ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ပထမဦးဆံုးသိမ္ (သို့) အဘယ္ေၾကာင့္ သိမ္သမုတ္ ရပါသနည္း ?

ေလွ်ာက္ထားပါရေစအရွင္ဘုရား။
အဘယ္ေၾကာင့္သိမ္သမုတ္ရပါသနည္း။
ျမတ္စြာဘုရား လက္ထက္က သိမ္သမုတ္ပါ
သလား။ ဗုဒၶသာသနာမွာ ပထမဆံုး သမုတ္
သည့္ သိမ္ကိုသိလိုပါသည္ဘုရား။

ဘုန္းႏိုင္

သိမ္ဆိုတာ ရဟန္းခံ၊ ဥပုသ္ျပဳ၊ ကထိန္ခင္း စတဲ့ရဟန္းေတြခ်ည္းသာ ေဆာင္ရြက္တာကို ဗုဒၶသာ
သနာသံုးေ၀ါဟာရနဲ႔ ကံႀကီးကံငယ္ လို႔ေခၚတယ္။ရွင္ေတာ္ဗုဒၶကတစ္ေနရာတည္းမွာစုေ၀းေနၾကတဲ့
ညီညြတ္တဲ့ ရဟန္းေတြပဲ အဲဒီကံႀကီးကံငယ္ကိုျပဳရမယ္လို႔မိန္႔ေတာ္မူတဲ့အခါ ဘယ္ေလာက္အတိုင္း
အတာနဲ႔ စုေ၀းမွ ညီညြတ္ပါသလဲလို႔ ရဟန္းေတြက ေမးေလွ်ာက္ၾကတဲ့အတြက္ ေတာင္၊ ေက်ာက္၊
ေတာ၊ သစ္ပင္စတဲ့ရွစ္မ်ဳိးနဲ႔ နယ္နိမိတ္ကိုစနစ္တက်ပုိင္းျခားၿပီး ေနရာကိုသတ္မွတ္ဖို႔ ညႊန္ၾကားပါ
တယ္။ အဲဒီလုိ သတ္မွတ္ထားတဲ့ေနရာကို သိမ္လို႔ေခၚတာပါ။ သိမ္ရွိမွ သာသနာ့မ်ဳိးဆက္ျဖစ္တဲ့
ရဟန္းသံဃာအသစ္ေတြျဖစ္လာမွာျဖစ္လို႔ သိမ္ဟာ ဗုဒၶသာသနာမွာ အေရးႀကီးတယ္။

အာဏာပိုင္ေတြက နယ္နိမိတ္သတ္မွတ္ထားၿပီျဖစ္တဲ့ ၿမိဳ႔ေတြ ရြာေတြဟာ အလိုလိုသိမ္ျဖစ္ေန
ၿပီး သံဃာ့ကံေတြကိုေဆာင္ရြက္ႏိုင္တယ္ ( ၀ိ၃၊ ၁၅၀ )။ ဒါေပမယ့္ သံဃာေတြကံေဆာင္တဲ့
အခါ သံဃာေတြ အားလံုး တစ္ေနရာတည္းမွာစုေ၀းရလို႔ နယ္နိမိတ္ က်ယ္၀န္းတဲ့ ၿမိဳ႕ေတြရြာ
ႀကီးေတြမွာ တစ္ၿပိဳင္နက္ သံဃာေတြ စည္းေ၀းဖို႔ခက္တယ္။ ဒါ့အျပင္ သံဃာေတြကံျပဳေနတုန္း
အျခား ၿမိဳ႕ရြာက သံဃာေတြ ကား၊ ရထား၊ ေလယာဥ္ေတြနဲ႔ ၀င္လာျဖတ္သြားခိုက္ မႀကံဳဖို႔လည္း
ပိုခက္ႏိုင္တယ္။ ဒါေၾကာင့္ အဲဒီရြာသိမ္ႀကီးထဲမွာပဲ တစ္ေနရာတည္းစုေ၀းႏိုင္ေလာက္တဲ့ေနရာ
ဥပမာ မိမိတို႔ေနထုိင္တဲ့ ဘုန္းႀကီးေက်ာင္း၀င္းအတြင္းမွာပဲ ေဖာ္ျပၿပီးရွစ္မ်ဳိးတည္းက တစ္ခုခု
နဲ႔ နယ္နိမိတ္ျပန္ပိုင္းျခားၿပီး ကမၼ၀ါစာနဲ႔သမုတ္ရတာျဖစ္ပါတယ္။

