ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ဓာတ္ပံု − စုိင္းေဇာ္
ျမန္မာႏုိင္ငံတြင္ လတ္တ ေလာျဖစ္ပြားေနသည့္ ရာသီ တုပ္ေကြး (Seasonal Influenza A (H1N1)Pdm 2009 ေရာဂါ သည္ လူႀကီးမ်ားတြင္သာမက ကေလးငယ္မ်ား၌ပါ ျဖစ္ပြားေသဆံုးမႈမ်ား ရိွလာၿပီျဖစ္သည္။ ခုတင္ ၅၅၀ ဆံ့ရန္ကင္းကေလး ေဆး႐ံုႀကီးတြင္လည္း အဆုိပါH1N1 ေရာဂါပုိးကူးစက္ခံထား ရသူ ကေလးငယ္ႏွစ္ဦးႏွင့္ ယင္းေရာဂါပုိးအုပ္စုဝင္ H3N2 ပိုးရိွကေလးငယ္တစ္ဦး ေတြ႕ရိွလာၿပီျဖစ္သည္။ ယင္းႏွင့္ ပတ္သက္၍ေဆး႐ံုအေနျဖင့္ လုပ္ေဆာင္ခ်က္မ်ားႏွင့္ H1N1 ကေလးငယ္မ်ား၏ က်န္းမာေရးအေျခအေနကုိ  ရန္ကင္းကေလး ေဆး႐ံုအုပ္ ေဒါက္တာျမင့္ျမင့္ခုိင္အား ေမးျမန္းထားမႈကုိ ေဖာ္ျပလုိက္ပါ သည္။

လက္ရိွေဆး႐ံုမွာ ရာသီတုပ္ေကြး (H1N1)ေၾကာင့္ ေဆးကုသမႈ ခံယူေနတဲ့ ကေလးလူနာအေျခ
အေနကုိ ရွင္းျပေပးပါ။

ဟုတ္ပါတယ္။ သံသယလူ နာအျဖစ္နဲ႔ ဓာတ္ခဲြစစ္ထားတဲ့ ကေလးႏွစ္ဦးမွာ ဇူလုိင္ ၂၆ ရက္ က ကေလးတစ္ဦးမွာ  H1N1 ပိုး ေတြ႕ရတယ္။ အဲဒီကေလးက အ သက္ (၃)ႏွစ္နဲ႔ တစ္လပါ။ စမ္း ေခ်ာင္းၿမိဳ႕နယ္ကပါ။ ေနာက္ တစ္ဦးမွာေတာ့ H3N2 ပိုးေတြ႕ပါ တယ္။ သူကေတာ့ (၅)ႏွစ္နဲ႔ ေျခာက္လျဖစ္ၿပီးေတာ့ ပဲခူးတုိင္း သကၠလေက်းရြာကပါ။ ဒီေန႔ (ဇူလုိင္ ၂၇ ရက္) မနက္မွာ ေနာက္ထပ္ကေလးလူနာတစ္ေယာက္ မွာ H1N1 ပိုးေတြ႕ပါတယ္။ ဒီ ကေလးက ကြၽန္မတို႔ ေဆး႐ံုကို ၂၂ ရက္က တက္တာပါ။ ေျမာက္ ဥကၠလာက အသက္ ကုိးလအရြယ္ ေယာက္်ားေလးပါ။ အခုေလာ ေလာဆယ္ ကြၽန္မတုိ႔ေဆး႐ံုမွာ ရာသီတုပ္ေကြးေရာဂါက H1N1 ရိွတယ္။ H3N2 ရိွတယ္။ အဲဒီႏွစ္ေယာက္အျပင္ H1N1 တစ္ ေယာက္ထပ္ၿပီး ေတြ႕တာ။ အဲဒီေတာ့ ကြၽန္မတို႔ဆီမွာ သံုးေယာက္ ပါ။

