လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

လူတိုင္းဟာ အနာဂတ္ကို သိခြင့္ရမယ္ဆို သိခ်င္ၾကတာခ်ည္းပါပဲ။ ဒါေၾကာင့္ ေဗဒင္ေမးျခင္း၊ လကၡဏာၾကည့္ျခင္း၊ ေရွ႕ျဖစ္ေဟာျခင္း စတာေတြဟာ ကမၻာအႏွံ႕မွာ ေခတ္စားေနၾကတာျဖစ္ပါတယ္။ အေရွ႕တိုင္းမွာသာမက အေနာက္တိုင္းမွာလည္း ေဗဒင္ပညာကို စိတ္၀င္စားၾကတဲ့သူေတြ အမ်ားၾကီးပါပဲ။ အေရွ႕တိုင္းမွာလိုပဲ အေနာက္တိုင္းမွာလည္း သတင္းစာေတြ၊ မဂၢဇင္းေတြမွာ ေဗဒင္ေဟာစာတမ္းေတြ ေန႕စဥ္လစဥ္ ထည့္ၾကပါတယ္။ တိုင္းမ္ မဂၢဇင္းက ေဆာင္းပါးတစ္ပုဒ္မွာ ပဲရစ္ျမိဳ႕တစ္ျမိဳ႕တည္းမွာတင္ ေဗဒင္ပညာရွင္ေပါင္း ေျခာက္ေသာင္းခန္႕ရွိတယ္လို႕ ဖတ္ရဖူးပါတယ္။ အေမရိကန္သမၼတ ေရဂင္နဲ႕ သူ႕ဇနီး ဟာလည္း အေရးၾကီးတ့ဲဆံုးျဖတ္ခ်က္ေတြ မခ်ခင္မွာ အမ်ိဳးသမီးေဗဒင္ပညာရွင္တစ္ဦးနဲ႕ အျမဲပံုမွန္ ေဆြးေႏြးတယ္လို႕ ဆိုပါတယ္။

ေဗဒင္ေဟာျခင္းနဲ႕ အသက္ေမြး၀မ္းေက်ာင္းျပဳသူေတြအမ်ားၾကီးရွိၾကေပမဲ့ တကယ္ပညာရွင္အစစ္ကေတာ့ အျမဲလိုလို မေတြ႕ႏိုင္ပါဘူး။ ေဗဒင္ပညာရွင္စစ္စစ္ ဆိုတာ ေဗဒင္ပညာရပ္ကိုပိုင္ႏုိင္သူလည္း ျဖစ္ႏုိင္သလို ေမြးရာပါဆဌမအာ႐ံုေၾကာင့္ ေရွ႕ျဖစ္ေနာက္ျဖစ္ကို ျမင္ရသူလည္းျဖစ္ႏုိင္ပါတယ္။ ပညာရွင္အစစ္ ဟုတ္မဟုတ္ကိုေတာ့ မိမ္ ေဗဒင္ေမးၾကည့္႐ံုနဲ႕ မၾကာခင္မွာပဲ သိႏုိင္ပါတယ္။ မိမိရဲ႕ အတိတ္ကို အနီးစပ္ဆံုး မွန္ကန္ေအာင္ေဟာႏုိင္မွသာ မိမိရဲ႕အနာဂတ္ကိုလည္း ေဟာႏုိင္မယ္မဟုတ္ပါလား။ အတိတ္ျဖစ္ရပ္ေတြကို ေဟာတာမမွန္ရင္ေတာ့ ဒါဟာ ပညာရွင္အတုျဖစ္ႏိုင္ပါတယ္။ ေဗဒင္ပညာကို ယံုၾကည္ျပီး ပညာရွင္ေကာင္းနဲ႕ ေတြ႕ျပီး ဘ၀ရဲ႕အေရးၾကီးကိစၥေတြကိုေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏုိင္သူေတြရွိသလို အေယာင္ေဆာင္ ပညာရွင္ရဲ႕ အလိမ္အညာကိုခံရျပီး ေငြေၾကးမ်ားစြာဆံုး႐ံႈးရသူေတြလည္း ရွိၾကပါတယ္။

