ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

သာမန္လူမ်ားထက္ ကိုယ္ဝန္ေဆာင္မ်ားသည္ ဝက္တုပ္ေကြး ႏွင့္ရာသီအလိုက္ျဖစ္ေသာ တုပ္ေကြးအပါအဝင္  တုပ္ေကြးေရာဂါ ေၾကာင့္ ႐ႈပ္ေထြးမႈမ်ားႏွင့္ေသဆံုးမႈျဖစ္ႏိုင္သည့္ အႏၲရာယ္ျမင့္မား ၿပီး ေဆး႐ံုတက္ရႏိုင္ေျခပိုမ်ားသည္။

သေႏၶသားဖြံ႕ၿဖိဳးႀကီးထြားလာစဥ္ မိခင္၏အသက္႐ွဴျခင္းႏွင့္အ ဆုတ္လုပ္ေဆာင္ခ်က္အေပၚ ဖိအားပိုလာေသာေၾကာင့္ မိခင္သည္ နမိုးနီးယားကဲ့သို႔ ေရာဂါမ်ားျဖစ္ႏိုင္သည့္အႏၲရာယ္ ပိုမ်ားလာ ေၾကာင္း ကြၽမ္းက်င္သူမ်ားကေျပာသည္။ ဝက္တုပ္ေကြးေရာဂါ ေၾကာင့္ မိခင္ေသဆံုးမႈအမ်ားစုသည္ ကိုယ္ဝန္တတိယသံုးလပတ္ တြင္ ျဖစ္ေပၚေလ့ရွိသည္။

ကိုယ္ဝန္ေဆာင္ရျခင္းေၾကာင့္ ကိုယ္ခံအားစနစ္ကိုလည္းအ ေျပာင္းအလဲမ်ားျဖစ္ေပၚေစသျဖင့္ ကိုယ္ဝန္ေဆာင္ေနခ်ိန္အတြင္း တုပ္ေကြးကဲ့သို႔ေရာဂါမ်ား ကူးစက္ဝင္ေရာက္လာႏိုင္သည္။

အေမရိကန္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာန (CDC)၏လမ္း ၫႊန္မႈမ်ားအရ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားသည္ ေရာဂါကူးစက္ ႏိုင္သည့္ အႏၲရာယ္ျမင့္မားေသာေၾကာင့္ ကိုယ္ဝန္ေဆာင္မ်ား၊ ျပဳစု ေပးေနသူမ်ားႏွင့္ ကေလးႏွင့္အတူေနထိုင္ေနသူမ်ားကို ကာကြယ္ ေဆးႀကိဳတင္ထိုးထားရန္ ပညာရွင္မ်ားကအႀကံေပးထားသည္။

ကာကြယ္ေဆးမထိုးရေသးလွ်င္ အဖ်ားတက္ျခင္း၊ ႂကြက္သား မ်ားနာက်င္ျခင္းႏွင့္ အသက္႐ွဴလမ္းေၾကာင္းအေပၚပိုင္း ေရာဂါ လကၡဏာမ်ား ျပသေနျခင္းအပါအဝင္တုပ္ေကြးေရာဂါကဲ့သို႔ ေရာဂါလကၡဏမ်ား ျပသေနသူမ်ားႏွင့္ ထိေတြ႕ေတြ႕ဆံုျခင္းကို ေရွာင္ရွားသင့္သည္။ ကုိယ္ဝန္ေဆာင္မ်ားအေနျဖင့္ လက္မ်ားကို မၾကာခဏေဆးေၾကာသန္႔စင္သင့္ၿပီး မ်က္စိ၊ ႏွာေခါင္းႏွင့္ပါးစပ္တို႔ကိုလက္ျဖင့္မထိသင့္ဟု ပညာရွင္မ်ားက လမ္းၫႊန္သည့္ ဝက္တုပ္ေကြးပ်ံ႕ႏွံ႔ ေနစဥ္ ကိုယ္ဝန္ေဆာင္မ်ားအေနျဖင့္ လူထူထပ္ေသာေနရာမ်ားသို႔ မသြားသင့္ေပ။

