ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ျမန္မာရုပ္ရွင္ေလာကမွာ ရုပ္ရွင္ဖန္တီးသူအမ်ားစု ရင္ဆုိင္ေနရတဲ့ အခက္အခဲေတြထဲမွာလည္း ရုပ္ရွင္ဆင္ျဖတ္ေတာက္မႈအပုိင္းေတြ ပါဝင္ေနပါတယ္။ အနုပညာအလုပ္ေတြနဲ႔ ပတ္သက္ၿပီ ေသခ်ာစိစစ္ရုိက္ကူးေနတဲ့ ပရိသတ္ေတြအခ်စ္ေတာ္ ေအာင္ရဲလင္းက ရုပ္ရွင္ဆင္ဆာနဲ႔ပတ္သက္ၿပီ လက္ရွိအခ်ိန္မွာ ဆင္ဆာမရွိေစ ခ်င္းဘူးလုိ႔ ေျပာပါတယ္။
Uqw4im60emawtkpgsdpo
“ ရုပ္ရွင္ဆင္ဆာျဖတ္ေတာက္မႈနဲ႔ ပတ္သက္ၿပီ ရင္ထဲက ခံစားခ်က္ကုိ အမွန္တုိင္းေျပာရရင္ အခုခ်ိန္မွာ ဆင္ဆာဆုိတာ မရွိသင့္ေတာ့ဘူးလုိ႔ ကၽြန္ေတာ္ထင္ပါတယ္။ ဘာလုိ႔လဲဆုိ အခ်ိဳ႕ဇာတ္ဝင္ခန္းေတြမွာ ကၽြန္ေတာ္အနုပညာဖန္တီးထားတဲ့ သူေတြက အရမ္းႀကိဳးစားထားမႈေတြကုိသူတုိ႔က အလြယ္တကူျဖတ္ေတာက္ပစ္ လုိက္တာေတြရွိတယ္။ အဲ့ဒီလုိျဖတ္ေတာက္မႈေတြေၾကာင့္ ဇာတ္ကားရဲ႕အရသာေတြပ်က္သြားသလုိ ကၽြန္ေတာ့္တုိ႔ႀကိဳးစားမႈေတြလည္း အလကားျဖစ္ကုန္တယ္။ ဒါက ကၽြန္ေတာ္တုိ႔လုိအနုပညာဖန္တီးသူေတြက ပုိသိတယ္။ ဆင္ဆာျဖတ္သင့္တာေတြ ျဖတ္တာလက္ခံနုိင္ေပမယ့္လည္း မလုိအပ္ဘဲျဖတ္လုိက္တာေတြ ရွိေနေတာ့ စိတ္ထဲကခံစားခ်က္အတုိင္းေျပာရရင္ ဆင္ဆာမရွိေစခ်င္ေတာ့ပါဘူး။ ” လုိ႔ ေအာင္ရဲလင္းကေျပာပါတယ္။

ျမန္မာရုပ္ရွင္အဆင့္တန္း အကဲျဖတ္အဖြဲ႔ျဖစ္တဲ့ ရုပ္ရွင္ဆင္ဆာအဖြဲ႔ရဲ႕ ဇာတ္ကားေတြကုိဆင္ဆာျဖတ္ေတာက္မႈ အခ်ိဳ႕ဟာ ဇာတ္ကားတစ္ခုလုံးရဲ႕အရသာနဲ႔ ဇာတ္ကားအရည္အေသြးကုိ ထိခုိက္မႈေတြျဖစ္ေပၚေစတယ္ လုိ႔လည္း ရုပ္ရွင္ဖန္တီးသူအနုပညာရွင္အခ်ိဳ႕က ဆုိပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ရုပ္ရွင္ဆင္ဆာအဖြဲ႔ဟာ ရုပ္ရွင္ဇာတ္ကားျဖတ္ေတာက္မႈေတြနဲ႔ ပတ္သက္ၿပီး ထုတ္လုပ္သူနဲ႔ဒါရုိက္တာ ၊ အနုပညာရွင္ေတြရဲ႕တာ၀န္ခံမႈ တာဝန္ယူမႈေတြနဲ႔ ဆင္ဆာျဖတ္ေတာက္မႈေတြကုိ အရင္ကထက္ေလ်ာ့ခ် ေပးေနတယ္လုိ႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သုတဗုိလ္( မုိမုိေလး)
Photo - Aung Ye Lin (fb)
#Unicode Version#

