ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဧရာ၀တီတိုင္းေဒသႀကီး လူမႈေရး၀န္ႀကီး ေဒါက္တာလွျမတ္ေသြး (ဓာတ္ပံု − သက္ေဆြ)
ပုသိမ္ပညာေရးေကာလိပ္ မွ ေက်ာင္းသူ၊ ေက်ာင္းသားေလး ဦးတြင္ ရာသီတုပ္ေကြးေရာဂါ (Seasonal Influenza A(H1N1)  Pdm2009) အျဖစ္ စစ္ေဆးေတြ႕ရေၾကာင္း ဧရာ၀တီတိုင္းေဒသႀကီးအစိုးရအဖဲြ႕ လူမႈေရး၀န္ႀကီး ေဒါက္တာလွျမတ္ေသြးက ဇူလိုင္ ၂၉ ရက္ေန႔လယ္က အတည္ျပဳေျပာၾကားသည္။


ေက်ာင္းသူ၊ ေက်ာင္းသား ေလးဦးကို လြန္ခဲ့သည့္ ဇူလိုင္ ၂၆ ရက္တြင္ အဆိုပါေရာဂါပိုးႏွင့္ ပတ္သက္၍ သံသယရွိသူမ်ားအ ျဖစ္ တိုင္းက်န္းမာေရးဦးစီးဌာနက သတ္မွတ္ခဲ့သည္။

ယင္းေနာက္စစ္ေဆးသင့္ သည္မ်ားကို အမ်ိဳးသားဓာတ္ခဲြ ဌာနသို႔ ေပးပို႔စစ္ေဆးခဲ့ရာ H1N1 ရာသီတုပ္ေကြးအျဖစ္ ေတြ႕ရွိရ သည္ဟု ဇူလုိင္ ၂၉ ရက္တြင္ ထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း ၀န္ ႀကီးေဒါက္တာလွျမတ္ေသြးက ေျပာသည္။

‘‘စသိကတည္းက သူတို႔ ေလးဦးကို တျခားသူေတြနဲ႔ခဲြၿပီး သီးသန္႔ထားခဲ့တယ္။ အခုဆိုေလး ေယာက္မွာ ႏွစ္ဦးက ေတာ္ေတာ္ ေကာင္းသြားၿပီ။ က်န္တဲ့ ႏွစ္ဦး လည္း ေတာ္ေတာ္သက္သာ တယ္။ အဓိကက လူနာေတြကို ေကာင္းေကာင္းျပဳစုကုသဖို႔ပဲ လို တယ္’’ဟု ၀န္ႀကီးက ေျပာသည္။

ပုသိမ္ပညာေရးေကာလိပ္ တြင္ အဆိုပါရက္ပုိင္းကတုပ္ေကြးျဖစ္ေနသူအမ်ိဳးသား ၂၈ ဦး၊အမ်ိဳးသမီးေလးဦးရွိသည့္အနက္ အမ်ိဳးသားႏွစ္ဦးႏွင့္ အမ်ိဳးသမီးႏွစ္ဦး တြင္ အဆုိပါေရာဂါပိုး ေတြ႕ရွိခဲ့ ေၾကာင္း ေဒါက္တာထြန္းျမင့္က ေျပာသည္။

‘‘RDT စစ္တဲ့အခါမွာ အဲဒါ (H1N1)ကို ေတြ႕တယ္။ ပိုၿပီးေသ ခ်ာေအာင္လို႔ အမ်ိဳးသားဓာတ္ခဲြ ဌာနကုိ ပို႔ၿပီး စစ္ေဆးခဲ့တယ္’’ဟု တိုင္းက်န္းမာေရးဦးစီးမွဴး ေဒါက္တာထြန္းျမင့္က ေျပာသည္။

ႏွစ္စဥ္ ရာသီေျပာင္းခ်ိန္တြင္ လူအမ်ားျဖစ္ပြားသည့္ တုပ္ေကြး အား H1N1 ဟု ေခၚဆုိျခင္းျဖစ္ၿပီး လက္ရွိေသဆံုးသူမ်ားသည္ အဆို ပါေရာဂါေၾကာင့္ ေသဆံုးရျခင္း မဟုတ္ဘဲ မူလေရာဂါအခံ ေၾကာင့္ ပိုမိုျပင္းထန္စြာခံစားရ၍ ေသဆံုးရျခင္းျဖစ္ေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ စိုးရိမ္မႈလြန္ကဲ ရန္မလုိဘဲ က်န္းမာေရးဌာနက ထုတ္ျပန္သည့္အတုိင္း ေနထိုင္ရန္ လိုအပ္ေၾကာင္း ေဒါက္တာထြန္းျမင့္က ေျပာသည္။

