ဒီေန႔ မနက္ သတင္းတစ္ခုၾကားတယ္ ။ ယာဥ္ထိန္းရဲ ပါး၃ခ်က္ ရိုက္ခံထိတယ္တဲ႔… !
ထ(ခြဲ)စမ္းႀကီးေက်ာင္းေရွ႕ ေက်ာင္းသားေတြ မ်ဥ္းၾကားက ကူးေနခ်ိန္ တာဝန္က်ရဲက တားထားတာ ဆိုင္ကယ္ အရွိန္နဲ႔ ျဖတ္ေမာင္းတယ္၊သားအမိႏွစ္ေယာက္ပါ။
ယာဥ္ထိန္းရဲလည္း အဖြားႀကီး ဘယ္ေငး ေမာင္းတာလဲလို႔လွမ္းေအာ္ပါတယ္(သူ မွန္တယ္…ကေလးေတြ ျဖတ္ေနခ်ိန္ ေအာ္ရမွာပဲေလ)…

 

ဆိုင္ကယ္က လြန္သြားၿပီး စမ္းႀကီး အင္းဝိုင္းထိပ္ေရာက္မွ ျပန္လွည့္လာပါတယ္။ယာဥ္ထိန္းရဲကို လက္ညိွဳး ေငါက္ေငါက္ထိုးျပီး နင့္ ေသာက္ဆင့္ဘယ္ေလာက္ရွိလဲ ငါတို့ဘာလည္းသိလား တပ္ထဲကတဲ႔… ဒီေက်ာင္းေရွ႕ေရာက္ရင္ တိုင္းမွဴးေတာင္ ကားရပ္ေပးတယ္လို႔ ဆရာမတစ္ေယာက္ ေျပာျပပါတယ္။

 


ရဲလည္း မွတ္တမ္းယူမို႔ ဆိုင္ကယ္ၾကည့္ေတာ့ နံပတ္ျပားမပါ လိုင္စင္မပါ ဆိုင္ကယ္ဦးထုတ္မပါ ပါဘူး။ဆိုင္ကယ္ကို ဓာတ္ပံုရိုက္ေတာ့ ပါး၃ခ်က္ ဝင္ရိုက္ပါတယ္တဲ႔ (ယာဥ္ထိန္းရဲ ေျပာျပတာပါ)

ယာဥ္ထိန္းရဲက ရံုးျပန္ျပီး စာတင္ တရားစြဲဖို႔ ျပင္ဆင္ပါတယ္။မြန္းလြဲ ၂နာရီမွာ ႏွစ္ဖက္ခ်ိန္းၿပီး အမႈနားေထာင္ဖို႔ ယာဥ္ထိန္းရဲ ၃ပြင့္၂ေယာက္ ရပ္ကြက္အုပ္ခ်ုပ္ေရးမွဴး ေက်ာင္းအက်ဳိးေဆာင္မ်ား ေက်ာင္းအုပ္ဆရာမႀကီး တာဝန္က်ဆရာမမ်ား အခင္းျဖစ္ပြားသူမ်ား ေရာက္လာၾကပါတယ္။(ယာဥ္ထိန္းအရာရွိ ႏွစ္ေယာက္နဲ႔ ရဲေဘာ္ေလးက အေစာဆံုးေရာက္ၿပီး ဟို သားအမိကို မျပန္လာလို႔ သြားေခၚရပါတယ္)

ႏွစ္ဖက္ေျပာၾကားခ်က္ သက္ေသထြက္ဆိုခ်က္ေတြအရ သားအမိ အမွားပါ…သို့ေသာ္ အေတာ္တင္းမာေသာပံုစံ လုပ္ေနတာက သူတို့ပါ…တပ္ထဲကေတာ့ ဟုတ္မွာပါ…သူတို့ သားအမိနွစ္ေယာက္တည္း လာပါတယ္…အတန္ၾကာမွ သူတို့မွားတယ္တဲ႔ ေတာင္းပန္တယ္တဲ႔…သူတို့အရွိန္မ်ားေနလို႔ မရပ္တာ တဲ႔…အရွိန္မ်ားလို႔ မရပ္ရင္ ဘာေၾကာင့္ျပန္လွည့္လာျပီး ပါးလာရိုက္သလဲ ျပႆနာ လာရွာသလဲ တဲ႔…
(ရဲအရာရွိ အေမးပါ)



ယာဥ္ထိန္းရဲရဲ႕ သေဘာကိုေမးေတာ့ လူအမ်ားေရွ႕ မွာ ယူနီေဖာင္းနဲ႔တာဝန္ခ်ိန္မွာ သူ့ကို အရွက္တကြဲျဖစ္ေအာင္ အစံုေျပာတယ္ ပါးရိုက္တယ္။သူ တရားစြဲပါမယ္တဲ႔။အစ္မတို့ သားအမိလည္း တရားစြဲခ်င္စြဲတဲ႔။သက္ေသေတာ့ ခိုင္လံုပါေစတဲ႔။

