ်က္ႏွာ ၾကည့္ၿပီး ေျပာဆုိေနရသၿဖင့္ အဆာေျပသလိုလို ရွိေနေသာ္လည္း ယခုက်ေတာ့ ရင္ထဲတြင္ပူေနေအာင္ ဆာလာေလသည္။

“ခဏေစာင့္ပါဦး၊ ဟင္းေလး ေႏႊးလိုက္ဦးမယ္”

ေဒၚလွေမက အုိးထဲတြင္ တစ္ပန္းကန္စာေလာက္ က်န္ေနေသာ ခ်ဥ္ရည္ဟင္းေလးကို မီးဖိုေပၚတင္ၿပီး ေႏြးသည္။ ငါးပိရည္ ထပ္ေဖ်ာ္သည္။ သခြားသီးစိတ္ကေလးမ်ား စိတ္ၿပီးေတာ့ ပုစြန္ခ်က္ထားေသာ ဒယ္အိုးထဲတြင္ ထမင္းထည့္ၿပီးနယ္ရင္း ညေနက်ရင္ေတာ့ ေျမပဲေလး ငါးမူးဖိုးေလာက္ဝယ္ၿပီး ထမင္းႏွင့္ နယ္စားရမွာပဲဟု ေတြးမိသည္။

“ကဲ ေရာ့ အေဖစားႏွင့္၊ ခ်ဥ္ရည္ခပ္လုိက္ဦးမယ္”

အိုးလူးထမင္းကို ဦးေအာင္ျမတ္၏ ပန္းကန္ထဲ အကုန္ထည့္ေပးလိုက္ၿပီး ခ်ဥ္ရည္ဟင္းခပ္သည္။

“အေမ တစ္ဝက္ယူေလ”
“ေနပါေစ အေဖစားပါ”
“တစ္ဝက္စီေပါ့ကြာ၊ ေပးပန္းကန္”

ဦးေအာင္ျမတ္က သူ႔ပန္းကန္ထဲမွ အိုးလူးထမင္းကို တစ္ဝက္ျပန္ခြဲ ထည့္ေပးသည္။

“ရသာတဏွာဆုိတာ တယ္ၿပီး ျဖတ္ႏိုင္ခဲတာပဲေနာ္၊ သက္ရွိသတၱဝါေတြ အကုန္လံုးဟာ လွ်ာေလးတစ္ေခ်ာင္းရဲ႕အလိုေနာက္ကို ေကာက္ေကာက္ပါေအာင္ လုိက္ေနၾကတာ အေမရဲ႕၊ တုိ႔တစ္ေတြလည္း အပါအဝင္ေပါ့ကြာ၊ ကိုယ့္အသက္ ကိုယ္ခႏၶာက်ေတာ့ နာမွာက်င္မွာ ေသမွာ ေၾကာက္လိုက္တာ သူမ်ားအသက္ သူမ်ားခႏၶာက်ေတာ့ တယ္ၿပီး စားလို႔ေကာင္း ဝါးလုိ႔ေကာင္း၊ တရားရဲ႕လား မစဥ္းစားၾကဘူး”
“ဟုတ္တာေပ့ါ”

ေဒၚလွေမက ေခါင္းညိတ္ေထာက္ခံမိသည္။ သူမ်ားအသက္ သူမ်ားခႏၶာဟူေသာ စကားက ရင္ထဲကို လွ်ပ္စီးေၾကာင္းလုိ စီးဝင္သြားသည္။ မ်က္စိထဲတြင္ ျမင္ေနဆဲၿဖစ္ေသာ ပုစြန္က်ား နီနီရဲရဲႀကီးမ်ားက ခ်က္ခ်င္းေပ်ာက္မသြားေသာ္လည္း အတန္ငယ္ေတာ့ ေမွးမိွန္သြားသည္။

“သားေတြ သမီးေတြကေတာ့ စားလိုက္ၾကတာ ၿမိန္ၿမိန္ရွက္ရွက္၊ အားရစရာေနာ္၊ သူတုိ႔ေတြကေတာ့ လူငယ္ေတြ မဟုတ္လား။ ဒီသေဘာကို ဘယ္ဆင္ျခင္ႏုိင္ဦးမွာလဲ၊ တုိ႔တစ္ေတြကေတာ့ သခ်ႋဳင္းကုန္းနားကို ေျခတစ္ဖက္ ေရာက္ေနၿပီပဲဟာ၊ တရားမရွိေတာင္ တရားကိုသိ႐ုံေတာ့ သိသင့္တာေပါ့ေနာ္ ဟုတ္ဘူးလား အေမ”
“ဟုတ္တာေပါ့ရွင္”

ဒီတစ္ခါေတာ့ အာ႐ုံတန္းေနဆဲျဖစ္ေသာ ပုစြန္က်ားႀကီးမ်ား မ်က္စိထဲမွ ေပ်ာက္သြားသည္။ သူ႔အား ၾကင္နာစြာ ၾကည့္ေနေသာ အေဖႀကီးအား ၾကည္ၾကည္လင္လင္ ျပံဳးျပမိသည္။

“ဘာတဲ့ကြာ ခုနတုန္းက ဆိုတာ၊ ေကာင္းလိုက္တဲ့ သီခ်င္းကေလး၊
အဘြားႀကီးက အဘိုးႀကီးကို ေမာင္ေတြဘာေတြ ေခၚပါဦး ဆုိလား ဟား ဟား”
“ေခၚႏုိင္ပါဘူးေတာ္”

ေဒၚလွေမက မ်က္ေစာင္းေလး မသိမသာဝဲရင္း သခြားသီးေလး တစ္စိတ္ေကာက္ဝါးသည္။

သခြားသီးက ခ်ိဳၿပီး ေအးေနေလသည္။

မစႏၵာ
မေဟသီ၊ ဩဂုတ္၊ ၁၉၈၄။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မစႏၵာ

