ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

 လူသိနည္းေသာ လူယုတ္မာ ဆိုသည္မွာ...
===============

သုတၱနိပါတ္ပါဠိေတာ္၊ ဝသလသုတ္မွာ အိုမင္းလာတဲ့ မိဘေတြကို လုပ္ေကြၽးႏိုင္စြမ္းရွိပါလ်က္
လုပ္မေကြၽးတဲ့ သားသမီးဟာ “လူယုတ္မာ” သာျဖစ္တယ္လို႔ ဘုရားက ေဟာထားတယ္။
ဒီအေၾကာင္းကို ေခတ္လူငယ္ေတြ နားလည္ေအာင္ ေရႊဟသၤာေတာရ၊ စံေက်ာင္းဆရာေတာ္ႀကီးက...
“အနႏၲဂိုဏ္းဝင္ အဓိကထားရသည့္မိဘႏွစ္ပါး ႀကီးက်ယ္စြာ။လက္ဦးဆရာ ျဗဟၼာအလားသို႔
ဘဂဝါဘုရား ေဟာခဲ့တာ။သူတို႔ေမြးတာ ေက်းဇူးအျမတ္ကိုေႂကြးအထူးဆပ္ဖို႔
 နားလည္ပါ။စြမ္းႏိုင္လွ်က္သား အိုမင္းျငား ပစ္ထား လူယုတ္မာ။
အဲဒါေၾကာင့္ ဗုဒၶထုတ္ေဟာ အယုတ္သေဘာကင္းေစရာ။”လို႔ လကၤာေလးသီျပထားတယ္။

ေနာက္ဇာတ္အ႒ကထာ “သုဝဏၰသာမဇာတ္”အဖြင့္မွာ မိဘကိုလုပ္ေကၽြးတဲ့ သားလိမၼာ၊ သမီးလိမၼာေတြ
ခံစားရမယ့္ ေကာင္းက်ိဳးသံုးမ်ဳိးကိုလည္း ဖြင့္ျပထားတယ္။ အဲဒီ ေကာင္းက်ိဳး သံုးမ်ိဳးက မိဘကိုလုပ္ေကြၽးတဲ့
သားလိမၼာ၊ သမီးလိမၼာေတြကို ပညာရွိသူေတာ္ေကာင္းေတြကေလးစားၾကတယ္။
ခ်ီးက်ဴးၾကတယ္။
ေသတဲ့အခါမွာလည္း နတ္ျပည္ကို ေရာက္တယ္။ကုသလို႔မရတဲ့ေရာဂါေတြျဖစ္ရင္ နတ္ေကာင္း၊
နတ္ျမတ္ေတြက ေဆးကုေပးတယ္။ ဘယ္ေနရာေရာက္ေရာက္ ၊ေဘးမေရာက္ေအာင္လည္း
ေစာင့္ေရွာက္ေပးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: -【အရွင္ဇဝန - ေမတၱာရွင္(ေရႊျပည္သာ)】



#Unicode Version#
 လူသိနည်းသော လူယုတ်မာ
===============

သုတ္တနိပါတ်ပါဠိတော်၊ ဝသလသုတ်မှာ အိုမင်းလာတဲ့ မိဘတွေကို လုပ်ကျွေးနိုင်စွမ်းရှိပါလျက်
လုပ်မကျွေးတဲ့ သားသမီးဟာ “လူယုတ်မာ” သာဖြစ်တယ်လို့ ဘုရားက ဟောထားတယ်။
ဒီအကြောင်းကို ခေတ်လူငယ်တွေ နားလည်အောင် ရွှေဟင်္သာတောရ၊ စံကျောင်းဆရာတော်ကြီးက...
“အနန္တဂိုဏ်းဝင် အဓိကထားရသည့်မိဘနှစ်ပါး ကြီးကျယ်စွာ။လက်ဦးဆရာ ဗြဟ္မာအလားသို့
ဘဂဝါဘုရား ဟောခဲ့တာ။သူတို့မွေးတာ ကျေးဇူးအမြတ်ကို
ကြွေးအထူးဆပ်ဖို့ နားလည်ပါ။စွမ်းနိုင်လျှက်သား အိုမင်းငြား ပစ်ထား လူယုတ်မာ။
အဲဒါကြောင့် ဗုဒ္ဓထုတ်ဟော အယုတ်သဘောကင်းစေရာ။”လို့ လင်္ကာလေးသီပြထားတယ်။

နောက်ဇာတ်အဋ္ဌကထာ “သုဝဏ္ဏသာမဇာတ်”အဖွင့်မှာ မိဘကိုလုပ်ကျွေးတဲ့ သားလိမ္မာ၊ သမီးလိမ္မာတွေ
ခံစားရမယ့် ကောင်းကျိုးသုံးမျိုးကိုလည်း ဖွင့်ပြထားတယ်။ အဲဒီ ကောင်းကျိုး သုံးမျိုးက မိဘကိုလုပ်ကျွေးတဲ့
သားလိမ္မာ၊ သမီးလိမ္မာတွေကို ပညာရှိသူတော်ကောင်းတွေကလေးစားကြတယ်။
ချီးကျူးကြတယ်။
သေတဲ့အခါမှာလည်း နတ်ပြည်ကို ရောက်တယ်။ကုသလို့မရတဲ့ရောဂါတွေဖြစ်ရင် နတ်ကောင်း၊
နတ်မြတ်တွေက ဆေးကုပေးတယ်။ ဘယ်နေရာရောက်ရောက် ၊ဘေးမရောက်အောင်လည်း
စောင့်ရှောက်ပေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: -【အရှင်ဇဝန - မေတ္တာရှင်(ရွှေပြည်သာ)】



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top