ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

မိမိရဲ႕ေန႔စဥ္လႈပ္ရွားမႈပံုရိပ္မ်ားကို တင္ၿပီးေပ်ာ္ရႊင္မႈေတြကို၊ ႀကံဳေတြ႔ရတဲ့ဗဟုသုတရစရာေတြ၊ ကိုယ့္ရဲ႕ပံုလွလွေလးေတြကို လူမႈကြန္ယက္ေပၚမွာ တင္ေလ့ရွိၾကပါတယ္။ အထူးသျဖင့္ ေဖ့စ္ဘုတ္ႏွင့္ အင္စတာဂရမ္ေတြေပၚမွာ ဓာတ္ပံုမ်ိဳးစံုကို တင္ၾကပါတယ္။ ပေရာ္ဖက္ရွင္နယ္ဓာတ္ပံုဆရာေတြန႔ဲ ရိုက္ထားတဲ့ဓာတ္ပံုေတြလည္း ေတြ႔ရသလို၊ ဝါသနာအရ၊ အေပ်ာ္သေဘာအရပံုလွလွေလးေတြကို တင္ၾကတာကိုလည္း ေတြ႔ရမွာပါ။  ပရိုဖိုင္ပံုု(Profile)ႏွင့္ ေဖ့စ္ဘုတ္တိုင္းမ္လိုင္း(Timeline) ၊ အင္စတာဂရမ္ စတဲ့လူမႈကြန္ယက္ စာမ်က္ႏွာေတြေပၚမွာ တင္ထားတဲ့ပံုေတြကို ၾကည့္ျခင္းအားျဖင့္ လူတစ္ေယာက္ရဲ႕ စိတ္အေျခအေနနဲ႔ စိတ္ေနသေဘာထားကို ခန္႔မွန္းႏိုင္ပါတယ္တဲ့။ ဒါ့ေၾကာင့္ ပရိုဖိုင္ပံုနဲ႔ တိုင္းမ္လိုင္းေပၚမွာ တင္ထားတဲ့ ပံုေတြကို ၾကည့္ၿပီး ဘယ္လုိစိတ္ေနစိတ္ထား ရွိလဲ ဆိုတာကို ဆန္းစစ္ၾကည့္လိုက္ပါေနာ္။

(၁) ဆယ္လ္ဖီပံု

ကိုယ့္ရဲ႕ေဖ့စ္ဘုတ္ တုိင္းမ္လိုင္းေပၚမွာ ပံုစံမ်ိဳးစံု၊ ပိုစ့္မ်ိဳးစံုနဲ႔ ဆယ္လ္ဖီဓာတ္ပံုမ်ားကို တင္တဲ့သူေတြက တျခားသူေတြ မိမိအေကာင့္ကို အလြယ္တကူ ရွာေဖြႏိုင္ေအာင္နဲ႔ မွတ္မိလြယ္ေစေအာင္ တင္ၾကတာပါတဲ့။ ဒါ့အျပင္ လူမႈကြန္ယက္ေပၚမွာ ဆယ္လ္ဖီပံုကို မၾကာခဏ ရိုက္တင္တဲ့သူေတြက လူအမ်ားရဲ႕ ဂရုစိုက္မႈကို ခံခ်င္ၾကတဲ့ သူေတြပါပဲ။

(၂) ဆက္စီပံု(Sexy)

ဆက္စီက်က်နဲ႔ ကိုယ္ခႏၶာေကာက္ေၾကာင္းအလွကို သိသာထင္ရွားေစတဲ့ ဓာတ္ပံုမ်ားကို မၾကာခဏ တင္ၾကတဲ့ သူေတြကေတာ့ မိမိကုိယ္ကိုယံုၾကည္မႈ အျပည့္ရွိၾကတဲ့ သူေတြပါ။ မိမိရဲ႕ မိန္းကေလး သဘာဝ အလွတရားမ်ားကို ခ်ျပရဲၿပီး ပုရိသမ်ားကို ဆြဲေဆာင္ႏိုင္ေပမယ့္ ပတ္ဝန္းက်င္ကိုလည္းဂရုမစိုက္၊ ဘာကိုမွ ဂရုမစိုက္တတ္တဲ့ ခပ္ေခ်ေခ်သမားေတြေပါ့။

