Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ယခု ျမန္မာနိုင္ငံမွာ H1N1 ေရာဂါပိုးမ်ား ကူးစက္ခံရသူအခ်ိဳ႕ရွိျပီး ေသဆံုးသူေတြလည္း ရွိေနတယ္ဆိုတာ ၾကားသိျပီး ျဖစ္မွာပါ ။ ဒီေရာဂါပိုးဟာ ေလမွတဆင့္ ကူးစက္ျပန္႔ပြားျပီး ကိုယ္ခံအားနည္းသူေတြ ၊ ကေလးငယ္ေတြ ၊ အသက္အရြယ္ၾကီးရင့္သူေတြမွာ ပိုျပီး ကူးစက္နိုင္ေျခ မ်ားပါတယ္ ။

ေရာဂါပိုးေတြ ခႏၶာကိုယ္တြင္း မဝင္ေရာက္ေစဖို႔အတြက္ ကိုယ့္ရဲ႕ ကိုယ္ခံအား ေကာင္းေနဖို႔လိုပါတယ္ ။ ကိုယ္ခံအားေကာငး္မွ ဖ်ားနာျခင္းေတြလည္း အလြယ္တကူ မျဖစ္နိုင္သလို ေရာဂါပိုးေတြလည္း ကူးစက္နိုင္မွာ မဟုတ္ပါဘူး ။ ဒ့ါေၾကာင့္ ကိုယ္ခံအားေကာငး္မြန္ေစမယ့္ အစားအေသာက္ေတြကို ဒီလိုအခ်ိန္မ်ိဳးမွာ မ်ားမ်ားစားေသာက္ေပးဖို႔ လိုပါတယ္ ။

၁။အိပ္ေရးဝဝအိပ္ပါ
အၾကိဳက္ဆံုးနည္းလမ္းပါ ။ အရက္နွင့္ၾကက္သြန္ျဖဴစားပါဆိုတဲ့ နည္းလမ္းထက္ကို ပိုၾကိဳက္ပါတယ္ ။ အိပ္ေရးမဝဘူးဆိုလွ်င္ ကိုယ္ခံအားစနစ္ကို အေနွာင့္အယွက္ျဖစ္နိုင္ျပီး ဖ်ားနာျခင္းေတြ အလြယ္တကူ ျဖစ္နိုင္ပါတယ္ ။ ဒါ့ေၾကာင့္ အိပ္ခ်ိန္ကို ၇နာရီထက္ မနည္းပါေစနွင့္ ။

၂။နႏြင္းမႈန္႕
နႏြင္းမႈန္႔ဟာ ကင္ဆာဆဲလ္ေတြ ေတာ္ေတာ္မ်ားမ်ားကို တိုက္ထုတ္နိုင္ျပီး အသံုးမ်ားတဲ့ ဟင္းခ်က္ပစၥည္းလည္း ျဖစ္ပါတယ္ ။ နႏြင္းမႈန္႔မွာ ပါဝင္တဲ့ အစြမ္းသတၱိက မေကာင္းတဲ့ ေရာဂါပိုးေတြကို တိုက္ထုတ္ေပးနိုင္ျပီး ကိုယ္တြင္းစနစ္ေတြ ေကာင္းမြန္ေအာင္ လႈံေဆာ္ေပးပါတယ္ ။ ဆႏြင္းကို အရည္ေဖ်ာ္၍ေသာက္ျခင္းျဖစ္ေစ ဆႏြင္းကိုလံုးျပီးေသာက္ျခင္းျဖစ္ေစ ကိုယ္ခံအား က်န္းမာေရးအတြက္ ေကာင္းမြန္ေစပါတယ္။