#Unicode version#
ဟိုတစ်ဖက်က ငါးမြစ်ချင်းဆိုင်တွင် လူအုံနေသော်လည်း ပုစွန်ကျားဆိုင်ရှေ့တွင် လူရှင်းနေသည်။ ပုစွန် လာကိုင်ကြည့်လိုက်၊ ဈေးမေးလိုက်၊ “အင်း” ဟူ၍ သက်ပြင်းချကာ ပြန်သွားလိုက်နှင့် ပုစွန်သည် မပုစိန်လည်း တော်တော်လေး စိတ်တိုနေပြီဖြစ်သည်။ ထို့ကြောင့်လည်း “အပျင်းပြေ လာကိုင်ကြည့်လို့ ရတယ်နော်၊ တစ်ဆယ်သားကို ၆ကျပ်ကြီးများတောင် ရောင်းတာ” ဟု အငေါ်တူးပြီး အော်လေသည်။
“မြတ်စွာဘုရား ခြောက်ကျပ်တဲ့”

ဆိုင်ရှေ့တွင် ရပ်ပြီး ဈေးမေးတော့မည်ပြုသော ဒေါ်လှမေ၏ ပါးစပ်သည် အလိုလို ပြန်ပိတ်သွားသည်။ “တစ်ဆယ်သား ခြောက်ကျပ်ဆိုတော့ ဆယ့်ငါးကျပ်သားဝယ်ရင် ကိုးကျပ်၊ အင်း မစားရက်စရာကြီးပါလား” ဟု စဉ်းစားမိသည်။ မျက်စိရှေ့တွင် ပုစွန်ကြီးသည် ငွေပုံကြီးအသွင်သို့ ပြောင်းလဲသွားသလို ထင်မိသည်။ ဒီငွေတွေကို ဝမ်းထဲ မျိုချရမှာကတော့ နှမြောစရာ။

“မယူဘူးလား အန်တီကြီး”
“ဈေးကောင်းလိုက်တာအေ”
“ပစ္စည်းကောင်းလို့ ဈေးကောင်းတာ အန်တီကြီးရဲ့၊ ဟောဒီမှာကြည့် ခေါင်းတောင် မကျိုးသေးဘူး၊ စိမ်းလို့ လတ်လို့ ဒါမျိုးဆိုတာ တစ်ခါတလေမှ ရတာ စားစမ်းပါ”
“ကင်ပွန်းချဉ်ရွက်လေး ချဉ်ရည်ချက်ပြီး ပုစွန်ကျားချိုချိုလေးနဲ့ စားလိုက်ရရင်တော့၊ အင်း အဖေကြီးကလည်း ကြိုက်ရှာတယ်”

ဒေါ်လှမေသည် ကြက်သွန်နီ အကွင်းလိုက် အုပ်ချက်ထားသော ပုစွန်ကျား အကောင် နီနီရဲရဲကြီးများကို တွေး၍မြင်ယောင်ရင်း တံတွေးကို မသိမသာ မျိုချသည်။

“ကဲ ဘယ်လောက်သားလဲ၊ ငါးဆယ်သား ချိန်လိုက်ရမလား”
“အမလေး မရက်စက်ပါနဲ့အေ”

ဒေါ်လှမေက ယောင်ယမ်းပြီး ခြေတစ်လှမ်း နောက်ဆုတ်မိသည်။ ထို့နောက် “ညည်းတို့ ပုစွန်ကျားကလဲ ကုဋေရှစ်ဆယ် သူဌေးသားတောင် နေ့တိုင်းစားရင် မွဲရချည်ရဲ့” ဟု ခပ်ငေါ့ငေါ့လေး ပြောမိသည်။

“ကောင်းလွန်းလို့ပါ အန်တီကြီးရယ်၊ ဈေးပေါရင်တော့ ပစ္စည်းညံ့ပဲ ရမှာပေါ့၊ ဟုတ်ဘူးလား”

မပုစိန်က တစ်ဖက်ဆိုင်ကို မေးငေါ့ကာ အသံကိုမြှင့်၍ပြောသည်။ ပစ္စည်းချင်းတူသော်လည်း တစ်ဖက်ဆိုင်မှ ပုစွန်ကျားက အကောင်သေးကာ ခေါင်းကပြုတ်နေပြီး အရောင်ကလည်း နီနီနှင့် မလတ်တလတ်မို့ သူက ပြောအားရှိနေသည်။

တစ်ဖက်ဆိုင်မှ မိန်းမက သူတို့ဘက်သို့ မျက်စောင်းဝဲလိုက်ပြီး

“ပေါတယ်နော် ပေါတယ်၊ ဟောဒါမျိုးကိုစား ကျားမှကျား၊ တစ်ဆယ်သား သုံးကျပ်ခွဲ၊” ဟု အသံကုန်ဟစ်သည်။
“အင်း အဲဒါဝယ်ရင်တော့ တစ်ဝက်လောက် သက်သာတယ်”

ကွန်ပျူတာထက်ပင် မြန်သောဒေါ်လှမေ၏ ဦးနှောက်က ဖျတ်ခနဲ တွက်လိုက်မိပြန်သည်။

“အင်း ဒါပေမဲ့ သုံးဆယ့်ငါးကျပ်ဈေး ပေးပြီး အပုပ်မစားဘူး၊ ခြောက်ဆယ်ဈေးပေးပြီး အကောင်းပဲ စားတော့မယ်။ ဘာဖြစ်သေးလဲ တစ်ခါတလေ စားတာ၊ အဖေကြီးက ပင်စင်စားမို့ ငါ့ကိုဟင်းကောင်းတောင် မကျွေးတော့ပါဘူးလို့ စကားနာထိုးတာ နှစ်ခါတောင် ရှိနေပြီ” ဟု ဆက်၍တွေးမိတော့ ခြေနှစ်လှမ်း ပြန်တိုးလိုက်မိသည်။ စိမ်းပြီးလတ်နေသော အကောင်ကြီးများကို ခပ်ရဲရဲကောက်ကိုင်ကာ “ဆယ့်ငါးကျပ်သားလောက် ချိန်စမ်းအေ” ဟု လေသံတင်းတင်းနှင့် ပြောလိုက်သည်။ “အင်း တကယ်မစားရသေးဘူး၊ ဝယ်ရတာတောင် အရသာ ရှိလိုက်တာဟဲ့” ဟု ဆက်၍တွေးနေရင်း တစ်ဦးတည်း ပြုံးမိလေသည်။