(၃) ခ်စ္သူစံုတြဲပံု

ခ်စ္သူနဲ႔ ၾကည္ႏူးေပ်ာ္ရႊင္ေနတဲ့ စံုတြဲပံုေတြကို လူမႈကြန္ယက္မွာ တင္ေလ့ရွိသူေတြကေတာ့ ခ်စ္ရတဲ့ သူနဲ႔အတူရွိခ်ိန္ေတြက အေပ်ာ္ဆံုးအခ်ိန္ျဖစ္ၿပီး အထီးမက်န္ဘူး ဆိုတာကို အမ်ားကို သိေစခ်င္လို႔ပါ။ တခိ်ဳ႕က်ေတာ့ ခ်စ္သူမရွိတာေတာင္မွ စံုတြဲပံုလွလွေတြကို မိမိတုိင္းမ္လိုင္းေပၚကို shareၿပီး အားက်တဲ့အေၾကာင္းကို ေရးတင္ၾကပါတယ္။ ဒါကေတာ့ အထီးက်န္ေနတယ္၊ တစ္ေယာက္ထဲသမားဆိုတဲ့ သေဘာကိုျပခ်င္တာပါ။ ဒီလိုစံုတြဲပံုေတြကို တင္ေလ့ရွိတဲ့သူေတြကေတာ့ မိမိရဲ႕ စိတ္ခံစားခ်က္ကို အမ်ားကို အသိေပးခ်င္ၾကတဲ့ သူေတြပါ။ ခံစားခ်က္ကို ပြင့္ပြင့္လင္းလင္း ေဖာ္ထုတ္ရဲတဲ့သူေတြပါ။

(၄) သူငယ္ခ်င္းမ်ားႏွင့္ပံု

သူငယ္ခ်င္းေတြနဲ႔ အုပ္စုလိုက္ႀကီး ပံုကို တင္ေလ့ရွိသူေတြကေတာ့ အေပါင္းအသင္းမ်ားက သူ႔အတြက္ အေကာင္းဆံုး အေဖာ္မြန္ျဖစ္တယ္လို႔ ေတြးမွတ္ထားၾကပါတယ္။ အမွန္တကယ္ေတာ့ သူတို႔ရဲ႕ အတြင္းစိတ္ကေတာ့ အားငယ္တတ္ၿပီး အထီးက်န္ဆန္္ေနတာပါတဲ့။

(၅) ရံုးခန္းတြင္းကပံု

မိမိအလုပ္လုပ္ေနတဲ့ ရံုးခန္းထဲမွာ ဒါမွမဟုတ္ ကြန္ပ်ဴတာေရွ႕မွာ အလုပ္လုပ္ေနပံုတို႔ကို ပလိုဖုိင္အျဖစ္ထားတဲ့ သူေတြက ရည္မွန္းခ်က္ရွိတယ္ ဆိုတာကို ျပခ်င္လို႔႔ပဲ ျဖစ္ပါတယ္။ ေအာင္ျမင္တဲ့ လုပ္ငန္းတစ္ခုကို ထူေထာင္ၿပီး ဒါမွမဟုတ္ ထူေထာင္ဖုိ႔ ႀကိဳးစားေနတဲ့ သူေတြပါ။ ေရွ႕ဆက္အနာဂတ္ကို ေအာင္ျမင္ဖို႔အတြက္ ရည္မွန္းခ်က္ခ်မွတ္ထားတဲ့ သူေတြပဲျဖစ္ပါတယ္။