ဆရာမေတြရဲ႕ စကားကေတာ့ ဒီမွာ ေၾကေအးရင္ ေနာက္တစ္ခါ ေနာက္ထပ္ေတြမ်ားစြာနဲ႔ ထပ္ ထပ္ ပါးလိုက္ရိုက္ေနပါမယ္ တဲ႔။ယာဥ္ထိန္း ယူနီေဖာင္းနဲ႔ေတာင္ ဒီလိုလုပ္ရင္ ဆရာမေတြခ်ည္းပဲ တားရင္ ဘယ္လိုေတာင္လုပ္မလဲ ဆရာမေတြ ေတြးပူကုန္ၾကပါတယ္။

(ဘယ္လို နိဂံုးခ်ဳပ္လည္း က်မ မသိေတာ့ပါ။)

အဲ႔ဒီေက်ာင္းေရွ႕မွာ ၾကာသပေတးေန့ကပဲ ယာဥ္ထိန္းရဲတာဝန္မရွိခ်ိန္ လမ္းျဖတ္ကူးတဲ႔ ကေလးနဲ႔ နည္းပညာေက်ာင္းသားေတြ ဆိုင္ကယ္တိုက္မိတာ ခုထိေဆးရံုမွာ အမႈ မေၾကေအးေသးပါဘူးတဲ႔။

အေျခခံေက်ာင္းေရွ႕တိုင္းမွာ ယာဥ္ထိန္းရဲ ရွိျခင္းေၾကာင့္ ကေလးေတြအတြက္ အႏၲရာယ္ကင္းပါတယ္။ မိုးေရထဲမွာ သူတို့လည္း အသက္အႏၲရာယ္ရွိစြာနဲ႔ လမ္းလယ္မွာ ျပည္သူေတြအတြက္ တတ္နိုင္သမ်ွ လုပ္ေပးေနတာပါ။ တားေနရင္းက အရွိန္နဲ႔ျဖတ္ေမာင္းၾကလို႔ တိုက္ပါျပီးတဲ႔။

ဒါ ဘယ္သူ့တာဝန္ခ်ိန္လည္း ဆိုတာ ရင္ဆိုင္ရပါေတာ့မယ္။ျပည္သူမ်ား အေနျဖင့္လည္း နားလည္ေပးၾကပါ။ ကူညီေပးၾကပါ။ ကေလးေတြေက်ာင္းလႊတ္ခ်ိန္ ခဏေလးရပ္ေစာင့္ေပးလိုက္ၾကပါရွင္။ မိမိသားသမီးမ်ား လမ္းျဖတ္ေနတယ္လို႔ ခဏေလာက္ ေတြးေပးလိုက္ၾကပါ။ကူညီၾကျခင္းျဖင့္ ျပည္သူမ်ားအတြက္ ျပည္သူမ်ား အတူတူ ႀကိုးစာၾကရပါမယ္။ေက်းဇူးတင္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thi Thi Nwe

#Unicode Version#
ဒီနေ့ မနက် သတင်းတစ်ခုကြားတယ် ။ ယာဉ်ထိန်းရဲ ပါး၃ချက် ရိုက်ခံထိတယ်တဲ့… ထ(ခွဲ)စမ်းကြီးကျောင်းရှေ့ ကျောင်းသားတွေ မျဉ်းကြားက ကူးနေချိန် တာဝန်ကျရဲက တားထားတာ ဆိုင်ကယ် အရှိန်နဲ့ ဖြတ်မောင်းတယ်၊သားအမိနှစ်ယောက်ပါ။
ယာဉ်ထိန်းရဲလည်း အဖွားကြီး ဘယ်ငေး မောင်းတာလဲလို့လှမ်းအော်ပါတယ်(သူ မှန်တယ်…ကလေးတွေ ဖြတ်နေချိန် အော်ရမှာပဲလေ)…



ဆိုင်ကယ်က လွန်သွားပြီး စမ်းကြီး အင်းဝိုင်းထိပ်ရောက်မှ ပြန်လှည့်လာပါတယ်။ယာဉ်ထိန်းရဲကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး နင့် သောက်ဆင့်ဘယ်လောက်ရှိလဲ ငါတို့ဘာလည်းသိလား တပ်ထဲကတဲ့… ဒီကျောင်းရှေ့ရောက်ရင် တိုင်းမှူးတောင် ကားရပ်ပေးတယ်လို့ ဆရာမတစ်ယောက် ပြောပြပါတယ်။

ရဲလည်း မှတ်တမ်းယူမို့ ဆိုင်ကယ်ကြည့်တော့ နံပတ်ပြားမပါ လိုင်စင်မပါ ဆိုင်ကယ်ဦးထုတ်မပါ ပါဘူး။ဆိုင်ကယ်ကို ဓာတ်ပုံရိုက်တော့ ပါး၃ချက် ဝင်ရိုက်ပါတယ်တဲ့ (ယာဉ်ထိန်းရဲ ပြောပြတာပါ)