“ဟောဒီမှာကြည့်၊ အသာကြီး”
“အလေးတော့ မှန်ပါတယ်နော်”
“ကြိုက်တဲ့နေရာမှာ သွားချိန်၊ ချိန်ပြီးမှ ပိုက်ဆံပေး၊ ပုစိန်တို့က ကြိုက်ဈေးပြောရောင်းတာ အလေးမခိုးဘူး”

ချိန်ခွင်ခွက်ထဲမှ ပုစွန်ကျားများကို ခြင်းတောင်း ထိုးမခံသေးဘဲ တစ်ကောင် နှစ်ကောင် ရေတွက်မိသည်။ စုစုပေါင်း ခုနစ်ကောင်။ တစ်ဆယ့်ငါးကျပ်သားကို ဒီလိုအရွယ် ပုစွန်ကျား ခုနစ်ကောင်ရသည် ဆိုကတည်းက အလေးမခိုးမှန်းတော့ အသိသာကြီးပင်။

“မချိန်ပါဘူးအေ၊ ပါးစပ်က အကျင့်ပါနေလို့သာ ပြောတာ၊ ယုံပါတယ်”

ဒေါ်လှမေသည် လေချိုသွေးလိုက်ပြီး လက်ထဲမှ တစ်ဆယ်တန်ကို လှမ်းပေးသည်။ ဒီနေ့တော့ လျှာရင်းမြက်မြက်လေး စားလိုက်ဦးမည်။ ခုနတုန်းက ဈေးအဝမှ ကင်ပွန်းချဉ်ရွက်တွေ တွေ့ခဲ့သည်။ တစ်စည်းကို ပြားခြောက်ဆယ်တဲ့။ ကင်ပွန်းချဉ်ရွက် တစ်စည်းကို ကန်စွန်းရွက်တစ်စည်း ရောပြီး ချဉ်ရည်ချက်၊ ငါးပိရည်ကျိုထဲတွင် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်း ထောင်းထည့်၊ အိမ်နောက်ဖေး ကပြင်နားတွင် မြေကလေးတစ်တောင်လောက်တွင် ကပ်ပြီးပေါက်နေသော ခရမ်းကဖော့ပင်က အသီးလေးတွေ ခူးပြီး ရေနွေးဖျော၍ တို့၊ ဒေါ်လှမေ တွေးရင်းပင် လျှာစိုလာသည်။

“မမမေ ဘာရခဲ့လဲ”

ဈေးကအပြန် လမ်းတွင်တော့ မျက်စောင်းထိုးအိမ်မှ ဒေါ်စိန်အေးနှင့် တွေ့သည်။ ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်စည်းတို့ကို အောက်ဘက်ပို့ပြီး ပုစွန်ကျားကို မြင်သာထင်သာ အပေါ်ပြောင်းထည့်ခဲ့မိသည့်အတွက် ဒေါ်လှမေ ကျေနပ်သွားသည်။ ဒေါ်စိန်အေး၏ မျက်လုံးက ခြင်းတောင်းထဲ လှမ်းကြည့်လိုက်သည်ကို မြင်တော့ ပိုပြီးကျေနပ်သွားသည်။ တစ်ဆယ်သား ခြောက်ကျပ်ဆိုတာ လူတိုင်းစားနိုင်တာ မှတ်လို့။

“မမမေတို့က စနေနေ့ သားတွေ ချွေးမတွေ လာတတ်လို့ ဟင်းကောင်း ချက်ကျွေးတော့မယ် ထင်တယ်”

ဒေါ်စိန်အေး၏ စကားကိုကြားတော့ ကျေနပ်စိတ်နှင့် ဝင်းမှေးနေသော ဒေါ်လှမေ၏မျက်လုံးအစုံသည် ရုတ်ခနဲ ပြူးထွက်လာသည်။

“ဟုတ်သားပဲ၊ ဒီနေ့ စနေနေ့၊ အဖေကြီးက ရုံးသမားမဟုတ်တော့ လို့ ငါမေ့နေတာ၊ ဒီလိုဆို ပုစွန်အစိတ်သားလောက် ဝယ်မိရင်ကောင်းသား”

ဒေါ်လှမေက တွေးပြီး စိတ်မကောင်းဖြစ်သွားသည်။

သူတို့မှာက အဘိုးကြီး အဘွားကြီး နှစ်ဦးတည်း၊ ပင်စင်လစာလေးနှင့် ခြစ်ခြစ်ခြုတ်ခြုတ် နေရသော်လည်း သားတွေလာလျှင် မရှိ ရှိတာလေးတွေ ထုတ်ပြီး ကောင်းနိုးရာရာလေးတွေတော့ ကျွေးချင်သည်။ အမေ့လက်ရာကို အားပါးတရ ထိုင်စားနေသော သား၏ မျက်နှာကိုကြည့်ပြီး ကြည်နူးချင်သား။ သားသုံးဦးစလုံးကို သူတို့ပညာအပြည့် သင်ပေးခဲ့သည်ဖြစ်၍ သင့်တင့်သော အလုပ်အကိုင်၊ သင့်တင့်သော ဝင်ငွေနှင့် အသင့်အတင့် ချောင်လည်ကြလေသည်။

“သူတို့ဟာ သူတို့စားနိုင် သောက်နိုင်နေရင် ဝမ်းသာနေရတာပါပဲ၊ တို့ကို ပြန်ထောက်ဖို့ မလိုပါဘူး”

အဖေကြီး ဦးအောင်မြတ်က ပြောတတ်သည်။ ဒေါ်လှမေကတော့ အမေမို့လားမသိ၊ သားတွေ မြေးတွေကို ဘာကျွေးရပါ့မလဲ။ ဘာပေးရပါ့မလဲနှင့် စဉ်းစားတတ်သည်။ သားတွေဆီကလည်း ပြန်ပြီးမျှော်လင့်မိသည်ကတော့ အမှန်ပင်။

“အင်း သားသုံးယောက် တစ်ယောက်ကို ငါးဆယ်ထောက်ရင်တောင် သုံးယောက်ဆိုတော့ တစ်ရာ့ငါးဆယ်၊ ဒါဆိုရင် ကုသိုလ်ကောင်းမှုလေး ဘာလေး ပြုနိုင် လှူနိုင် တန်းနိုင်မှာပေါ့” ဟုတွေးမိသည်။