မြန်မာရုပ်ရှင်လောကမှာ ရုပ်ရှင်ဖန်တီးသူအများစု ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲမှာလည်း ရုပ်ရှင်ဆင်ဖြတ်တောက်မှုအပိုင်းတွေ ပါဝင်နေပါတယ်။ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီ သေချာစိစစ်ရိုက်ကူးနေတဲ့ ပရိသတ်တွေအချစ်တော် အောင်ရဲလင်းက ရုပ်ရှင်ဆင်ဆာနဲ့ပတ်သက်ပြီ လက်ရှိအချိန်မှာ ဆင်ဆာမရှိစေ ချင်းဘူးလို့ ပြောပါတယ်။

“ ရုပ်ရှင်ဆင်ဆာဖြတ်တောက်မှုနဲ့ ပတ်သက်ပြီ ရင်ထဲက ခံစားချက်ကို အမှန်တိုင်းပြောရရင် အခုချိန်မှာ ဆင်ဆာဆိုတာ မရှိသင့်တော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆို အချို့ဇာတ်ဝင်ခန်းတွေမှာ ကျွန်တော်အနုပညာဖန်တီးထားတဲ့ သူတွေက အရမ်းကြိုးစားထားမှုတွေကိုသူတို့က အလွယ်တကူဖြတ်တောက်ပစ် လိုက်တာတွေရှိတယ်။ အဲ့ဒီလိုဖြတ်တောက်မှုတွေကြောင့် ဇာတ်ကားရဲ့အရသာတွေပျက်သွားသလို ကျွန်တော့်တို့ကြိုးစားမှုတွေလည်း အလကားဖြစ်ကုန်တယ်။ ဒါက ကျွန်တော်တို့လိုအနုပညာဖန်တီးသူတွေက ပိုသိတယ်။ ဆင်ဆာဖြတ်သင့်တာတွေ ဖြတ်တာလက်ခံနိုင်ပေမယ့်လည်း မလိုအပ်ဘဲဖြတ်လိုက်တာတွေ ရှိနေတော့ စိတ်ထဲကခံစားချက်အတိုင်းပြောရရင် ဆင်ဆာမရှိစေချင်တော့ပါဘူး။ ” လို့ အောင်ရဲလင်းကပြောပါတယ်။

မြန်မာရုပ်ရှင်အဆင့်တန်း အကဲဖြတ်အဖွဲ့ဖြစ်တဲ့ ရုပ်ရှင်ဆင်ဆာအဖွဲ့ရဲ့ ဇာတ်ကားတွေကိုဆင်ဆာဖြတ်တောက်မှု အချို့ဟာ ဇာတ်ကားတစ်ခုလုံးရဲ့အရသာနဲ့ ဇာတ်ကားအရည်အသွေးကို ထိခိုက်မှုတွေဖြစ်ပေါ်စေတယ် လို့လည်း ရုပ်ရှင်ဖန်တီးသူအနုပညာရှင်အချို့က ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ရုပ်ရှင်ဆင်ဆာအဖွဲ့ဟာ ရုပ်ရှင်ဇာတ်ကားဖြတ်တောက်မှုတွေနဲ့ ပတ်သက်ပြီး ထုတ်လုပ်သူနဲ့ဒါရိုက်တာ ၊ အနုပညာရှင်တွေရဲ့တာဝန်ခံမှု တာဝန်ယူမှုတွေနဲ့ ဆင်ဆာဖြတ်တောက်မှုတွေကို အရင်ကထက်လျော့ချ ပေးနေတယ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သုတဗိုလ်( မိုမိုလေး)
Photo - Aung Ye Lin (fb)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top