ေဗဒင္ေဟာနည္းေပါင္းမ်ားစြာရွိျပီး လကၡဏာၾကည့္ေဟာျခင္း၊ ေမြးသကၠရာဇ္ကိုတြက္ခ်က္ျခင္း၊ တဲေရာ့ေဗဒင္ ေဟာျခင္း၊ ဖန္လံုးၾကည့္ေဟာျခင္း၊ ဖဲခ်ပ္မ်ားျဖင့္ေဟာျခင္း စသျဖင့္ အမ်ားၾကီးရွိပါတယ္။ ဘယ္လိုနည္းနဲ႕ပဲ ေဟာသည္ျဖစ္ေစ စစ္မွန္တဲ့ပညာရွင္ကေဟာမွသာ အက်ိဳးေက်းဇူးကို ရရွိမွာျဖစ္ပါတယ္။ ေဗဒင္ေမးျခင္းကို စိတ္၀င္စားသူေတြ အတြက္ ေဗဒင္ေမးျခင္းရဲ႕ ေကာင္းက်ိဳးနဲ႕ ဆိုးက်ိဳးမ်ားကို ေလ့လာေဖာ္ျပေပးလိုက္ပါတယ္။

ေဗဒင္ေမးျခင္းရဲ႕ ေကာင္းက်ိဳးမ်ား

ၾကိဳတင္ျပင္ဆင္ခြင့္ရျခင္း – ေဗဒင္ပညာရွင္ရဲ႕ ၾကိဳတင္ေဟာကိန္းထုတ္မႈေတြကို သိရွိထားတဲ့ အခါ လုိအပ္တာေတြကို ၾကိဳတင္ျပင္ဆင္ႏုိင္မွာျဖစ္ပါတယ္။ မေကာင္းတာျဖစ္လာမယ္ ဆိုရင္ လည္း ၾကိဳတင္ေရွာင္လႊဲႏိုင္သလို ေကာင္းတာေတြျဖစ္လာမယ္ဆိုလည္း ၾကိဳတင္ျပင္ဆင္ထား ႏိုင္မွာျဖစ္ပါတယ္။
မိမိကုိယ္ကိုယံုၾကည္မႈနဲ႕ မိမိအနာဂတ္ကိုစိတ္၀င္စားမႈရွိလာျခင္း – မွန္ကန္တိက်တဲ့ ေဟာကိန္း ေတြကို ေဟာႏိုင္တဲ့ ေဗဒင္ပညာရွင္ေတြဟာ ကိုယ့္ရဲ႕ အစြမ္းအစေတြကိုပါ ေဖာ္ထုတ္ေဟာ ၾကားႏိုင္တဲ့အတြက္ ကိုယ္ေရွ႕ဆက္လုပ္သင့္တာေတြကို ေသခ်ာအစီအစဥ္ခ်ႏိုင္ပါတယ္။
ေန႕ရက္တိုင္းမွာ အက်ိဳးရွိျခင္း – “သင္ဟာ အခြင့္အလမ္းေတြကို အမိအရဆုပ္ကိုင္ႏိုင္ျပီး ၾကီးပြားေအာင္ျမင္မယ္” ဆိုတဲ့ ေဟာကိန္းေလးတစ္ခုဟာ မနက္တိုင္း မနက္တိုင္းမွာ ၾကားေယာင္ျပီး ေန႕သစ္တိုင္းကို ေပ်ာ္ရႊင္စြာျဖတ္သန္းဖို႕ အားအင္ေတြကိုေပးႏုိင္ပါတယ္။ ဒါေၾကာင့္ အေကာင္းကိုေဟာတဲ့ေဟာကိန္းတစ္ခုဟာ ေန႕ စဥ္ေန႕တိုင္းမွာ ခြန္အားေတြေပးႏိုင္ပါတယ္။

ေဗဒင္ေမးျခင္းရဲ႕ ဆိုးက်ိဳးမ်ား

လွည့္စားခံရႏိုင္ျခင္း – အခြင့္အလမ္းေတြနဲ႕ ဆံုး႐ံႈးမႈေတြဆိုတာ အနာဂတ္မွာ အျမဲ ရွိေနမွာပါပဲ။ လည္၀ယ္ပါးနပ္တဲ့ အတုအေယာင္ေဗဒင္ဆရာေတြဟာ အနာဂတ္ကို ထင္ေယာင္ထင္မွားျဖစ္ ေအာင္ ေဟာကိန္း ထုတ္တတ္ပါတယ္။ တခ်ိဳ႕က အထူးေအာင္ျမင္ကိန္းရွိတယ္ဆိုျပီး ယၾတာေခ်ခိုင္း၊ ပူေဇာ္ပသခိုင္းတာရွိသလို တခ်ိဳ႕ကလည္း ဒုကၡေရာက္ကိန္းျမင္တယ္ဆိုျပီး ယၾတာေခ်ခိုင္း၊ ပူေဇာ္ပသခိုင္းတာလည္း ရွိပါတယ္။