အဲဒီကေလးငယ္ သံုးဦးရဲ႕ က်န္းမာေရးအေျခအေနကေကာ ဘယ္လိုရိွပါသလဲ။

လက္ရိွအေျခအေနကေတာ့ မေန႔က ႏွစ္ေယာက္စလံုးက ေတာ့ အေျခအေနအားလံုးတုိး တက္တယ္လု႔ိေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ အရမ္းႀကီးဆိုးေနတာေတာ့လည္း မဟုတ္ဘူး ေပါ့။ အေျခအေနကေတာ့ ေျပာ လုိ႔ေတာ့ မရပါဘူး။ ဒါေပမဲ့ ရန္ကင္းကေလးေဆး႐ံုမွာ ေသ ဆံုးသြားတယ္ဆိုတဲ့ သတင္းက ေတာ့ မဟုတ္ေသးပါဘူး။ ေနာက္ဆံုးအခုထပ္ေတြ႕တဲ့ ကေလးက အခုအေျဖသိရတဲ့အခ်ိန္မွာေတာ့ အဖ်ားေတြေတာ့ က်ေနပါၿပီ။ တျခားလကၡဏာလုိ ေခ်ာင္းဆုိးတာ၊ ရင္က်ပ္တာတုိ႔လည္း သက္သာေနပါၿပီ။ ဒါေပမဲ့ သူ႔ကုိ ကြၽန္မတို႔က သီးသန္႔ခန္းမွာပဲ ထားပါတယ္။ သီးသန္႔ခန္းမွာထားၿပီး ေတာ့ လိုအပ္တဲ့ေဆးကုသမႈေတြ ဆက္လက္ လုပ္ေဆာင္ေပးေနပါတယ္။

ေဆး႐ံုအေနနဲ႔ H1N1 လူနာလာ ရင္ ကုသမႈေတြအတြက္ ဘယ္လုိ ျပင္ဆင္ထားပါသလဲ။

အခုလက္ရိွအထိေတာ့ သံ သယလူနာမရိွေသးဘူးေပါ့။ ဒါ ေပမဲ့ ကြၽန္မတို႔အေနနဲ႔က သံ သယလူနာေရာက္ရိွလာခဲ့မယ္ ဆုိရင္ ျပင္ပလူနာဌာနကေန စစ္ ၿပီးေတာ့မွ ဒီေရာဂါနဲ႔ လကၡဏာ တူတဲ့  ကေလးေတြဆိုရင္ ကြၽန္မတို႔က သီးသန္႔ခန္းတစ္ခန္းမွာ ထားၿပီးေတာ့မွ စမ္းသပ္တယ္။ စမ္း သပ္ၿပီးေတာ့မွ အဲဒီလို H1N1 ပိုး  ျဖစ္ခဲ့မယ္ဆိုရင္ ႏွာေခါင္းတို႔ဖတ္ တို႔ယူၿပီးေတာ့ ကြၽန္မတို႔က အမ်ိဳး သားဓာတ္ခြဲဌာနကုိ ပုိ႔မွာျဖစ္ပါ တယ္။ အဲဒီလိုစစ္ထုတ္ၿပီးတဲ့အခါ က်ေတာ့ ေရာဂါကိုေစာင့္ၾကပ္ၿပီး ေတာ့ ေရာဂါၾကည့္႐ႈဖို႔ အစီအစဥ္ ရွိပါတယ္။ အဲဒီကေနၿပီးမွ ရွိလာ မယ့္ H1N1 လူနာကို သီးသန္႔ထား မွာျဖစ္ပါတယ္။ ထားၿပီးအေျဖပို႔ ၿပီးေတာ့မွ အေျဖကို ေစာင့္ရမွာ ပါ။ အတည္ျပဳခ်က္ကို ေစာင့္ရမွာ ျဖစ္ပါတယ္။ လိုအပ္တဲ့ျပဳစုကုသ မႈကိုလည္း ဆက္လက္ေပးသြား မွာျဖစ္ပါတယ္။

သီးသန္႔ခန္းကေကာ ကေလးေတြ အတြက္ လံုေလာက္မႈရွိပါသလား။


Isolation Ward ေပါ့။ Type A Positive ျဖစ္တယ္ေဟ့ဆိုရင္ ကြၽန္မတို႔က သီးသန္႔ခန္းသံုးခန္း ထားပါတယ္။ သံုးခန္းအျပင္ ေနာက္ထပ္ တကယ္ကို H1N1 Positive ျဖစ္ခဲ့မယ္ဆိုရင္ သီးသန္႔ ခန္းေတြ ေနာက္ထပ္သံုးခန္းထား ပါတယ္။ သီးသန္႔ခန္းက အေျခအ ေနေကာင္းေနတဲ့၊ သိပ္မဆိုးတဲ့ ကေလးေတြထားတာေပါ့။ အေျခ အေနဆိုးလာတဲ့ ကေလးေတြဆို ရင္ေတာ့ ကြၽန္မတို႔က အထူးၾကပ္ မတ္ကုသခန္းမွာ သီးသန္႔ခုတင္ ၁၀ လံုးရွိိပါတယ္။ အထူးၾကပ္မတ္ကုသေဆာင္ရဲ႕ သီးသန္႔ခန္းထဲမွာ ထပ္ၿပီးထားဖို႔အတြက္ စီစဥ္ထား ပါတယ္။

