အသက္ ၁၈ ႏွစ္အရြယ္ အလုပ္အကိုင္မရွိသူ တစ္ဦးက အရြယ္မေရာက္ေသးေသာ ညီမအရင္း သုံးေယာက္ကို မုဒိန္းက်င့္ခဲ့မွုျဖင့္ မိခင္ျဖစ္သူက တိုင္ၾကားခဲ့ၿပီး ဖမ္းဆီးျခင္းခံခဲ့ရသည္။

မေလးရွားနိုင္ငံ ကဒါးျပည္နယ္မွ အသက္ ၁၈ ႏွစ္အရြယ္ Magistrate Arif Mohamad Shariff ဆိုသူက အသက္ ၈ ႏွစ္၊ ၉ ႏွစ္ႏွင့္ ၁၄ ႏွစ္အရြယ္ ညီမအရင္းသုံးဦးတို႔အား အဓၼျပဳက်င့္ခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က အသက္ ၈ ႏွစ္အရြယ္ ညီမျဖစ္သူက မိခင္ကို တိုင္ၾကားခဲ့သည္။ ဗုဒၶဟူးေန႔က အစ္ကိုျဖစ္သူက အိမ္အျပင္ဘက္ရွိ အိမ္သာထဲႏွင့္ လူမေနေသာ ေဘးအိမ္ အေဆာက္အဦထဲတြင္ က်ဴးလြန္ခဲ့ေၾကာင္း မိခင္ျဖစ္သူကို တိုင္ၾကားခဲ့သည္။
အလားတူစြာပင္ အသက္ ၉ ႏွစ္ႏွင့္ ၁၄ ႏွစ္ ညီအစ္မႏွစ္ဦးကလည္း သူတို႔ကိုလည္း က်ဴးလြန္ခဲ့ဖူးေၾကာင္း၊ မိဘႏွင့္ ျပန္တိုင္ပါက ရိုက္ႏွက္မည္ဟု ၿခိမ္းေျခာက္ခဲ့သျဖင့္ ျပန္မတိုင္ရဲခဲ့ေၾကာင္း ေပၚေပါက္ခဲ့သည္။

အသက္ ၃၉ ႏွစ္အရြယ္ မိခင္ျဖစ္သူက ရဲစခန္းတြင္ အမွုဖြင့္တိုင္ၾကားခဲ့ၿပီး ၾကာသပေတးေန႔တြင္ သားျဖစ္သူမွ လာေရာက္အဖမ္းခံခဲ့သည္။ မိန္းကေလးမ်ားကို ေဆးစစ္ခ်က္အရ ၈ ႏွစ္ႏွင့္ ၁၄ ႏွစ္ မိန္းကေလးႏွစ္ဦး၏ အဂၤါစပ္တြင္ ပြန္းပဲ့စုတ္ျပဲဒဏ္ရာရရွိထားေၾကာင္း ေတြ႕ရွိခဲ့သည္။

အဆိုပါအမွုအတြက္ ႀကိမ္ဒဏ္ႏွင့္တစ္ကြ ေထာင္ဒဏ္ ၁၀ ႏွစ္မွ ႏွစ္ ၃၀ ထိ က်ခံရဖြယ္ရွိေၾကာင္း ရဲအရာရွိမွ ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay.com

#Unicode Version#
အသက် ၁၈ နှစ်အရွယ် အလုပ်အကိုင်မရှိသူ တစ်ဦးက အရွယ်မရောက်သေးသော ညီမအရင်း သုံးယောက်ကို မုဒိန်းကျင့်ခဲ့မှုဖြင့် မိခင်ဖြစ်သူက တိုင်ကြားခဲ့ပြီး ဖမ်းဆီးခြင်းခံခဲ့ရသည်။

မလေးရှားနိုင်ငံ ကဒါးပြည်နယ်မှ အသက် ၁၈ နှစ်အရွယ် Magistrate Arif Mohamad Shariff ဆိုသူက အသက် ၈ နှစ်၊ ၉ နှစ်နှင့် ၁၄ နှစ်အရွယ် ညီမအရင်းသုံးဦးတို့အား အဓ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က အသက် ၈ နှစ်အရွယ် ညီမဖြစ်သူက မိခင်ကို တိုင်ကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့က အစ်ကိုဖြစ်သူက အိမ်အပြင်ဘက်ရှိ အိမ်သာထဲနှင့် လူမနေသော ဘေးအိမ် အဆောက်အဦထဲတွင် ကျူးလွန်ခဲ့ကြောင်း မိခင်ဖြစ်သူကို တိုင်ကြားခဲ့သည်။
အလားတူစွာပင် အသက် ၉ နှစ်နှင့် ၁၄ နှစ် ညီအစ်မနှစ်ဦးကလည်း သူတို့ကိုလည်း ကျူးလွန်ခဲ့ဖူးကြောင်း၊ မိဘနှင့် ပြန်တိုင်ပါက ရိုက်နှက်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ပြန်မတိုင်ရဲခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

အသက် ၃၉ နှစ်အရွယ် မိခင်ဖြစ်သူက ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး ကြာသပတေးနေ့တွင် သားဖြစ်သူမှ လာရောက်အဖမ်းခံခဲ့သည်။ မိန်းကလေးများကို ဆေးစစ်ချက်အရ ၈ နှစ်နှင့် ၁၄ နှစ် မိန်းကလေးနှစ်ဦး၏ အင်္ဂါစပ်တွင် ပွန်းပဲ့စုတ်ပြဲဒဏ်ရာရရှိထားကြောင်း တွေ့ရှိခဲ့သည်။

အဆိုပါအမှုအတွက် ကြိမ်ဒဏ်နှင့်တစ်ကွ ထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၃၀ ထိ ကျခံရဖွယ်ရှိကြောင်း ရဲအရာရှိမှ ပြောကြားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top