သို့သော် သားတွေ ချွေးမတွေကလည်း အဘိုးကြီး အဘွားကြီး နှစ်ယောက်တည်း ပင်စင်လစာနှင့် အေးအေးဆေးဆေး စားနေနိုင်သည်ဟု ယူဆ၍လား၊ ဒါမှမဟုတ် မသိချင်ယောင်ဆောင်သည်လားတော့ အသေအချာ မသိ။ ငါးဆယ်မပြောနှင့် အစိတ်ပင် မထောက်ပံ့ကြချေ။ အိမ်လာလျှင်တော့ သရက်သီးလေးအစ၊ ကိတ်မုန့်လေးအစ ဝယ်ခြမ်းလာတတ်ကြသည်။ ဒါ့အပြင် တစ်ပြားမှထွက်မလာ။

သူကလည်း စိတ်ထဲကသာ မြှော်မြင်မိသော်လည်း နှုတ်ကတော့ ထုတ်မပြောတော့ပေ။ ဟိုတစ်ခါတုန်းက နှုတ်ကထုတ်ပြောမိတုန်းကတော့ အိမ်က အဖေကြီးနှင့် စကားများရသည်။ အဖေကြီးက ပြတ်သည်။ သားတွေကို လုံးဝအားမကိုး။ လိုချင်မျက်စိလည်း မရှိ။ ရကောင်းစေဟူ၍လည်း သဘော မထား။ စောစောထ လမ်းလျှောက်၊ နေ့ခင်းတရားထိုင်၊ တရားစာအုပ် ဖတ်၊ တစ်ခါတစ်ရံလည်း အပေါင်းအသင်းများနှင့် တရားဆွေးနွေး ညရောက်လျှင် ဘုရားစင်ရှေ့၌ တရားထိုင်၊ ထို့နောက် ဘုရားရှိခိုး၊ အမျှဝေပြီး ချမ်းသာစွာ အိပ်စက်လေသည်။ ဟိုတွေးဒီတွေး တလူးလူး တလွန့်လွန့်နှင့် အိပ်မပျော်သောညဟူ၍ သူ့မှာ မရှိသေး။
READ လူကြီး ဖြစ်ပြီလား

“အမေ”
“ဟောတော့ အဖေ”

ကိုယ့်စိတ်ကူးနှင့်ကိုယ် တစိုက်စိုက် လျှောက်လာသော ဒေါ်လှမေသည် သူ့လက်ကို တစ်စုံတစ်ဦးက လှမ်းဆွဲလိုက်သောအခါမှ တုံခနဲရပ်သွားသည်။ သူ့ကိုပြုံးရယ်ပြီး ကြည့်နေသော ခင်ပွန်းသည် ဦးအောင်မြတ်အား ယောင်ကန်းကန်းနှင့် ပြန်ကြည့်မိသည်။

“လမ်းလျှောက်ပြန်လာတာ၊ အမေ့ကိုတွေ့ရလို့ ရပ်စောင့်နေတာ ဘာတွေ စဉ်းစားလာတာတုံး”
“ဒီလိုပါပဲ”

ဦးအောင်မြတ်က ဒေါ်လှမေ၏ လက်ထဲမှ ဈေးခြင်းတောင်းကို လှမ်းယူသည်။

“ဟာ ပုစွန်ကျားတွေ ဘာတွေနဲ့ပါလား”
“ဟုတ်တယ်၊ အဖေကြိုက်တယ် မဟုတ်လား”
“ကြိုက်တော့ ကြိုက်တာပေါ့၊ ဒါပေမဲ့ ဈေးကြီးမှာပေါ့ အမေရယ်”
“အို တစ်ခါတစ်လေပဲဟာ”

ဒေါ်လှမေက မျက်စောင်းလေး မသိမသာ ဝဲကာ ပြောမိသည်။ ဦးအောင်မြတ်က ဆွဲခြင်းကိုဆွဲကာ လျှောက်တော့ သူက ဘေးမှယှဉ်လျှောက်ရင်း “အဖေကြိုက်သလို ကြက်သွန်နီ အကွင်းကြီးတွေအုပ်ပြီး ကြော်ပေးမယ်လေ၊ နောက်ပြီ ကင်ပွန်းရွက် ချဉ်ရည်လေး ချက်ပေးမယ်၊ ကြိုက်တယ် မဟုတ်လား” ဟု တယုတယ ပြောမိစဉ် လမ်းမှလူပျိုပေါက်ကလေး နှစ်ဦးက သီချင်းတစ်ပုဒ်ကို အော်ဆိုလိုက်သောကြောင့် အတန်ငယ်ရှက်သွားသည်။

“အဘွားကြီး မင်းက အဘိုးကြီး င့ါကို မောင်တွေ ဘာတွေခေါ်ပါဦး” တဲ့။

* * *

“နောက်ဆုံးတော့ အဘိုးကြီး၊ အဘွားကြီး နှစ်ယောက်တည်း တစ်ယောက်နဲ့ တစ်ယောက် အဖော်လုပ်ရတော့တာပဲ၊ သားတွေကတော့ သူတို့ အဖော်နဲ့သူတို့၊ ဒီလိုပဲပေါ့လေ၊ ငါတို့ ငယ်ငယ်တုန်းကလည်းကိုယ့်အဖော် ကိုယ်ရှာပြီး မိဘကို ထားခဲ့ကြတာပဲ မဟုတ်လား”

