Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

(၁) ကိုယ့္ေရွ႕က ဒီေယာက္်ားဟာ ဘယ္ေလာက္ပဲေကာင္းေကာင္း ေျပာစရာမရွိေအာင္ ေကာင္းေနပါေစ။ သင့္ကို သူမခ်စ္ရင္ ဒါဟာခၽြတ္ယြင္းခ်က္ပါ… ဒီခၽြတ္ယြင္းခ်က္ကို သင္လံုးဝေျပာင္းလဲလို႔ မရႏိုင္ဘူး။

(၂) လူတစ္ေယာက္ရဲ႕ အႀကီးဆံုးခၽြတ္ယြင္းခ်က္က တစ္ကိုယ္ေကာင္းဆန္တာ၊ ရိုင္းစိုင္းတာ၊ မတည္တံ့တာ မဟုတ္ဘူး။ ကိုယ့္ကို မခ်စ္တဲ့လူတစ္ေယာက္ကို ေခါင္းမာမာနဲ႔ ဆက္ခ်စ္ေနတာပဲျဖစ္တယ္။

(၃) သင့္လက္ရွိအေနထားဟာ ဘယ္ေလာက္ပဲဆိုးေနပါေစ။ သင့္ကို ခ်စ္တဲ့လူ ရွိႏိုင္တယ္။ သင့္လက္ရွိ အေနအထားဟာ ဘယ္ေလာက္ပဲေကာင္းေနပါေစ။ သင့္ကို မခ်စ္တဲ့လူ ရွိႏိုင္တယ္။

(၄) ဘယ္ေလာက္ပဲ လွေအာင္ျပင္ျပင္၊ ဘယ္ေလာက္ပဲ တန္ဖိုးႀကီးတဲ့ အဝတ္အစား ဝတ္ဝတ္ ဒါေတြဟာ ခဏတာ ပဲျဖစ္တယ္။ စိတ္ရင္းေစတနာေကာင္းေတြကမွ အျပင္ပန္းရဲ႕ တကယ့္အလွဆံုးေတြျဖစ္တယ္။

(၅) သင့္ကို ဘာေၾကာင့္ထိခိုက္ေစခဲ့သလဲလို႔ အခ်စ္ကို သင္အျပစ္ဆိုခဲ့ရင္ …. ေမးပါရေစ…. စစခ်င္းမွာ အခ်စ္ေရာက္ ္ရွိလာဖို႔ကို သင္ေခါင္းညိတ္ လက္ခံခဲ့တယ္ မဟုတ္လား!

(၆) ပါးစပ္နဲ႔ေျပာျပႏိုင္တဲ့ ေသာကေတြဟာ တကယ့္ေသာကေတြမဟုတ္ဘူး။ သင့္ကို ခဲြသြားႏိုင္တဲ့ ခ်စ္သူဟာ တကယ့္ ခ်စ္သူမဟုတ္ဘူး။

(၇) အခ်ိန္တိုက္စားမသြားႏိုင္တဲ့ ရင္ထဲက ဒဏ္ရာပါးပါးတခ်ဳိ႕ဟာလည္း ေပ်ာ္ရႊင္ျခင္းေတြျဖစ္တယ္။

(၈) တကယ္လို႔ လူတစ္ေယာက္မွာ အားလပ္ခ်ိန္မရွိဘူးဆိုရင္ သူ မအားလပ္ခ်င္လို ႔ျဖစ္တယ္။ တကယ္လို႔ လူတစ္ေယာက္ ဟာ မသြားႏိုင္ဘူးလို႔ဆိုရင္ သူခဲြမထြက္သြားခ်င္လို႔ ျဖစ္တယ္။ တကယ္လို႔ လူတစ္ ေယာက္မွာ ဆင္ေျခေတြသိပ္မ်ားေနၿပီ ဆိုရင္ သူအေလးမထားေတာ့လို႔ျဖစ္တယ္။

(၉) သေဘာတရားတစ္ခုကို နားလည္ထားရမယ္။ အဲဒီသေဘာတရားက ေယာက္်ားေလးေတြဟာ မိန္းကေလး တစ္ေယာက္ ကို အလြယ္တကူ ႏွစ္သက္ႏိုင္တယ္။ ဒါေပမယ့္ အလြယ္တကူမခ်စ္မိႏိုင္ဘူး။

