Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကိုယ္တိုင္အလြယ္တကူ ေဖ်ာ္ေသာက္ႏိုင္မည့္ အလြန္ေဆးဖက္၀င္ေသာ ေဖ်ာ္ရည္ေဖ်ာ္နည္းတစ္ခုကို မွ်ေ၀ေပးလိုက္ပါတယ္။ ဒီေဖ်ာ္ရည္ဟာ ႏိုင္ငံတကာမွာလည္း အရမ္းကို ေခတ္စားေနတဲ့ ေဖ်ာ္ရည္တစ္မ်ိဳးျဖစ္ပါတယ္။

ပါ၀င္တဲ့ပစၥည္းမ်ား ...

ပန္းသီး ၁လံုး၊ မုန္လာဥနီ ၂ေတာင့္၊ သံပယိုသီး ၁လံုး၊ ဂ်င္း ၁တက္၊ တရုတ္နံနံပင္ ၂ကိုင္း၊ Beetroot လို့ေခၚတဲ့ သၾကားမုန္လာဥ ၁လံုး (ပါ၀င္တဲ့ပစၥည္းမ်ားအားလံုးကို စူပါမားကက္မ်ားမွာ ရႏိုင္ပါတယ္)

ေဖ်ာ္နည္း

(၁) ၄င္းပစၥည္းမ်ားကို အခြံခြါ၊ ေရေဆးသန့္စင္ျပီး အစိပ္စိပ္ျပဳကာ Blender ၾကိတ္စကနဲ့ ၾကိတ္ပါ။ ေရသန့္ ၂ ခြက္စာ ထည့္ၾကိတ္ပါ။

(၂) ၾကိတ္ျပီးလွ်င္ ေရစစ္နဲ့စစ္ျပီး အရည္ညွစ္ယူျပီး ေသာက္ပါ။ ေရခဲေသတၱာထဲထည့္ထားျပီး ေအးေအးေလးနဲ့ ေသာက္ရင္ ပိုျပီး အရသာထူးကဲေစပါတယ္။

(၃) ဆား၊ သၾကား၊ အခ်ိဳေရ ဘာမွမထည့္ပါနဲ့။ လတ္ဆတ္တဲ့ သဘာ၀သစ္သီးအရသာအတိုင္းပဲ ေသာက္ပါ။

၄င္းေဖ်ာ္ရည္ကို ေသာက္သံုးျခင္းျဖင့္ ႏွလံုးအားနည္းျခင္း၊ ေသြးအားနည္းျခင္း၊ မၾကာခဏ ေခါင္းမူးျခင္း၊ စိတ္ဖိစီးျခင္းတို့ကို ကာကြယ္ေပးပါတယ္။ အစာေျခစနစ္ကို ပိုအားေကာင္းေစျပီး ေသြးထဲမွ အဆီဓါတ္မ်ားကို စုပ္ယူႏုိင္တဲ့အတြက္ ၀ိတ္တက္ျခင္း၊ အ၀လြန္ျခင္းတို့ကိုလည္း ကာကြယ္ေပးပါတယ္။ အာရံုေၾကာမ်ားကိုလည္း အားေကာင္းေစျပီး ဉာဏ္ရည္ကိုလည္း ဖြံ့ျဖိဳးေစပါတယ္။

https://www.facebook.com/myawadyhealth


ေစာႏြဲ ့ေနဆိုင္(ပူတာအို)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Myawady Health

#Unicode Version#
ကိုယ်တိုင်အလွယ်တကူ ဖျော်သောက်နိုင်မည့် အလွန်ဆေးဖက်ဝင်သော ဖျော်ရည်ဖျော်နည်းတစ်ခုကို မျှဝေပေးလိုက်ပါတယ်။ ဒီဖျော်ရည်ဟာ နိုင်ငံတကာမှာလည်း အရမ်းကို ခေတ်စားနေတဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။
ပါဝင်တဲ့ပစ္စည်းများ
ပန်းသီး ၁လုံး၊ မုန်လာဥနီ ၂တောင့်၊ သံပယိုသီး ၁လုံး၊ ဂျင်း ၁တက်၊ တရုတ်နံနံပင် ၂ကိုင်း၊ Beetroot လို့ခေါ်တဲ့ သကြားမုန်လာဥ ၁လုံး (ပါဝင်တဲ့ပစ္စည်းများအားလုံးကို စူပါမားကက်များမှာ ရနိုင်ပါတယ်)
ဖျော်နည်း
(၁) ၎င်းပစ္စည်းများကို အခွံခွါ၊ ရေဆေးသန့်စင်ပြီး အစိပ်စိပ်ပြုကာ Blender ကြိတ်စကနဲ့ ကြိတ်ပါ။ ရေသန့် ၂ ခွက်စာ ထည့်ကြိတ်ပါ။
(၂) ကြိတ်ပြီးလျှင် ရေစစ်နဲ့စစ်ပြီး အရည်ညှစ်ယူပြီး သောက်ပါ။ ရေခဲသေတ္တာထဲထည့်ထားပြီး အေးအေးလေးနဲ့ သောက်ရင် ပိုပြီး အရသာထူးကဲစေပါတယ်။
(၃) ဆား၊ သကြား၊ အချိုရေ ဘာမှမထည့်ပါနဲ့။ လတ်ဆတ်တဲ့ သဘာဝသစ်သီးအရသာအတိုင်းပဲ သောက်ပါ။
၎င်းဖျော်ရည်ကို သောက်သုံးခြင်းဖြင့် နှလုံးအားနည်းခြင်း၊ သွေးအားနည်းခြင်း၊ မကြာခဏ ခေါင်းမူးခြင်း၊ စိတ်ဖိစီးခြင်းတို့ကို ကာကွယ်ပေးပါတယ်။ အစာခြေစနစ်ကို ပိုအားကောင်းစေပြီး သွေးထဲမှ အဆီဓါတ်များကို စုပ်ယူနိုင်တဲ့အတွက် ဝိတ်တက်ခြင်း၊ အဝလွန်ခြင်းတို့ကိုလည်း ကာကွယ်ပေးပါတယ်။ အာရုံကြောများကိုလည်း အားကောင်းစေပြီး ဉာဏ်ရည်ကိုလည်း ဖွံ့ဖြိုးစေပါတယ်။

https://www.facebook.com/myawadyhealth


စောနွဲ့နေဆိုင်(ပူတာအို)

ဖိုးသူတော် (www.phothutaw.com)
Credit:  Myawady Health

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top