၃။မိႈ
လူေတြစားလို႔ရျပီး က်န္းမာေရးနွင့္ ညီညြတ္တဲ့ မိႈမ်ိဳးကို စားသံုးျခင္းက ကိုယ္ခံအားေကာင္းမြန္ဖို႔အတြက္ အရမ္း အေထာက္အကူျပဳပါတယ္ ။ ကိုယ္ခံအားေကာင္းရံုသာမက ကင္ဆာဆဲလ္ေတြ မျဖစ္ေအာင္လည္း တိုက္ထုတ္နိုင္စြမ္း ရွိပါတယ္။
Image result for vitamin c
၄။ဗီတာမင္စီ
ဗီတာမင္စီဟာ ေရာဂါပိုးကူးစက္ျခင္းနဲ႕ ဖ်ားနာျခင္းေတြမျဖစ္ေအာင္ ကာကြယ္ေပးနိုင္စြမ္းရွိပါတယ္ ။ ေန႔စဥ္ပံုမွန္ ဗီတာမင္စီ ေသာက္သံုးေပးပါ ။ ကိုယ္တြင္းလုပ္ေဆာင္ခ်က္ေတြကို ေကာင္းမြန္ေစျပီး ဗိုင္းရပ္စ္ပိုးမ်ား နွင္ ့ေရာဂါမ်ားမွ ၉၀ ရာခိုင္နႈန္းထိ ကာကြယ္ေပးပါတယ္။

၅။ဗီတာမင္ဒီ
ေဆးပညာဆိုင္ရာ စမ္းသပ္မႈေတြအရ ကင္ဆာဆဲလ္ေတြကို တိုက္ထုတ္နုိင္တဲ့ ဗီတာမင္ကေတာ့ ဗီတာမင္ဒီ ပဲျဖစ္ပါတယ္ ။ ဗီတာမင္ဒီဟာ ဗိုင္းရပ္စ္ ၊ မိႈ ၊ ဘတ္တီးရီးယားေတြကို ေသေစနိုင္စြမ္းရွိပါတယ္ ။ ဗီတာမင္ဒီကို မနက္ေစာေစာ ေနေရာင္ျခည္မွ ရရွိနိုင္ပါတယ္ ။ဒါ့ေၾကာင့္ ေနထြက္စမွာ မိနစ္ ၂၀ ၊ ၃၀ခန္႔ ေလာက္ ေနေရာင္ျခည္မွ တိုက္ရိုက္ရယူဖို႔ အေၾကံေပးလိုပါတယ္။
Image result for chicken soup
၆။ၾကက္စြပ္ျပဳတ္
ေနမေကာင္းရင္ အားရွိေအာင္ ၾကက္စြပ္ျပဳတ္ ေသာက္ၾကတာကို သိမယ္ထင္ပါတယ္ ။ ၾကက္စြပ္ျပဳတ္မွာ ပရိုတင္းေတြ ၊ အမိုင္နိုအက္ဆစ္ေတြ ပါဝင္တာေၾကာင့္ က်န္းမာေရးကို အေထာက္အကူ မ်ားစြာ ျပဳနိုင္ပါတယ္ ။ ဒ့ါေၾကာင့္ ေန႔စဥ္ပံုမွန္ စားေသာက္မႈေတြထဲ ၾကက္စြပ္ျပဳတ္ ပူပူေလးကိုပါ ထည့္သြင္းစားေသာက္ဖို႔ မေမ့ပါနဲ႕ေနာ္ ။ က်န္းမာေရးအတြက္ ပိုျပီးထူးကဲေကာင္းမြန္ေအာင္ ၾကက္သြန္ျဖဴ ၊ ၾကက္သြန္နီ ၊ မုန္လာဥ ၊ တရုတ္နံနံ စသည္တို႔ကို ထည့္ခ်က္ျပီး အရသာရွိတဲ့ ၾကက္စြပ္ျပဳတ္ကို စားသံုးလို႔ ရပါတယ္။
Related image
၇။ ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴကေတာ့ ခႏၶာကိုယ္အတြက္ ေကာင္းက်ိဳးမ်ားစြာ ရွိတာေၾကာင့္ အထူးတလည္ ေျပာစရာ လိုမယ္မထင္ပါဘူး ။ ဘတ္တီးရီးယား ၊ ဗိုငး္ရပ္စ္ေတြနွင့္ ေရာဂါေတြကို မဝင္ေရာက္နိုင္ေအာင္ တိုက္ထုတ္ေပးျပီး ေသြးလည္ပတ္မႈကိုလည္း ေကာင္းမြန္ေစတာေၾကာင့္ ေန႔စဥ္ ၾကက္သြန္ျဖဴ စားသံုးေပးျခင္းက ထိေရာက္မႈရွိနို္င္ပါတယ္ေန္ာ ။ ၾကက္သြန္ျဖဴက ပန္းနာရင္ၾကပ္သမားေတြနဲ႕ ဓါတ္မတည့္တတ္တာကိုေတာ့ သတိထားရပါမယ္။