ယာဉ်ထိန်းရဲက ရုံးပြန်ပြီး စာတင် တရားစွဲဖို့ ပြင်ဆင်ပါတယ်။မွန်းလွဲ ၂နာရီမှာ နှစ်ဖက်ချိန်းပြီး အမှုနားထောင်ဖို့ ယာဉ်ထိန်းရဲ ၃ပွင့်၂ယောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျောင်းအကျိုးဆောင်များ ကျောင်းအုပ်ဆရာမကြီး တာဝန်ကျဆရာမများ အခင်းဖြစ်ပွားသူများ ရောက်လာကြပါတယ်။(ယာဉ်ထိန်းအရာရှိ နှစ်ယောက်နဲ့ ရဲဘော်လေးက အစောဆုံးရောက်ပြီး ဟို သားအမိကို မပြန်လာလို့ သွားခေါ်ရပါတယ်)

နှစ်ဖက်ပြောကြားချက် သက်သေထွက်ဆိုချက်တွေအရ သားအမိ အမှားပါ…သို့သော် အတော်တင်းမာသောပုံစံ လုပ်နေတာက သူတို့ပါ…တပ်ထဲကတော့ ဟုတ်မှာပါ…သူတို့ သားအမိနှစ်ယောက်တည်း လာပါတယ်…အတန်ကြာမှ သူတို့မှားတယ်တဲ့ တောင်းပန်တယ်တဲ့…သူတို့အရှိန်များနေလို့ မရပ်တာ တဲ့…အရှိန်များလို့ မရပ်ရင် ဘာကြောင့်ပြန်လှည့်လာပြီး ပါးလာရိုက်သလဲ ပြဿနာ လာရှာသလဲ တဲ့…
(ရဲအရာရှိ အမေးပါ)



ယာဉ်ထိန်းရဲရဲ့ သဘောကိုမေးတော့ လူအများရှေ့ မှာ ယူနီဖောင်းနဲ့တာဝန်ချိန်မှာ သူ့ကို အရှက်တကွဲဖြစ်အောင် အစုံပြောတယ် ပါးရိုက်တယ်။သူ တရားစွဲပါမယ်တဲ့။အစ်မတို့ သားအမိလည်း တရားစွဲချင်စွဲတဲ့။သက်သေတော့ ခိုင်လုံပါစေတဲ့။

ဆရာမတွေရဲ့ စကားကတော့ ဒီမှာ ကြေအေးရင် နောက်တစ်ခါ နောက်ထပ်တွေများစွာနဲ့ ထပ် ထပ် ပါးလိုက်ရိုက်နေပါမယ် တဲ့။ယာဉ်ထိန်း ယူနီဖောင်းနဲ့တောင် ဒီလိုလုပ်ရင် ဆရာမတွေချည်းပဲ တားရင် ဘယ်လိုတောင်လုပ်မလဲ ဆရာမတွေ တွေးပူကုန်ကြပါတယ်။

(ဘယ်လို နိဂုံးချုပ်လည်း ကျမ မသိတော့ပါ။)

အဲ့ဒီကျောင်းရှေ့မှာ ကြာသပတေးနေ့ကပဲ ယာဉ်ထိန်းရဲတာဝန်မရှိချိန် လမ်းဖြတ်ကူးတဲ့ ကလေးနဲ့ နည်းပညာကျောင်းသားတွေ ဆိုင်ကယ်တိုက်မိတာ ခုထိဆေးရုံမှာ အမှု မကြေအေးသေးပါဘူးတဲ့။

အခြေခံကျောင်းရှေ့တိုင်းမှာ ယာဉ်ထိန်းရဲ ရှိခြင်းကြောင့် ကလေးတွေအတွက် အန္တရာယ်ကင်းပါတယ်။ မိုးရေထဲမှာ သူတို့လည်း အသက်အန္တရာယ်ရှိစွာနဲ့ လမ်းလယ်မှာ ပြည်သူတွေအတွက် တတ်နိုင်သမျှ လုပ်ပေးနေတာပါ။ တားနေရင်းက အရှိန်နဲ့ဖြတ်မောင်းကြလို့ တိုက်ပါပြီးတဲ့။

ဒါ ဘယ်သူ့တာဝန်ချိန်လည်း ဆိုတာ ရင်ဆိုင်ရပါတော့မယ်။ပြည်သူများ အနေဖြင့်လည်း နားလည်ပေးကြပါ။ ကူညီပေးကြပါ။ ကလေးတွေကျောင်းလွှတ်ချိန် ခဏလေးရပ်စောင့်ပေးလိုက်ကြပါရှင်။ မိမိသားသမီးများ လမ်းဖြတ်နေတယ်လို့ ခဏလောက် တွေးပေးလိုက်ကြပါ။ကူညီကြခြင်းဖြင့် ပြည်သူများအတွက် ပြည်သူများ အတူတူ ကြိုးစာကြရပါမယ်။ကျေးဇူးတင်ပါတယ်။




ဖိုးသူတော် (www.phothutaw.com)
Credit: Thi Thi Nwe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top