ေရႊလက္ထက္ေတာ္၌ ဂိဇၥ်ဂုဋ္ ေတာင္ေျခရင္းသိမ္နဲ႔ မဒၵကုစၧိ မိဂဒါ၀ုန္သိမ္တို႔သည္ လက္ဦး
ျဖစ္၏ပင္တည္း ဆိုတဲ့အစဥ္အလာအဆိုနဲ႔ပတ္သက္ၿပီး ဆင္ျခင္ဖြယ္ရွိတယ္။ မဒၵကုစၧိကိုေလ့
လာတဲ့အခါ .... မဒၵကုစၧိဆိုတာ ဂိဇၥ်ဂုဋ္ေတာင္ေျခက ေဘးမဲ့ဥယ်ာဥ္ျဖစ္ၿပီး ေ၀ေဒဟီမိဘုရား
ဟာ အဲဒီဥယ်ာဥ္မွာ အဇာတသတ္ျဖစ္မဲ့ကိုယ္၀န္ကိုဖ်က္ဖို႔ႀကိဳးစားဖူးတာေၾကာင့္ မဒၵကုစၧိလို႔
တြင္သြားခဲ့တာ ( သံ-႒ ၁၊ ၇၃ )။

အရွင္ဒဗၺမေထရ္က ဒီဥယ်ာဥ္မွာ ဧည့္သံဃာေတြအတြက္ ေနရာျပင္ေပးတာ ( ၀ိ ၁၊ ၂၄၅)
ေဒ၀ဒတ္လုပ္ႀကံလို႔ ေျခေထာက္မွာဒဏ္ရာရသြားတဲ့ ဘုရားရွင္ဟာ ဇီ၀ကရဲ႕သရက္ေတာ
ေက်ာင္းကို မၾကြခင္ မဒၵကုစၧိမွာ ညက်ိန္းၿပီးအနားယူတာ ( သံ ၁၊ ၂၅ ) ေတြကိုေထာက္
ရင္ သံဃာသီတင္းသံုးတဲ့ မဒၵကုစၧိေက်ာင္းေတာ့ရွိတယ္။

ရာဇၿဂိဳလ္ၿမိဳ႕ကို၀န္းရံထားတဲ့ ေက်ာင္းတိုက္ႀကီး၁၈ခုလံုးကိုေပါင္းၿပီး အရွင္သာရိပုတၱရာက တစ္
ခုတည္းေသာ မဟာသိမ္ ( ဧရာမသိမ္ )အေနနဲ႔သမုတ္ခဲ့တယ္ ( ၀ိ-႒ ၂၊ ၃၃၁ )။ ေက်ာင္းတိုက္
ေတြရဲ႕အတြင္းမွာရွိေနတဲ့ ရာဇၿဂိဳလ္တစ္ၿမိဳ႕လံုးဟာ သိမ္ပါပဲ။ ဥပုသ္ျပဳျခင္းစတဲ့သံဃာ့ကံကို
ေဆာင္ရြက္တဲ့အခါ သိမ္တြင္းရွိသံဃာအားလံုးတစ္ပါးနဲ႔တစ္ပါးႏွစ္ေတာင့္ထြာအတြင္းမွာရွိေနရတယ္။

