ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

အခ်စ္ဆိုတာဘာလဲဆိုတာ သင္သိပါသလား။ ေကာင္ေလးေခ်ာေခ်ာေလးေတြကို ႀကိဳက္တဲ့သူအတြက္ေတာ့ အခ်စ္ဆိုတာ ေကာင္ေလးေခ်ာေခ်ာေလးေတြေပါ့ေနာ္။ သင့္အတြက္ကေရာ။ ဒီမွာ သင္ အလြယ္တကူဆံုးျဖတ္လို႔ရေအာင္ အခ်စ္သေကၤတေလး အနည္းငယ္ ယူေဆာင္လာပါတယ္။ ဒါေလးေတြကို ၾကည့္ၿပီး သင့္ရဲ႕အခ်စ္သေကၤတေလးက ဘာလဲ ဒါမွမဟုတ္ သင့္ရဲ႕ေကာင္မေလးရဲ႕ အခ်စ္သေကၤတေလးဆိုရင္ေရာ ဘာျဖစ္မလဲ ေရြးၾကည့္ၾကရေအာင္။
ကတိသစၥာ

တစ္ခ်ိဳ႕ေကာင္မေလးေတြအတြက္ကေတာ့ ထူးထူးျခားျခား ဘာမွ မလိုအပ္ပါဘူး။ ကတိစကားက လြဲရင္ေပါ့။ သူတို႔ကေတာ့ ဘာလက္ေဆာင္မွ မေပးလည္း ေက်နပ္ပါတယ္။ Romantic မဆန္လည္း ေက်နပ္ပါတယ္။ သို႔ေသာ္ သူ႔တို႔ကို ေပးထားတဲ့ ကတိစကားေတြ မေဖာက္ဖ်က္သေရြ႕ သင့္အေပၚ ခ်စ္ျခင္းေမတၱာ ပ်က္ျပယ္သြားဖို႔ မရွိပါဘူး။ ဒီေတာ့ သူတို႔အတြက္ကေတာ့ အခ်စ္ဆိုတာ ကတိသစၥာပါပဲ။
ေႏြးေထြးယုယမႈ

တစ္ခ်ိဳ႕က်ေတာ့ ဘယ္ေလာက္ပဲ ပါးစပ္က ခ်စ္ပါတယ္ေျပာေျပာ သူတို႔ကို ေႏြးေထြးယုယမႈ မေပးႏိုင္ရင္ ဘယ္လိုမွ အဆင္မေျပၾကပါဘူး။ သူတို႔လိုခ်င္တာက သူတို႔ ၀မ္းနည္းသည္ျဖစ္ေစ၊ ၀မ္းသာသည္ျဖစ္ေစ သူတို႔ကို ေႏြးေႏြးေထြးေထြး ေပြ႕ဖက္ေပးဖို႔၊ ၾကင္နာစြာဆုပ္ကိုင္ႏွစ္သိမ့္ေပးဖို႔ပါပဲ။ ဒီလိုေကာင္မေလးေတြအတြက္ကေတာ့ အခ်စ္ဆိုတာ ေႏြးေထြးယုယမႈေပါ့ေလ။
လက္ေဆာင္

အခ်စ္ဆိုတာ လက္ေဆာင္ဆိုတဲ့ေကာင္မေလးေတြလည္း ရွိေနပါေသးတယ္။ သူတို႔ကို Surprise Gift ေတြ လုပ္ေပးေနတာကို ႀကိဳက္တယ္။ ဟုတ္ဟုတ္မဟုတ္ဟုတ္ တစ္ခုခုအေၾကာင္းျပၿပီး လက္ေဆာင္ေတာင္းတတ္တယ္။ လက္ေဆာင္ဆိုတဲ့ေနရာမွ ေစ်းႀကီးတယ္၊ ေစ်းမ်ားတယ္ မဟုတ္ပဲ သစ္ရြက္ကေလးကို ခ်စ္လက္ေဆာင္လို႔ ဆိုရင္ေတာင္ ေပ်ာ္ေပ်ာ္ႀကီး လက္ခံမယ့္လူမ်ိဳးပါ။
အခ်ိန္ေပးမႈ