ဒေါ်လှမေက ကြက်သွန်နီဥကြီးများ အကွင်းလိုက်လှီးရင်း စဉ်းစားသည်။ အသက်ကြီးလာတော့ တစ်ဦးနှင့်တစ်ဦး သံယောဇဉ်က ပိုကြီးလာသည်။ အရင်တုန်းကလို တဏှာချစ်၊ ဘယာချစ်နှင့် မဟုတ်တော့ဘဲ အေးမြသောမေတ္တာက အလေးကဲလာသည်။ ထိန်းစရာ ကျောင်းစရာ မြေးမြစ်လည်း မရှိတော့ ဘဝက ပျင်းခြောက်သယောင် ရှိသော်လည်း အေးချမ်းသည်ကတော့ အမှန်ပင်။ ဦးစွာအိမ်ထောင်ကျသော သားအလတ်က ယောက်ျားရော၊ မိန်းမပါ အလုပ်လုပ်သည်။ သားသမီးရလာတော့ နေ့ခင်းတိုင် အဘိုးအဘွားအိမ် လာပို့ထားသောကြောင့် မြေးထိန်းလိုက်ရသေးသည်။ အလုပ်ကတစ်ဖက်၊ လှည်းရကျင်းရ လျှော်ရဖွပ်ရ၊ နို့ဘူးဖျော်ရ၊ အာဟာရမှုန့်ကျိုပြီး ခွံ့ရနှင့် အဘိုးရော အဘွားရော တစ်ချက်ကလေးမျှ မအားကြ ရပေ။ အိမ်ရှေ့အိမ်မှ ဒေါ်ခင်ဝေက “မလှမေတို့က ညံ့တာကိုး၊ တကယ်ဆို မခင်ဝေ နေ့ခင်းအပျင်းပြေအောင် မြေးလေးတွေ ခေါ်ထားပါလား ပြောနေတာ၊ ငါက ငါ့အိမ်မှာ ကြီးတောင့်ကြီးမားနဲ့ ငါ့ထမင်းတောင် ငါအနိုင်နိုင် ချက်စားနေရတာ၊ ထဘီမကပ်အောင် လုပ်မလို့လားအေလို့ ပြန်ပြောလိုက် ရတယ်” ဆိုပြီး အစောကြီးကတည်းက ကြိုကြိုပိုပို ပိတ်ပြောထားပါလားလို့ ပြောသေးသည်။ “ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ၊ ကိုယ်နိုင်သမျှတော့ ကူရမှာပေါ့ရှင်” ဟု သူက ပြန်ပြောခဲ့ရသည်။ ပင်ပန်းသည် မှန်သော်လည်း “သမီးရေ၊ ပူတူးရေ”နှင့် မြှူချော့နေရတော့လည်း အမောပြေသားပင်၊ သို့သော်လည်း ကလေးက အပြင်းဖျားပြီး သွေးလွန်တုပ်ကွေးဖြစ်တော့ အဘိုး အဘွား တရားခံဖြစ်ရလေသည်။ ချွေးမဖြစ်သူက “သွေးလွန်တုပ်ကွေး ခြင်က နေ့ခင်းကိုက်တဲ့ ခြင်” ဟု မျက်စိမျက်နှာ ပျက်ပျက်နှင့် ပြောသည်။ နေ့ခင်းတိုင် ကလေးကို ဂရုမစိုက်၍ ခြင်ကိုက်ရသည်ဟု ဆိုလိုဟန်ရှိသည်။ ကလေးဆေးရုံကဆင်းတော့ ဒေါ်လှမေတို့ဆီ လာမပို့တော့ပေ။ ချွေးမ၏ မိဘများဆီ တစ်လှည့်ရောက်သွားသည်။ မပြောကောင်း ပြောကောင်း သွေးလွန်တုပ်ကွေး ကယ်လိုက်မှ အဖေကြီးလည်း တရားစာအုပ် ပြန်ဖတ်နိုင်တော့သည်ကတော့ အမှန်ပင်။ ဒေါ်လှမေခမျာလည်း ကလေးသေးများနှင့် စိုကာ အကွက်အကွက် ဖြစ်နေသော ဧည့်ခန်းက ကြမ်းကလေးကိုပြန်ပြီး ပြောင်စေရန် တကုန်းကုန်းနှင့် ခါးချည့်အောင် ပွတ်တိုက်ရင်း မြေးကလေးကို လွမ်းခဲ့ရသည်။ သည့်နောက်ပိုင်းတော့ ဘယ်သားကမှလာပြီး ကလေး မထိန်းခိုင်းတော့ပေ။ သွေးလွန်တုပ်ကွေးဖြစ်မှာ ကြောက်သောကြောင့်လား မသိ။ ကလေးထိန်းစာမေးပွဲတွင် အဘိုးအဘွားက ပထမတန်းပင် မအောင်ဘဲ ကျရှုံးသွားခဲ့လေပြီ။

“အမယ် မွှေးလှချည်လားဟ”

ဦးအောင်မြတ်က မီးဖိုထဲဝင်လာကာ ဒေါ်လှမေ၏ ဘေးတွင် ဖင်ထိုင်ခုံဆွဲ၍ ဝင်ထိုင်သည်။ ဒေါ်လှမေက အကွင်းလိုက် လှီးထားသော ကြက်သွန်နီများကို ဒယ်အိုးထဲမှ ပုစွန်နီနီရဲရဲများ အပေါ်သို့ အုပ်ချလိုက်သည်။

“င့ါသားကြီး ကျွေးချင်လိုက်တာ၊ ဒီကောင်က ပုစွန်ကျားများဆို အသေကြိုက်တာ”

ဦးအောင်မြတ်က အမှတ်ရပြောသည်။

“သားသုံးယောက်လုံး ကြိုက်တာပဲ အဖေရယ်၊ အရင်တုန်းကတော့ အဆင်ပြေရင် ပြေသလို ချက်ကျွေးနေကျ၊ ခုတော့ သူတို့မိန်းမတွေက ချက်မှကျွေးပါ့မလား မသိပါဘူး”
“ပူမနေနဲ့၊ ခင်ဗျားသားတွေက ဘဲဥပြုတ်ကလေး စားလို့ကောင်းလိုက်တာ လုပ်နေမှာ”
“ဒီနေ့များ လာမလား မသိဘူး”

ဒေါ်လှမေက တမ်းတမ်းတတ ပြောမိသည်။ ဘာသားလာလာ လာသောသူကို ပုုစွန်ကလေး ကျွေးလိုက်ချင်သည်။ အားရပါးရစားသော သား၏မျက်နှာ တစိမ့်စိမ့်ကြည့်ကာ ကျေနပ်ချင်သည်။

“အမေရေ ဘာဟင်းချက်တုံးဗျ”