၈။ေလ့က်င့္ခန္းလုပ္ပါ။
တစ္ေန႔လွ်င္ အနည္းဆံုး နာရီဝက္ခန္႔ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းမ်ား ျပဳလုပ္ေပးျခင္းကလည္း ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN (ေရႊအင္းေလး)

#Unicode Version#
ယခု မြန်မာနိုင်ငံမှာ H1N1 ရောဂါပိုးများ ကူးစက်ခံရသူအချို့ရှိပြီး သေဆုံးသူတွေလည်း ရှိနေတယ်ဆိုတာ ကြားသိပြီး ဖြစ်မှာပါ ။ ဒီရောဂါပိုးဟာ လေမှတဆင့် ကူးစက်ပြန့်ပွားပြီး ကိုယ်ခံအားနည်းသူတွေ ၊ ကလေးငယ်တွေ ၊ အသက်အရွယ်ကြီးရင့်သူတွေမှာ ပိုပြီး ကူးစက်နိုင်ခြေ များပါတယ် ။

ရောဂါပိုးတွေ ခန္ဓာကိုယ်တွင်း မဝင်ရောက်စေဖို့အတွက် ကိုယ့်ရဲ့ ကိုယ်ခံအား ကောင်းနေဖို့လိုပါတယ် ။ ကိုယ်ခံအားကောင်းမှ ဖျားနာခြင်းတွေလည်း အလွယ်တကူ မဖြစ်နိုင်သလို ရောဂါပိုးတွေလည်း ကူးစက်နိုင်မှာ မဟုတ်ပါဘူး ။ ဒ့ါကြောင့် ကိုယ်ခံအားကောင်းမွန်စေမယ့် အစားအသောက်တွေကို ဒီလိုအချိန်မျိုးမှာ များများစားသောက်ပေးဖို့ လိုပါတယ် ။

၁။အိပ်ရေးဝဝအိပ်ပါ
အကြိုက်ဆုံးနည်းလမ်းပါ ။ အရက်နှင့်ကြက်သွန်ဖြူစားပါဆိုတဲ့ နည်းလမ်းထက်ကို ပိုကြိုက်ပါတယ် ။ အိပ်ရေးမဝဘူးဆိုလျှင် ကိုယ်ခံအားစနစ်ကို အနှောင့်အယှက်ဖြစ်နိုင်ပြီး ဖျားနာခြင်းတွေ အလွယ်တကူ ဖြစ်နိုင်ပါတယ် ။ ဒါ့ကြောင့် အိပ်ချိန်ကို ၇နာရီထက် မနည်းပါစေနှင့် ။

၂။နနွင်းမှုန့်
နနွင်းမှုန့်ဟာ ကင်ဆာဆဲလ်တွေ တော်တော်များများကို တိုက်ထုတ်နိုင်ပြီး အသုံးများတဲ့ ဟင်းချက်ပစ္စည်းလည်း ဖြစ်ပါတယ် ။ နနွင်းမှုန့်မှာ ပါဝင်တဲ့ အစွမ်းသတ္တိက မကောင်းတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်ပြီး ကိုယ်တွင်းစနစ်တွေ ကောင်းမွန်အောင် လှုံဆော်ပေးပါတယ် ။ ဆနွင်းကို အရည်ဖျော်၍သောက်ခြင်းဖြစ်စေ ဆနွင်းကိုလုံးပြီးသောက်ခြင်းဖြစ်စေ ကိုယ်ခံအား ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