(၆) ကေလးပံု

ငယ္စဥ္က ဓာတ္ပံုမ်ားကို ပရိုဖုိင္အျဖစ္ထားသူမ်ားနဲ႔ ငယ္ဘဝကို တမ္းတမိတယ္ဆိုၿပီး မၾကာခဏ တင္တဲ့သူေတြက ယခုလက္ရွိဘဝကို ၿငီးေငြ႔ေနလို႔ပါ။ ဒီအသက္အရြယ္မွာ ႀကံဳေတြ႔ရတဲ့ အခက္အခဲမ်ားေၾကာင့္ စိတ္ဓာတ္က်ေနတဲ့သူေတြပါပဲ။ ဒီလိုမဟုတ္ဘဲ မိမိရဲ႕ သားသမီးပုုံမ်ားနဲ႔ ကေလးငယ္ ပံုမ်ားကိုတင္တဲ့သူ၊ shareတဲ့ သူေတြကေတာ့ မိခင္ေကာင္း၊ ဖခင္ေကာင္းျဖစ္ခ်င္ၿပီး ေပ်ာ္ရႊင္တဲ့မိသားစုဘဝကို တည္ေဆာက္ခ်င္ၾကသူေတြပါ။

(၇) ဟာသဓာတ္ပံုမ်ား

ဟာသမ်က္ႏွာလုပ္ၿပီး ေျပာင္စပ္စပ္ပံုတင္ေလ့ရွိသူေတြက ဟာသဉာဏ္ရႊင္ၿပီး မိမိကိုယ္ကို ယံုၾကည္မႈ ရွိၾကသူေတြပါ။ ဒါေပမယ့္ သူတို႔ရဲ႕စိတ္ခံစားခ်က္ကို ဘယ္ေတာ့မွ ထုတ္မေျပာတတ္တာေၾကာင့္ သူ႔ရဲ႕အတြင္းစိတ္ကို ခန္႔မွန္းရခက္ပါတယ္။ ဟန္ေဆာင္ေကာင္းၾကတဲ့ သူေတြပဲ ျဖစ္ပါတယ္။

(၈) ခရီးသြားဓာတ္ပံု

မၾကာခဏခရီးသြားၿပီး ပုံရိပ္မ်ားကိုလူမႈကြန္ယက္ေပၚမွာ တင္တာကေတာ့ ဗဟုသုတကို ရွာမွီးလိုစိတ္ ျပင္းထန္ၾကၿပီး ျပန္လည္ မွ်ေဝလိုစိတ္ ရွိၾကသူေတြပါ။ တခ်ိဳ႕က်ေတာ့လည္း ဘယ္ေနရာေရာက္ဖူးတယ္ ဆိုတာကို လူအမ်ားကို အသိေပးခ်င္တာေၾကာင့္ တင္ၾကတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဗဟုသုတရွာမွီးရတာကို ႏွစ္သက္ၾကသူေတြပါ။

(၉) တိရိစာၦန္မ်ားရဲ႕ပံု

ေတာတြင္းမွ က်ားရဲ တိရိစၦာန္မ်ားရဲ႕ပံုကို ရိုက္တင္တဲ့ ပေရာ္ဖက္ရွင္နယ္ ဓာတ္ပံုသမားမ်ား ကေတာ့ တိရိစၦာန္မ်ားကို ၾကင္နာသနားတတ္ၿပီး အျပင္ပိုင္းၾကည့္ရင္ေတာ့ လူၾကမ္းေတြေပ့ါ။ ဒါေပမယ့္ အတြင္းစိတ္က အရမ္းႏူးညံ႔လွပါတယ္။ ဒီလိုမဟုတ္ဘဲ အိမ္ေမြးေခြး၊ ေၾကာင္နဲ႔ ယုန္ေတြရဲ႕ပံုကို တင္ေလ့ရွိသူေတြကေတာ့ အစြဲအလန္းႀကီးၿပီး ကေလးဆန္တာကို သေဘာက်တဲ့ သူေတြပဲ ျဖစ္ပါတယ္။

