လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ေျမာက္ကိုရီးယားႏိုင္ငံဟာ ကမၻာႀကီးနဲ႔ အဆက္အသြယ္ ျဖတ္ေတာက္ထားတာေၾကာင့္ တံခါးပိတ္တိုင္းျပည္တစ္ခုအျဖစ္ လူသိမ်ားပါတယ္။ ႏိုင္ငံသားေတြအေပၚမွာလည္း စည္းမ်ဥ္းေတြတင္းက်ပ္ထားသလို အင္တာနက္ စည္းမ်ဥ္းစည္းကမ္းေတြလည္း အရမ္းမ်ားျပားပါတယ္။ ဒါေပမဲ့ ေျမာက္ကိုရီးယားရဲ႕ အထက္တန္းလႊာျဖစ္တဲ့ ေခါင္းေဆာင္ေတြကေတာ့ အင္တာနက္ကို အသုံးျပဳခြင့္ရရွိထားပါတယ္။

ေျမာက္ကိုရီးယားအႀကီးတန္း အာဏာပုိင္ေတြဟာ အေနာက္တိုင္းသားေတြလိုပဲ အင္တာနက္ကို လူမႈေရးမီဒီယာၾကည့္တာကေန အျပာကားေတြ ၾကည့္တဲ့အထိ အသုံးျပဳၾကတယ္လို႔ စုံစမ္းေထာက္လွမ္းေရးကုမၸဏီ Recorded Future ကေတြ႕ရွိခဲ့ပါတယ္။

ကၽြမ္းက်င္ပညာရွင္ေတြဟာ ေျမာက္ကုိရီးယားရဲ႕ အင္တာနက္အသုံးျပဳမႈကို သုံးလတိုင္ ေစာင့္ၾကည့္ခဲ့ၿပီး ေျမာက္ကိုရီးယားရဲ႕ ဆိုက္ဘာလုံၿခဳံေရး အားနည္းခ်က္ေတြ ေတြ႕ရွိခဲ့ပါတယ္။ ေျမာက္ကုိရီးယား ေခါင္းေဆာင္ပိုင္းနဲ႔ အထက္တန္းလႊာတို႔ရဲ႕ စိတ္ဝင္စားမႈေတြက မႀကဳံဖူးတဲ့ အတြင္းသေဘာကုိ ျပသေနပါတယ္။

ေျမာက္ကိုရီးယားမွာ သာမန္ႏိုင္ငံသားအမ်ားစုမွာ အင္တာနက္အသံုးျပဳခြင့္မရွိဘူးလို႔ Recorded Future ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ သူတို႔ရဲ႕ မုိဘုိင္းဖုန္းေတြက အေျခခံ 3G ဝန္ေဆာင္မႈေတြပဲ ပါဝင္ၿပီး ဖုန္းေျပာတာ၊ text message ေပးပုိ႔တာအျပင္ ဓာတ္ပုံ၊ ဗီဒီယို message ေတြပဲ ျပဳလုပ္ႏိုင္ပါတယ္။ ေျမာက္ကုိရီးယားရဲ႕ ႏိုင္ငံတြင္း ကြန္ရက္ေထာက္ပံ့သူ Koryolink တစ္ခုပဲ ရွိပါတယ္။

ႏိုင္ငံသားတခ်ိဳ႕က ျပည္တြင္းမွာ အစိုးရပိုင္တဲ့ အင္ထရာနက္ (intranet) ကို တကၠသုိလ္ေတြ ဒါမွမဟုတ္ အင္တာနက္ကေဖးေတြကတစ္ဆင့္ အသုံးျပဳႏိုင္ပါတယ္။ အဲဒီ intranet ကို တကၠသုိလ္ေက်ာင္းသားေတြ၊ သိပၸံပညာရွင္ေတြနဲ႔ အစိုးရအာဏာပုိင္တခ်ိဳ႕ပဲ သုံးႏိုင္တာပါ။ အဲဒီအုပ္စုအျပင္ အင္တာနက္ကို တုိက္႐ိုက္အသုံးျပဳႏိုင္တဲ့ လူတခ်ိဳ႕ရွိေနၿပီး အဲဒါက ေျမာက္ကိုရီးယား ထိပ္တန္းေခါင္းေဆာင္ေတြပါ။