ဒါေၾကာင့္တစ္ခါမွာ အရွင္မဟာကႆပဟာရာဇၿဂိဳလ္ၿမိဳ႕ရဲ႕အနီးေက်ာင္းတိုက္ႀကီး ၁၈ခုထဲ
ကတစ္ခုျဖစ္တဲ့ အႏၶက၀ိႏၶ ေတာေက်ာင္းကေနေ၀ဠဳ၀န္ေက်ာင္းကို ဥပုသ္ျပဳဖို႔ၾကြေတာ္မူတယ္။
(၀ိ ၂၊ ၁၄၇)။ အရွင္မဟာကပၸိနလည္း မဒၵကုစၧိေက်ာင္းမွာ သီတင္းသံုးခိုက္ ဥပုသ္ျပဳဖို႔သြားသင့္
မသြားသင့္စဥ္းစားေနတုန္း ဂိဇၥ်ဂုဋ္ေတာင္ေပၚမွရွင္ေတာ္ဗုဒၶတန္ခိုးနဲ႔ၾကြလာၿပီး ဥပုသ္ျပဳရာသို႔
သြားျဖစ္ေအာင္သြားဖို႔ တိုက္တြန္းတာကို ခံရဖူးတယ္ ( ၀ိ ၃၊ ၁၄၄ )။

ရာဇၿဂိဳလ္၀န္းက်င္ ေက်ာင္းတိုက္ႀကီး ၁၈ခုကသံဃာေတြ အားလံုးဟာ သိမ္ႀကီးတစ္ခုရဲ႕ပရိ
၀ုဏ္အတြင္းမွာ ေနၾကရတာျဖစ္ေတာ့ သံဃာ့ကံျပဳတိုင္း ရဟန္းသံဃာေတြဟာ သံဃာစုေ၀း
တဲ့ေနရာကို အေရာက္ သြားၾကရတယ္။ ေနရာထိုင္ခင္း က်ယ္၀န္းၿပီး သံဃာအမ်ား မွ်တဖြယ္
ရွိတဲ့ဘုရင္ဗိမၺိသာရလွဴဒါန္းတဲ့ ေ၀ဠဳ၀န္ေက်ာင္းတိုက္ဟာ သံဃာစုေ၀းတဲ့ ေနရာတစ္ခု ျဖစ္ႏိုင္
တယ္။ ဂိဇၥ်ဂုဋ္ေတာင္ေျခနဲ႔ မဒၵကုစၧိ မိဂဒါ၀ုန္တို႔လည္း ျဖစ္ႏုိင္တာပဲ။ သိမ္အေနနဲ႔ကေတာ့ သာ
ရိပုတၱရာ မဟာသိမ္ပဲ အဦးဆံုးျဖစ္မယ္လို႔ယူဆပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အရွင္ေကလာသ (USA)
ဓမၼေမးအေျဖမ်ား


#Unicode  Version#
ပထမဦးဆုံးသိမ် (သို့) အဘယ်ကြောင့် သိမ်သမုတ် ရပါသနည်း ?

လျှောက်ထားပါရစေအရှင်ဘုရား။
အဘယ်ကြောင့်သိမ်သမုတ်ရပါသနည်း။
မြတ်စွာဘုရား လက်ထက်က သိမ်သမုတ်ပါ
သလား။ ဗုဒ္ဓသာသနာမှာ ပထမဆုံး သမုတ်
သည့် သိမ်ကိုသိလိုပါသည်ဘုရား။


ဘုန်းနိုင်

သိမ်ဆိုတာ ရဟန်းခံ၊ ဥပုသ်ပြု၊ ကထိန်ခင်း စတဲ့ရဟန်းတွေချည်းသာ ဆောင်ရွက်တာကို ဗုဒ္ဓသာ
သနာသုံးဝေါဟာရနဲ့ ကံကြီးကံငယ် လို့ခေါ်တယ်။ရှင်တော်ဗုဒ္ဓကတစ်နေရာတည်းမှာစုဝေးနေကြတဲ့
ညီညွတ်တဲ့ ရဟန်းတွေပဲ အဲဒီကံကြီးကံငယ်ကိုပြုရမယ်လို့မိန့်တော်မူတဲ့အခါ ဘယ်လောက်အတိုင်း
အတာနဲ့ စုဝေးမှ ညီညွတ်ပါသလဲလို့ ရဟန်းတွေက မေးလျှောက်ကြတဲ့အတွက် တောင်၊ ကျောက်၊
တော၊ သစ်ပင်စတဲ့ရှစ်မျိုးနဲ့ နယ်နိမိတ်ကိုစနစ်တကျပိုင်းခြားပြီး နေရာကိုသတ်မှတ်ဖို့ ညွှန်ကြားပါ
တယ်။ အဲဒီလို သတ်မှတ်ထားတဲ့နေရာကို သိမ်လို့ခေါ်တာပါ။ သိမ်ရှိမှ သာသနာ့မျိုးဆက်ဖြစ်တဲ့
ရဟန်းသံဃာအသစ်တွေဖြစ်လာမှာဖြစ်လို့ သိမ်ဟာ ဗုဒ္ဓသာသနာမှာ အရေးကြီးတယ်။

