ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ဆံေကသာေလးကို သဘာဝအတိုင္းလွပေနေအာင္ သဘာဝပစၥည္းေလးေတြနဲ႔ပဲ လုပ္လို႔ရတယ္ဆိုတာကို သိပါသလား။ သဘာဝ ေအာ္ဂဲနစ္ပစၥည္းေလးေတြနဲ႔ ဆံေကသာကို ကုစားေပးျခင္းဟာ အသက္အရြယ္ႀကီးရင္႔လာသည္အထိ ဆံေကသာကိုနဂိုမူရင္းအတိုင္း ေကာင္းမြန္ေနေစမွာပါ။

ေနာက္တစ္ခုက သဘာဝနည္းအတိုင္းကုသျခင္းက ဆံသားေမႊးညင္းေပါက္ေတြကို ပိုမိုခိုင္မာေစၿပီး ဆံပင္ကြ်တ္ျခင္းကို ေလ်ာ႔နည္းေစတဲ႔အျပင္ ဆံေကသာကိုလည္း ပိုသန္ေစပါတယ္။ ေအာက္မွာေဖာ္ျပထားတာကေတာ႔ ဆံပင္သန္ေစဖို႔အတြက္ ငရုပ္ေကာင္းမႈန္႕ကို အသံုးျပဳနည္းပဲျဖစ္ပါတယ္။
အက်ိဳးေက်းဇူးမ်ား

ငရုပ္ေကာင္းမႈန္႕မွာ ဗိုက္တာမင္ ေအ၊ စီ၊ ဖလာဗိုႏြိဳက္ (flavonoids)၊ ကာရိုတန္ႏြိဳက္ (carotenoids) နဲ႔ အျခား antioxidant ေတြပါဝင္ပါတယ္။ ဒါက သူ႕မွာ ႀကီးထြားႏႈန္း ျမန္ဆန္ေစတဲ႔ဂုဏ္သတၱိနဲ႔ ေဗာက္ကို တိုက္ဖ်က္ႏိုင္တဲ႔ဂုဏ္သတၱိ ပါဝင္တယ္လို႔ အဓိပၸာယ္ရပါတယ္။

ေနာက္တစ္ခုက ငရုပ္ေကာင္းမႈန္႕မွာ ဇီဝကမၼလုပ္ေဆာင္မႈေတြကို ဆဲလ္တစ္လံုးခ်င္းစီအထိ လႈံ႕ေဆာ္ေပးတဲ႔ အစြမ္းသတၱိလည္း ပါရွိပါတယ္။ ေနာက္ၿပီး သူဟာ ဆံပင္အျမစ္ထိတိုင္ေအာင္ ေသြးစီးေၾကာင္းကိုလႈံ႕ေဆာ္ေပးႏိုင္တဲ႔အတြက္ ဆံပင္ထြက္ႏႈန္းကိုလည္း ျမန္ဆန္ေစပါတယ္။ ေဗာက္ျပႆနာေတြအတြက္ဆိုရင္လည္း သူဟာ ေဗာက္ေျပာက္ေစတဲ႔ အစြမ္းလည္းရွိပါတယ္။

ေနာက္ၿပီး ငရုပ္ေကာင္းမႈန္႔ကိုသာ ဦးေရျပားေပၚမွာ ပံုမွန္သံုးေပးမယ္ဆိုရင္ အေရျပားေမြးညင္းေပါက္ေလးေတြထိ ၾကံ႕ခိုင္ေစၿပီး ဆံပင္ကြ်တ္ျခင္းကိုလည္း ေလ်ာ႔က်ေစပါတယ္္။ ဦးေရျပားေပၚက အဆိပ္အေတာက္ေတြကိုလည္း ရွင္းလင္းေပးႏိုင္ပါတယ္။
ျပဳလုပ္နည္း

ပါဝင္ပစၥည္းေတြကေတာ႔ ငရုပ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း (၁) ဇြန္း၊ အုန္းဆီစစ္စစ္ လက္ဖက္ရည္ဇြန္း (၂) ဇြန္း၊ ၾကက္ဆူဆီ လက္ဖက္ရည္ဇြန္း (၁/၂) ဇြန္း တို႔ပဲျဖစ္ပါတယ္။

ျပဳလုပ္နည္းကေတာ႔ ပန္းကန္လံုးတစ္လံုးထဲမွာ အုန္းဆီနဲ႔ ၾကက္္ဆူဆီကို အရင္ေရာထည္႔လိုက္ပါ။ ၿပီးရင္ ငရုပ္ေကာင္းမႈန္႔ကိုပါထည္႔ၿပီး ေကာင္းေကာင္းေရာသမေမႊလိုက္ပါ။ ရလာတဲ႔အႏွစ္ကို ဦးေရျပားေပၚမွာလိမ္းေပးၿပီး မိနစ္ အနည္းငယ္ၾကာေအာင္ ႏွိပ္နယ္ေပးလိုက္ပါ။ (၁၀) မိနစ္ေလာက္ ဒီတိုင္းထားၿပီး ေခါင္းေလွ်ာ္ရည္နဲ႔ ပံုမွန္အတိုင္းေလွ်ာ္ေပးလိုက္ပါ။ ဒီပံုစံအတိုင္း တစ္လတစ္ႀကိမ္ လုပ္ေပးပါ။