ေျမာက္ကိုရီးယားက အႀကီးတန္းေခါင္းေဆာင္အမ်ားစုနဲ႔ အုပ္ခ်ဳပ္သူလူတန္းစားေတြပဲ အင္တာနက္ကို တုိက္႐ိုက္အသုံးျပဳႏိုင္တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ သူတို႔ေတြ အင္တာနက္ကိုအသုံးျပဳပုံက လူအမ်ားစု အမူအက်င့္နဲ႔ တူပါတယ္။ Facebook နဲ႔ Instagram လို လူမႈေရးမီဒီယာေတြၾကည့္သလို သတင္းေတြဖတ္ပါတယ္။ Amazon ကိုလည္း သြားၾကည့္ပါေသးတယ္။

သူတို႔ရဲ႕ အြန္လိုင္းလုပ္ေဆာင္ခ်က္အမ်ားစုက ဂိမ္းကစားတာနဲ႔ content streaming ၾကည့္႐ႈတာပါ။ ဒါဟာ အင္တာနက္သုံးစြဲမႈရဲ႕ ၆၅ ရာခိုင္ႏႈန္းရိွပါတယ္။

႐ုပ္ရွင္နဲ႔ အစီအစဥ္ေတြကို iTunes နဲ႔ဆင္တဲ့ တ႐ုတ္ဗီဒီယိုဝန္ေဆာင္မႈ Youku ကၾကည့္ၾကၿပီး BitTorrent ဝန္ေဆာင္မႈ အမ်ိဳးမ်ိဳးကလည္း ၾကည့္႐ႈၾကပါတယ္။ ေျမာက္ကုိရီးယား အထက္တန္းလႊာေတြအၾကားက ေရပန္းစားတဲ့ ထိပ္တန္းဂိမ္းထဲမွာ World of Tanks ပါဝင္တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ေျမာက္ကိုရီးယားအထက္တန္းလႊာေတြရဲ႕ အြန္လိုင္းလုပ္ေဆာင္ခ်က္ေတြကို ေစာင့္ၾကည့္သူေတြက VPN နဲ႔ VPS ဝန္ေဆာင္မႈေတြကို အသုံးျပဳခဲ့ပါတယ္။ ဒါ့အျပင္ နာမည္ေက်ာ္ အေနာက္တိုင္းကုမၸဏီေတြျဖစ္တဲ့ Sharktech, iWeb, Digital Ocean, Linode, Leaseweb USA, Telemax နဲ႔ Touch VPN ကေန ဝန္ေဆာင္မႈေတြကိုလည္း ဝယ္ယူခဲ့တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အင္တာနက္လုပ္ေဆာင္ခ်က္ေတြရဲ႕ တစ္ရာခိုင္ႏႈန္းနီးပါးကိုပဲ ကာကြယ္ထားတယ္လို႔ သုေတသီေတြက ေျပာခဲ့ပါတယ္။

စိုးထက္
Ref: DailyMail

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Internet Journal

#Unicode Version#
မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတာကြောင့် တံခါးပိတ်တိုင်းပြည်တစ်ခုအဖြစ် လူသိများပါတယ်။ နိုင်ငံသားတွေအပေါ်မှာလည်း စည်းမျဉ်းတွေတင်းကျပ်ထားသလို အင်တာနက် စည်းမျဉ်းစည်းကမ်းတွေလည်း အရမ်းများပြားပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားရဲ့ အထက်တန်းလွှာဖြစ်တဲ့ ခေါင်းဆောင်တွေကတော့ အင်တာနက်ကို အသုံးပြုခွင့်ရရှိထားပါတယ်။

မြောက်ကိုရီးယားအကြီးတန်း အာဏာပိုင်တွေဟာ အနောက်တိုင်းသားတွေလိုပဲ အင်တာနက်ကို လူမှုရေးမီဒီယာကြည့်တာကနေ အပြာကားတွေ ကြည့်တဲ့အထိ အသုံးပြုကြတယ်လို့ စုံစမ်းထောက်လှမ်းရေးကုမ္ပဏီ Recorded Future ကတွေ့ရှိခဲ့ပါတယ်။

ကျွမ်းကျင်ပညာရှင်တွေဟာ မြောက်ကိုရီးယားရဲ့ အင်တာနက်အသုံးပြုမှုကို သုံးလတိုင် စောင့်ကြည့်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ ဆိုက်ဘာလုံခြုံရေး အားနည်းချက်တွေ တွေ့ရှိခဲ့ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းနဲ့ အထက်တန်းလွှာတို့ရဲ့ စိတ်ဝင်စားမှုတွေက မကြုံဖူးတဲ့ အတွင်းသဘောကို ပြသနေပါတယ်။