အခ်ိန္ျဖဳန္းမိျခင္း – ေဗဒင္နဲ႕ ေရွ႕ျဖစ္ေဟာကိန္းေတြကို အလြန္အကၽြံယံုၾကည္ျခင္း၊ လိုက္စားျခင္းဟာ အခ်ိန္နဲ႕ေငြကို ျဖဳန္းတီးရာေရာက္ပါတယ္။ အခ်ိန္မီလုပ္လိုက္သင့္တာတစ္ခု ကို ေဗဒင္မတြက္ရေသးလို႕ ယၾတာမေခ်ရေသးလို႕ မလုပ္လိုက္တာမ်ိဳးေတာင္ ရွိတတ္ၾကတာ ေတြ႕ဖူးပါတယ္။
အားကိုးလြန္းျခင္း – မိမိရဲ႕ အနာဂတ္ကို မိမိဘာသာဖန္တီးရမွာကို ေမ့ေလ်ာ့ျပီး အရာရာ ေဗဒင္ပညာရွင္ကို အားကိုးျခင္းဟာ အစြမ္းအစကိုေလ်ာ့နည္းေစပါတယ္။

ေဗဒင္ပညာကို ယံုသူလည္း ရွိသလို မယံုသူလည္းရွိပါတယ္။ အလြန္အမင္းကိုးကြယ္သူေတြရွိသလိုပဲ ေ၀ဖန္ကဲ့ရဲ႕သူလည္းရွိပါတယ္။ ဒါေပမဲ့ ေဗဒင္ပညာရပ္ဆိုတာ ခိုင္ခိုင္မာမာအျမဲရွိေနတာေတာ့ အေသအခ်ာပါပဲ။ ေဗဒင္ပညာကို ယံုၾကည္လက္ခံသူေတြအေနနဲ႕ မိမိဘ၀အတြက္ မေကာင္းတာေရွာင္ ေကာင္းတာေဆာင္ဖို႕ ေဗဒင္ပညာကို တစ္ဖက္တစ္လမ္းက အသံုးျပဳရင္း “အတၱာဟိ အတၱေနာ နာေထာ” ဆိုတဲ့ ဘုရားေဟာတရားေတာ္လိုပဲ မိမိကုိယ္သာကိုးကြယ္ရာလို႕ ယံုၾကည္သင့္ပါေၾကာင္း ေဆြးေႏြး လိုက္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: yangonlife

#Unicode Version#
လူတိုင်းဟာ အနာဂတ်ကို သိခွင့်ရမယ်ဆို သိချင်ကြတာချည်းပါပဲ။ ဒါကြောင့် ဗေဒင်မေးခြင်း၊ လက္ခဏာကြည့်ခြင်း၊ ရှေ့ဖြစ်ဟောခြင်း စတာတွေဟာ ကမ္ဘာအနှံ့မှာ ခေတ်စားနေကြတာဖြစ်ပါတယ်။ အရှေ့တိုင်းမှာသာမက အနောက်တိုင်းမှာလည်း ဗေဒင်ပညာကို စိတ်ဝင်စားကြတဲ့သူတွေ အများကြီးပါပဲ။ အရှေ့တိုင်းမှာလိုပဲ အနောက်တိုင်းမှာလည်း သတင်းစာတွေ၊ မဂ္ဂဇင်းတွေမှာ ဗေဒင်ဟောစာတမ်းတွေ နေ့စဉ်လစဉ် ထည့်ကြပါတယ်။ တိုင်းမ် မဂ္ဂဇင်းက ဆောင်းပါးတစ်ပုဒ်မှာ ပဲရစ်မြို့တစ်မြို့တည်းမှာတင် ဗေဒင်ပညာရှင်ပေါင်း ခြောက်သောင်းခန့်ရှိတယ်လို့ ဖတ်ရဖူးပါတယ်။ အမေရိကန်သမ္မတ ရေဂင်နဲ့ သူ့ဇနီး ဟာလည်း အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ မချခင်မှာ အမျိုးသမီးဗေဒင်ပညာရှင်တစ်ဦးနဲ့ အမြဲပုံမှန် ဆွေးနွေးတယ်လို့ ဆိုပါတယ်။

