ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ေကာ့ေသာင္းၿမိဳ႕နယ္ တြင္ မယားပါသမီးကို အဓမၼျပဳ က်င့္ရန္ ႀကံစည္ခဲ့သည့္ အသက္ (၃၉)ႏွစ္အရြယ္အမ်ဳိးသားကုိ ဖမ္းဆီးထားေၾကာင္း သတင္းရရွိ သည္။

ေကာ့ေသာင္းၿမိဳ႕နယ္ေခ်ာင္းဝေက်းရြာတြင္ ေနထိုင္ သည့္ ေဒၚတင္တင္ဝင္းသည္ ဇူ လိုင္ ၂၆ ရက္ နံနက္ ၃ နာရီခြဲခန္႔က ပင္လယ္ကမ္းစပ္သို႔ ခ႐ုေကာက္ရန္ ထြက္သြားခ်ိန္၌ ျဖစ္ပြားခဲ့ေၾကာင္း ေကာ့ေသာင္း ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ဆိုသည္။

ေနအိမ္တြင္ ပထမအိမ္ ေထာင္ႏွင့္ရေသာ သမီး၊ ဒုတိယ အိမ္ေထာင္ႏွင့္ရေသာ သားႏွင့္ သမီးတို႔က်န္ခဲ့ၿပီး ယခုတတိယခင္ပြန္း အသက္ (၃၉) ႏွစ္အရြယ္ေစာလယ္ထူးက ပထမအိမ္ေထာင္ႏွင့္ရေသာ အသက္ (၁၆)ႏွစ္အရြယ္သမီး၏ အိပ္ခန္းအတြင္းသို႔ဝင္၍ သားမယားျပဳက်င့္ရန္ ႏွစ္ႀကိမ္တိုင္ ႀကိဳးစားခဲ့ေၾကာင္း ၎က ဆက္လက္ရွင္းျပသည္။

ထုိသို႔ အဓမၼျပဳက်င့္ရန္ ႀကိဳး စားခဲ့သျဖင့္ သမီးျဖစ္သူသည္ ေန အိမ္မွထြက္ေျပးခဲ့ၿပီး ေနအိမ္ အျပင္ဘက္ရွိ ဘုန္းႀကီးေက်ာင္း အနီးတြင္ ထိုင္ေနစဥ္ ေစာလယ္ ထူးလိုက္လာကာ လည္ပင္းညႇစ္၍ လက္သီးျဖင့္ ထပ္မံထိုးခဲ့ေၾကာင္း အဆိုပါရဲအရာရွိက ဆက္လက္ေျပာၾကားသည္။

မယားပါသမီးကို အဓမၼျပဳ က်င့္ရန္ႀကံစည္ခဲ့သည့္ ေစာလယ္ ထူးကို ေကာ့ေသာင္းၿမိဳ႕မရဲစခန္း က ရာဇသတ္ႀကီးပုဒ္မ ၃၇၆/ ၅၁၁/၃၂၃ ျဖင့္ အမႈဖြင့္ကာ ဖမ္းဆီးစစ္ေဆးလ်က္ရွိေၾကာင္း ေကာ့ေသာင္း ၿမိဳ႕မရဲစခန္းမွ သတင္းရရွိသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
  ကော့သောင်းမြို့နယ် တွင် မယားပါသမီးကို အဓမ္မပြု ကျင့်ရန် ကြံစည်ခဲ့သည့် အသက် (၃၉)နှစ်အရွယ်အမျိုးသားကို ဖမ်းဆီးထားကြောင်း သတင်းရရှိ သည်။

ကော့သောင်းမြို့နယ်ချောင်းဝကျေးရွာတွင် နေထိုင် သည့် ဒေါ်တင်တင်ဝင်းသည် ဇူ လိုင် ၂၆ ရက် နံနက် ၃ နာရီခွဲခန့်က ပင်လယ်ကမ်းစပ်သို့ ခရုကောက်ရန် ထွက်သွားချိန်၌ ဖြစ်ပွားခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

နေအိမ်တွင် ပထမအိမ် ထောင်နှင့်ရသော သမီး၊ ဒုတိယ အိမ်ထောင်နှင့်ရသော သားနှင့် သမီးတို့ကျန်ခဲ့ပြီး ယခုတတိယခင်ပွန်း အသက် (၃၉) နှစ်အရွယ်စောလယ်ထူးက ပထမအိမ်ထောင်နှင့်ရသော အသက် (၁၆)နှစ်အရွယ်သမီး၏ အိပ်ခန်းအတွင်းသို့ဝင်၍ သားမယားပြုကျင့်ရန် နှစ်ကြိမ်တိုင် ကြိုးစားခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ထိုသို့ အဓမ္မပြုကျင့်ရန် ကြိုး စားခဲ့သဖြင့် သမီးဖြစ်သူသည် နေ အိမ်မှထွက်ပြေးခဲ့ပြီး နေအိမ် အပြင်ဘက်ရှိ ဘုန်းကြီးကျောင်း အနီးတွင် ထိုင်နေစဉ် စောလယ် ထူးလိုက်လာကာ လည်ပင်းညှစ်၍ လက်သီးဖြင့် ထပ်မံထိုးခဲ့ကြောင်း အဆိုပါရဲအရာရှိက ဆက်လက်ပြောကြားသည်။

မယားပါသမီးကို အဓမ္မပြု ကျင့်ရန်ကြံစည်ခဲ့သည့် စောလယ် ထူးကို ကော့သောင်းမြို့မရဲစခန်း က ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၅၁၁/၃၂၃ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ကော့သောင်း မြို့မရဲစခန်းမှ သတင်းရရှိသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top