(၁ဝ) တစ္ခါတေလမွာ သိပ္အာရံုမစိုက္နဲ႔… ေယာက္်ားေတြဟာ ျဖစ္ကတတ္ဆန္းႏိုင္ပါတယ္။ ကိစၥေလး တစ္ခုကို ေမ့တာနဲ႔ သင့္ကို သူမခ်စ္ေတာ့တာ မဟုတ္ဘူး။ သင့္အေတြးနဲ႔ သင့္ကိုယ္သင္ မေျခာက္လွန္႔ပါနဲ႔။

(၁၁) မိန္းကေလးေတြက ရင္ထဲကခံစားခ်က္ေတြကို အလြယ္တကူ ထုတ္ျပတတ္တယ္။ ဒါေပမယ့္ ေယာက္်ားေတြက မဟုတ္ဘူး။

(၁၂) သူ႔ကိုေျပာင္းလဲဖို႔ ဘယ္ေတာ့မွ မႀကိဳးစားနဲ႔။ ဘယ္သူကမွ ဘယ္သူ႔ကို မေျပာင္းလဲႏိုင္ဘူး။ သင့္အတြက္နဲ႔ သူေျပာင္းလဲခ်င္စိတ္ ရွိမရွိဆိုတာပဲ ရွိတယ္။

(၁၃) လြတ္လပ္ျခင္းဆိုတာ အဖိုးတန္တယ္။ ဒါေပမယ့္ ေန႔တိုင္းမွာ ေထာင္ေသာင္းမကတဲ့ လူေတြဟာ လြတ္လပ္ျခင္းကို အခ်စ္နဲ႔လဲယူေနၾကတယ္။

(၁၄) ေလာကမွာ ေယာက္်ားေကာင္းေတြ တစ္ေယာက္မွမရွိဘူးလုိ႔ မဆိုနဲ႔။ သင့္ကို နာက်င္၊ စြန္႔ပစ္ခဲ့တဲ့ လူကိုအမုန္း ရန္ညိဳးမထားနဲ႔။ သင့္ကိုသူ ခ်စ္ခဲ့ဖူးပါတယ္။ ၾကင္နာခဲ့ဖူးပါတယ္။ ခြင့္လြတ္ျခင္းက သင့္ကို ပိုလွပေစပါလိမ့္မယ္။

(၁၅) သူ႔ခ်စ္သူ ဘယ္ေလာက္လွလဲ! သူ႔ခ်စ္သူ ဘယ္ေလာက္ေခ်ာလဲလို႔ သြားမစပ္စုနဲ႔ သြားဂရုမစိုက္နဲ႔။ ဒါဟာ စိတ္ရႈပ္စရာေတြကို သင့္ကိုယ္သင္ ရွာယူေနတာျဖစ္တယ္။

(၁၆) ငိုယိုေနခ်ိန္မွာ ေဒါသစကား မေျပာနဲ႔၊ ဆံုးျဖတ္ခ်က္ေတြ မခ်နဲ႔။ ဒါဟာ သင့္ကို ေနာင္တရ ေစလိမ့္မယ္။

(၁၇) သင္ ျဖဴစင္ရိုးသားတယ္ဆိုရင္ ၿပီးတာပဲ။ ျဖဴစင္ရိုးသားခ်င္ ဟန္ေဆာင္တယ္ဆိုရင္ေတာ့ သင္ပိုအရုပ္ ဆုိး မည္းညစ္သြားမယ္ဆိုတာ မွတ္ထားပါ။

(၁၈) ႀကိဳးစားမႈတိုင္း ေအာင္ျမင္လိမ့္မယ္ မဟုတ္ဘူး။ ဒါေပမယ့္ မႀကိဳးစားရင္ လံုးဝ မေအာင္ျမင္ႏိုင္ဘူး။