(၁၀) ေတာေတာင္၊ ရႈခင္းပံုမ်ား

ေတာေတာင္ရႈခင္းမ်ားရဲ႕အလွကို ရိုက္တင္ေလ့ရွိသူေတြကေတာ့ ဘဝကိုေအးေအးခ်မ္းခ်မ္း ျဖတ္သန္းခ်င္ၿပီး လက္ရွိဘဝကိုလည္း စိတ္ေက်နပ္မႈ ရွိၾကသူေတြပါ။ လြတ္လပ္မႈကိုျမတ္ႏိုးၿပီး သဘာဝအလွတရားကို စီးေျမာခံစားတတ္တဲ့ စိတ္ကူးယဥ္ သမားေတြဆိုလည္း မမွားပါဘူး။

(၁၁) ဇိမ္ခံပစၥည္းမ်ားနဲ႔ေပ်ာ္ရႊင္ေနပံု

ကားအေကာင္းစားနဲ႔ ရိုက္ထားတဲ့ပံု၊ သစ္လြင္ေတာက္ပတဲ့ အဝတ္အစားမ်ားနဲ႔ ဇိမ္ခံသေဘာၤႀကီး ေပၚမွာ ေပ်ာ့္ေမြ႔ေနပံုေတြကို တင္ၾကတဲ့သူေတြကေတာ့ မိမိရဲ႕ေအာင္ျမင္ႀကီးပြားမႈကို ဂုဏ္ယူဝင့္ၾကြားစြာ ေဖာ္ျပခ်င္သူ ဒါမွမဟုတ္ အခ်ိဳ႕က်ေတာ့ ဒီလိုျပည့္စံုတဲ့ဘဝကိုအားက်ၿပီး လိုခ်င္တပ္မက္တဲ့ သူေတြပဲျဖစ္ပါတယ္။

(၁၂) အရာဝတၳဳ ဒါမွမဟုတ္ ခႏၶာကို္ယ္အစိတ္အပိုင္းပံုမ်ား

မ်က္ႏွာပံုမဟုတ္ဘဲ ေျခေထာက္ပံု၊ လက္ပံု ဒါမွမဟုတ္ အရာဝတၳဳတစ္ခုခုကိုအလွဆင္ၿပီး ရိုက္ထားတဲ့ဓာတ္ပံုကို ေဖ့စ္ဘုတ္ေပၚမွာ မၾကာခဏတင္သူေတြက တီထြင္ဉာဏ္စြမ္းအားေကာင္းတဲ့ အႏုပညာသမားေတြေပါ့။ အႏုပညာပိုင္းမွာ စိတ္ဝင္စားၾကၿပီး အႏုပညာနဲ႔ပတ္သတ္တဲ့ အရာတစ္ခုခုကို ကၽြမ္းက်င္ၾကသူေတြပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နန္း (ေရႊအင္းေလး)

#Unicode Version#

မိမိရဲ့နေ့စဉ်လှုပ်ရှားမှုပုံရိပ်များကို တင်ပြီးပျော်ရွှင်မှုတွေကို၊ ကြုံတွေ့ရတဲ့ဗဟုသုတရစရာတွေ၊ ကိုယ့်ရဲ့ပုံလှလှလေးတွေကို လူမှုကွန်ယက်ပေါ်မှာ တင်လေ့ရှိကြပါတယ်။ အထူးသဖြင့် ဖေ့စ်ဘုတ်နှင့် အင်စတာဂရမ်တွေပေါ်မှာ ဓာတ်ပုံမျိုးစုံကို တင်ကြပါတယ်။ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတွေနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတွေလည်း တွေ့ရသလို၊ ဝါသနာအရ၊ အပျော်သဘောအရပုံလှလှလေးတွေကို တင်ကြတာကိုလည်း တွေ့ရမှာပါ။  ပရိုဖိုင်ပုံု(Profile)နှင့် ဖေ့စ်ဘုတ်တိုင်းမ်လိုင်း(Timeline) ၊ အင်စတာဂရမ် စတဲ့လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ တင်ထားတဲ့ပုံတွေကို ကြည့်ခြင်းအားဖြင့် လူတစ်ယောက်ရဲ့ စိတ်အခြေအနေနဲ့ စိတ်နေသဘောထားကို ခန့်မှန်းနိုင်ပါတယ်တဲ့။ ဒါ့ကြောင့် ပရိုဖိုင်ပုံနဲ့ တိုင်းမ်လိုင်းပေါ်မှာ တင်ထားတဲ့ ပုံတွေကို ကြည့်ပြီး ဘယ်လိုစိတ်နေစိတ်ထား ရှိလဲ ဆိုတာကို ဆန်းစစ်ကြည့်လိုက်ပါနော်။