ဒီလိုေကာင္မေလးမ်ိဳးကေတာ့ LDRS နဲ႔ေတာ့ ဘယ္လိုမွ အဆင္မေျပပါဘူး။ သူတို႔ကို အခ်ိန္ေပးရမယ္။ ဘယ္သြားသြားလိုက္မယ္။ တပူးတြဲတြဲနဲ႔ သြားအတူစားအတူေနမယ္။ အဲဒီလိုမွ သူတို႔ကို အခ်ိန္မေပးႏို္င္ဘူးဆိုရင္ေတာ့ သူတို႔အတြက္ ေပ်ာ္စရာ Relationship ျဖစ္မလာႏုိင္ပါဘူးေနာ္။ သူတို႔အတြက္ အခ်စ္ဆိုတာ အခ်ိန္ေပးမႈပါပဲ။
အေလးေပးမႈ

အေလးေပးမႈကို လိုအပ္တဲ့ မိန္းကေလးေတြလည္း ရွိပါေသးတယ္။ ကားေပၚတက္ရင္ တံခါးေလးဖြင့္ေပးဦးမွ။ ဒါမွမဟုတ္ရင္ စိတ္ေကာက္သြားပါလိမ့္မယ္။ ညဘက္ပဲျဖစ္ျဖစ္၊ မနက္ေစာေစာစီးစီးပဲျဖစ္ျဖစ္ ဗိုက္ဆာတယ္ဆိုတဲ့ Status ေလးတင္ထားရင္ေတာင္ စားစရာေတြ ခ်စ္သူကို လာပို႔ေစခ်င္ၾကသူေတြပါပဲ။ ဒါမ်ိဳးက်ေတာ့ အခ်စ္ဆိုတာ အေလးထားမႈျဖစ္သြားျပန္ေရာေပါ့ေနာ္။

လူတိုင္းကေတာ့ သူတို႔ရဲ႕ စိတ္ႀကိဳက္ အခ်စ္သေကၤတေလးေတြ ကိုယ္စီရွိၾကမွာပါေနာ္။ အခုေျပာျပတာက ေကာင္မေလးေတြမွာ ေတြ႕ရတဲ့ ေယဘူယ်သေကၤတေတြျဖစ္တဲ့အတြက္ေၾကာင့္ တျခားသေကၤတပိုင္ရွင္ေလးေတြလည္း ရွိေနဦးမွာ့ပါ။ အေရးႀကီးတာကေတာ့ ဘယ္လိုသေကၤတပိုင္ရွင္ပဲျဖစ္ျဖစ္ ကိုယ့္ေကာင္မေလးက ဘယ္လိုသေကၤတလဲဆိုတဲ့အခ်က္ကိုပဲ သိထားရင္ အိုေခပါၿပီေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MODA
#Unicode Version#
အချစ်ဆိုတာဘာလဲဆိုတာ သင်သိပါသလား။ ကောင်လေးချောချောလေးတွေကို ကြိုက်တဲ့သူအတွက်တော့ အချစ်ဆိုတာ ကောင်လေးချောချောလေးတွေပေါ့နော်။ သင့်အတွက်ကရော။ ဒီမှာ သင် အလွယ်တကူဆုံးဖြတ်လို့ရအောင် အချစ်သင်္ကေတလေး အနည်းငယ် ယူဆောင်လာပါတယ်။ ဒါလေးတွေကို ကြည့်ပြီး သင့်ရဲ့အချစ်သင်္ကေတလေးက ဘာလဲ ဒါမှမဟုတ် သင့်ရဲ့ကောင်မလေးရဲ့ အချစ်သင်္ကေတလေးဆိုရင်ရော ဘာဖြစ်မလဲ ရွေးကြည့်ကြရအောင်။
ကတိသစ္စာ

တစ်ချို့ကောင်မလေးတွေအတွက်ကတော့ ထူးထူးခြားခြား ဘာမှ မလိုအပ်ပါဘူး။ ကတိစကားက လွဲရင်ပေါ့။ သူတို့ကတော့ ဘာလက်ဆောင်မှ မပေးလည်း ကျေနပ်ပါတယ်။ Romantic မဆန်လည်း ကျေနပ်ပါတယ်။ သို့သော် သူ့တို့ကို ပေးထားတဲ့ ကတိစကားတွေ မဖောက်ဖျက်သရွေ့ သင့်အပေါ် ချစ်ခြင်းမေတ္တာ ပျက်ပြယ်သွားဖို့ မရှိပါဘူး။ ဒီတော့ သူတို့အတွက်ကတော့ အချစ်ဆိုတာ ကတိသစ္စာပါပဲ။
နွေးထွေးယုယမှု

