မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×
၁။အုန်းဆီ
၂။ပန်းသီးရှာလကာရည်
၃။သံလွင်ဆီ
၎။သံပုယိုရည်
#Unicode Version#
ဗောက်ဖြစ်ရတဲ့ အကြောင်းအရင်းတွေက အများကြီးရှိပါတယ် ။ ဦရေပြားခြောက်ခြင်း ၊ အဆီထွက်ခြင်း ၊ ဘတ်တီးရီးယားနှင့် မှိုများ ပေါက်ဖွားခြင်း ၊ ဓါတ်မတည့်ခြင်း ၊ အရေပြားနှင့် အခြားသော အကြောင်းအရာတွေကြောင့် ဗောက်ဖြစ်စေနိုင်ပါတယ် ။ ဗောက်တွေကြောင့် ယားယံခြင်းနှင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိခြင်းတွေ ဖြစ်လာနိုင်ပါတယ် ။ ဒါ့ကြောင့် ဗောက်ပြဿနာကို အပြတ်ရှင်းနိုင်မယ့် ကုထုံးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။အုန်းဆီ
ပထမဦးဆုံး သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်လိုက်ပါ ။ ထို့နောက် အုန်းဆီအနည်းငယ်ရောပြီး ဦးရေပြာပေါ်ကို ပွတ်လိမ်းပြီး အနည်းငယ်နှိပ်နယ်ပေးပါ ။ မိနစ် ၂၀လောက်ကြာလျှင် ရေဆေးပစ်လိုက်ပါ ။ တစ်ပါတ်လျှင် ၂ကြိမ်ခန့်လုပ်ပေးခြင်းဖြင့် ဗောက်များ ကင်းဝေးသွားပါလိမ့်မယ်။
၂။ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည် လက်ဖက်ရည်၂ဇွန်းခန့်ကို ခွက်ထဲအရင်ထည့်ပါ ။ ထို့နောက် ရေကို ဆတူရောထည့်ပါ ။ပြီးလျှင် လက်ဖက်ဆီ ၁၅စက် ၊ အစက်၂၀လောက် ချပြီး မွှေလိုက်ပါ ။ ပြီးနောက် ဦးရေပြားပေါ်မှာ လိမ်းပေးပြီး နည်းနည်းလောက် နှိပ်နယ်ပေးလိုက်ပါ ။ မိနစ် အတော်ကြာအောင် ထားပြီးလျှင်တော့ ရေဆေးချလိုက်လို့ ရပါပြီ ။ ဒီနည်းလမ်းကိုလည်း တစ်ပါတ်လျှင် ၂ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။
၃။သံလွင်ဆီ
သံလွင်ဆီကို အသုံးမပြုခင်မှာ အနည်းငယ်နွေးသွားအောင် အပူပေးလိုက်ပါ။ ပြီးလျှင် ဦးရေပြားပေါ်မှာ လိမ်းပေးပြီး အနည်းငယ်နွေးတဲ့ သဘက်ဖြင့် ပတ်အုပ်ထားလိုက်ပါ ။ ၄၅မိနစ်ခန့်ကြာပြီးလျှင် (သို့) တစ်ညလုံးကြာအောင်ထားပြီးလျှင် ခေါင်းလျှော်ချလိုက်ပါ ။ တစ်ပါတ်လျှင် ၂ကြိမ်မှ ၃ကြိမ်ခန့်အထိ ပြုလုပ်ပေးပါ ။ ဦးရေပြားခြောက်ပြီး ဗောက်ထတတ်သူများအတွက် ဒီနည်းလမ်းက ပိုပြီး သင့်တော်ပါတယ်။
၄။သံပုယိုရည်
သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်ကို ရေနည်းနည်းရောပြီး ဦးရေပြားပေါ် ပွတ်လိမ်းပေးပါ ။
။၅မိနစ်ကြာလျှင် ခေါင်းလျှော်လိုက်ပါ ။ ဒီနည်းလမ်းကလည်း ဗောက်တွေကို သက်သာပျောက်ကင်းစေမှာပါ။
ဖော်ပြပါ နည်းလမ်းတွေဟာ ဗောက်များကင်းစေသလို ဦးရေပြားကို ကျန်းမာပြီး ဆံပင်များ သန်စွမ်းလာစေမှာပါ ။
ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top