သတိျပဳရမွာတစ္ခုက ဒီနည္းလမ္းအတိုင္း လုပ္ၿပီးရင္ ဦးေရျပားတင္းလာသလိုလို ခံစားမႈတစ္ခုကို ရရွိမွာပါ။ ဒါက ပံုမွန္ပါပဲ။ တကယ္လို႔ ခံရအရမ္းခက္တယ္ဆိုရသ္ ေနာက္တစ္ႀကိမ္က်ရင္ ငရုပ္ေကာင္းမႈန္႔ ပမာဏကို နည္းနည္းေလွ်ာ႔လိုက္ပါ။

Source: theindianspot

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ဆံကေသာလေးကို သဘာဝအတိုင်းလှပနေအောင် သဘာဝပစ္စည်းလေးတွေနဲ့ပဲ လုပ်လို့ရတယ်ဆိုတာကို သိပါသလား။ သဘာဝ အော်ဂဲနစ်ပစ္စည်းလေးတွေနဲ့ ဆံကေသာကို ကုစားပေးခြင်းဟာ အသက်အရွယ်ကြီးရင့်လာသည်အထိ ဆံကေသာကိုနဂိုမူရင်းအတိုင်း ကောင်းမွန်နေစေမှာပါ။

နောက်တစ်ခုက သဘာဝနည်းအတိုင်းကုသခြင်းက ဆံသားမွှေးညင်းပေါက်တွေကို ပိုမိုခိုင်မာစေပြီး ဆံပင်ကျွတ်ခြင်းကို လျော့နည်းစေတဲ့အပြင် ဆံကေသာကိုလည်း ပိုသန်စေပါတယ်။ အောက်မှာဖော်ပြထားတာကတော့ ဆံပင်သန်စေဖို့အတွက် ငရုပ်ကောင်းမှုန့်ကို အသုံးပြုနည်းပဲဖြစ်ပါတယ်။
အကျိုးကျေးဇူးများ

ငရုပ်ကောင်းမှုန့်မှာ ဗိုက်တာမင် အေ၊ စီ၊ ဖလာဗိုနွိုက် (flavonoids)၊ ကာရိုတန်နွိုက် (carotenoids) နဲ့ အခြား antioxidant တွေပါဝင်ပါတယ်။ ဒါက သူ့မှာ ကြီးထွားနှုန်း မြန်ဆန်စေတဲ့ဂုဏ်သတ္တိနဲ့ ဗောက်ကို တိုက်ဖျက်နိုင်တဲ့ဂုဏ်သတ္တိ ပါဝင်တယ်လို့ အဓိပ္ပာယ်ရပါတယ်။

နောက်တစ်ခုက ငရုပ်ကောင်းမှုန့်မှာ ဇီဝကမ္မလုပ်ဆောင်မှုတွေကို ဆဲလ်တစ်လုံးချင်းစီအထိ လှုံ့ဆော်ပေးတဲ့ အစွမ်းသတ္တိလည်း ပါရှိပါတယ်။ နောက်ပြီး သူဟာ ဆံပင်အမြစ်ထိတိုင်အောင် သွေးစီးကြောင်းကိုလှုံ့ဆော်ပေးနိုင်တဲ့အတွက် ဆံပင်ထွက်နှုန်းကိုလည်း မြန်ဆန်စေပါတယ်။ ဗောက်ပြဿနာတွေအတွက်ဆိုရင်လည်း သူဟာ ဗောက်ပြောက်စေတဲ့ အစွမ်းလည်းရှိပါတယ်။

နောက်ပြီး ငရုပ်ကောင်းမှုန့်ကိုသာ ဦးရေပြားပေါ်မှာ ပုံမှန်သုံးပေးမယ်ဆိုရင် အရေပြားမွေးညင်းပေါက်လေးတွေထိ ကြံ့ခိုင်စေပြီး ဆံပင်ကျွတ်ခြင်းကိုလည်း လျော့ကျစေပါတယ်။ ဦးရေပြားပေါ်က အဆိပ်အတောက်တွေကိုလည်း ရှင်းလင်းပေးနိုင်ပါတယ်။
ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကတော့ ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ အုန်းဆီစစ်စစ် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ကြက်ဆူဆီ လက်ဖက်ရည်ဇွန်း (၁/၂) ဇွန်း တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်းကတော့ ပန်းကန်လုံးတစ်လုံးထဲမှာ အုန်းဆီနဲ့ ကြက်ဆူဆီကို အရင်ရောထည့်လိုက်ပါ။ ပြီးရင် ငရုပ်ကောင်းမှုန့်ကိုပါထည့်ပြီး ကောင်းကောင်းရောသမမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို ဦးရေပြားပေါ်မှာလိမ်းပေးပြီး မိနစ် အနည်းငယ်ကြာအောင် နှိပ်နယ်ပေးလိုက်ပါ။ (၁၀) မိနစ်လောက် ဒီတိုင်းထားပြီး ခေါင်းလျှော်ရည်နဲ့ ပုံမှန်အတိုင်းလျှော်ပေးလိုက်ပါ။ ဒီပုံစံအတိုင်း တစ်လတစ်ကြိမ် လုပ်ပေးပါ။

သတိပြုရမှာတစ်ခုက ဒီနည်းလမ်းအတိုင်း လုပ်ပြီးရင် ဦးရေပြားတင်းလာသလိုလို ခံစားမှုတစ်ခုကို ရရှိမှာပါ။ ဒါက ပုံမှန်ပါပဲ။ တကယ်လို့ ခံရအရမ်းခက်တယ်ဆိုရသ် နောက်တစ်ကြိမ်ကျရင် ငရုပ်ကောင်းမှုန့် ပမာဏကို နည်းနည်းလျှော့လိုက်ပါ။

Source: theindianspot

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top