တစ်ချို့ကျတော့ ဘယ်လောက်ပဲ ပါးစပ်က ချစ်ပါတယ်ပြောပြော သူတို့ကို နွေးထွေးယုယမှု မပေးနိုင်ရင် ဘယ်လိုမှ အဆင်မပြေကြပါဘူး။ သူတို့လိုချင်တာက သူတို့ ဝမ်းနည်းသည်ဖြစ်စေ၊ ဝမ်းသာသည်ဖြစ်စေ သူတို့ကို နွေးနွေးထွေးထွေး ပွေ့ဖက်ပေးဖို့၊ ကြင်နာစွာဆုပ်ကိုင်နှစ်သိမ့်ပေးဖို့ပါပဲ။ ဒီလိုကောင်မလေးတွေအတွက်ကတော့ အချစ်ဆိုတာ နွေးထွေးယုယမှုပေါ့လေ။
လက်ဆောင်

အချစ်ဆိုတာ လက်ဆောင်ဆိုတဲ့ကောင်မလေးတွေလည်း ရှိနေပါသေးတယ်။ သူတို့ကို Surprise Gift တွေ လုပ်ပေးနေတာကို ကြိုက်တယ်။ ဟုတ်ဟုတ်မဟုတ်ဟုတ် တစ်ခုခုအကြောင်းပြပြီး လက်ဆောင်တောင်းတတ်တယ်။ လက်ဆောင်ဆိုတဲ့နေရာမှ ဈေးကြီးတယ်၊ ဈေးများတယ် မဟုတ်ပဲ သစ်ရွက်ကလေးကို ချစ်လက်ဆောင်လို့ ဆိုရင်တောင် ပျော်ပျော်ကြီး လက်ခံမယ့်လူမျိုးပါ။
အချိန်ပေးမှု

ဒီလိုကောင်မလေးမျိုးကတော့ LDRS နဲ့တော့ ဘယ်လိုမှ အဆင်မပြေပါဘူး။ သူတို့ကို အချိန်ပေးရမယ်။ ဘယ်သွားသွားလိုက်မယ်။ တပူးတွဲတွဲနဲ့ သွားအတူစားအတူနေမယ်။ အဲဒီလိုမှ သူတို့ကို အချိန်မပေးနိုင်ဘူးဆိုရင်တော့ သူတို့အတွက် ပျော်စရာ Relationship ဖြစ်မလာနိုင်ပါဘူးနော်။ သူတို့အတွက် အချစ်ဆိုတာ အချိန်ပေးမှုပါပဲ။
အလေးပေးမှု

အလေးပေးမှုကို လိုအပ်တဲ့ မိန်းကလေးတွေလည်း ရှိပါသေးတယ်။ ကားပေါ်တက်ရင် တံခါးလေးဖွင့်ပေးဦးမှ။ ဒါမှမဟုတ်ရင် စိတ်ကောက်သွားပါလိမ့်မယ်။ ညဘက်ပဲဖြစ်ဖြစ်၊ မနက်စောစောစီးစီးပဲဖြစ်ဖြစ် ဗိုက်ဆာတယ်ဆိုတဲ့ Status လေးတင်ထားရင်တောင် စားစရာတွေ ချစ်သူကို လာပို့စေချင်ကြသူတွေပါပဲ။ ဒါမျိုးကျတော့ အချစ်ဆိုတာ အလေးထားမှုဖြစ်သွားပြန်ရောပေါ့နော်။

လူတိုင်းကတော့ သူတို့ရဲ့ စိတ်ကြိုက် အချစ်သင်္ကေတလေးတွေ ကိုယ်စီရှိကြမှာပါနော်။ အခုပြောပြတာက ကောင်မလေးတွေမှာ တွေ့ရတဲ့ ယေဘူယျသင်္ကေတတွေဖြစ်တဲ့အတွက်ကြောင့် တခြားသင်္ကေတပိုင်ရှင်လေးတွေလည်း ရှိနေဦးမှာ့ပါ။ အရေးကြီးတာကတော့ ဘယ်လိုသင်္ကေတပိုင်ရှင်ပဲဖြစ်ဖြစ် ကိုယ့်ကောင်မလေးက ဘယ်လိုသင်္ကေတလဲဆိုတဲ့အချက်ကိုပဲ သိထားရင် အိုခေပါပြီနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: MODA
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top