ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

သရုပ္ေဆာင္မယ္လုိဒီကေတာ့ သူ႔အေနနဲ႔ အႏုပညာအလုပ္ကုိ ဘာေၾကာင့္ေက်ာခုိင္းခဲ့ရတယ္ဆိုတဲ့ အခက္အခဲ နဲ႔အတူကုိယ့္ဘက္က အမွားတစ္ခုေၾကာင့္ ေၾကာ္ျငာရုိက္ကူးေရးဖ်က္ခဲ့ရတဲ့အတြက္ သရုပ္ေဆာင္ ေနတုိးနဲ႔ ကုိႏုိုင္(NVG) တုိ႔ကုိ ေတာင္းပန္တယ္ဆုိတဲ့ အေၾကာင္းအရာနဲ႔ပတ္သက္ၿပီး Duwun Media ကေနတဆင့္အခုလို ေျပာျပခဲ့ပါတယ္။

''အဓိကကေတာ့ အစ္မစိတ္မခုိင္လုိ႔ေပါ့။ သူရဘီလူးရုပ္ရွင္ဇာတ္ကားႀကီး ရုိက္ေနတဲ့အခ်ိန္မွာလည္း မ်က္စိက်န္းမာေရးမေကာင္း ျဖစ္တယ္။ ၿပီးေတာ့ ေလာ္မဂၤလာဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီး ရုိက္ဖုိ႔ လက္ခံအခ်ိန္လည္းျဖစ္ေနတယ္။ အဲ့ဒီတုန္းကေတာ့ မ်က္လုံး က်န္းမာေရးကုိ ျမန္မာႏုိင္ငံမွာလည္း အတတ္ႏုိင္ဆုံးေဆးကုသမႈခံယူတယ္။ရုိက္ကူးေရးေတြကလည္း အားလုံးျပင္ဆင္ၿပီးကာမွ အဆင္မေျပတာေတြရွိတယ္၊ ညွိမရတာ ေတြျဖစ္ခဲ့ေတာ့ ကုိယ့္ကုိနားမလည္ေပးၾကပါလားဆုိတဲ့ စိတ္နဲ႔ ခံစားခ်က္ျဖစ္သြားတာပါ။ အဲ့ဒါကလည္း ကုိယ္နဲ႔အရမ္းရင္းႏွီးတဲ့ လူေတြပါပဲ။ ေနာက္ေတာ့ ရႈတင္တစ္ခုေပါ့ ကုိယ့္အိမ္မွာလည္းရုိက္ခြင့္ ေပးထားတယ္ ရုိက္ခြင့္ စားရိတ္လည္းမယူခဲ့ဘူး။ဒါေပမယ့္ မ်က္စိအတြက္ ေဆးခန္းကလည္း ျပရေတာ့မွာဆိုေတာ့ တစ္ရက္ေလာက္ ရႈတင္ခြင့္ယူတာကုိ အဲ့ဒီေန႔အတြက္ရႈတင္ စားရိတ္ကုိေလွ်ာ္ခုိင္းတယ္။ အဲ့ဒီမွာလည္း လူေတြပုိက္ဆံေတာ္ေတာ္မက္ၾကပါလားေပါ့ ဆုိၿပီးေတြးမိတယ္'' လုိ႔ သူကဆုိပါတယ္။

ေနာက္ထပ္ ေၾကာ္ျငာရုိက္ကူးဖို႔ ရည္ရြယ္ထားကာမွ ဖ်က္လုိက္ရတဲ့ အတြက္ သရုပ္ေဆာင္ေနတုိးကုိလည္း ေတာင္းပန္တဲ့ အေၾကာင္းအရင္းကုိလည္း ဒီလုိေျပာျပခဲ့ပါတယ္။

''ေနျပည္ေတာ္မွာ လုပ္တဲ့အကယ္ဒမီေပးပြဲကုိ သြားၿပီး ျပန္လာတာေပါ့ ေန႔ခ်င္းျပန္ကားေမာင္းခဲ့ရတဲ့အတြက္ မ်က္စိကလည္း နာလာ တယ္။ အဲ့ဒီေနာက္ေန႔မွာလည္း ကုိေနတုိးနဲ႔ေၾကာ္ျငာရုိက္စရာရွိတယ္။ရုိက္မယ့္လူကလည္း (NVG)န႔ဲရုိက္ရမွာေပါ့ အဲ့ဒီ ညမွာပဲ ေၾကာ္ျငာအတြက္ အက်ႌေတြကုိ ထပ္တုိးေတာင္းတယ္ ကုိယ့္ကုိလည္း လုပ္ေပးမယ့္လူ မရွိဘူး။ မ်ဳိးဘက္က ဒီလုိ မျပည့္စုံတဲ့ အားနည္း ခ်က္ေတြေၾကာင့္ ေနာက္တစ္ေန႔ရႈတင္မွာ ဘယ္လုိမွ အဆင္မေျပခဲ့ဘူး။