မြောက်ကိုရီးယားမှာ သာမန်နိုင်ငံသားအများစုမှာ အင်တာနက်အသုံးပြုခွင့်မရှိဘူးလို့ Recorded Future ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သူတို့ရဲ့ မိုဘိုင်းဖုန်းတွေက အခြေခံ 3G ဝန်ဆောင်မှုတွေပဲ ပါဝင်ပြီး ဖုန်းပြောတာ၊ text message ပေးပို့တာအပြင် ဓာတ်ပုံ၊ ဗီဒီယို message တွေပဲ ပြုလုပ်နိုင်ပါတယ်။ မြောက်ကိုရီးယားရဲ့ နိုင်ငံတွင်း ကွန်ရက်ထောက်ပံ့သူ Koryolink တစ်ခုပဲ ရှိပါတယ်။

နိုင်ငံသားတချို့က ပြည်တွင်းမှာ အစိုးရပိုင်တဲ့ အင်ထရာနက် (intranet) ကို တက္ကသိုလ်တွေ ဒါမှမဟုတ် အင်တာနက်ကဖေးတွေကတစ်ဆင့် အသုံးပြုနိုင်ပါတယ်။ အဲဒီ intranet ကို တက္ကသိုလ်ကျောင်းသားတွေ၊ သိပ္ပံပညာရှင်တွေနဲ့ အစိုးရအာဏာပိုင်တချို့ပဲ သုံးနိုင်တာပါ။ အဲဒီအုပ်စုအပြင် အင်တာနက်ကို တိုက်ရိုက်အသုံးပြုနိုင်တဲ့ လူတချို့ရှိနေပြီး အဲဒါက မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင်တွေပါ။

မြောက်ကိုရီးယားက အကြီးတန်းခေါင်းဆောင်အများစုနဲ့ အုပ်ချုပ်သူလူတန်းစားတွေပဲ အင်တာနက်ကို တိုက်ရိုက်အသုံးပြုနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သူတို့တွေ အင်တာနက်ကိုအသုံးပြုပုံက လူအများစု အမူအကျင့်နဲ့ တူပါတယ်။ Facebook နဲ့ Instagram လို လူမှုရေးမီဒီယာတွေကြည့်သလို သတင်းတွေဖတ်ပါတယ်။ Amazon ကိုလည်း သွားကြည့်ပါသေးတယ်။

သူတို့ရဲ့ အွန်လိုင်းလုပ်ဆောင်ချက်အများစုက ဂိမ်းကစားတာနဲ့ content streaming ကြည့်ရှုတာပါ။ ဒါဟာ အင်တာနက်သုံးစွဲမှုရဲ့ ၆၅ ရာခိုင်နှုန်းရှိပါတယ်။

ရုပ်ရှင်နဲ့ အစီအစဉ်တွေကို iTunes နဲ့ဆင်တဲ့ တရုတ်ဗီဒီယိုဝန်ဆောင်မှု Youku ကကြည့်ကြပြီး BitTorrent ဝန်ဆောင်မှု အမျိုးမျိုးကလည်း ကြည့်ရှုကြပါတယ်။ မြောက်ကိုရီးယား အထက်တန်းလွှာတွေအကြားက ရေပန်းစားတဲ့ ထိပ်တန်းဂိမ်းထဲမှာ World of Tanks ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားအထက်တန်းလွှာတွေရဲ့ အွန်လိုင်းလုပ်ဆောင်ချက်တွေကို စောင့်ကြည့်သူတွေက VPN နဲ့ VPS ဝန်ဆောင်မှုတွေကို အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် နာမည်ကျော် အနောက်တိုင်းကုမ္ပဏီတွေဖြစ်တဲ့ Sharktech, iWeb, Digital Ocean, Linode, Leaseweb USA, Telemax နဲ့ Touch VPN ကနေ ဝန်ဆောင်မှုတွေကိုလည်း ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်တာနက်လုပ်ဆောင်ချက်တွေရဲ့ တစ်ရာခိုင်နှုန်းနီးပါးကိုပဲ ကာကွယ်ထားတယ်လို့ သုတေသီတွေက ပြောခဲ့ပါတယ်။

စိုးထက်
Ref: DailyMail


ဖိုးသူတော် (www.phothutaw.com)
Credit: Internet Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top