(၁၉) မိန္းကေလးေတြ ကိုယ့္ကိုယ္ကို ခ်စ္တတ္ရမယ္။ ဘယ္ေလာက္ပဲ ထိခိုက္နာက်င္ရပါေစ.. ဘယ္ေလာက္ပဲ ဝမ္းနည္းေၾကကဲြရပါေစ။ ခံစားႏိုင္တယ္.. ဝမ္းနည္းႏိုင္တယ္။ ဒါေပမယ့္ ကိုယ့္ကိုယ္ကို မခ်စ္ေလ တျခားသူက သင့္ကိုမခ်စ္ေလ ျဖစ္တယ္။

(၂ဝ) ရုပ္ရည္အလွအပ၊ အသိဉာဏ္၊ ေငြေၾကး… စတဲ့အရာေတာ္ေတာ္မ်ားမ်ားေတြက ကံစီမံရာျဖစ္တယ္။ အဲဒီအရာ ေတြကို သင္ရဲ႕မနာလို ဝန္တိုစိတ္နဲ႔ ေျပာင္းလဲဖို႔ မႀကိဳးစားနဲ႔။

(၂၁) ရင္ခြင္က်ယ္က်ယ္ထားပါ။ ဆံုးရႈံးသြားတဲ့အရာအတြက္ နာက်င္ထိခိုက္မေနနဲ႔….. သူဟာ သင့္အတြက္ မဟုတ္ခဲ့ဘူး လို႔ပဲ သတ္မွတ္လိုက္ပါ။

(၂၂) ရည္မြန္တဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ဖို႔ အတတ္ႏိုင္ဆံုး ႀကိဳးစားပါ။ ရည္မြန္ေအာင္ ဟန္ မေဆာင္ပါနဲ႔။ ဟန္ေဆာင္ ္တာကို မိန္းကေလးေတြ မႀကိဳက္သလို ေယာက္်ားေလးေတြက ပိုမုန္းတယ္။

(၂၃) ကိုယ့္အားကိုယ္ကိုးႏိုင္ေအာင္ အၿမဲလုပ္ပါ။ ေငြေၾကးအရာမွာျဖစ္ျဖစ္၊ အခ်စ္ေရးမွာျဖစ္ျဖစ္ ကိုယ့္အား ကိုယ္ကိုး ႏိုင္ေအာင္ လုပ္ပါ။

(၂၄) သင့္မွာ ခ်စ္သူမ်ားေၾကာင္း၊ ေယာက္်ားေလး သူငယ္ခ်င္းမ်ားေၾကာင္း လူေတြကို ၾကြားဝါ၊ ျပသဖို႔ မႀကိဳးစားနဲ႔။ ဒါဟာ သင့္ကို လူေတြအားမက်ေစတဲ့အျပင္ သင့္ကို အထင္အျမင္ ေသးေစပါတယ္။

(၂၅) ငါ့ကိုခ်စ္လားလို႔ အခ်ိန္တိုင္း လိုက္လိုက္မေမးနဲ႔။ လိုက္လိုက္ေမးတဲ့ အခ်ိန္ သင့္ကို သူမခ်စ္ဘဲ ေနလိမ့္မယ္။

(၂၆) ေယာက္်ားတစ္ေယာက္ရဲ႕ အေကာင္း၊အဆိုးကိုသူ႔ရဲ႕စိတ္မ်ားတယ္ တသမတ္တည္းျဖစ္တယ္ ဆိုတာ နဲ႔ မခန္႔မွန္းႏိုင္ဘူး။ ဟိုးေရွးေရွးကတည္းက ေယာက္်ားေတြဟာ စိတ္မ်ားခဲ့တယ္။ အဲဒီစိတ္ကိုသူထိန္းခ်ဳပ္ႏိုင္ မႏိုင္ဆိုတာနဲ႔ပဲ ခန္႔မွန္းလို႔ရတယ္။

(၂၇) ရဲရင့္ထက္ျမက္တဲ့ မိန္းကေလးတိုင္းဟာ ေပ်ာ့ညံ့တဲ့မိန္းကေလးေတြထက္ ပိုလွပတယ္။ တကယ္လို႔ သင္ခ်စ္ တဲ့သူက သင့္ကိုမခ်စ္ေတာ့တဲ့အခါ ရဲရဲရင့္ရင့္ လမ္းခဲြပါ။ ဒါဟာ ေပ်ာ့ေပ်ာ့ညံ့ညံ့ လိုက္ကပ္ ေနတာထက္စာရင္ ပိုေကာင္းပါတယ္။