အကယ္၍ ကိုယ္ဝန္ေဆာင္ထားခ်ိန္တြင္ ဝက္တုပ္ေကြးကူးစက္ ခံရပါက တတ္ႏိုင္သမွ် အျမန္ဆံုးေဆးဝါးကုသမႈ ခံယူရန္လိုသည္။

တုပ္ေကြးေရာဂါအတြက္ လက္ရွိက်ယ္က်ယ္ျပန္႔ျပန္႔သံုးေန ေသာ Tamiflu (သို႔မဟုတ္) Relenza ေဆးမ်ားသံုးစြဲမႈေၾကာင့္ သေႏၶသားကို ထိခိုက္ျခင္းရွိသည္ဆိုေသာ အေထာက္အထားမေတြ႕ ရေၾကာင္း ပညာရွင္မ်ားကေျပာသည္။

တုပ္ေကြးဗိုင္းရပ္စ္ကူးစက္မႈ ေနရာအႏွံ႔အျပား ျဖစ္ေပၚေနခ်ိန္ အတြင္း မိခင္မွတစ္ဆင့္ သေႏၶသားထံသို႔ ေသြးသယ္ေဆာင္ေပးသည့္ အခ်င္းတိုင္ ေရာဂါပိုးဝင္ႏိုင္သည့္ဝက္တုပ္ေကြးကူးစက္ခံရေသာ အမ်ိဳးသမီးသည္ လမေစ့ဘဲကေလးေမြးႏိုင္ၿပီး ယခင္ကေရာဂါ ပ်ံ႕ႏွံ႔စဥ္ကာလမ်ားအတြင္း ကေလးအေသေမြးျခင္း၊ ပ်က္က်ျခင္း၊ လမေစ့ဘဲေမြးျခင္းတို႔ ျဖစ္ေပၚခဲ့သည္။

တုပ္ေကြးျဖစ္ေနေသာ မိခင္ေရာဂါ သက္သာလာပါက ကေလးကို မိခင္ႏို႔တိုက္ေကြၽးႏိုင္သည္။ ႏို႔တိုက္ျခင္းမွတစ္ဆင့္ ဗိုင္း ရပ္စ္ကူးစက္သည္ဆိုျခင္းမ်ိဳး မေတြ႕ရေသးဘဲ ထိုသို႔ကူးစက္မႈမ်ား သည္ အလြန္ႀကံဳေတာင့္ႀကံဳခဲ ကိစၥျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
 သာမန်လူများထက် ကိုယ်ဝန်ဆောင်များသည် ဝက်တုပ်ကွေး နှင့်ရာသီအလိုက်ဖြစ်သော တုပ်ကွေးအပါအဝင်  တုပ်ကွေးရောဂါ ကြောင့် ရှုပ်ထွေးမှုများနှင့်သေဆုံးမှုဖြစ်နိုင်သည့် အန္တရာယ်မြင့်မား ပြီး ဆေးရုံတက်ရနိုင်ခြေပိုများသည်။

သန္ဓေသားဖွံ့ဖြိုးကြီးထွားလာစဉ် မိခင်၏အသက်ရှူခြင်းနှင့်အ ဆုတ်လုပ်ဆောင်ချက်အပေါ် ဖိအားပိုလာသောကြောင့် မိခင်သည် နမိုးနီးယားကဲ့သို့ ရောဂါများဖြစ်နိုင်သည့်အန္တရာယ် ပိုများလာ ကြောင်း ကျွမ်းကျင်သူများကပြောသည်။ ဝက်တုပ်ကွေးရောဂါ ကြောင့် မိခင်သေဆုံးမှုအများစုသည် ကိုယ်ဝန်တတိယသုံးလပတ် တွင် ဖြစ်ပေါ်လေ့ရှိသည်။