အာဏာပိုင်တွေက နယ်နိမိတ်သတ်မှတ်ထားပြီဖြစ်တဲ့ မြို့တွေ ရွာတွေဟာ အလိုလိုသိမ်ဖြစ်နေ
ပြီး သံဃာ့ကံတွေကိုဆောင်ရွက်နိုင်တယ် ( ဝိ၃၊ ၁၅၀ )။ ဒါပေမယ့် သံဃာတွေကံဆောင်တဲ့
အခါ သံဃာတွေ အားလုံး တစ်နေရာတည်းမှာစုဝေးရလို့ နယ်နိမိတ် ကျယ်ဝန်းတဲ့ မြို့တွေရွာ
ကြီးတွေမှာ တစ်ပြိုင်နက် သံဃာတွေ စည်းဝေးဖို့ခက်တယ်။ ဒါ့အပြင် သံဃာတွေကံပြုနေတုန်း
အခြား မြို့ရွာက သံဃာတွေ ကား၊ ရထား၊ လေယာဉ်တွေနဲ့ ဝင်လာဖြတ်သွားခိုက် မကြုံဖို့လည်း
ပိုခက်နိုင်တယ်။ ဒါကြောင့် အဲဒီရွာသိမ်ကြီးထဲမှာပဲ တစ်နေရာတည်းစုဝေးနိုင်လောက်တဲ့နေရာ
ဥပမာ မိမိတို့နေထိုင်တဲ့ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာပဲ ဖော်ပြပြီးရှစ်မျိုးတည်းက တစ်ခုခု
နဲ့ နယ်နိမိတ်ပြန်ပိုင်းခြားပြီး ကမ္မဝါစာနဲ့သမုတ်ရတာဖြစ်ပါတယ်။

ရွှေလက်ထက်တော်၌ ဂိဇ္ဈဂုဋ် တောင်ခြေရင်းသိမ်နဲ့ မဒ္ဒကုစ္ဆိ မိဂဒါဝုန်သိမ်တို့သည် လက်ဦး
ဖြစ်၏ပင်တည်း ဆိုတဲ့အစဉ်အလာအဆိုနဲ့ပတ်သက်ပြီး ဆင်ခြင်ဖွယ်ရှိတယ်။ မဒ္ဒကုစ္ဆိကိုလေ့
လာတဲ့အခါ .... မဒ္ဒကုစ္ဆိဆိုတာ ဂိဇ္ဈဂုဋ်တောင်ခြေက ဘေးမဲ့ဥယျာဉ်ဖြစ်ပြီး ဝေဒေဟီမိဘုရား
ဟာ အဲဒီဥယျာဉ်မှာ အဇာတသတ်ဖြစ်မဲ့ကိုယ်ဝန်ကိုဖျက်ဖို့ကြိုးစားဖူးတာကြောင့် မဒ္ဒကုစ္ဆိလို့
တွင်သွားခဲ့တာ ( သံ-ဋ္ဌ ၁၊ ၇၃ )။

အရှင်ဒဗ္ဗမထေရ်က ဒီဥယျာဉ်မှာ ဧည့်သံဃာတွေအတွက် နေရာပြင်ပေးတာ ( ဝိ ၁၊ ၂၄၅)
ဒေဝဒတ်လုပ်ကြံလို့ ခြေထောက်မှာဒဏ်ရာရသွားတဲ့ ဘုရားရှင်ဟာ ဇီဝကရဲ့သရက်တော
ကျောင်းကို မကြွခင် မဒ္ဒကုစ္ဆိမှာ ညကျိန်းပြီးအနားယူတာ ( သံ ၁၊ ၂၅ ) တွေကိုထောက်
ရင် သံဃာသီတင်းသုံးတဲ့ မဒ္ဒကုစ္ဆိကျောင်းတော့ရှိတယ်။