ကေလးလူနာေတြကို ျပဳစုေစာင့္ ေရွာက္ကုသမႈေပးေနတဲ့ က်န္း မာေရးဝန္ထမ္းေတြ ေရာဂါမကူး ဖို႔အတြက္ေကာ ဘယ္လိုကာ ကြယ္ထားသလဲ။ PPE ဝတ္စံုတို႔၊ Mask တို႔အကာအကြယ္ပစၥည္း ေတြေကာ လံုလံုေလာက္ေလာက္ ရွိပါသလား။

ရွိပါတယ္။ က်န္းမာေရးဝန္ ထမ္းေတြကို  N95 Mask ေတြကို လံုလံုေလာက္ေလာက္နဲ႔ က်န္းမာ ေရးဝန္ႀကီးဌာနကလည္း ေထာက္ ပံ့ေပးထားပါတယ္။ ေနာက္တ ျခားအလွဴရွင္ေတြကလည္း လာ လွဴပါတယ္။ အဲဒီအခါက် N95 Mask ေတြလံုေလာက္ေနပါၿပီ။ ဝန္ထမ္းေတြ အကုန္လံုးကိုလည္း  Mask ေတြအသံုးျပဳဖို႔ စီစဥ္ထား ၿပီးသားပါ။ အကုန္လံုးေထာက္ပံ့ ေပးထားတယ္။ အထူးၾကပ္မတ္ ကုသေဆာင္၊ သီးသန္႔ခန္းေတြမွာ ဆို ဝန္ထမ္းေတြအတြက္ Mask ေတြနဲ႔ PPE ဝတ္စံုေတြကိုထားရွိ ၿပီးေတာ့ လိုအပ္ရင္ လိုအပ္သလို ဝတ္ဆင္ၿပီး ျပဳစုကုသဖို႔အတြက္ အကုန္လံုး စီစဥ္ထားပါတယ္။ လံု လံုေလာက္ေလာက္ရွိပါတယ္။

လက္ရွိမွာ က်န္းမာေရးဝန္ထမ္းေတြရဲ႕ အေျခအေနကေကာဘယ္လိုရွိပါသလဲ။


ဒီလူနာေတြကို စတင္ၿပီးထိ ေတြ႕ေနတဲ့ ျပင္ပလူနာဌာနမွာ ေရာ၊ ဒီေဆးကုသေဆာင္ေတြမွာ ေရာ ဝန္ထမ္းေတြ ေနာက္တစ္ခါ အထူးၾကပ္မတ္ကုသေဆာင္က ဝန္ထမ္းေတြရဲ႕ အေျခအေနကို လည္း ကြၽန္မတို႔ေစာင့္ၾကည့္ေန ပါတယ္။ အခုေလာေလာဆယ္ မွာေတာ့ ဖ်ားတယ္၊ နာတယ္၊ ေခ်ာင္းဆိုးတယ္၊ ဒီလိုလကၡဏာ ေတြနဲ႔ တူတာေတြေတာ့ မေတြ႕ ေသးပါဘူး။ ကြၽန္မတို႔ဝန္ထမ္း ေတြကိုလည္း အသိပညာေပး ထားၿပီးျဖစ္ပါတယ္။ က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္ကို လည္းမွာထားပါတယ္။ လုိက္နာဖို႔သူတုိ႔ကုိ ေျပာထားၿပီးသားျဖစ္ပါတယ္။ လူနာေတြကို စမ္းသပ္တဲ့ အခါမွာ N95 Mask ေတြကို လိုအပ္လာရင္ တပ္ဆင္ဖို႔ အကုန္လံုးကုိ ေဝငွထားတယ္။ လူနာေတြ အတြက္္လည္း Mask ေပးဖို႔အ တြက္ အကုန္စီစဥ္ေပးေဆာင္ ရြက္ေပးၿပီးသားပါ။ ICU မွာ လိုအပ္မယ့္၊ သီးသန္႔ခန္းမွာ လိုအပ္ မယ့္ စက္ပစၥည္း၊ ေဆး႐ံုသံုး ပစၥည္းကိရိယာေတြကိုလည္း ေဆးသုိေလွာင္ေရးဌာနကေန အကုန္ ေထာက္ပံ့ၿပီးသားပါ။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ဌာနက ဒီ H1N1 ေရာဂါအတြက္ သီးသန္႔ဘတ္ဂ်က္သံုးစဲြမယ္လုိ႔ ေျပာထားတာရိွပါတယ္။ ရန္ကင္း ကေလးေဆး႐ံုအေနနဲ႔ေကာ ဘယ္ ေလာက္လ်ာထားတာမ်ိဳးရိွပါသလဲ။