အဲ့ဒီ အတြက္ ဖုန္းဆက္ၿပီးေတာ့ အဆင္မေျပတဲ့ အေၾကာင္း ဘာေၾကာင့္ မလာႏုိင္ေတာ့တ့ဲအေၾကာင္းကုိ ေျပာတယ္ ဒါကေတာ့ မ်ဳိးရဲ႕ မဟာအမွားပါ။ အဆင္မေျပခဲ့ဘူး  ကုိေနတုိးေရာ၊ ကုိႏုိင့္ ဘက္ကေရာဘာမွမတုံ႔ျပန္ခဲ့ျခင္းမရွိဘူး။ ဒါေပမယ့္ကုိယ့္မွာ စိတ္ဒဏ္ရာ ရခဲ့တယ္။ ကုိယ့္မွာ လုိအပ္ခ်က္ေတြရွိေနပါေသးလား မျပည့္စုံတဲ့ဘဝမွာ ဘာမွကုိမလုပ္ခ်င္ေတာ့တာ၊ အႏုပညာအလုပ္ကုိ စိတ္ကုန္သြားတယ္၊ အဲ့ဒီအတြက္လည္း ဒီေနရာကေနပဲ ကုိႏုိင္(NVG) ကုိေရာ၊ ကုိေနတုိးကုိေရာ ေတာင္းပန္ပါတယ္'' လုိ႔ သရုပ္ေဆာင္မယ္လုိဒီက ေျပာခဲ့ပါတယ္။

သရုပ္ေဆာင္မယ္လုိဒီက အခုလက္ရွိမွာ မဂၢဇင္းကာဗာေတြ၊ အင္တာဗ်ဳးေတြ ေျဖျဖစ္တယ္လုိ႔ သိရပါတယ္။ ၉ လပုိင္းထဲမွာလည္း သူငယ္ ဆုိတဲ့ရုပ္ရွင္ဇာတ္ကားႀကီးကုိ ရုိက္ကူးဖုိ႔လက္ခံထားတယ္လုိ႔ ဆုိပါတယ္။မၾကာခင္က ျဖစ္ေပၚခဲ့တဲ့ ေကာလဟလသတင္း ေတြေၾကာင့္ လည္း အားေပးတဲ့သူေတြရွိခဲ့သလုိ ေဝဖန္တိုက္ခုိက္တာေတြလည္း ရွိခဲ့တယ္လုိ႔ သိရပါတယ္။ ျပန္လည္လုပ္ကုိင္လာတဲ့ အႏုပညာအလုပ္အေပၚမွာလည္း အားေပးတဲ့ ပရိသတ္ေတြရွိလုိ႔ ဝမ္းသာရပါတယ္လုိ႔ သူကဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
သရုပ်ဆောင်မယ်လိုဒီကတော့ သူ့အနေနဲ့ အနုပညာအလုပ်ကို ဘာကြောင့်ကျောခိုင်းခဲ့ရတယ်ဆိုတဲ့ အခက်အခဲ နဲ့အတူကိုယ့်ဘက်က အမှားတစ်ခုကြောင့် ကြော်ငြာရိုက်ကူးရေးဖျက်ခဲ့ရတဲ့အတွက် သရုပ်ဆောင် နေတိုးနဲ့ ကိုနိုင်(NVG) တို့ကို တောင်းပန်တယ်ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး Duwun Media ကနေတဆင့်အခုလို ပြောပြခဲ့ပါတယ်။

''အဓိကကတော့ အစ်မစိတ်မခိုင်လို့ပေါ့။ သူရဘီလူးရုပ်ရှင်ဇာတ်ကားကြီး ရိုက်နေတဲ့အချိန်မှာလည်း မျက်စိကျန်းမာရေးမကောင်း ဖြစ်တယ်။ ပြီးတော့ လော်မင်္ဂလာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ လက်ခံအချိန်လည်းဖြစ်နေတယ်။ အဲ့ဒီတုန်းကတော့ မျက်လုံး ကျန်းမာရေးကို မြန်မာနိုင်ငံမှာလည်း အတတ်နိုင်ဆုံးဆေးကုသမှုခံယူတယ်။ရိုက်ကူးရေးတွေကလည်း အားလုံးပြင်ဆင်ပြီးကာမှ အဆင်မပြေတာတွေရှိတယ်၊ ညှိမရတာ တွေဖြစ်ခဲ့တော့ ကိုယ့်ကိုနားမလည်ပေးကြပါလားဆိုတဲ့ စိတ်နဲ့ ခံစားချက်ဖြစ်သွားတာပါ။ အဲ့ဒါကလည်း ကိုယ်နဲ့အရမ်းရင်းနှီးတဲ့ လူတွေပါပဲ။ နောက်တော့ ရှုတင်တစ်ခုပေါ့ ကိုယ့်အိမ်မှာလည်းရိုက်ခွင့် ပေးထားတယ် ရိုက်ခွင့် စားရိတ်လည်းမယူခဲ့ဘူး။ဒါပေမယ့် မျက်စိအတွက် ဆေးခန်းကလည်း ပြရတော့မှာဆိုတော့ တစ်ရက်လောက် ရှုတင်ခွင့်ယူတာကို အဲ့ဒီနေ့အတွက်ရှုတင် စားရိတ်ကိုလျှော်ခိုင်းတယ်။ အဲ့ဒီမှာလည်း လူတွေပိုက်ဆံတော်တော်မက်ကြပါလားပေါ့ ဆိုပြီးတွေးမိတယ်'' လို့ သူကဆိုပါတယ်။