ကိုယ်ဝန်ဆောင်ရခြင်းကြောင့် ကိုယ်ခံအားစနစ်ကိုလည်းအ ပြောင်းအလဲများဖြစ်ပေါ်စေသဖြင့် ကိုယ်ဝန်ဆောင်နေချိန်အတွင်း တုပ်ကွေးကဲ့သို့ရောဂါများ ကူးစက်ဝင်ရောက်လာနိုင်သည်။

အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC)၏လမ်း ညွှန်မှုများအရ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ရောဂါကူးစက် နိုင်သည့် အန္တရာယ်မြင့်မားသောကြောင့် ကိုယ်ဝန်ဆောင်များ၊ ပြုစု ပေးနေသူများနှင့် ကလေးနှင့်အတူနေထိုင်နေသူများကို ကာကွယ် ဆေးကြိုတင်ထိုးထားရန် ပညာရှင်များကအကြံပေးထားသည်။

ကာကွယ်ဆေးမထိုးရသေးလျှင် အဖျားတက်ခြင်း၊ ကြွက်သား များနာကျင်ခြင်းနှင့် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ရောဂါ လက္ခဏာများ ပြသနေခြင်းအပါအဝင်တုပ်ကွေးရောဂါကဲ့သို့ ရောဂါလက္ခဏများ ပြသနေသူများနှင့် ထိတွေ့တွေ့ဆုံခြင်းကို ရှောင်ရှားသင့်သည်။ ကိုယ်ဝန်ဆောင်များအနေဖြင့် လက်များကို မကြာခဏဆေးကြောသန့်စင်သင့်ပြီး မျက်စိ၊ နှာခေါင်းနှင့်ပါးစပ်တို့ကိုလက်ဖြင့်မထိသင့်ဟု ပညာရှင်များက လမ်းညွှန်သည့် ဝက်တုပ်ကွေးပျံ့နှံ့ နေစဉ် ကိုယ်ဝန်ဆောင်များအနေဖြင့် လူထူထပ်သောနေရာများသို့ မသွားသင့်ပေ။

အကယ်၍ ကိုယ်ဝန်ဆောင်ထားချိန်တွင် ဝက်တုပ်ကွေးကူးစက် ခံရပါက တတ်နိုင်သမျှ အမြန်ဆုံးဆေးဝါးကုသမှု ခံယူရန်လိုသည်။

တုပ်ကွေးရောဂါအတွက် လက်ရှိကျယ်ကျယ်ပြန့်ပြန့်သုံးနေ သော Tamiflu (သို့မဟုတ်) Relenza ဆေးများသုံးစွဲမှုကြောင့် သန္ဓေသားကို ထိခိုက်ခြင်းရှိသည်ဆိုသော အထောက်အထားမတွေ့ ရကြောင်း ပညာရှင်များကပြောသည်။

တုပ်ကွေးဗိုင်းရပ်စ်ကူးစက်မှု နေရာအနှံ့အပြား ဖြစ်ပေါ်နေချိန် အတွင်း မိခင်မှတစ်ဆင့် သန္ဓေသားထံသို့ သွေးသယ်ဆောင်ပေးသည့် အချင်းတိုင် ရောဂါပိုးဝင်နိုင်သည့်ဝက်တုပ်ကွေးကူးစက်ခံရသော အမျိုးသမီးသည် လမစေ့ဘဲကလေးမွေးနိုင်ပြီး ယခင်ကရောဂါ ပျံ့နှံ့စဉ်ကာလများအတွင်း ကလေးအသေမွေးခြင်း၊ ပျက်ကျခြင်း၊ လမစေ့ဘဲမွေးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

တုပ်ကွေးဖြစ်နေသော မိခင်ရောဂါ သက်သာလာပါက ကလေးကို မိခင်နို့တိုက်ကျွေးနိုင်သည်။ နို့တိုက်ခြင်းမှတစ်ဆင့် ဗိုင်း ရပ်စ်ကူးစက်သည်ဆိုခြင်းမျိုး မတွေ့ရသေးဘဲ ထိုသို့ကူးစက်မှုများ သည် အလွန်ကြုံတောင့်ကြုံခဲ ကိစ္စဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top