ကြၽန္မတုိ႔ရဲ႕ ေဆး႐ံုအေနနဲ႔ ဒီရာသီတုပ္ေကြးေရာဂါအတြက္ လိုအပ္တယ္ဆုိရင္ လိုအပ္ခ်က္ ေတြ မွန္သမွ်ကို ဝန္ႀကီးဌာနက အကုန္လံုးကုိ ပံ့ပုိးေပးေနပါ တယ္။ဥပမာ ပစၥည္းဆုိပါစို႔။ ပစၥည္းဆိုရင္ ကြၽန္မတို႔ အတြက္ N95 Mask ေတြလိုမယ္။ က်န္တဲ့ ပစၥည္းေတြ လိုမယ္။ ဒါေတြဆုိလို႔ ရိွရင္ ကြၽန္မတို႔ကုိ အကုန္လံုးကုိ ေထာက္ပံ့ေပးတယ္။ ေဆး႐ံုက အသက္႐ွဴစက္တို႔၊ အသက္႐ွဴ အေထာက္အကူျပဳကိရိယာတို႔ ဒါေတြအကုန္လံုးကုိ သူတို႔ ေထာက္ပံ့ေပးတာကိုး။ ကြၽန္မတို႔ အေနနဲ႔ ဘာပဲျဖစ္ျဖစ္ ေရာဂါ ထိန္းခ်ဳပ္ဖို႔အတြက္ လုိအပ္တဲ့ လက္သန္႔ေဆးရည္ေတြလိုမယ္။ တစ္႐ွဴးကအစ ဝယ္ဖုိ႔အတြက္ ဆုိရင္ ဘတ္ဂ်က္ေငြေဆး႐ံုတုိင္း၊ ေဆး႐ံုတိုင္းမွာ ဘတ္ဂ်က္ေတြ ခ်ထားၿပီးသားျဖစ္ပါတယ္။

ဟုတ္ကဲ့ပါ။ လက္ရိွ H1N1 ကေလးလူနာေတြကိုေကာ ေဝဘာဂီကူးစက္ေဆး႐ံုကုိ လဲႊေျပာင္းသြားဖို႔ ရိွပါသလား။


ေဝဘာဂီေဆး႐ံုကေတာ့ မ်ားေသာအားျဖင့္ ရန္ကုန္ေဆး႐ံု ႀကီးမွာရိွေနတဲ့ လူႀကီးေတြအ တြက္လို႔ေတာ့ ရည္ရြယ္ပါတယ္။ မ်ားေသာအားျဖင့္ တခ်ိဳ႕ေဆး႐ံု တုိင္း ေဆး႐ံုတုိင္းမွာ မ်ားလာခဲ့ သည္ရိွေသာ္ (ဒါမွမဟုတ္) ေဆး ႐ံုေတြအေနနဲ႔ လိုအပ္လာခဲ့သည္ ရိွေသာ္ ေဝဘာဂီေဆး႐ံုကုိ ပုိ႔မွာ ေပါ့ေနာ္။ ဒါေပမဲ့ ကေလးေတြ အတြက္ကေတာ့ ေလာေလာ ဆယ္မွာ ကိုယ့္ေဆး႐ံုအေနနဲ႔ အ ထူးၾကပ္မတ္ကုသေဆာင္မွာပဲ ထားၿပီးေတာ့ ကုသေပးေနတာ ျဖစ္ပါတယ္။ လိုအပ္ရင္ေတာ့ လည္း လုိအပ္သလိုေပါ့။ လဲႊၿပီး ပို႔သင့္တဲ့အခါက်ရင္ ပို႔မွာပါ။

