ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

တ႐ုတ္ႏုိင္ငံတြင္ အား လပ္ရက္၌ ဖခင္ျဖစ္သူမွာ အလုပ္ မအားသျဖင့္ အသက္ (၈) ႏွစ္အရြယ္ ကေလးငယ္တစ္ဦးက ဖခင္ကုိ ခြင့္ေပးရန္ သူေဌးထံသို႔ စာေရးခဲ့သည္။

ဖခင္ျဖစ္သူ ခြင့္ရမွသာ  သားအဖႏွစ္ဦး အားလပ္ရက္ကုိ အတူတကြ ျဖတ္သန္းႏုိင္မည္ ျဖစ္၍ ကေလးငယ္ယန္လီလီက ဖခင္၏ သူေဌးထံသို႔ စာေရးျခင္း ျဖစ္သည္။

အဆုိပါလက္ေရးစာတြင္ လီလီက သူငယ္ခ်င္း ဇီအန္မင္မွာ ၎၏ မိဘမ်ားႏွင့္အတူ အား လပ္ရက္ အျပင္ထြက္ၾကၿပီး မိမိ အေနျဖင့္လည္း အလားတူ ဖခင္ႏွင့္အတူ အားလပ္ရက္အျပင္ ထြက္လုိေၾကာင္း ေရးသားခဲ့သည္။

ထု႔ိအျပင္ ေႏြရာသီအားလပ္ ရက္တြင္ ခရီးမသြားသူသည္ အူ ေၾကာင္ေၾကာင္မ်ားျဖစ္သည္ဟု သူငယ္ခ်င္း ဇီအန္မင္က ေျပာ ေၾကာင္းလည္း လီလီက ေရးသား ခဲ့သည္။

လီလီ၏ ဖခင္သည္ ေဘဂ်င္းၿမိဳ႕ရိွ အုိင္တီလုပ္ငန္းတြင္ အ လုပ္လုပ္သူျဖစ္သည္။

‘‘ကြၽန္ေတာ့္သားေလးကုိ ဒီ ေႏြရာသီအားလပ္ရက္မွာ ခရီး ထြက္ဖို႔ အေစာႀကီးကတည္းက ကတိေပးခဲ့တာေလ။ ဒါေပမဲ့ အလုပ္မ်ားေနတဲ့အတြက္ ကြၽန္ေတာ္ ကတိမတည္ႏုိင္ေတာ့ပါဘူး’’ဟု လီလီ၏ ဖခင္ခ်ာလီေယာင္က တ႐ုတ္လူမႈမီဒီယာ  Weibo စာမ်က္ႏွာတြင္ သားငယ္၏စာႏွင့္အ တူ ေရးသားေဖာ္ျပခဲ့သည္။

လီလီ၏ လက္ေရးစာကုိ ခ်ာ လီေယာင္က သူေဌးထံ မေပးခဲ့ဘဲ ေႏြရာသီအားလပ္ရက္မကုန္မီ သားျဖစ္သူကုိ အခ်ိန္ေပးႏုိင္ရန္ ႀကိဳးစားမည္ဟု ဆံုးျဖတ္ခဲ့ေၾကာင္း သိရသည္။

—Ref:The Straits Times/Asia News Network

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 တရုတ်နိုင်ငံတွင် အား လပ်ရက်၌ ဖခင်ဖြစ်သူမှာ အလုပ် မအားသဖြင့် အသက် (၈) နှစ်အ ရွယ် ကလေးငယ်တစ်ဦးက ဖခင်ကို ခွင့်ပေးရန် သူဌေးထံသို့ စာရေးခဲ့သည်။

ဖခင်ဖြစ်သူ ခွင့်ရမှသာ  သားအဖနှစ်ဦး အားလပ်ရက်ကို အတူတကွ ဖြတ်သန်းနိုင်မည် ဖြစ်၍ ကလေးငယ်ယန်လီလီက ဖခင်၏ သူဌေးထံသို့ စာရေးခြင်း ဖြစ်သည်။

အဆိုပါလက်ရေးစာတွင် လီလီက သူငယ်ချင်း ဇီအန်မင်မှာ ၎င်း၏ မိဘများနှင့်အတူ အား လပ်ရက် အပြင်ထွက်ကြပြီး မိမိ အနေဖြင့်လည်း အလားတူ ဖခင်နှင့်အတူ အားလပ်ရက်အပြင် ထွက်လိုကြောင်း ရေးသားခဲ့ သည်။

ထု့ိအပြင် နွေရာသီအားလပ် ရက်တွင် ခရီးမသွားသူသည် အူ ကြောင်ကြောင်များဖြစ်သည်ဟု သူငယ်ချင်း ဇီအန်မင်က ပြော ကြောင်းလည်း လီလီက ရေးသား ခဲ့သည်။

လီလီ၏ ဖခင်သည် ဘေဂျင်းမြို့ရှိ အိုင်တီလုပ်ငန်းတွင် အ လုပ်လုပ်သူဖြစ်သည်။

‘‘ကျွန်တော့်သားလေးကို ဒီ နွေရာသီအားလပ်ရက်မှာ ခရီး ထွက်ဖို့ အစောကြီးကတည်းက ကတိပေးခဲ့တာလေ။ ဒါပေမဲ့ အလုပ်များနေတဲ့အတွက် ကျွန်တော် ကတိမတည်နိုင်တော့ပါဘူး’’ဟု လီလီ၏ ဖခင်ချာလီယောင်က တရုတ်လူမှုမီဒီယာ  Weibo စာမျက်နှာတွင် သားငယ်၏စာနှင့်အ တူ ရေးသားဖော်ပြခဲ့သည်။

လီလီ၏ လက်ရေးစာကို ချာ လီယောင်က သူဌေးထံ မပေးခဲ့ဘဲ နွေရာသီအားလပ်ရက်မကုန်မီ သားဖြစ်သူကို အချိန်ပေးနိုင်ရန် ကြိုးစားမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

—Ref:The Straits Times/Asia News Network


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top