ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဘယ္ေလာက္ပဲ ကိုယ္ကအလွျပင္ျပင္ ဖြာလန္ၾကမ္းတမ္းေနတဲ့ဆံသားနဲ႔ဆိုရင္ေတာ့ ထင္သေလာက္မလန္းႏိုင္ေတာ့ပါဘူး။ အလွျပင္ဆိုင္သြားျပီး ေပါင္းတင္မယ္ဆိုျပန္ေတာ့လည္း ပိုက္ဆံကုန္က်စရိတ္မ်ားမယ့္အျပင္ အခ်ိန္လည္းေပးရျပီး ဓာတုေဆးေတြနဲ႔ေပါင္းတင္မွာမို႔ ထင္သေလာက္စိတ္မခ်ရျပန္ဘူး။ ဒါေပမယ့္မပူပါနဲ႔။ ဆံသားေတြအတြက္ အထူးအားျဖည့္ေပးမယ့္အျပင္ စရိတ္စက အကုန္အက်ပါသက္သာေစမယ့္ သဘာဝဆံပင္ေပါင္းေဆးေတြကို ကိုယ္တုိင္လုပ္လုိ႔ရပါျပီ။

၁။ ၾကက္ဥအႏွစ္

ပန္းကန္လံုးတစ္ခုထဲမွာ ၾကက္ဥအႏွစ္ ၃လံုး၊ သံလြင္ဆီ ၁ဇြန္း၊ ပ်ားရည္တစ္ဇြန္းကို ေရာထည့္ျပီး ညက္ေညာတဲ့အထိ ေသခ်ာေမႊေခါက္ေပးပါ။ ဆံပင္အႏွံ႔ေသာခ်ာသုတ္လိမ္းေပးပါ။ shower capေလးအုပ္ျပီး မိနစ္ ၃၀ထိထားေပးပါ။ ျပီးရင္ေတာ့ သံုးေနက် ေခါင္းေလွ်ာ္ရည္နဲ႔ေလွ်ာ္လုိက္လို႔ရပါျပီ။

*သတိျပဳရန္။ ။ေရေႏြးပူပူနဲ႔မေလွ်ာ္ရ။ ေခါင္းမွာလိမ္းထားတဲ့ၾကက္ဥအႏွစ္ က်က္ျပီးဖယ္ရခက္သြားမွာစိုးလို႔ပါ။

၂။ Mayonnaise

Mayonnaise ကၾကက္ဥအႏွစ္ေတြနဲ႔ျပဳလုပ္ထားတာမို႔ ဆံသာေတြကို အဆီဓာတ္ျပည့္ဝေစျပီး ေပ်ာ႔စင္းေခ်ာမြတ္ေစပါတယ္။ ဆံပင္အႏွ႔ံ၊ ေခါင္းအႏွ႔ံကို Mayonnaise သုတ္လိမ္းေပးျပီး မိနစ္ ၃၀ခန္႔ထားပါ။ ဆံသားထဲစိမ့္ဝင္သြားတဲ့အခါမွာေတာ့ သံုးေနက်ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္လုိက္ပါ။

၃။ ရွားေစာင္းလက္ပက္

သဘာဝ ရွားေစာင္းလက္ပက္အႏွစ္မွာလည္း ဆံပင္ကို ေတာက္ေျပာင္ေပ်ာ႔စင္းေစတဲ့ အာနိသင္ပါဝင္ပါတယ္။ သဘာဝရွားေစာင္းလက္ပက္အႏွစ္ကို ဆံပင္အႏွ႔ံလံုေလာက္ေအာင္လိမ္းေပးပါ။ ဆံပင္အျမစ္နားကေန ဆံဖ်ားထိ တျဖည္းျဖည္းလိမ္းနယ္ေပးပါ။ မိနစ္ ၃၀ၾကာရင္ေတာ့ သံုးေနက်ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္လိုက္လုိ႔ရပါတယ္။

၄။ ပန္းသီးရွာလကာ

ပန္းသီးရွာလကာရည္ကလည္း ဆံသားအတြက္ အထူးေကာင္းမြန္ပါတယ္။ ေခါင္းေလွ်ာ္ျပီးတဲ့အခါ ပန္းသီးရွာလကာရည္ ဖန္ခြက္ တစ္ဝက္ႏွင့္ ေရ တစ္ဖန္ခြက္ကို ေရာျပီး ဆံပင္ေပၚေလာင္းဖ်န္းေပးပါ။ ၁၀မိနစ္ေလာက္ထားျပီးရင္ေတာ့ေရေအးနဲ႔ေဆးခ်လို႔ရပါျပီ။

ဒီသဘာဝေပါင္းေဆးေလးမ်ိဳးက ရွာရေဖြရလြယ္တဲ့အျပင္ ဆံသားေတြအတြက္ အမွန္တကယ္အင္အားျဖည့္တင္းေပးတာမို႔ ကိုယ္တုိင္စမ္းသပ္ၾကည့္သင့္ပါတယ္။ ႏူးညံ႔ေပ်ာ႔ေပ်ာင္းေတာက္ပတဲ့ ဆံသားေလးကို ပိုင္ဆုိင္ႏုိင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mystylemyanmar