ရာသီတုပ္ေကြးေရာဂါနဲ႔ ပတ္ သက္ၿပီး ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္ေလးေတြကိုလည္း ေျပာ ၾကားေပးပါဦး။


ဒီရာသီတုပ္ေကြးေရာဂါ (H1N1) ဟာ ေလထဲကတစ္ဆင့္ ကူးစက္တာျဖစ္လို႔ လူစုလူေဝး ေနရာေတြကို ေရွာင္ဖို႔၊ လက္ကုိ အၿမဲေဆးဖုိ႔၊ ေခ်ာင္းဆုိးႏွာေခ်ရင္ လက္ကိုင္ပဝါအသံုးျပဳဖုိ႔၊ ေရာဂါ ကာကြယ္ေရး Mask ေတြ အသံုး ျပဳမယ္ဆုိရင္ ေရာဂါကူးစက္ဖို႔ ကာကြယ္ၿပီးသားျဖစ္မွာပါ။

ေျဖၾကားေပးမႈအတြက္ ေက်းဇူး တင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ဓာတ်ပုံ − စိုင်းဇော်

မြန်မာနိုင်ငံတွင် လတ်တ လောဖြစ်ပွားနေသည့် ရာသီ တုပ်ကွေး (Seasonal Influenza A (H1N1)Pdm 2009 ရောဂါ သည် လူကြီးများတွင်သာမက ကလေးငယ်များ၌ပါ ဖြစ်ပွားသေဆုံးမှုများ ရှိလာပြီဖြစ်သည်။ ခုတင် ၅၅၀ ဆံ့ရန်ကင်းကလေး ဆေးရုံကြီးတွင်လည်း အဆိုပါH1N1 ရောဂါပိုးကူးစက်ခံထား ရသူ ကလေးငယ်နှစ်ဦးနှင့် ယင်းရောဂါပိုးအုပ်စုဝင် H3N2 ပိုးရှိကလေးငယ်တစ်ဦး တွေ့ရှိလာပြီဖြစ်သည်။ ယင်းနှင့် ပတ်သက်၍ဆေးရုံအနေဖြင့် လုပ်ဆောင်ချက်များနှင့် H1N1 ကလေးငယ်များ၏ ကျန်းမာရေးအခြေအနေကို  ရန်ကင်းကလေး ဆေးရုံအုပ် ဒေါက်တာမြင့်မြင့်ခိုင်အား မေးမြန်းထားမှုကို ဖော်ပြလိုက်ပါ သည်။

လက်ရှိဆေးရုံမှာ ရာသီတုပ်ကွေး (H1N1)ကြောင့် ဆေးကုသမှု ခံ ယူနေတဲ့ ကလေးလူနာအခြေအ နေကို ရှင်းပြပေးပါ။

ဟုတ်ပါတယ်။ သံသယလူ နာအဖြစ်နဲ့ ဓာတ်ခွဲစစ်ထားတဲ့ ကလေးနှစ်ဦးမှာ ဇူလိုင် ၂၆ ရက် က ကလေးတစ်ဦးမှာ  H1N1 ပိုး တွေ့ရတယ်။ အဲဒီကလေးက အ သက် (၃)နှစ်နဲ့ တစ်လပါ။ စမ်း ချောင်းမြို့နယ်ကပါ။ နောက် တစ်ဦးမှာတော့ H3N2 ပိုးတွေ့ပါ တယ်။ သူကတော့ (၅)နှစ်နဲ့ ခြောက်လဖြစ်ပြီးတော့ ပဲခူးတိုင်း သက္ကလကျေးရွာကပါ။ ဒီနေ့ (ဇူလိုင် ၂၇ ရက်) မနက်မှာ နောက်ထပ်ကလေးလူနာတစ်ယောက် မှာ H1N1 ပိုးတွေ့ပါတယ်။ ဒီ ကလေးက ကျွန်မတို့ ဆေးရုံကို ၂၂ ရက်က တက်တာပါ။ မြောက် ဥက္ကလာက အသက် ကိုးလအရွယ် ယောက်ျားလေးပါ။ အခုလော လောဆယ် ကျွန်မတို့ဆေးရုံမှာ ရာသီတုပ်ကွေးရောဂါက H1N1 ရှိတယ်။ H3N2 ရှိတယ်။ အဲဒီနှစ်ယောက်အပြင် H1N1 တစ် ယောက်ထပ်ပြီး တွေ့တာ။ အဲဒီတော့ ကျွန်မတို့ဆီမှာ သုံးယောက် ပါ။