စိတ်ထဲတွင် တွေးနေမိနေတုန်း သားကြီး၏ အသံကို ကြားရတော့ ဒေါ်လှမေ မြူးပျော်သွားသည်။

“တယ်မွှေးပါလားဗျ”

ဒါကတော့ သားလတ်၏အသံ။

“ပုစွန်ဟင်းဗျ ကျွန်တော်သိတယ်”

သားငယ်၏ အသံကို ဆက်တိုက်ကြားရတော့ ဒေါ်လှမေ ရင်များပင် ခုန်လာသည်။ သူတို့တစ်တွေ သူတို့အိမ်ထောင်တွေနှင့် အသီးသီးခွဲခွာ သွားကြပြီးသည့် နောက်ပိုင်းတွင် သားသုံးဦးလုံး မိဘအိမ်တွင် မဆုံမိကြတော့။ တစ်ဦးက အဝင် တစ်ဦးက အထွက်နှင့် လွဲနေတတ်သည်။ ခုတော့ ဒင်းတို့တစ်တွေ ချိန်းထားသလား မသိ။

“လူစံလှချေကလားကွ”
“မင်္ဂလာဆောင်မှာ တွေ့လာတာ အဖေရေ့”

သားသုံးဦးလုံး မီးဖိုထဲသို့ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။ ဧည့်ခန်းဘက်မှ ရယ်မောစကားပြောသံများကိုပါ ထပ်၍ကြားရသည်။ ဇနီး မယားများပါ ပါလာဟန်ရှိလေသည်။

“အဲဒါ ဆာနေလို့ အမေတို့ အဖေတို့အိမ် လှည့်ဝင်လာကြတာ”
“မင်္ဂလာဆောင်က အပြန် ဆာတယ်လို့ကွာ”
“ဒီလိုအဖေရ၊ မင်္ဂလာဆောင်တာက ကျွန်တော်တို့ သုံးယောက်လုံးနဲ့ ခင်တဲ့ ကိုဘသောင်းရဲ့သမီးလေ၊ သူတို့က သိပ်လည်း မတတ်နိုင်တော့ အိမ်မှာပဲ လုပ်တယ်၊ ကျွန်တော်တို့က မနက်ရှစ်နာရီက ဆယ်နာရီ အိမ်မှာဆိုတော့ မုန့်ဟင်းခါးလောက်တော့ ကျွေးမယ်ထင်တာ၊ အိမ်ကလည်းဘာမှ စားမသွားမိကြဘူး၊ ဟိုကျတော့ ရေခဲမုန့်ကလည်း ခွက်ထဲ ဇွန်းဖျားလေးနဲ့ ကော်ထည့်ထားတာ တကယ့်ကို နည်းနည်းလေး၊ လှီးထားတဲ့ ပလိန်းကိတ် တစ်ယောက်တစ်ချပ် ဝေပုံကျ”
“အဟီး အဲ့ဒီဟာလေးတွေ စားပြီးတော့မှ အရမ်းကို ဆာလာတာပဲ၊ အဲဒါမျိုးပေ့ါ ဆင့်ပါးစပ် နှမ်းပက်ဆိုတာ”
“ဟား ဟား ဒီမှာတော့ ပွဲတော်အုပ်နဲ့ တိုးနေပြီ မောင်၊ ပုစွန်ကျားဗျ”
“နီလို့ ရဲလို့၊ ကြွပ်လို့ ရွလို့၊ စားရမှာလား အဖေ”
“အို မောင်ကလည်း အိမ်ကျမှ ထမင်းစားပါတော့”
“အောင်မာ အဲဒီတော့ မင်းက ငါ့ကို ဘဲဥပြုတ်ဆီဆမ်းကျွေးမှာ မဟုတ်လား”
“အမေ့လက်ရာလေး လွမ်းလွန်းလို့ဗျာ”
“အလွမ်းပြေလေး အလွမ်းပြေလေး”
READ Relationship တစ်ခု တည်မြဲဖို့ဆိုတာ မိန်းကလေးဘက်က အပြုအမှုနဲ့လည်း အများကြီးသက်ဆိုင်နေတတ်ပါတယ်။

သားတွေက တစ်ယောက်တစ်ပေါက် ရယ်မောပြောနေစဉ် ဒေါ်လှမေက ငါးယောက်ဆံ့သော စားပွဲဝိုင်းကလေးကို ခင်းပြီး ထမင်းအမြန်ခူးသည်။ ဦးအောင်မြတ်က ပိုက်ဆံလေးငါးကျပ်ကို လက်ထဲမသိမသာ ဝှက်ယူသွားကာ လမ်းထိပ်ထမင်းဆိုင်သို့ ပြေးသည်။ လက်ထဲတွင် ထမင်းထုပ်နှင့် သခွားသီးနှစ်လုံး ပါလာသည်။

အမေ့ထမင်းဝိုင်းလေးက ပုစွန်ကျားဟင်း၊ ကင်ပွန်းရွက်ချဉ်ရည်၊ ငါးပိဖျော်ရည်၊ အတို့အမြှပ် စုံစုံလင်လင်နှင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိသည်။ ငါးယောက်စားပွဲကို ခြောက်ယောက်ထိုင်တော့ အတန်ငယ်ကျပ်တည်းသော်လည်း သားတွေက ပိုပြီးပျော်နေဟန်ပင် ရှိလေသည်။

“စားကြ စားကြ၊ ငါ့သားတွေ ကျွေးချင်လို့မျှော်နေတာ” ဟု အဖေကြီးက ပြုံးပြုံးပြောသည်။

“ငါကတော့ ငါ့မိန်းမကို ဦးချပြီ မောင်”

သားကြီးက ချွေးမကြီး၏ ပန်းကန်ထဲသို့ ပုစွန်တစ်ကောင် ခပ်ထည့် ပေးသည်။

“စုကတော့ စုယောက်ျားကို ဦးချတယ်”
“ဒါမျိုးလေးတွေကြောင့် ချစ်ရတာ၊ ရော့ဗျာ၊ မောင်ကတစ်လှည့် ပြန်ထည့်ပေးမယ်နော်”
“မျက်စိရှက်တယ်ဗျို့၊ ကိုယ့်ပန်းကန်ထဲ ကိုယ့်လက်နဲ့ပဲ၊ ထည့်မယ်ဟေ့မိန်းမ ထည့်စား”