(၁) ဆယ်လ်ဖီပုံ

ကိုယ့်ရဲ့ဖေ့စ်ဘုတ် တိုင်းမ်လိုင်းပေါ်မှာ ပုံစံမျိုးစုံ၊ ပိုစ့်မျိုးစုံနဲ့ ဆယ်လ်ဖီဓာတ်ပုံများကို တင်တဲ့သူတွေက တခြားသူတွေ မိမိအကောင့်ကို အလွယ်တကူ ရှာဖွေနိုင်အောင်နဲ့ မှတ်မိလွယ်စေအောင် တင်ကြတာပါတဲ့။ ဒါ့အပြင် လူမှုကွန်ယက်ပေါ်မှာ ဆယ်လ်ဖီပုံကို မကြာခဏ ရိုက်တင်တဲ့သူတွေက လူအများရဲ့ ဂရုစိုက်မှုကို ခံချင်ကြတဲ့ သူတွေပါပဲ။

(၂) ဆက်စီပုံ(Sexy)

ဆက်စီကျကျနဲ့ ကိုယ်ခန္ဓာကောက်ကြောင်းအလှကို သိသာထင်ရှားစေတဲ့ ဓာတ်ပုံများကို မကြာခဏ တင်ကြတဲ့ သူတွေကတော့ မိမိကိုယ်ကိုယုံကြည်မှု အပြည့်ရှိကြတဲ့ သူတွေပါ။ မိမိရဲ့ မိန်းကလေး သဘာဝ အလှတရားများကို ချပြရဲပြီး ပုရိသများကို ဆွဲဆောင်နိုင်ပေမယ့် ပတ်ဝန်းကျင်ကိုလည်းဂရုမစိုက်၊ ဘာကိုမှ ဂရုမစိုက်တတ်တဲ့ ခပ်ချေချေသမားတွေပေါ့။

(၃) ချစ်သူစုံတွဲပုံ

ချစ်သူနဲ့ ကြည်နူးပျော်ရွှင်နေတဲ့ စုံတွဲပုံတွေကို လူမှုကွန်ယက်မှာ တင်လေ့ရှိသူတွေကတော့ ချစ်ရတဲ့ သူနဲ့အတူရှိချိန်တွေက အပျော်ဆုံးအချိန်ဖြစ်ပြီး အထီးမကျန်ဘူး ဆိုတာကို အများကို သိစေချင်လို့ပါ။ တချို့ကျတော့ ချစ်သူမရှိတာတောင်မှ စုံတွဲပုံလှလှတွေကို မိမိတိုင်းမ်လိုင်းပေါ်ကို shareပြီး အားကျတဲ့အကြောင်းကို ရေးတင်ကြပါတယ်။ ဒါကတော့ အထီးကျန်နေတယ်၊ တစ်ယောက်ထဲသမားဆိုတဲ့ သဘောကိုပြချင်တာပါ။ ဒီလိုစုံတွဲပုံတွေကို တင်လေ့ရှိတဲ့သူတွေကတော့ မိမိရဲ့ စိတ်ခံစားချက်ကို အများကို အသိပေးချင်ကြတဲ့ သူတွေပါ။ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ရဲတဲ့သူတွေပါ။