အဲဒီကလေးငယ် သုံးဦးရဲ့ ကျန်း မာရေးအခြေအနေကကော ဘယ်လိုရှိပါသလဲ။

လက်ရှိအခြေအနေကတော့ မနေ့က နှစ်ယောက်စလုံးက တော့ အခြေအနေအားလုံးတိုး တက်တယ်လု့ိတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရမ်းကြီးဆိုးနေတာတော့လည်း မဟုတ်ဘူး ပေါ့။ အခြေအနေကတော့ ပြော လို့တော့ မရပါဘူး။ ဒါပေမဲ့ ရန်ကင်းကလေးဆေးရုံမှာ သေ ဆုံးသွားတယ်ဆိုတဲ့ သတင်းက တော့ မဟုတ်သေးပါဘူး။ နောက်ဆုံးအခုထပ်တွေ့တဲ့ ကလေးက အခုအဖြေသိရတဲ့အချိန်မှာတော့ အဖျားတွေတော့ ကျနေပါပြီ။ တခြားလက္ခဏာလို ချောင်းဆိုးတာ၊ ရင်ကျပ်တာတို့လည်း သက်သာနေပါပြီ။ ဒါပေမဲ့ သူ့ကို ကျွန်မတို့က သီးသန့်ခန်းမှာပဲ ထားပါတယ်။ သီးသန့်ခန်းမှာထားပြီး တော့ လိုအပ်တဲ့ဆေးကုသမှုတွေ ဆက်လက် လုပ်ဆောင်ပေးနေပါတယ်။

ဆေးရုံအနေနဲ့ H1N1 လူနာလာ ရင် ကုသမှုတွေအတွက် ဘယ်လို ပြင်ဆင်ထားပါသလဲ။

အခုလက်ရှိအထိတော့ သံ သယလူနာမရှိသေးဘူးပေါ့။ ဒါ ပေမဲ့ ကျွန်မတို့အနေနဲ့က သံ သယလူနာရောက်ရှိလာခဲ့မယ် ဆိုရင် ပြင်ပလူနာဌာနကနေ စစ် ပြီးတော့မှ ဒီရောဂါနဲ့ လက္ခဏာ တူတဲ့  ကလေးတွေဆိုရင် ကျွန်မတို့က သီးသန့်ခန်းတစ်ခန်းမှာ ထားပြီးတော့မှ စမ်းသပ်တယ်။ စမ်း သပ်ပြီးတော့မှ အဲဒီလို H1N1 ပိုး  ဖြစ်ခဲ့မယ်ဆိုရင် နှာခေါင်းတို့ဖတ် တို့ယူပြီးတော့ ကျွန်မတို့က အမျိုး သားဓာတ်ခွဲဌာနကို ပို့မှာဖြစ်ပါ တယ်။ အဲဒီလိုစစ်ထုတ်ပြီးတဲ့အခါ ကျတော့ ရောဂါကိုစောင့်ကြပ်ပြီး တော့ ရောဂါကြည့်ရှုဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီကနေပြီးမှ ရှိလာ မယ့် H1N1 လူနာကို သီးသန့်ထား မှာဖြစ်ပါတယ်။ ထားပြီးအဖြေပို့ ပြီးတော့မှ အဖြေကို စောင့်ရမှာ ပါ။ အတည်ပြုချက်ကို စောင့်ရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ပြုစုကုသ မှုကိုလည်း ဆက်လက်ပေးသွား မှာဖြစ်ပါတယ်။

သီးသန့်ခန်းကကော ကလေးတွေ အတွက် လုံလောက်မှုရှိပါသ လား။

Isolation Ward ပေါ့။ Type A Positive ဖြစ်တယ်ဟေ့ဆိုရင် ကျွန်မတို့က သီးသန့်ခန်းသုံးခန်း ထားပါတယ်။ သုံးခန်းအပြင် နောက်ထပ် တကယ်ကို H1N1 Positive ဖြစ်ခဲ့မယ်ဆိုရင် သီးသန့် ခန်းတွေ နောက်ထပ်သုံးခန်းထား ပါတယ်။ သီးသန့်ခန်းက အခြေအ နေကောင်းနေတဲ့၊ သိပ်မဆိုးတဲ့ ကလေးတွေထားတာပေါ့။ အခြေ အနေဆိုးလာတဲ့ ကလေးတွေဆို ရင်တော့ ကျွန်မတို့က အထူးကြပ် မတ်ကုသခန်းမှာ သီးသန့်ခုတင် ၁၀ လုံးရှိပါတယ်။ အထူးကြပ်မတ်ကုသဆောင်ရဲ့ သီးသန့်ခန်းထဲမှာ ထပ်ပြီးထားဖို့အတွက် စီစဉ်ထား ပါတယ်။