(၂၈) မိန္းမထက္ မလုပ္ပါနဲ႔။ ထက္ျမက္တဲ့ မိန္းကေလးလုပ္ပါ။

(၂၉) အရက္နဲ႔ ေဆးလိပ္ဟာ ဟိုေရွးယခင္က ခုခ်ိန္ထိ မူးယစ္ေဆးလို႔ သတ္မွတ္ ထားၾကတယ္။ မိန္း ကေလးေတြ အတြက္ေတာ့ အခ်စ္တစ္ခုတည္းနဲ႔တင္ အသက္ကို ေသေစတတ္တယ္။
တိုင္းတက္ခ်င္ေသာ မိန္းခေလးမ်ား ဒီစာကုိမ်ားမ်ားဖတ္ပါ။ ျပီေတာမွတ္သားထားသင့္တာကုိမွတ္သားထားလိုက္ပါ ဒါဆိုမိန္းခေလးသင္မိန္ခေလးဟာခ်စ္စဖြယ္ေကာင္းတဲ့မိန္းခေလးတစ္ေယာက္ျဖစ္ျပီဆိုတာကုိ
လူတိုင္းကလကၡံလာၾကမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဒါန သီလ ဘာဝနာ/facebook

#Unicode Version#
(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင် ကောင်းနေပါစေ။ သင့်ကို သူမချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ… ဒီချွတ်ယွင်းချက်ကို သင်လုံးဝပြောင်းလဲလို့ မရနိုင်ဘူး။

(၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊ ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။

(၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။ သင့်လက်ရှိ အနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။

(၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ် ဒါတွေဟာ ခဏတာ ပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေကမှ အပြင်ပန်းရဲ့ တကယ့်အလှဆုံးတွေဖြစ်တယ်။

(၅) သင့်ကို ဘာကြောင့်ထိခိုက်စေခဲ့သလဲလို့ အချစ်ကို သင်အပြစ်ဆိုခဲ့ရင် …. မေးပါရစေ…. စစချင်းမှာ အချစ်ရောက် ်ရှိလာဖို့ကို သင်ခေါင်းညိတ် လက်ခံခဲ့တယ် မဟုတ်လား!

(၆) ပါးစပ်နဲ့ပြောပြနိုင်တဲ့ သောကတွေဟာ တကယ့်သောကတွေမဟုတ်ဘူး။ သင့်ကို ခွဲသွားနိုင်တဲ့ ချစ်သူဟာ တကယ့် ချစ်သူမဟုတ်ဘူး။

(၇) အချိန်တိုက်စားမသွားနိုင်တဲ့ ရင်ထဲက ဒဏ်ရာပါးပါးတချို့ဟာလည်း ပျော်ရွှင်ခြင်းတွေဖြစ်တယ်။

(၈) တကယ်လို့ လူတစ်ယောက်မှာ အားလပ်ချိန်မရှိဘူးဆိုရင် သူ မအားလပ်ချင်လို့ဖြစ်တယ်။ တကယ်လို့ လူတစ်ယောက် ဟာ မသွားနိုင်ဘူးလို့ဆိုရင် သူခွဲမထွက်သွားချင်လို့ ဖြစ်တယ်။ တကယ်လို့ လူတစ် ယောက်မှာ ဆင်ခြေတွေသိပ်များနေပြီ ဆိုရင် သူအလေးမထားတော့လို့ဖြစ်တယ်။

(၉) သဘောတရားတစ်ခုကို နားလည်ထားရမယ်။ အဲဒီသဘောတရားက ယောက်ျားလေးတွေဟာ မိန်းကလေး တစ်ယောက် ကို အလွယ်တကူ နှစ်သက်နိုင်တယ်။ ဒါပေမယ့် အလွယ်တကူမချစ်မိနိုင်ဘူး။