ဗေဒင်ဟောခြင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေအများကြီးရှိကြပေမဲ့ တကယ်ပညာရှင်အစစ်ကတော့ အမြဲလိုလို မတွေ့နိုင်ပါဘူး။ ဗေဒင်ပညာရှင်စစ်စစ် ဆိုတာ ဗေဒင်ပညာရပ်ကိုပိုင်နိုင်သူလည်း ဖြစ်နိုင်သလို မွေးရာပါဆဌမအာရုံကြောင့် ရှေ့ဖြစ်နောက်ဖြစ်ကို မြင်ရသူလည်းဖြစ်နိုင်ပါတယ်။ ပညာရှင်အစစ် ဟုတ်မဟုတ်ကိုတော့ မိမ် ဗေဒင်မေးကြည့်ရုံနဲ့ မကြာခင်မှာပဲ သိနိုင်ပါတယ်။ မိမိရဲ့ အတိတ်ကို အနီးစပ်ဆုံး မှန်ကန်အောင်ဟောနိုင်မှသာ မိမိရဲ့အနာဂတ်ကိုလည်း ဟောနိုင်မယ်မဟုတ်ပါလား။ အတိတ်ဖြစ်ရပ်တွေကို ဟောတာမမှန်ရင်တော့ ဒါဟာ ပညာရှင်အတုဖြစ်နိုင်ပါတယ်။ ဗေဒင်ပညာကို ယုံကြည်ပြီး ပညာရှင်ကောင်းနဲ့ တွေ့ပြီး ဘဝရဲ့အရေးကြီးကိစ္စတွေကိုအောင်မြင်အောင် လုပ်ဆောင်နိုင်သူတွေရှိသလို အယောင်ဆောင် ပညာရှင်ရဲ့ အလိမ်အညာကိုခံရပြီး ငွေကြေးများစွာဆုံးရှုံးရသူတွေလည်း ရှိကြပါတယ်။

ဗေဒင်ဟောနည်းပေါင်းများစွာရှိပြီး လက္ခဏာကြည့်ဟောခြင်း၊ မွေးသက္ကရာဇ်ကိုတွက်ချက်ခြင်း၊ တဲရော့ဗေဒင် ဟောခြင်း၊ ဖန်လုံးကြည့်ဟောခြင်း၊ ဖဲချပ်များဖြင့်ဟောခြင်း စသဖြင့် အများကြီးရှိပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ဟောသည်ဖြစ်စေ စစ်မှန်တဲ့ပညာရှင်ကဟောမှသာ အကျိုးကျေးဇူးကို ရရှိမှာဖြစ်ပါတယ်။ ဗေဒင်မေးခြင်းကို စိတ်ဝင်စားသူတွေ အတွက် ဗေဒင်မေးခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများကို လေ့လာဖော်ပြပေးလိုက်ပါတယ်။

ဗေဒင်မေးခြင်းရဲ့ ကောင်းကျိုးများ

ကြိုတင်ပြင်ဆင်ခွင့်ရခြင်း – ဗေဒင်ပညာရှင်ရဲ့ ကြိုတင်ဟောကိန်းထုတ်မှုတွေကို သိရှိထားတဲ့ အခါ လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ မကောင်းတာဖြစ်လာမယ် ဆိုရင် လည်း ကြိုတင်ရှောင်လွှဲနိုင်သလို ကောင်းတာတွေဖြစ်လာမယ်ဆိုလည်း ကြိုတင်ပြင်ဆင်ထား နိုင်မှာဖြစ်ပါတယ်။
မိမိကိုယ်ကိုယုံကြည်မှုနဲ့ မိမိအနာဂတ်ကိုစိတ်ဝင်စားမှုရှိလာခြင်း – မှန်ကန်တိကျတဲ့ ဟောကိန်း တွေကို ဟောနိုင်တဲ့ ဗေဒင်ပညာရှင်တွေဟာ ကိုယ့်ရဲ့ အစွမ်းအစတွေကိုပါ ဖော်ထုတ်ဟော ကြားနိုင်တဲ့အတွက် ကိုယ်ရှေ့ဆက်လုပ်သင့်တာတွေကို သေချာအစီအစဉ်ချနိုင်ပါတယ်။
နေ့ရက်တိုင်းမှာ အကျိုးရှိခြင်း – “သင်ဟာ အခွင့်အလမ်းတွေကို အမိအရဆုပ်ကိုင်နိုင်ပြီး ကြီးပွားအောင်မြင်မယ်” ဆိုတဲ့ ဟောကိန်းလေးတစ်ခုဟာ မနက်တိုင်း မနက်တိုင်းမှာ ကြားယောင်ပြီး နေ့သစ်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းဖို့ အားအင်တွေကိုပေးနိုင်ပါတယ်။ ဒါကြောင့် အကောင်းကိုဟောတဲ့ဟောကိန်းတစ်ခုဟာ နေ့ စဉ်နေ့တိုင်းမှာ ခွန်အားတွေပေးနိုင်ပါတယ်။

