လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×
#Unicode Version#
ဒီပို့စ်က ကိုယ်တွေလို အရီသန်တဲ့သူတွေအတွက် သတိထားသင့်စရာပို့စ်တစ်ခုပါ။ ရီတာလည်း ကြည့်ရီပေါ့။ ဒါပေမယ့် အရီမပြတ် ရင်တော့ ဒီလိုပဲ ဒုက္ခလှလှကလေး တွေ့သွားမှာနော်။
ဟုတ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အူတက်ရှ်ပြည်နယ်က အမျိုးသားတစ်ဦးက ဇနီးသည်ဖြစ် သူကို သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်ပြီး သတ်ဖြတ်လိုက်တဲ့ အကြောင်းအရင်းက ဇနီးသည် အမျိုးသမီးက သူ့ကိုကြည့်ပြီး တချိန်ကုန်ကို အရီမပြတ်တော့လို့ပါ။ အက်လက်စကာသို့သွားတဲ့ ဇိမ်ခံ သင်္ဘောပေါ်မှာ ခင်ပွန်းအမျိုးသားက ကန်းနက် မန်ဇန်နီဆိုသူ အမျိုးသာားက သူ့ရဲ့ဇနီးသည်အမျိုးသ မီးဖြစ်သူကို သတ်ဖြတ်လိုက်တယ်လို့ ထွက်ဆိုထားခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိတဲ့  ဇနီးသည်ဖြစ်သူက ခင်ပွန်းဖြစ်သူကို ကြည့်ပြီး တစ်ချိန်လုံရီမော နေတဲ့အတွက် ခင်ပွန်းဖြစ်သူမှာ စိတ်ဆိုးဒေါသထွက်ခဲ့သဖြင့် ဦးခေါင်းတွေကို ရိုက်နှက်ကာ လက်လွန်သွားပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အက်ဖ်ဘီအိုင်ရဲ့ အခင်းဖြစ်ပွားတဲ့ နေရာရောက်စဉ် ဇနီးသည်မှာ သင်္ဘောကြမ်းပြင်ထက် သွေးအိုင်ပေါ်လဲကျလျှက် သေဆုံးနေခဲ့တာပဲ ဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူအမျိုးသားကို ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းချက်မှာလည်း အရီသန်နေလို့ သတ် ဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားထားခဲ့ပါတယ်။ တခြားသောပြစ်ချက်နဲ့ အညိုးတစ်စုံ တစ်ရာမရှိကြောင်းနဲ့ ဒေါသအလျှောက်လက် လွန်ရိုက်နှက် လိုက်မိခြင်းကြောင့် ဇနီးသည်သေဆုံးသွား ခဲ့လို့ နောင်တရကြောင်းလည်း ခင်ပွန်းဖြစ်သူက ဆိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top