သူတို့ထမင်းပွဲကား တဝါးဝါးတဟားဟားနှင့် ရယ်မောသံ ညံနေသည်။

“ဟေ့ တစ်ယောက်တည်း ချန်မထားကောင်းဘူး၊ ဒီကောင်တစ်ကောင်တည်း ပျင်းနေမှာပေါ့”
“အို မောင်ကလည်း အမေတို့ဖို့ ကျန်သေးရဲ့လား”
“အဖေတို့ ခုပဲ စားပြီးပါပြီကွာ”

တစ်ကောင်တည်း ကျန်တော့သော ပုစွန်ကြီးကို သားကြီးက လှမ်းနှိုက်မှ ချွေးမက ယောက္ခမနှစ်ဦးအား သတိရသည်။ ဦးအောင်မြတ်က ခွင့်လွှတ်စွာပြုံးရင်း မုသားမဆိုစဖူး ဆိုလိုက်လေသည်။

ဒေါ်လှမေကတော့ ပီပီပြင်ပြင် မပြုံးနိုင်၊ ကိုယ့်သားတွေ စားနေတာကို ကျေနပ်ကြည်ဖြူသော်လည်း ချွေးမတွေ၏ ပန်းကန်ထဲက ပုစွန်အကောင်ကြီးများကိုတော့နှမြောမိသည်မှာအမှန်။ ကိုယ်မစားရတာက ကိစ္စမရှိ။ အဖေကြီးပါ စားရတော့မည် မဟုတ်ဟု တွေးမိတော့ အောင့်သက်သက်ကလေးတော့ ဖြစ်မိသည်။ သားကတော့ သား၊ ချွေးမကတော့ ချွေးမပင်။ ချွေးမကို သမီးအရင်းလို သဘောမထားရကောင်းလားဟု အပြစ်တင်ကလည်း ခံရုံသာရှိသည်။ သမီးလို သဘောမထားနိုင်သည်ကတော့ အမှန်ပင်။ သူတို့ကလည်း ကိုယ့်ကို အမေလို သဘောထားသည် မဟုတ်ဟု တွေးမိသည်။ အမေ့အိမ်သာ ဆိုလျှင်တော့ “ဟာ အမေတို့ဖို့ ရှိသေးရဲ့လား” ဟုမစားခင်ကတည်းက မေးမည်ထင်သည်။ ကိုယ့်ယောက်ျား ပန်းကန်ထဲသို့ ဦးချမထည့်မီ မိဘအတွက် အရင်ပန်းကန်လေးနဲ့ သတ်သတ်ခွဲပြီး ဖယ်ထားလိမ့်မည် ထင်သည်။

“စားလို့ကောင်း ဝါးလို့ကောင်း ဗိုက်လည်းဖောင်းပြီ အမေရေ့”

သားတွေက ပြန်ပြောတော့ တွေးလက်စ အတွေးပြတ်ပြီး ဝမ်းသာအားရ ပြုံးမိသည်။ သူတို့မယားတွေက ချက်ကျွေးတာမဟုတ်ဘူး၊ အမေ့အိမ်ရောက်မှ စားကြရတာ၊ စားကြပါစေ။ သူတို့ကလည်း မိန်းမ ရှေ့ထားပြီး ဘယ်မျိုကျပါ့မလဲ။ သူတို့မိန်းမတွေပါ စားမှ မျိုကျတော့မပေ့ါ။ ဟုတ်တာပေ့ါလေဟု ချက်ချင်းပင် ခွင့်လွှတ်စိတ် ပြန်ဝင်လာသည်။ ချွေးမအငယ်က ပန်းကန်တွေ ထိုင်ဆေးမည်ပြုတော့ “အဲ သွားသွား၊ ဝတ်ကောင်းစားလှတွေ ဝတ်ပြီး ဆေးမနေနဲ့၊ ထားခဲ့ ထားခဲ့၊ အမေဆေးလိုက်ပါ့မယ်” ဟု စေတနာအရင်းခံနှင့် ပြောဖြစ်သည်။ ချွေးမလေးက “ဟာ အမေကလည်း မဟုတ်တာ၊ ဆေးပေးခဲ့ပါ့မယ်” ဟုဇွတ်ပြောပြီး ဇွတ်ပင် ဆေးကြောသွားသည်။ ချွေးမကြီးတွေက စားပွဲကြီးသုတ်ပြီး တံမြက်စည်းလှမ်းသွားကြတော့ မီးဖိုချောင်လေးက ပြန်ပြီး သန့်ရှင်း သပ်ရပ်သွားသည်။

“ကဲ မိန်းမ၊ မှတ်ထားစမ်း ငါက အမေ့အိမ်မှာ ဒီလိုပဲ နေ့တိုင်းစားလာတယ်ဆိုတာ မှတ်ထား”
“အမေချက်တဲ့ ချဉ်ရည်ဟင်းကို ဘယ်သူမှမီအောင် မချက်နိုင်ဘူး၊ လျှာထဲကို စွဲနေတာပဲ”
“အောင်မာ ငါးပိရည်ကအစ အမေများ ဖျော်ထားရင် မွှေးပြီး ချိုနေတာ”

သားတွေက တစ်ယောက်တစ်ပေါက် ချီးကျူးကြတော့ အဖေကြီးဦးအောင်မြတ်က “အဲဒါ ငါ့မိန်းမကွ၊ မှတ်ထား” ဟုပြုံးပြုံးကြီးဆိုသည်။ သားတွေရော ချွေးမတွေရော ဝါးခနဲရယ်ကြစဉ် ဒေါ်လှမေ ကျေနပ်ပြုံးနှင့် ရှက်ပြုံးကို တစ်ပြိုင်နက် ပြုံးမိလေသည်။

သားတွေ ချွေးမတွေ ပြန်သွားတော့ ဆယ့်တစ်နာရီပင် ထိုးပြီးလေပြီ။ စကားပြောသံ၊ ရယ်မောသံများနှင့် ဆူညံစိုပြည်နေသော အိမ်ကလေးသည် ချက်ချင်းပင် တိတ်သွားသည်။ ခြောက်ကပ်သွားသည်။ အမေချက်ထားသော ပုစွန်ကျားကလေးများလည်း ဟိုအိမ် သည်အိမ် မျှပြီးပါသွားကြပြီ။