ကလေးလူနာတွေကို ပြုစုစောင့် ရှောက်ကုသမှုပေးနေတဲ့ ကျန်း မာရေးဝန်ထမ်းတွေ ရောဂါမကူး ဖို့အတွက်ကော ဘယ်လိုကာ ကွယ်ထားသလဲ။ PPE ဝတ်စုံတို့၊ Mask တို့အကာအကွယ်ပစ္စည်း တွေကော လုံလုံလောက်လောက် ရှိပါသလား။

ရှိပါတယ်။ ကျန်းမာရေးဝန် ထမ်းတွေကို  N95 Mask တွေကို လုံလုံလောက်လောက်နဲ့ ကျန်းမာ ရေးဝန်ကြီးဌာနကလည်း ထောက် ပံ့ပေးထားပါတယ်။ နောက်တ ခြားအလှူရှင်တွေကလည်း လာ လှူပါတယ်။ အဲဒီအခါကျ N95 Mask တွေလုံလောက်နေပါပြီ။ ဝန်ထမ်းတွေ အကုန်လုံးကိုလည်း  Mask တွေအသုံးပြုဖို့ စီစဉ်ထား ပြီးသားပါ။ အကုန်လုံးထောက်ပံ့ ပေးထားတယ်။ အထူးကြပ်မတ် ကုသဆောင်၊ သီးသန့်ခန်းတွေမှာ ဆို ဝန်ထမ်းတွေအတွက် Mask တွေနဲ့ PPE ဝတ်စုံတွေကိုထားရှိ ပြီးတော့ လိုအပ်ရင် လိုအပ်သလို ဝတ်ဆင်ပြီး ပြုစုကုသဖို့အတွက် အကုန်လုံး စီစဉ်ထားပါတယ်။ လုံ လုံလောက်လောက်ရှိပါတယ်။

လက်ရှိမှာ ကျန်းမာရေးဝန်ထမ်း တွေရဲ့ အခြေအနေကကောဘယ် လိုရှိပါသလဲ။

ဒီလူနာတွေကို စတင်ပြီးထိ တွေ့နေတဲ့ ပြင်ပလူနာဌာနမှာ ရော၊ ဒီဆေးကုသဆောင်တွေမှာ ရော ဝန်ထမ်းတွေ နောက်တစ်ခါ အထူးကြပ်မတ်ကုသဆောင်က ဝန်ထမ်းတွေရဲ့ အခြေအနေကို လည်း ကျွန်မတို့စောင့်ကြည့်နေ ပါတယ်။ အခုလောလောဆယ် မှာတော့ ဖျားတယ်၊ နာတယ်၊ ချောင်းဆိုးတယ်၊ ဒီလိုလက္ခဏာ တွေနဲ့ တူတာတွေတော့ မတွေ့ သေးပါဘူး။ ကျွန်မတို့ဝန်ထမ်း တွေကိုလည်း အသိပညာပေး ထားပြီးဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်ကို လည်းမှာထားပါတယ်။ လိုက်နာဖို့သူတို့ကို ပြောထားပြီးသားဖြစ်ပါတယ်။ လူနာတွေကို စမ်းသပ်တဲ့ အခါမှာ N95 Mask တွေကို လိုအပ်လာရင် တပ်ဆင်ဖို့ အကုန်လုံးကို ဝေငှထားတယ်။ လူနာတွေ အတွက်လည်း Mask ပေးဖို့အ တွက် အကုန်စီစဉ်ပေးဆောင် ရွက်ပေးပြီးသားပါ။ ICU မှာ လိုအပ်မယ့်၊ သီးသန့်ခန်းမှာ လိုအပ် မယ့် စက်ပစ္စည်း၊ ဆေးရုံသုံး ပစ္စည်းကိရိယာတွေကိုလည်း ဆေးသိုလှောင်ရေးဌာနကနေ အကုန် ထောက်ပံ့ပြီးသားပါ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ဒီ H1N1 ရောဂါအတွက် သီးသန့်ဘတ်ဂျက်သုံးစွဲမယ်လို့ ပြောထားတာရှိပါတယ်။ ရန်ကင်း ကလေးဆေးရုံအနေနဲ့ကော ဘယ် လောက်လျာထားတာမျိုးရှိပါသ လဲ။