(၁ဝ) တစ်ခါတလေမှာ သိပ်အာရုံမစိုက်နဲ့… ယောက်ျားတွေဟာ ဖြစ်ကတတ်ဆန်းနိုင်ပါတယ်။ ကိစ္စလေး တစ်ခုကို မေ့တာနဲ့ သင့်ကို သူမချစ်တော့တာ မဟုတ်ဘူး။ သင့်အတွေးနဲ့ သင့်ကိုယ်သင် မခြောက်လှန့်ပါနဲ့။

(၁၁) မိန်းကလေးတွေက ရင်ထဲကခံစားချက်တွေကို အလွယ်တကူ ထုတ်ပြတတ်တယ်။ ဒါပေမယ့် ယောက်ျားတွေက မဟုတ်ဘူး။

(၁၂) သူ့ကိုပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားနဲ့။ ဘယ်သူကမှ ဘယ်သူ့ကို မပြောင်းလဲနိုင်ဘူး။ သင့်အတွက်နဲ့ သူပြောင်းလဲချင်စိတ် ရှိမရှိဆိုတာပဲ ရှိတယ်။

(၁၃) လွတ်လပ်ခြင်းဆိုတာ အဖိုးတန်တယ်။ ဒါပေမယ့် နေ့တိုင်းမှာ ထောင်သောင်းမကတဲ့ လူတွေဟာ လွတ်လပ်ခြင်းကို အချစ်နဲ့လဲယူနေကြတယ်။

(၁၄) လောကမှာ ယောက်ျားကောင်းတွေ တစ်ယောက်မှမရှိဘူးလို့ မဆိုနဲ့။ သင့်ကို နာကျင်၊ စွန့်ပစ်ခဲ့တဲ့ လူကိုအမုန်း ရန်ညိုးမထားနဲ့။ သင့်ကိုသူ ချစ်ခဲ့ဖူးပါတယ်။ ကြင်နာခဲ့ဖူးပါတယ်။ ခွင့်လွတ်ခြင်းက သင့်ကို ပိုလှပစေပါလိမ့်မယ်။

(၁၅) သူ့ချစ်သူ ဘယ်လောက်လှလဲ! သူ့ချစ်သူ ဘယ်လောက်ချောလဲလို့ သွားမစပ်စုနဲ့ သွားဂရုမစိုက်နဲ့။ ဒါဟာ စိတ်ရှုပ်စရာတွေကို သင့်ကိုယ်သင် ရှာယူနေတာဖြစ်တယ်။

(၁၆) ငိုယိုနေချိန်မှာ ဒေါသစကား မပြောနဲ့၊ ဆုံးဖြတ်ချက်တွေ မချနဲ့။ ဒါဟာ သင့်ကို နောင်တရ စေလိမ့်မယ်။

(၁၇) သင် ဖြူစင်ရိုးသားတယ်ဆိုရင် ပြီးတာပဲ။ ဖြူစင်ရိုးသားချင် ဟန်ဆောင်တယ်ဆိုရင်တော့ သင်ပိုအရုပ် ဆိုး မည်းညစ်သွားမယ်ဆိုတာ မှတ်ထားပါ။

(၁၈) ကြိုးစားမှုတိုင်း အောင်မြင်လိမ့်မယ် မဟုတ်ဘူး။ ဒါပေမယ့် မကြိုးစားရင် လုံးဝ မအောင်မြင်နိုင်ဘူး။

(၁၉) မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ချစ်တတ်ရမယ်။ ဘယ်လောက်ပဲ ထိခိုက်နာကျင်ရပါစေ.. ဘယ်လောက်ပဲ ဝမ်းနည်းကြေကွဲရပါစေ။ ခံစားနိုင်တယ်.. ဝမ်းနည်းနိုင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မချစ်လေ တခြားသူက သင့်ကိုမချစ်လေ ဖြစ်တယ်။

(၂ဝ) ရုပ်ရည်အလှအပ၊ အသိဉာဏ်၊ ငွေကြေး… စတဲ့အရာတော်တော်များများတွေက ကံစီမံရာဖြစ်တယ်။ အဲဒီအရာ တွေကို သင်ရဲ့မနာလို ဝန်တိုစိတ်နဲ့ ပြောင်းလဲဖို့ မကြိုးစားနဲ့။

