ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၀င္မ်ား ေရြးေကာက္ပြဲကုိ က်င္းပေပးရန္ စီစဥ္ေနၿပီ ျဖစ္ေသာ္လည္း အာဏာလုိခ်င္သူမ်ားကုိ ေၾကာက္ရြံ႕ေနေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္၀န္ဦးေမာင္ေမာင္စုိးက ေျပာၾကားခဲ့သည္။

ေရႊတိဂုံဘုရား ေတာင္ဘက္မုခ္ရွိ စည္ပင္သာယာဓမၼာ႐ုံ၌ ဇူလုိင္ ၂၃ ရက္က ျပဳလုပ္ခဲ့သည့္ ၀ါဆိုသကၤန္းကပ္လွဴပြဲတြင္ ၄င္းက Tomorrow ဂ်ာနယ္သုိ႔ အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“စည္ပင္သာယာေရြးေကာက္ပြဲက က်င္းပေပးဖုိ႔ လုပ္ေနတယ္။ ေရြးေကာက္ပြဲမွာ စနစ္တက်ျဖစ္ေအာင္လုိ႔ပါ။ အခုေလာေလာဆယ္မွာ ေျခာက္လအတြင္း ပထမမူၾကမ္းေရးဆြဲမယ္။ ဆြဲၿပီးတာနဲ႔ တစ္ၿပိဳင္တည္း လႊတ္ေတာ္ကုိယ္စားလွယ္ပါတဲ့အဖြဲ႕က ျပန္သုံးသပ္မယ္။ ဘာလုိ႔လဲဆုိေတာ့ ၿပီးခဲ့တဲ့ႏွစ္က ေရြးေကာက္ပြဲမွာ ဥပေဒေတြကုိ သိတယ္မဟုတ္လား။ လုပ္ခ်င္တုိင္းလုပ္၊ လုိခ်င္တာဆြဲသြားတဲ့အတြက္ေၾကာင့္ စည္ပင္သာယာ လည္း နာမည္ပ်က္။ အကုန္လုံးလည္း ပ်က္တာမျဖစ္ေစခ်င္ဘူး။ အရင္တုန္းက ေတြ႕ခဲ့တဲ့လူေတြက တကယ္ကုိ အာဏာလုပြဲႀကီးလုိ ေတာ္ေတာ္ေၾကာက္စရာေကာင္းတယ္”ဟု ၿမိဳ႕ေတာ္၀န္ကဆုိသည္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီတြင္ အဖြဲ႕၀င္မ်ားကုိ ၿမိဳ႕ေတာ္၀န္ႏွင့္ ေကာ္မတီ၀င္ငါးဦးအား အစုိးရက တုိက္႐ုိက္ခန္႔အပ္ျခင္းျဖစ္ၿပီး က်န္ေကာ္မတီ၀င္မ်ားကုိ ေရြးေကာက္ပြဲမ်ား ျပဳလုပ္၍ ခန္႔အပ္ရျခင္းျဖစ္ေၾကာင္း သိရသည္။
“လူေတြကုိ ေရြးတဲ့အခါမွာလည္း စနစ္တက်နဲ႔  ျပည္သူကုိ အက်ိဳးျပဳတဲ့၊ လူေတြကုိဒုကၡမေပးတဲ့သူ ကၽြန္ေတာ္က လုိခ်င္တယ္။ အမွန္တုိင္းေျပာရရင္ လူထုအက်ိဳးျပဳၿပီး အနစ္နာခံတဲ့သူကုိ လုိခ်င္ပါတယ္။ ႏုိ႔မုိ႔ဆုိရင္ စည္ပင္သာယာနာမည္လည္း အဖတ္ဆယ္လုိ႔ ရမွာမဟုတ္ေတာ့ဘူး”ဟု ၿမိဳ႕ေတာ္၀န္ဦးေမာင္ေမာင္စုိးက ဆက္လက္ေျပာၾကားသည္။

မင္းသီဟန္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Tomorrow News Journal


#Unicode Version#
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များ ရွေးကောက်ပွဲကို ကျင်းပပေးရန် စီစဉ်နေပြီ ဖြစ်သော်လည်း အာဏာလိုချင်သူများကို ကြောက်ရွံ့နေကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။

ရွှေတိဂုံဘုရား တောင်ဘက်မုခ်ရှိ စည်ပင်သာယာဓမ္မာရုံ၌ ဇူလိုင် ၂၃ ရက်က ပြုလုပ်ခဲ့သည့် ဝါဆိုသင်္ကန်းကပ်လှူပွဲတွင် ၎င်းက Tomorrow ဂျာနယ်သို့ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“စည်ပင်သာယာရွေးကောက်ပွဲက ကျင်းပပေးဖို့ လုပ်နေတယ်။ ရွေးကောက်ပွဲမှာ စနစ်တကျဖြစ်အောင်လို့ပါ။ အခုလောလောဆယ်မှာ ခြောက်လအတွင်း ပထမမူကြမ်းရေးဆွဲမယ်။ ဆွဲပြီးတာနဲ့ တစ်ပြိုင်တည်း လွှတ်တော်ကိုယ်စားလှယ်ပါတဲ့အဖွဲ့က ပြန်သုံးသပ်မယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲမှာ ဥပဒေတွေကို သိတယ်မဟုတ်လား။ လုပ်ချင်တိုင်းလုပ်၊ လိုချင်တာဆွဲသွားတဲ့အတွက်ကြောင့် စည်ပင်သာယာ လည်း နာမည်ပျက်။ အကုန်လုံးလည်း ပျက်တာမဖြစ်စေချင်ဘူး။ အရင်တုန်းက တွေ့ခဲ့တဲ့လူတွေက တကယ်ကို အာဏာလုပွဲကြီးလို တော်တော်ကြောက်စရာကောင်းတယ်”ဟု မြို့တော်ဝန်ကဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် အဖွဲ့ဝင်များကို မြို့တော်ဝန်နှင့် ကော်မတီဝင်ငါးဦးအား အစိုးရက တိုက်ရိုက်ခန့်အပ်ခြင်းဖြစ်ပြီး ကျန်ကော်မတီဝင်များကို ရွေးကောက်ပွဲများ ပြုလုပ်၍ ခန့်အပ်ရခြင်းဖြစ်ကြောင်း သိရသည်။
“လူတွေကို ရွေးတဲ့အခါမှာလည်း စနစ်တကျနဲ့  ပြည်သူကို အကျိုးပြုတဲ့၊ လူတွေကိုဒုက္ခမပေးတဲ့သူ ကျွန်တော်က လိုချင်တယ်။ အမှန်တိုင်းပြောရရင် လူထုအကျိုးပြုပြီး အနစ်နာခံတဲ့သူကို လိုချင်ပါတယ်။ နို့မို့ဆိုရင် စည်ပင်သာယာနာမည်လည်း အဖတ်ဆယ်လို့ ရမှာမဟုတ်တော့ဘူး”ဟု မြို့တော်ဝန်ဦးမောင်မောင်စိုးက ဆက်လက်ပြောကြားသည်။

မင်းသီဟန်


ဖိုးသူတော် (www.phothutaw.com)
Credit: Tomorrow News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top