ဗေဒင်မေးခြင်းရဲ့ ဆိုးကျိုးများ

လှည့်စားခံရနိုင်ခြင်း – အခွင့်အလမ်းတွေနဲ့ ဆုံးရှုံးမှုတွေဆိုတာ အနာဂတ်မှာ အမြဲ ရှိနေမှာပါပဲ။ လည်ဝယ်ပါးနပ်တဲ့ အတုအယောင်ဗေဒင်ဆရာတွေဟာ အနာဂတ်ကို ထင်ယောင်ထင်မှားဖြစ် အောင် ဟောကိန်း ထုတ်တတ်ပါတယ်။ တချို့က အထူးအောင်မြင်ကိန်းရှိတယ်ဆိုပြီး ယတြာချေခိုင်း၊ ပူဇော်ပသခိုင်းတာရှိသလို တချို့ကလည်း ဒုက္ခရောက်ကိန်းမြင်တယ်ဆိုပြီး ယတြာချေခိုင်း၊ ပူဇော်ပသခိုင်းတာလည်း ရှိပါတယ်။

အချိန်ဖြုန်းမိခြင်း – ဗေဒင်နဲ့ ရှေ့ဖြစ်ဟောကိန်းတွေကို အလွန်အကျွံယုံကြည်ခြင်း၊ လိုက်စားခြင်းဟာ အချိန်နဲ့ငွေကို ဖြုန်းတီးရာရောက်ပါတယ်။ အချိန်မီလုပ်လိုက်သင့်တာတစ်ခု ကို ဗေဒင်မတွက်ရသေးလို့ ယတြာမချေရသေးလို့ မလုပ်လိုက်တာမျိုးတောင် ရှိတတ်ကြတာ တွေ့ဖူးပါတယ်။
အားကိုးလွန်းခြင်း – မိမိရဲ့ အနာဂတ်ကို မိမိဘာသာဖန်တီးရမှာကို မေ့လျော့ပြီး အရာရာ ဗေဒင်ပညာရှင်ကို အားကိုးခြင်းဟာ အစွမ်းအစကိုလျော့နည်းစေပါတယ်။

ဗေဒင်ပညာကို ယုံသူလည်း ရှိသလို မယုံသူလည်းရှိပါတယ်။ အလွန်အမင်းကိုးကွယ်သူတွေရှိသလိုပဲ ဝေဖန်ကဲ့ရဲ့သူလည်းရှိပါတယ်။ ဒါပေမဲ့ ဗေဒင်ပညာရပ်ဆိုတာ ခိုင်ခိုင်မာမာအမြဲရှိနေတာတော့ အသေအချာပါပဲ။ ဗေဒင်ပညာကို ယုံကြည်လက်ခံသူတွေအနေနဲ့ မိမိဘဝအတွက် မကောင်းတာရှောင် ကောင်းတာဆောင်ဖို့ ဗေဒင်ပညာကို တစ်ဖက်တစ်လမ်းက အသုံးပြုရင်း “အတ္တာဟိ အတ္တနော နာထော” ဆိုတဲ့ ဘုရားဟောတရားတော်လိုပဲ မိမိကိုယ်သာကိုးကွယ်ရာလို့ ယုံကြည်သင့်ပါကြောင်း ဆွေးနွေး လိုက်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: yangonlife
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top