#Unicode Version#
ဘယ်လောက်ပဲ ကိုယ်ကအလှပြင်ပြင် ဖွာလန်ကြမ်းတမ်းနေတဲ့ဆံသားနဲ့ဆိုရင်တော့ ထင်သလောက်မလန်းနိုင်တော့ပါဘူး။ အလှပြင်ဆိုင်သွားပြီး ပေါင်းတင်မယ်ဆိုပြန်တော့လည်း ပိုက်ဆံကုန်ကျစရိတ်များမယ့်အပြင် အချိန်လည်းပေးရပြီး ဓာတုဆေးတွေနဲ့ပေါင်းတင်မှာမို့ ထင်သလောက်စိတ်မချရပြန်ဘူး။ ဒါပေမယ့်မပူပါနဲ့။ ဆံသားတွေအတွက် အထူးအားဖြည့်ပေးမယ့်အပြင် စရိတ်စက အကုန်အကျပါသက်သာစေမယ့် သဘာဝဆံပင်ပေါင်းဆေးတွေကို ကိုယ်တိုင်လုပ်လို့ရပါပြီ။

၁။ ကြက်ဥအနှစ်

ပန်းကန်လုံးတစ်ခုထဲမှာ ကြက်ဥအနှစ် ၃လုံး၊ သံလွင်ဆီ ၁ဇွန်း၊ ပျားရည်တစ်ဇွန်းကို ရောထည့်ပြီး ညက်ညောတဲ့အထိ သေချာမွှေခေါက်ပေးပါ။ ဆံပင်အနှံ့သောချာသုတ်လိမ်းပေးပါ။ shower capလေးအုပ်ပြီး မိနစ် ၃၀ထိထားပေးပါ။ ပြီးရင်တော့ သုံးနေကျ ခေါင်းလျှော်ရည်နဲ့လျှော်လိုက်လို့ရပါပြီ။

*သတိပြုရန်။ ။ရေနွေးပူပူနဲ့မလျှော်ရ။ ခေါင်းမှာလိမ်းထားတဲ့ကြက်ဥအနှစ် ကျက်ပြီးဖယ်ရခက်သွားမှာစိုးလို့ပါ။

၂။ Mayonnaise

Mayonnaise ကကြက်ဥအနှစ်တွေနဲ့ပြုလုပ်ထားတာမို့ ဆံသာတွေကို အဆီဓာတ်ပြည့်ဝစေပြီး ပျော့စင်းချောမွတ်စေပါတယ်။ ဆံပင်အနှံ့၊ ခေါင်းအနှံ့ကို Mayonnaise သုတ်လိမ်းပေးပြီး မိနစ် ၃၀ခန့်ထားပါ။ ဆံသားထဲစိမ့်ဝင်သွားတဲ့အခါမှာတော့ သုံးနေကျခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။

၃။ ရှားစောင်းလက်ပက်

သဘာဝ ရှားစောင်းလက်ပက်အနှစ်မှာလည်း ဆံပင်ကို တောက်ပြောင်ပျော့စင်းစေတဲ့ အာနိသင်ပါဝင်ပါတယ်။ သဘာဝရှားစောင်းလက်ပက်အနှစ်ကို ဆံပင်အနှံ့လုံလောက်အောင်လိမ်းပေးပါ။ ဆံပင်အမြစ်နားကနေ ဆံဖျားထိ တဖြည်းဖြည်းလိမ်းနယ်ပေးပါ။ မိနစ် ၃၀ကြာရင်တော့ သုံးနေကျခေါင်းလျှော်ရည်နဲ့ လျှော်လိုက်လို့ရပါတယ်။

၄။ ပန်းသီးရှာလကာ

ပန်းသီးရှာလကာရည်ကလည်း ဆံသားအတွက် အထူးကောင်းမွန်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ပန်းသီးရှာလကာရည် ဖန်ခွက် တစ်ဝက်နှင့် ရေ တစ်ဖန်ခွက်ကို ရောပြီး ဆံပင်ပေါ်လောင်းဖျန်းပေးပါ။ ၁၀မိနစ်လောက်ထားပြီးရင်တော့ရေအေးနဲ့ဆေးချလို့ရပါပြီ။

ဒီသဘာဝပေါင်းဆေးလေးမျိုးက ရှာရဖွေရလွယ်တဲ့အပြင် ဆံသားတွေအတွက် အမှန်တကယ်အင်အားဖြည့်တင်းပေးတာမို့ ကိုယ်တိုင်စမ်းသပ်ကြည့်သင့်ပါတယ်။ နူးညံ့ပျော့ပျောင်းတောက်ပတဲ့ ဆံသားလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top