“ကဲ အမေရေ ထမင်းစားကြစို့”
“ဆာလှပြီလား”
“ဆာပြီပေါ့ကွာ၊ သားတွေ မျိုမကျမှာစိုးလို့ စားပြီးသားပြောထားတော့ ကိုယ့်စကားနဲ့ကိုယ် ထမင်းလည်း မစားရဲ၊ တော်ပါသေးရဲ့မောင်မင်းကြီးသားတွေ စောစောပြန်ပေလို့”

ဦးအောင်မြတ်က စားပွဲဝိုင်းလေးချကာ ထမင်းဇလုံကို ထဆွဲသည်။ စောစောတုန်းက သားတွေမျက်နှာ ကြည့်ပြီး ပြောဆိုနေရသဖြင့် အဆာပြေသလိုလို ရှိနေသော်လည်း ယခုကျတော့ ရင်ထဲတွင်ပူနေအောင် ဆာလာလေသည်။

“ခဏစောင့်ပါဦး၊ ဟင်းလေး နွှေးလိုက်ဦးမယ်”

ဒေါ်လှမေက အိုးထဲတွင် တစ်ပန်းကန်စာလောက် ကျန်နေသော ချဉ်ရည်ဟင်းလေးကို မီးဖိုပေါ်တင်ပြီး နွေးသည်။ ငါးပိရည် ထပ်ဖျော်သည်။ သခွားသီးစိတ်ကလေးများ စိတ်ပြီးတော့ ပုစွန်ချက်ထားသော ဒယ်အိုးထဲတွင် ထမင်းထည့်ပြီးနယ်ရင်း ညနေကျရင်တော့ မြေပဲလေး ငါးမူးဖိုးလောက်ဝယ်ပြီး ထမင်းနှင့် နယ်စားရမှာပဲဟု တွေးမိသည်။

“ကဲ ရော့ အဖေစားနှင့်၊ ချဉ်ရည်ခပ်လိုက်ဦးမယ်”

အိုးလူးထမင်းကို ဦးအောင်မြတ်၏ ပန်းကန်ထဲ အကုန်ထည့်ပေးလိုက်ပြီး ချဉ်ရည်ဟင်းခပ်သည်။

“အမေ တစ်ဝက်ယူလေ”
“နေပါစေ အဖေစားပါ”
“တစ်ဝက်စီပေါ့ကွာ၊ ပေးပန်းကန်”

ဦးအောင်မြတ်က သူ့ပန်းကန်ထဲမှ အိုးလူးထမင်းကို တစ်ဝက်ပြန်ခွဲ ထည့်ပေးသည်။

“ရသာတဏှာဆိုတာ တယ်ပြီး ဖြတ်နိုင်ခဲတာပဲနော်၊ သက်ရှိသတ္တဝါတွေ အကုန်လုံးဟာ လျှာလေးတစ်ချောင်းရဲ့အလိုနောက်ကို ကောက်ကောက်ပါအောင် လိုက်နေကြတာ အမေရဲ့၊ တို့တစ်တွေလည်း အပါအဝင်ပေါ့ကွာ၊ ကိုယ့်အသက် ကိုယ်ခန္ဓာကျတော့ နာမှာကျင်မှာ သေမှာ ကြောက်လိုက်တာ သူများအသက် သူများခန္ဓာကျတော့ တယ်ပြီး စားလို့ကောင်း ဝါးလို့ကောင်း၊ တရားရဲ့လား မစဉ်းစားကြဘူး”
“ဟုတ်တာပေ့ါ”

ဒေါ်လှမေက ခေါင်းညိတ်ထောက်ခံမိသည်။ သူများအသက် သူများခန္ဓာဟူသော စကားက ရင်ထဲကို လျှပ်စီးကြောင်းလို စီးဝင်သွားသည်။ မျက်စိထဲတွင် မြင်နေဆဲဖြစ်သော ပုစွန်ကျား နီနီရဲရဲကြီးများက ချက်ချင်းပျောက်မသွားသော်လည်း အတန်ငယ်တော့ မှေးမှိန်သွားသည်။

“သားတွေ သမီးတွေကတော့ စားလိုက်ကြတာ မြိန်မြိန်ရှက်ရှက်၊ အားရစရာနော်၊ သူတို့တွေကတော့ လူငယ်တွေ မဟုတ်လား။ ဒီသဘောကို ဘယ်ဆင်ခြင်နိုင်ဦးမှာလဲ၊ တို့တစ်တွေကတော့ သချႋုင်းကုန်းနားကို ခြေတစ်ဖက် ရောက်နေပြီပဲဟာ၊ တရားမရှိတောင် တရားကိုသိရုံတော့ သိသင့်တာပေါ့နော် ဟုတ်ဘူးလား အမေ”
“ဟုတ်တာပေါ့ရှင်”

ဒီတစ်ခါတော့ အာရုံတန်းနေဆဲဖြစ်သော ပုစွန်ကျားကြီးများ မျက်စိထဲမှ ပျောက်သွားသည်။ သူ့အား ကြင်နာစွာ ကြည့်နေသော အဖေကြီးအား ကြည်ကြည်လင်လင် ပြုံးပြမိသည်။

“ဘာတဲ့ကွာ ခုနတုန်းက ဆိုတာ၊ ကောင်းလိုက်တဲ့ သီချင်းကလေး၊
အဘွားကြီးက အဘိုးကြီးကို မောင်တွေဘာတွေ ခေါ်ပါဦး ဆိုလား ဟား ဟား”
“ခေါ်နိုင်ပါဘူးတော်”

ဒေါ်လှမေက မျက်စောင်းလေး မသိမသာဝဲရင်း သခွားသီးလေး တစ်စိတ်ကောက်ဝါးသည်။

သခွားသီးက ချိုပြီး အေးနေလေသည်။

မစန္ဒာ
မဟေသီ၊ ဩဂုတ်၊ ၁၉၈၄။

ဖိုးသူတော် (www.phothutaw.com)
Credit: မစန္ဒာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top