လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ေျမာက္ကိုရီးယားကို ေဒၚနယ္လ္ထရမ့္က စစ္ေၾကညာ တုိက္ခုိက္မည္ကို အေမရိကန္ စစ္ဘက္ ထိပ္တန္းအရာရွိ အခ်ိဳ႕က စိုးရိမ္လ်က္ရွိေၾကာင္း သိရသည္။

ထရမ့္က Twitterေပၚတြင္ ေျမာက္ကိုရီးယားအေပၚ စစ္ေရးအရ အေရးယူရန္ ကိစၥႏွင့္ ပတ္သက္၍ ဗိုလ္ခ်ဳပ္မ်ားထံမွ အႀကံယူ ေဆြးေႏြးေနေၾကာင္းႏွင့္ စစ္တပ္ထဲတြင္ လိင္ေျပာင္းလဲထားသူမ်ားကို တာဝန္ထမ္းေဆာင္ခြင့္ မေပးရန္ ဆံုးျဖတ္ခ်က္တို႔ကို ေၾကညာသြားခဲ့သည္။

အေမရိကန္၏ ပင္တဂြန္ စစ္ဦးစီး ဌာနရွိ အရာရွိႀကီး အခ်ိဳ႕တို႔မွာ ႏ်ဴကလီးယား ဒံုးက်ည္ စမ္းသပ္မႈမ်ား ဆက္တုိက္ ျပဳလုပ္လ်က္ရွိသည့္ ေျမာက္ကိုရီးယားကို ထရမ့္က အမွန္တကယ္ တုိက္ခုိက္လာမည့္ အေရးကို ေတြးေတာ စိုးရိမ္ေနေၾကာင္း သတင္းမ်ားက ဆိုသည္။

“ပင္တဂြန္ရဲ႕ အတြင္းလူ တခ်ိဳ႕က အရာရွိေတြၾကားမွာ သမၼတ အေနနဲ႔ ေျမာက္ကိုရီးယားကို စစ္တိုက္ဖို႔ အဆင္သင့္ အေနအထားမ်ိဳး ေၾကညာထားတဲ့အေပၚ အေတာ္ကို စိုးရိမ္မႈေတြ ရွိေနပါတယ္”ဟု BuzzFeedတြင္ စတင္ ေဖာ္ျပခဲ့သည္။

ထရမ့္၏ ႏုိင္ငံျခားေရး မူဝါဒမ်ားတြင္ အေျပာင္းအလဲမ်ား ရွိလာမည္ကို နားလည္ထားေၾကာင္း ကာကြယ္ေရး ဝန္ႀကီး ဂ်င္မ္မက္တစ္ကလည္း စစ္တပ္ရွိ ရင္းႏွီးသူ အခ်ိဳ႕ထံ မွတ္ခ်က္ေပးခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ အဆိုပါ အေျပာင္းအလဲမ်ားႏွင့္ ပတ္သက္၍မူ တိတိက်က် ေျပာဆိုျခင္း မရွိခဲ့ေခ်။

ထရမ့္သည္ သမၼတေဟာင္း ဘာရတ္ အိုဘားမား လက္ထက္က လိင္ေျပာင္းလဲထားသူမ်ားကို စစ္မႈထမ္းရန္ ခြင့္ျပဳေပးခဲ့ျခင္းကိုလည္း ျပန္လည္ ဖယ္ရွားရန္ ဆံုးျဖတ္ခဲ့သည္။ ယင္းကိစၥႏွင့္ ပတ္သက္၍ ပင္တဂြန္ႏွင့္ အိမ္ျဖဴေတာ္ၾကားတြင္ ေဆြးေႏြး ညႇိႏိႈင္းရမည့္ အေျခအေနအခ်ိဳ႕ ေနာက္ဆက္တြဲ ေပၚေပါက္လာဖြယ္ ရွိေနသည္။

စစ္တပ္ထဲတြင္ လက္ရွိ အမႈထမ္းေနသည့္ လိင္ေျပာင္းလဲထားသူမ်ားအတြက္ ျဖစ္ႏုိင္ေျခကိုမူ ထရမ့္က တိတိက်က် ေျပာၾကားခဲ့ျခင္း မရွိေၾကာင္း သိရသည္။

Ref: Independent

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 မြောက်ကိုရီးယားကို ဒေါ်နယ်လ်ထရမ့်က စစ်ကြေညာ တိုက်ခိုက်မည်ကို အမေရိကန် စစ်ဘက် ထိပ်တန်းအရာရှိ အချို့က စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ထရမ့်က Twitterပေါ်တွင် မြောက်ကိုရီးယားအပေါ် စစ်ရေးအရ အရေးယူရန် ကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်များထံမှ အကြံယူ ဆွေးနွေးနေကြောင်းနှင့် စစ်တပ်ထဲတွင် လိင်ပြောင်းလဲထားသူများကို တာဝန်ထမ်းဆောင်ခွင့် မပေးရန် ဆုံးဖြတ်ချက်တို့ကို ကြေညာသွားခဲ့သည်။

အမေရိကန်၏ ပင်တဂွန် စစ်ဦးစီး ဌာနရှိ အရာရှိကြီး အချို့တို့မှာ နျူကလီးယား ဒုံးကျည် စမ်းသပ်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည့် မြောက်ကိုရီးယားကို ထရမ့်က အမှန်တကယ် တိုက်ခိုက်လာမည့် အရေးကို တွေးတော စိုးရိမ်နေကြောင်း သတင်းများက ဆိုသည်။

“ပင်တဂွန်ရဲ့ အတွင်းလူ တချို့က အရာရှိတွေကြားမှာ သမ္မတ အနေနဲ့ မြောက်ကိုရီးယားကို စစ်တိုက်ဖို့ အဆင်သင့် အနေအထားမျိုး ကြေညာထားတဲ့အပေါ် အတော်ကို စိုးရိမ်မှုတွေ ရှိနေပါတယ်”ဟု BuzzFeedတွင် စတင် ဖော်ပြခဲ့သည်။

ထရမ့်၏ နိုင်ငံခြားရေး မူဝါဒများတွင် အပြောင်းအလဲများ ရှိလာမည်ကို နားလည်ထားကြောင်း ကာကွယ်ရေး ဝန်ကြီး ဂျင်မ်မက်တစ်ကလည်း စစ်တပ်ရှိ ရင်းနှီးသူ အချို့ထံ မှတ်ချက်ပေးခဲ့ကြောင်း သိရသည်။ သို့သော် အဆိုပါ အပြောင်းအလဲများနှင့် ပတ်သက်၍မူ တိတိကျကျ ပြောဆိုခြင်း မရှိခဲ့ချေ။

ထရမ့်သည် သမ္မတဟောင်း ဘာရတ် အိုဘားမား လက်ထက်က လိင်ပြောင်းလဲထားသူများကို စစ်မှုထမ်းရန် ခွင့်ပြုပေးခဲ့ခြင်းကိုလည်း ပြန်လည် ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပင်တဂွန်နှင့် အိမ်ဖြူတော်ကြားတွင် ဆွေးနွေး ညှိနှိုင်းရမည့် အခြေအနေအချို့ နောက်ဆက်တွဲ ပေါ်ပေါက်လာဖွယ် ရှိနေသည်။

စစ်တပ်ထဲတွင် လက်ရှိ အမှုထမ်းနေသည့် လိင်ပြောင်းလဲထားသူများအတွက် ဖြစ်နိုင်ခြေကိုမူ ထရမ့်က တိတိကျကျ ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

Ref: Independent


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top