ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

မႏၲေလးၿမိဳ႕လယ္ ေကာင္အခ်ိဳ႕ ေနရာမ်ားတြင္ ျဖစ္ ပြားခဲ့သည့္ ယာဥ္တိုက္မႈျဖစ္စဥ္ မ်ားကို တရားဥပေဒစိုးမိုးေရးအ တြက္ အလြယ္တကူအမႈ႐ုပ္သိမ္း ခြင့္မျပဳရန္  ကန္႔ကြက္မည္ျဖစ္ ေၾကာင္း  အထက္ျမန္မာျပည္ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွဴး႐ံုးမွ ဒုရဲမွဴး  ႀကီးကံသိန္းက ေျပာသည္။

ယာဥ္တိုက္လူေသဆံုးမႈျဖစ္ စဥ္မ်ားတြင္ ေသဆံုးသူ၏ကာယ ကံရွင္ဘက္က ေက်နပ္၍ အမႈ႐ုပ္ သိမ္းရန္ တရား႐ံုးသို႔ တင္ျပစဥ္ တရားစြဲဆိုသည့္ယာဥ္ထိန္းရဲႏွင့္ ရဲတပ္ဖြဲ႕ကို သေဘာထားမွတ္ ခ်က္ေတာင္းဆိုလာပါက ကန္႔ ကြက္မည္ျဖစ္ေၾကာင္း ဒုရဲမွဴးႀကီး ကံသိန္းက ေျပာသည္။

‘‘တရားစြဲအဖြဲ႕အစည္းကို သေဘာထားမွတ္ခ်က္ေတာင္း လာခဲ့ရင္ ကြၽန္ေတာ္တို႔ဘက္က ေတာ့ ေသခ်ာဆံုးျဖတ္ၿပီး ကန္႔ ကြက္မွာပါ။ ဘာလို႔ဆို ဒီလိုလူကို တိုက္ၿပီး ေသလို႔ ေငြေလ်ာ္လို႔ရ တယ္ဆိုတဲ့ သေဘာအျဖစ္မခံႏုိင္ သလို တရားဥပေဒစိုးမိုးမႈကို လည္း ထိခိုက္မခံပါဘူး’’ဟု ဒုရဲမွဴးႀကီးကံသိန္းက ေျပာသည္။

ယာဥ္တုိက္မႈျဖစ္စဥ္တြင္ လူ ေသဆံုးပါက ျပစ္မႈပုဒ္မ ၃၀၄-ကအရ မေတာ္တဆလူေသဆံုးမႈျဖင့္ အမႈဖြင့္အေရးယူႏုိင္ၿပီး ယင္းအမႈ သည္ ကာယကံရွင္ဘက္က အမႈ ႐ုပ္သိမ္းလိုပါက ႐ုပ္သိမ္းခြင့္ရွိ သည့္ပုဒ္မျဖစ္သည္။

မႏၲေလးၿမိဳ႕ရွိ မဟာေအာင္ေျမႏွင့္ ခ်မ္းေအးသာစံၿမိဳ႕နယ္တို႔၌ ဇူလိုင္ ၂၃ ႏွင့္ ၂၅ ရက္တြင္ ကားႏွင့္  ဆိုင္ကယ္ယာဥ္တိုက္မႈ ေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္သူႏွစ္ဦးေသဆံုးမႈျဖစ္စဥ္သည္ အမ်ားစိတ္ဝင္စားသျဖင့္ တရား႐ံုးအမႈစြဲတင္ရာ၌ အလြယ္တကူအမႈကို ႐ုပ္သိမ္းခြင့္ေပးမည္ မဟုတ္ေၾကာင္း အထက္ျမန္မာျပည္ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွဴး႐ံုးမွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။