ရာဇဂြိုလ်မြို့ကိုဝန်းရံထားတဲ့ ကျောင်းတိုက်ကြီး၁၈ခုလုံးကိုပေါင်းပြီး အရှင်သာရိပုတ္တရာက တစ်
ခုတည်းသော မဟာသိမ် ( ဧရာမသိမ် )အနေနဲ့သမုတ်ခဲ့တယ် ( ဝိ-ဋ္ဌ ၂၊ ၃၃၁ )။ ကျောင်းတိုက်
တွေရဲ့အတွင်းမှာရှိနေတဲ့ ရာဇဂြိုလ်တစ်မြို့လုံးဟာ သိမ်ပါပဲ။ ဥပုသ်ပြုခြင်းစတဲ့သံဃာ့ကံကို
ဆောင်ရွက်တဲ့အခါ သိမ်တွင်းရှိသံဃာအားလုံးတစ်ပါးနဲ့တစ်ပါးနှစ်တောင့်ထွာအတွင်းမှာရှိနေရတယ်။

ဒါကြောင့်တစ်ခါမှာ အရှင်မဟာကဿပဟာရာဇဂြိုလ်မြို့ရဲ့အနီးကျောင်းတိုက်ကြီး ၁၈ခုထဲ
ကတစ်ခုဖြစ်တဲ့ အန္ဓကဝိန္ဓ တောကျောင်းကနေဝေဠုဝန်ကျောင်းကို ဥပုသ်ပြုဖို့ကြွတော်မူတယ်။
(ဝိ ၂၊ ၁၄၇)။ အရှင်မဟာကပ္ပိနလည်း မဒ္ဒကုစ္ဆိကျောင်းမှာ သီတင်းသုံးခိုက် ဥပုသ်ပြုဖို့သွားသင့်
မသွားသင့်စဉ်းစားနေတုန်း ဂိဇ္ဈဂုဋ်တောင်ပေါ်မှရှင်တော်ဗုဒ္ဓတန်ခိုးနဲ့ကြွလာပြီး ဥပုသ်ပြုရာသို့
သွားဖြစ်အောင်သွားဖို့ တိုက်တွန်းတာကို ခံရဖူးတယ် ( ဝိ ၃၊ ၁၄၄ )။

ရာဇဂြိုလ်ဝန်းကျင် ကျောင်းတိုက်ကြီး ၁၈ခုကသံဃာတွေ အားလုံးဟာ သိမ်ကြီးတစ်ခုရဲ့ပရိ
ဝုဏ်အတွင်းမှာ နေကြရတာဖြစ်တော့ သံဃာ့ကံပြုတိုင်း ရဟန်းသံဃာတွေဟာ သံဃာစုဝေး
တဲ့နေရာကို အရောက် သွားကြရတယ်။ နေရာထိုင်ခင်း ကျယ်ဝန်းပြီး သံဃာအများ မျှတဖွယ်
ရှိတဲ့ဘုရင်ဗိမ္ဗိသာရလှူဒါန်းတဲ့ ဝေဠုဝန်ကျောင်းတိုက်ဟာ သံဃာစုဝေးတဲ့ နေရာတစ်ခု ဖြစ်နိုင်
တယ်။ ဂိဇ္ဈဂုဋ်တောင်ခြေနဲ့ မဒ္ဒကုစ္ဆိ မိဂဒါဝုန်တို့လည်း ဖြစ်နိုင်တာပဲ။ သိမ်အနေနဲ့ကတော့ သာ
ရိပုတ္တရာ မဟာသိမ်ပဲ အဦးဆုံးဖြစ်မယ်လို့ယူဆပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: အရှင်ကေလာသ (USA)
ဓမ္မမေးအဖြေများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top