နောက်ထပ် ကြော်ငြာရိုက်ကူးဖို့ ရည်ရွယ်ထားကာမှ ဖျက်လိုက်ရတဲ့ အတွက် သရုပ်ဆောင်နေတိုးကိုလည်း တောင်းပန်တဲ့ အကြောင်းအရင်းကိုလည်း ဒီလိုပြောပြခဲ့ပါတယ်။

''နေပြည်တော်မှာ လုပ်တဲ့အကယ်ဒမီပေးပွဲကို သွားပြီး ပြန်လာတာပေါ့ နေ့ချင်းပြန်ကားမောင်းခဲ့ရတဲ့အတွက် မျက်စိကလည်း နာလာ တယ်။ အဲ့ဒီနောက်နေ့မှာလည်း ကိုနေတိုးနဲ့ကြော်ငြာရိုက်စရာရှိတယ်။ရိုက်မယ့်လူကလည်း (NVG)နဲ့ရိုက်ရမှာပေါ့ အဲ့ဒီ ညမှာပဲ ကြော်ငြာအတွက် အကျႌတွေကို ထပ်တိုးတောင်းတယ် ကိုယ့်ကိုလည်း လုပ်ပေးမယ့်လူ မရှိဘူး။ မျိုးဘက်က ဒီလို မပြည့်စုံတဲ့ အားနည်း ချက်တွေကြောင့် နောက်တစ်နေ့ရှုတင်မှာ ဘယ်လိုမှ အဆင်မပြေခဲ့ဘူး။

အဲ့ဒီ အတွက် ဖုန်းဆက်ပြီးတော့ အဆင်မပြေတဲ့ အကြောင်း ဘာကြောင့် မလာနိုင်တော့တဲ့အကြောင်းကို ပြောတယ် ဒါကတော့ မျိုးရဲ့ မဟာအမှားပါ။ အဆင်မပြေခဲ့ဘူး  ကိုနေတိုးရော၊ ကိုနိုင့် ဘက်ကရောဘာမှမတုံ့ပြန်ခဲ့ခြင်းမရှိဘူး။ ဒါပေမယ့်ကိုယ့်မှာ စိတ်ဒဏ်ရာ ရခဲ့တယ်။ ကိုယ့်မှာ လိုအပ်ချက်တွေရှိနေပါသေးလား မပြည့်စုံတဲ့ဘဝမှာ ဘာမှကိုမလုပ်ချင်တော့တာ၊ အနုပညာအလုပ်ကို စိတ်ကုန်သွားတယ်၊ အဲ့ဒီအတွက်လည်း ဒီနေရာကနေပဲ ကိုနိုင်(NVG) ကိုရော၊ ကိုနေတိုးကိုရော တောင်းပန်ပါတယ်'' လို့ သရုပ်ဆောင်မယ်လိုဒီက ပြောခဲ့ပါတယ်။

သရုပ်ဆောင်မယ်လိုဒီက အခုလက်ရှိမှာ မဂ္ဂဇင်းကာဗာတွေ၊ အင်တာဗျုးတွေ ဖြေဖြစ်တယ်လို့ သိရပါတယ်။ ၉ လပိုင်းထဲမှာလည်း သူငယ် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့လက်ခံထားတယ်လို့ ဆိုပါတယ်။မကြာခင်က ဖြစ်ပေါ်ခဲ့တဲ့ ကောလဟလသတင်း တွေကြောင့် လည်း အားပေးတဲ့သူတွေရှိခဲ့သလို ဝေဖန်တိုက်ခိုက်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ပြန်လည်လုပ်ကိုင်လာတဲ့ အနုပညာအလုပ်အပေါ်မှာလည်း အားပေးတဲ့ ပရိသတ်တွေရှိလို့ ဝမ်းသာရပါတယ်လို့ သူကဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top