‘‘လူထူထပ္တဲ့ ေနရာေတြ မသြားနဲ႔။ ဘာကိုင္ၿပီးၿပီး လက္ကို ဆပ္ျပာနဲ႔ေဆး၊ ႏွာေခ်၊ေခ်ာင္းဆုိးရင္ လက္ကိုင္ပ၀ါနဲ႔အုပ္၊ တစ္႐ွဴးအသံုးျပဳတဲ့သူဆိုရင္လည္း အ မိႈက္ပံုးထဲကို ေသေသခ်ာခ်ာပစ္၊ ကိုယ့္ကိုယ္ကုိယ္ က်န္းမာေအာင္ ေနရင္္ တုပ္ေကြးမျဖစ္ႏုိင္ပါဘူး’’ဟု ၎ကဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး (ဓာတ်ပုံ − သက်ဆွေ)

ပုသိမ်ပညာရေးကောလိပ် မှ ကျောင်းသူ၊ ကျောင်းသားလေး ဦးတွင် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)  Pdm2009) အဖြစ် စစ်ဆေးတွေ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ဇူလိုင် ၂၉ ရက်နေ့လယ်က အတည်ပြုပြောကြားသည်။


ကျောင်းသူ၊ ကျောင်းသား လေးဦးကို လွန်ခဲ့သည့် ဇူလိုင် ၂၆ ရက်တွင် အဆိုပါရောဂါပိုးနှင့် ပတ်သက်၍ သံသယရှိသူများအ ဖြစ် တိုင်းကျန်းမာရေးဦးစီးဌာနက သတ်မှတ်ခဲ့သည်။

ယင်းနောက်စစ်ဆေးသင့် သည်များကို အမျိုးသားဓာတ်ခွဲ ဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ H1N1 ရာသီတုပ်ကွေးအဖြစ် တွေ့ရှိရ သည်ဟု ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဝန် ကြီးဒေါက်တာလှမြတ်သွေးက ပြောသည်။

‘‘စသိကတည်းက သူတို့ လေးဦးကို တခြားသူတွေနဲ့ခွဲပြီး သီးသန့်ထားခဲ့တယ်။ အခုဆိုလေး ယောက်မှာ နှစ်ဦးက တော်တော် ကောင်းသွားပြီ။ ကျန်တဲ့ နှစ်ဦး လည်း တော်တော်သက်သာ တယ်။ အဓိကက လူနာတွေကို ကောင်းကောင်းပြုစုကုသဖို့ပဲ လို တယ်’’ဟု ဝန်ကြီးက ပြောသည်။

ပုသိမ်ပညာရေးကောလိပ် တွင် အဆိုပါရက်ပိုင်းကတုပ်ကွေးဖြစ်နေသူအမျိုးသား ၂၈ ဦး၊အမျိုးသမီးလေးဦးရှိသည့်အနက် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး တွင် အဆိုပါရောဂါပိုး တွေ့ရှိခဲ့ ကြောင်း ဒေါက်တာထွန်းမြင့်က ပြောသည်။

‘‘RDT စစ်တဲ့အခါမှာ အဲဒါ (H1N1)ကို တွေ့တယ်။ ပိုပြီးသေ ချာအောင်လို့ အမျိုးသားဓာတ်ခွဲ ဌာနကို ပို့ပြီး စစ်ဆေးခဲ့တယ်’’ဟု တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က ပြောသည်။

နှစ်စဉ် ရာသီပြောင်းချိန်တွင် လူအများဖြစ်ပွားသည့် တုပ်ကွေး အား H1N1 ဟု ခေါ်ဆိုခြင်းဖြစ်ပြီး လက်ရှိသေဆုံးသူများသည် အဆို ပါရောဂါကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ မူလရောဂါအခံ ကြောင့် ပိုမိုပြင်းထန်စွာခံစားရ၍ သေဆုံးရခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စိုးရိမ်မှုလွန်ကဲ ရန်မလိုဘဲ ကျန်းမာရေးဌာနက ထုတ်ပြန်သည့်အတိုင်း နေထိုင်ရန် လိုအပ်ကြောင်း ဒေါက်တာထွန်းမြင့်က ပြောသည်။

‘‘လူထူထပ်တဲ့ နေရာတွေ မသွားနဲ့။ ဘာကိုင်ပြီးပြီး လက်ကို ဆပ်ပြာနဲ့ဆေး၊ နှာချေ၊ချောင်းဆိုးရင် လက်ကိုင်ပဝါနဲ့အုပ်၊ တစ်ရှူးအသုံးပြုတဲ့သူဆိုရင်လည်း အ မှိုက်ပုံးထဲကို သေသေချာချာပစ်၊ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် နေရင် တုပ်ကွေးမဖြစ်နိုင်ပါဘူး’’ဟု ၎င်းကဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top