(၂၁) ရင်ခွင်ကျယ်ကျယ်ထားပါ။ ဆုံးရှုံးသွားတဲ့အရာအတွက် နာကျင်ထိခိုက်မနေနဲ့….. သူဟာ သင့်အတွက် မဟုတ်ခဲ့ဘူး လို့ပဲ သတ်မှတ်လိုက်ပါ။

(၂၂) ရည်မွန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ရည်မွန်အောင် ဟန် မဆောင်ပါနဲ့။ ဟန်ဆောင် ်တာကို မိန်းကလေးတွေ မကြိုက်သလို ယောက်ျားလေးတွေက ပိုမုန်းတယ်။

(၂၃) ကိုယ့်အားကိုယ်ကိုးနိုင်အောင် အမြဲလုပ်ပါ။ ငွေကြေးအရာမှာဖြစ်ဖြစ်၊ အချစ်ရေးမှာဖြစ်ဖြစ် ကိုယ့်အား ကိုယ်ကိုး နိုင်အောင် လုပ်ပါ။

(၂၄) သင့်မှာ ချစ်သူများကြောင်း၊ ယောက်ျားလေး သူငယ်ချင်းများကြောင်း လူတွေကို ကြွားဝါ၊ ပြသဖို့ မကြိုးစားနဲ့။ ဒါဟာ သင့်ကို လူတွေအားမကျစေတဲ့အပြင် သင့်ကို အထင်အမြင် သေးစေပါတယ်။

(၂၅) ငါ့ကိုချစ်လားလို့ အချိန်တိုင်း လိုက်လိုက်မမေးနဲ့။ လိုက်လိုက်မေးတဲ့ အချိန် သင့်ကို သူမချစ်ဘဲ နေလိမ့်မယ်။

(၂၆) ယောက်ျားတစ်ယောက်ရဲ့ အကောင်း၊အဆိုးကိုသူ့ရဲ့စိတ်များတယ် တသမတ်တည်းဖြစ်တယ် ဆိုတာ နဲ့ မခန့်မှန်းနိုင်ဘူး။ ဟိုးရှေးရှေးကတည်းက ယောက်ျားတွေဟာ စိတ်များခဲ့တယ်။ အဲဒီစိတ်ကိုသူထိန်းချုပ်နိုင် မနိုင်ဆိုတာနဲ့ပဲ ခန့်မှန်းလို့ရတယ်။

(၂၇) ရဲရင့်ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ပျော့ညံ့တဲ့မိန်းကလေးတွေထက် ပိုလှပတယ်။ တကယ်လို့ သင်ချစ် တဲ့သူက သင့်ကိုမချစ်တော့တဲ့အခါ ရဲရဲရင့်ရင့် လမ်းခွဲပါ။ ဒါဟာ ပျော့ပျော့ညံ့ညံ့ လိုက်ကပ် နေတာထက်စာရင် ပိုကောင်းပါတယ်။

(၂၈) မိန်းမထက် မလုပ်ပါနဲ့။ ထက်မြက်တဲ့ မိန်းကလေးလုပ်ပါ။

(၂၉) အရက်နဲ့ ဆေးလိပ်ဟာ ဟိုရှေးယခင်က ခုချိန်ထိ မူးယစ်ဆေးလို့ သတ်မှတ် ထားကြတယ်။ မိန်း ကလေးတွေ အတွက်တော့ အချစ်တစ်ခုတည်းနဲ့တင် အသက်ကို သေစေတတ်တယ်။
တိုင်းတက်ချင်သော မိန်းခလေးများ ဒီစာကိုများများဖတ်ပါ ပြီတောမှတ်သားထားသင့်တာကိုမှတ်သားထားလိက်ပါ ဒါဆိုမိန်းခလေးသင်မိန်ခလေးဟာချစ်စဖွယ်ကောင်းတဲ့မိန်းခလေးတစ်ယောက်ဖြစ်ပြီဆိုတာကိုလူတိုင်းက
လက္ခံလာကြမယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒါန သီလ ဘာဝနာ/facebook
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top