ၿပီးခဲ့သည့္ႏွစ္ပိုင္းက ဘူတန္ ဘုရင္၏ ေဒြးေတာ္ခရီးစဥ္တြင္ ခ်မ္းေအးသာစံၿမိဳ႕နယ္ ၇၃ လမ္း ၌ တာဝန္ထမ္းေဆာင္ေနသည့္ ရဲတပ္ဖြဲ႕၀င္တစ္ဦးကို ကားျဖင့္ တိုက္မိ၍ ေသဆံုးခဲ့ၿပီးေနာက္တရား႐ံုး႐ံုးတင္စစ္ေဆးခ်ိန္တြင္ ႏွစ္ဖက္ေျပလည္မႈရရွိ၍ အမႈကို ႐ုပ္သိမ္းခဲ့ေၾကာင္း ရဲတပ္ဖြဲ႕အသိုင္းအဝိုင္းမွ သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 မန္တလေးမြို့လယ် ကောင်အချို့ နေရာများတွင် ဖြစ် ပွားခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ် များကို တရားဥပဒေစိုးမိုးရေးအ တွက် အလွယ်တကူအမှုရုပ်သိမ်း ခွင့်မပြုရန်  ကန့်ကွက်မည်ဖြစ် ကြောင်း  အထက်မြန်မာပြည် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး  ကြီးကံသိန်းက ပြောသည်။

ယာဉ်တိုက်လူသေဆုံးမှုဖြစ် စဉ်များတွင် သေဆုံးသူ၏ကာယ ကံရှင်ဘက်က ကျေနပ်၍ အမှုရုပ် သိမ်းရန် တရားရုံးသို့ တင်ပြစဉ် တရားစွဲဆိုသည့်ယာဉ်ထိန်းရဲနှင့် ရဲတပ်ဖွဲ့ကို သဘောထားမှတ် ချက်တောင်းဆိုလာပါက ကန့် ကွက်မည်ဖြစ်ကြောင်း ဒုရဲမှူးကြီး ကံသိန်းက ပြောသည်။

‘‘တရားစွဲအဖွဲ့အစည်းကို သဘောထားမှတ်ချက်တောင်း လာခဲ့ရင် ကျွန်တော်တို့ဘက်က တော့ သေချာဆုံးဖြတ်ပြီး ကန့် ကွက်မှာပါ။ ဘာလို့ဆို ဒီလိုလူကို တိုက်ပြီး သေလို့ ငွေလျော်လို့ရ တယ်ဆိုတဲ့ သဘောအဖြစ်မခံနိုင် သလို တရားဥပဒေစိုးမိုးမှုကို လည်း ထိခိုက်မခံပါဘူး’’ဟု ဒုရဲမှူးကြီးကံသိန်းက ပြောသည်။

ယာဉ်တိုက်မှုဖြစ်စဉ်တွင် လူ သေဆုံးပါက ပြစ်မှုပုဒ်မ ၃၀၄-ကအရ မတော်တဆလူသေဆုံးမှုဖြင့် အမှုဖွင့်အရေးယူနိုင်ပြီး ယင်းအမှု သည် ကာယကံရှင်ဘက်က အမှု ရုပ်သိမ်းလိုပါက ရုပ်သိမ်းခွင့်ရှိ သည့်ပုဒ်မဖြစ်သည်။

မန္တလေးမြို့ရှိ မဟာအောင်မြေနှင့် ချမ်းအေးသာစံမြို့နယ်တို့၌ ဇူလိုင် ၂၃ နှင့် ၂၅ ရက်တွင် ကားနှင့်  ဆိုင်ကယ်ယာဉ်တိုက်မှု ကြောင့် ဆိုင်ကယ်မောင်းနှင်သူနှစ်ဦးသေဆုံးမှုဖြစ်စဉ်သည် အများစိတ်ဝင်စားသဖြင့် တရားရုံးအမှုစွဲတင်ရာ၌ အလွယ်တကူအမှုကို ရုပ်သိမ်းခွင့်ပေးမည် မဟုတ်ကြောင်း အထက်မြန်မာပြည် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ်ပိုင်းက ဘူတန် ဘုရင်၏ ဒွေးတော်ခရီးစဉ်တွင် ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း ၌ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ကားဖြင့် တိုက်မိ၍ သေဆုံးခဲ့ပြီးနောက်တရားရုံးရုံးတင်စစ်ဆေးချိန်တွင် နှစ်ဖက်ပြေလည်မှုရရှိ၍ အမှုကို ရုပ်သိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top