ကျွန်မတို့ရဲ့ ဆေးရုံအနေနဲ့ ဒီရာသီတုပ်ကွေးရောဂါအတွက် လိုအပ်တယ်ဆိုရင် လိုအပ်ချက် တွေ မှန်သမျှကို ဝန်ကြီးဌာနက အကုန်လုံးကို ပံ့ပိုးပေးနေပါ တယ်။ဥပမာ ပစ္စည်းဆိုပါစို့။ ပစ္စည်းဆိုရင် ကျွန်မတို့ အတွက် N95 Mask တွေလိုမယ်။ ကျန်တဲ့ ပစ္စည်းတွေ လိုမယ်။ ဒါတွေဆိုလို့ ရှိရင် ကျွန်မတို့ကို အကုန်လုံးကို ထောက်ပံ့ပေးတယ်။ ဆေးရုံက အသက်ရှူစက်တို့၊ အသက်ရှူ အထောက်အကူပြုကိရိယာတို့ ဒါတွေအကုန်လုံးကို သူတို့ ထောက်ပံ့ပေးတာကိုး။ ကျွန်မတို့ အနေနဲ့ ဘာပဲဖြစ်ဖြစ် ရောဂါ ထိန်းချုပ်ဖို့အတွက် လိုအပ်တဲ့ လက်သန့်ဆေးရည်တွေလိုမယ်။ တစ်ရှူးကအစ ဝယ်ဖို့အတွက် ဆိုရင် ဘတ်ဂျက်ငွေဆေးရုံတိုင်း၊ ဆေးရုံတိုင်းမှာ ဘတ်ဂျက်တွေ ချထားပြီးသားဖြစ်ပါတယ်။

ဟုတ်ကဲ့ပါ။ လက်ရှိ H1N1 ကလေးလူနာတွေကိုကော ဝေဘာဂီကူးစက်ဆေးရုံကို လွဲှပြောင်းသွားဖို့ ရှိပါသလား။

ဝေဘာဂီဆေးရုံကတော့ များသောအားဖြင့် ရန်ကုန်ဆေးရုံ ကြီးမှာရှိနေတဲ့ လူကြီးတွေအ တွက်လို့တော့ ရည်ရွယ်ပါတယ်။ များသောအားဖြင့် တချို့ဆေးရုံ တိုင်း ဆေးရုံတိုင်းမှာ များလာခဲ့ သည်ရှိသော် (ဒါမှမဟုတ်) ဆေး ရုံတွေအနေနဲ့ လိုအပ်လာခဲ့သည် ရှိသော် ဝေဘာဂီဆေးရုံကို ပို့မှာ ပေါ့နော်။ ဒါပေမဲ့ ကလေးတွေ အတွက်ကတော့ လောလော ဆယ်မှာ ကိုယ့်ဆေးရုံအနေနဲ့ အ ထူးကြပ်မတ်ကုသဆောင်မှာပဲ ထားပြီးတော့ ကုသပေးနေတာ ဖြစ်ပါတယ်။ လိုအပ်ရင်တော့ လည်း လိုအပ်သလိုပေါ့။ လွဲှပြီး ပို့သင့်တဲ့အခါကျရင် ပို့မှာပါ။

ရာသီတုပ်ကွေးရောဂါနဲ့ ပတ် သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကိုလည်း ပြော ကြားပေးပါဦး။

ဒီရာသီတုပ်ကွေးရောဂါ (H1N1) ဟာ လေထဲကတစ်ဆင့် ကူးစက်တာဖြစ်လို့ လူစုလူဝေး နေရာတွေကို ရှောင်ဖို့၊ လက်ကို အမြဲဆေးဖို့၊ ချောင်းဆိုးနှာချေရင် လက်ကိုင်ပဝါအသုံးပြုဖို့၊ ရောဂါ ကာကွယ်ရေး Mask တွေ အသုံး ပြုမယ်ဆိုရင် ရောဂါကူးစက်ဖို့ ကာကွယ်ပြီးသားဖြစ်မှာပါ။

ဖြေကြားပေးမှုအတွက် ကျေးဇူး တင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top