လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ေဝဖန္မႈနဲ႔ရံႈ႕ခ်ျပစ္တင္မႈေတြမွာ ရဲတင္း ျပတ္သားလြန္းတဲ့ ဖိလစ္ပိုင္သမၼတ ဒူတာေတးကေတာ့ ကမာၻ႔ ထိပ္တန္း ပညာေရး မ႑ိဳင္ႀကီးတစ္ခုျဖစ္တဲ့ ေအာက္စ္ဖုိ႔တကၠသုိလ္ႀကီးကုိ ျပင္းထန္တဲ့စကားလံုး အခ်ိဳ႕သံုးၿပီး ေတာ့ ေဝဖန္လုိက္တာပါ။ ဘာ့ေၾကာင့္ လဲဆုိေတာ့ ေအာက္စ္ဖုိ႕ တကၠသုိလ္က ေခါင္း ေဆာင္ဒူတာေတးကုိ အရင္ဆံုး စြပ္စြဲေဝဖန္လုိက္လုိ႔ ျပန္ၿပီးေတာ့ ေခ်ပေဝဖန္လုိ္က တာပါတဲ့။

ေခါင္းေဆာင္က သူ႔ရဲ႕ဆုိရွယ္နဲ႔ အြန္လုိင္းစာမ်က္ႏွာေတြမွာ နာမည္ေက်ာ္ၾကားလာဖုိ႔အတြက္ ပုိက္ဆံေပးေၾကာ္ျငာမႈေတြျပဳလုပ္ထားတယ္ဆုိတာကုိ တကၠသုိလ္က ေလ့လာေစာင့္ၾကည့္သူေတြက ထုတ္ျပန္ေျပာၾကားလုိက္တာပါတဲ့။ ဒါ့ေၾကာင့္မုိ႔လုိ႔ သမၼတ ဒူတာေတးအေနနဲ႕က သူ႕ကုိ ေစာင့္ၾကည့္ ေဝဖန္ေနတဲ့ ေအာက္စ္ဖုိ႕တကၠသုိလ္ကုိ “ခပ္တံုးတံုး လူအ၊ လူညံ့ေတြရဲ႕ေက်ာင္း”လုိ႔ ခပ္ၾကမ္းၾကမ္း ျပန္လည္တုန္႔ျပန္လုိက္တာပါ။

ဖိလစ္ပုိင္သမၼတျဖစ္လာခဲ့တဲ့ ဒူတာေတးက သူ႕ရဲ႕ေရြးေကာက္ပြဲအခ်ိန္ကာလေတြအတြင္းမွာ လူသိမ်ားေက်ာ္ၾကားဖုိ႔နဲ႔ ပုိၿပီးေတာ့ဆုိရွယ္နဲ႔ အြန္လုိင္းစာမ်က္ႏွာေတြမွာ နာမည္ႀကီးလာဖုိ႔အတြက္ ေဒၚလာ ၂ သိန္းနီးပါး အသံုးျပဳခဲ့တယ္လုိ႔ ေလ့လာစစ္တမ္းေကာက္ခ်က္ေတြကုိ ေတြ႕ရွိခဲ့ရတယ္ လုိ႔ ေအာက္စ္ဖုိ႔ဒ္တကၠသုိလ္က ထုတ္ျပန္ေျပာၾကားထားပါတယ္။

ဒါကုိ အသက္ ၇၂ ႏွစ္အရြယ္ ဒူတာေတးအေနနဲ႕ ဆုိရွယ္နဲ႔ မီဒီယာေတြမွာ လူသိမ်ားလာဖုိ႔ ပုိက္ဆံေပး ၿပီးေၾကာ္ျငာတာမ်ိဳးေတြ လုပ္ေဆာင္ခဲ့တာကုိ ဝန္ခံတယ္ဆုိေပမယ့္ အာဏာရလာတဲ့အခ်ိန္ေတြမွာ ေတာ့ ဒီလုိမ်ိဳး ေငြေၾကးသံုးစြဲမႈေတြမလုပ္ေတာ့ေၾကာင္း ကုိေတာ့ ျငင္းဆုိထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သဒၵါခ်ိဳ(ေရႊအင္းေလး)

#Unicode Version#

ဝေဖန်မှုနဲ့ရှုံ့ချပြစ်တင်မှုတွေမှာ ရဲတင်း ပြတ်သားလွန်းတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကတော့ ကမ္ဘာ့ ထိပ်တန်း ပညာရေး မဏ္ဍိုင်ကြီးတစ်ခုဖြစ်တဲ့ အောက်စ်ဖို့တက္ကသိုလ်ကြီးကို ပြင်းထန်တဲ့စကားလုံး အချို့သုံးပြီး တော့ ဝေဖန်လိုက်တာပါ။ ဘာ့ကြောင့် လဲဆိုတော့ အောက်စ်ဖို့ တက္ကသိုလ်က ခေါင်း ဆောင်ဒူတာတေးကို အရင်ဆုံး စွပ်စွဲဝေဖန်လိုက်လို့ ပြန်ပြီးတော့ ချေပဝေဖန်လိုက တာပါတဲ့။

ခေါင်းဆောင်က သူ့ရဲ့ဆိုရှယ်နဲ့ အွန်လိုင်းစာမျက်နှာတွေမှာ နာမည်ကျော်ကြားလာဖို့အတွက် ပိုက်ဆံပေးကြော်ငြာမှုတွေပြုလုပ်ထားတယ်ဆိုတာကို တက္ကသိုလ်က လေ့လာစောင့်ကြည့်သူတွေက ထုတ်ပြန်ပြောကြားလိုက်တာပါတဲ့။ ဒါ့ကြောင့်မို့လို့ သမ္မတ ဒူတာတေးအနေနဲ့က သူ့ကို စောင့်ကြည့် ဝေဖန်နေတဲ့ အောက်စ်ဖို့တက္ကသိုလ်ကို “ခပ်တုံးတုံး လူအ၊ လူညံ့တွေရဲ့ကျောင်း”လို့ ခပ်ကြမ်းကြမ်း ပြန်လည်တုန့်ပြန်လိုက်တာပါ။

ဖိလစ်ပိုင်သမ္မတဖြစ်လာခဲ့တဲ့ ဒူတာတေးက သူ့ရဲ့ရွေးကောက်ပွဲအချိန်ကာလတွေအတွင်းမှာ လူသိများကျော်ကြားဖို့နဲ့ ပိုပြီးတော့ဆိုရှယ်နဲ့ အွန်လိုင်းစာမျက်နှာတွေမှာ နာမည်ကြီးလာဖို့အတွက် ဒေါ်လာ ၂ သိန်းနီးပါး အသုံးပြုခဲ့တယ်လို့ လေ့လာစစ်တမ်းကောက်ချက်တွေကို တွေ့ရှိခဲ့ရတယ် လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်က ထုတ်ပြန်ပြောကြားထားပါတယ်။

ဒါကို အသက် ၇၂ နှစ်အရွယ် ဒူတာတေးအနေနဲ့ ဆိုရှယ်နဲ့ မီဒီယာတွေမှာ လူသိများလာဖို့ ပိုက်ဆံပေး ပြီးကြော်ငြာတာမျိုးတွေ လုပ်ဆောင်ခဲ့တာကို ဝန်ခံတယ်ဆိုပေမယ့် အာဏာရလာတဲ့အချိန်တွေမှာ တော့ ဒီလိုမျိုး ငွေကြေးသုံးစွဲမှုတွေမလုပ်တော့ကြောင်း ကိုတော့ ငြင်းဆိုထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top