၃။မှို
လူတွေစားလို့ရပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ မှိုမျိုးကို စားသုံးခြင်းက ကိုယ်ခံအားကောင်းမွန်ဖို့အတွက် အရမ်း အထောက်အကူပြုပါတယ် ။ ကိုယ်ခံအားကောင်းရုံသာမက ကင်ဆာဆဲလ်တွေ မဖြစ်အောင်လည်း တိုက်ထုတ်နိုင်စွမ်း ရှိပါတယ်။

၄။ဗီတာမင်စီ
ဗီတာမင်စီဟာ ရောဂါပိုးကူးစက်ခြင်းနဲ့ ဖျားနာခြင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ် ။ နေ့စဉ်ပုံမှန် ဗီတာမင်စီ သောက်သုံးပေးပါ ။ ကိုယ်တွင်းလုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး ဗိုင်းရပ်စ်ပိုးများ နှင့်ရောဂါများမှ ၉၀ ရာခိုင်နှုန်းထိ ကာကွယ်ပေးပါတယ်။

၅။ဗီတာမင်ဒီ
ဆေးပညာဆိုင်ရာ စမ်းသပ်မှုတွေအရ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်တဲ့ ဗီတာမင်ကတော့ ဗီတာမင်ဒီ ပဲဖြစ်ပါတယ် ။ ဗီတာမင်ဒီဟာ ဗိုင်းရပ်စ် ၊ မှို ၊ ဘတ်တီးရီးယားတွေကို သေစေနိုင်စွမ်းရှိပါတယ် ။ ဗီတာမင်ဒီကို မနက်စောစော နေရောင်ခြည်မှ ရရှိနိုင်ပါတယ် ။ဒါ့ကြောင့် နေထွက်စမှာ မိနစ် ၂၀ ၊ ၃၀ခန့် လောက် နေရောင်ခြည်မှ တိုက်ရိုက်ရယူဖို့ အကြေံပေးလိုပါတယ်။

၆။ကြက်စွပ်ပြုတ်
နေမကောင်းရင် အားရှိအောင် ကြက်စွပ်ပြုတ် သောက်ကြတာကို သိမယ်ထင်ပါတယ် ။ ကြက်စွပ်ပြုတ်မှာ ပရိုတင်းတွေ ၊ အမိုင်နိုအက်ဆစ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးကို အထောက်အကူ များစွာ ပြုနိုင်ပါတယ် ။ ဒ့ါကြောင့် နေ့စဉ်ပုံမှန် စားသောက်မှုတွေထဲ ကြက်စွပ်ပြုတ် ပူပူလေးကိုပါ ထည့်သွင်းစားသောက်ဖို့ မမေ့ပါနဲ့နော် ။ ကျန်းမာရေးအတွက် ပိုပြီးထူးကဲကောင်းမွန်အောင် ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ မုန်လာဥ ၊ တရုတ်နံနံ စသည်တို့ကို ထည့်ချက်ပြီး အရသာရှိတဲ့ ကြက်စွပ်ပြုတ်ကို စားသုံးလို့ ရပါတယ်။

၇။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ရှိတာကြောင့် အထူးတလည် ပြောစရာ လိုမယ်မထင်ပါဘူး ။ ဘတ်တီးရီးယား ၊ ဗိုင်းရပ်စ်တွေနှင့် ရောဂါတွေကို မဝင်ရောက်နိုင်အောင် တိုက်ထုတ်ပေးပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေတာကြောင့် နေ့စဉ် ကြက်သွန်ဖြူ စားသုံးပေးခြင်းက ထိရောက်မှုရှိနိုင်ပါတယ်နေ်ာ ။ ကြက်သွန်ဖြူက ပန်းနာရင်ကြပ်သမားတွေနဲ့ ဓါတ်မတည့်တတ်တာကိုတော့ သတိထားရပါမယ်။

၈။လေ့ကျင့်ခန်းလုပ်ပါ။
တစ်နေ့လျှင် အနည်းဆုံး နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းကလည်း ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top