(၄) သူငယ်ချင်းများနှင့်ပုံ

သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်ကြီး ပုံကို တင်လေ့ရှိသူတွေကတော့ အပေါင်းအသင်းများက သူ့အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်တယ်လို့ တွေးမှတ်ထားကြပါတယ်။ အမှန်တကယ်တော့ သူတို့ရဲ့ အတွင်းစိတ်ကတော့ အားငယ်တတ်ပြီး အထီးကျန်ဆန်နေတာပါတဲ့။

(၅) ရုံးခန်းတွင်းကပုံ

မိမိအလုပ်လုပ်နေတဲ့ ရုံးခန်းထဲမှာ ဒါမှမဟုတ် ကွန်ပျူတာရှေ့မှာ အလုပ်လုပ်နေပုံတို့ကို ပလိုဖိုင်အဖြစ်ထားတဲ့ သူတွေက ရည်မှန်းချက်ရှိတယ် ဆိုတာကို ပြချင်လို့ပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို ထူထောင်ပြီး ဒါမှမဟုတ် ထူထောင်ဖို့ ကြိုးစားနေတဲ့ သူတွေပါ။ ရှေ့ဆက်အနာဂတ်ကို အောင်မြင်ဖို့အတွက် ရည်မှန်းချက်ချမှတ်ထားတဲ့ သူတွေပဲဖြစ်ပါတယ်။

(၆) ကလေးပုံ

ငယ်စဉ်က ဓာတ်ပုံများကို ပရိုဖိုင်အဖြစ်ထားသူများနဲ့ ငယ်ဘဝကို တမ်းတမိတယ်ဆိုပြီး မကြာခဏ တင်တဲ့သူတွေက ယခုလက်ရှိဘဝကို ငြီးငွေ့နေလို့ပါ။ ဒီအသက်အရွယ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲများကြောင့် စိတ်ဓာတ်ကျနေတဲ့သူတွေပါပဲ။ ဒီလိုမဟုတ်ဘဲ မိမိရဲ့ သားသမီးပုုံများနဲ့ ကလေးငယ် ပုံများကိုတင်တဲ့သူ၊ shareတဲ့ သူတွေကတော့ မိခင်ကောင်း၊ ဖခင်ကောင်းဖြစ်ချင်ပြီး ပျော်ရွှင်တဲ့မိသားစုဘဝကို တည်ဆောက်ချင်ကြသူတွေပါ။

(၇) ဟာသဓာတ်ပုံများ

ဟာသမျက်နှာလုပ်ပြီး ပြောင်စပ်စပ်ပုံတင်လေ့ရှိသူတွေက ဟာသဉာဏ်ရွှင်ပြီး မိမိကိုယ်ကို ယုံကြည်မှု ရှိကြသူတွေပါ။ ဒါပေမယ့် သူတို့ရဲ့စိတ်ခံစားချက်ကို ဘယ်တော့မှ ထုတ်မပြောတတ်တာကြောင့် သူ့ရဲ့အတွင်းစိတ်ကို ခန့်မှန်းရခက်ပါတယ်။ ဟန်ဆောင်ကောင်းကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။

(၈) ခရီးသွားဓာတ်ပုံ

မကြာခဏခရီးသွားပြီး ပုံရိပ်များကိုလူမှုကွန်ယက်ပေါ်မှာ တင်တာကတော့ ဗဟုသုတကို ရှာမှီးလိုစိတ် ပြင်းထန်ကြပြီး ပြန်လည် မျှဝေလိုစိတ် ရှိကြသူတွေပါ။ တချို့ကျတော့လည်း ဘယ်နေရာရောက်ဖူးတယ် ဆိုတာကို လူအများကို အသိပေးချင်တာကြောင့် တင်ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဗဟုသုတရှာမှီးရတာကို နှစ်သက်ကြသူတွေပါ။

(၉) တိရိစ္ဆာန်များရဲ့ပုံ

တောတွင်းမှ ကျားရဲ တိရိစ္ဆာန်များရဲ့ပုံကို ရိုက်တင်တဲ့ ပရော်ဖက်ရှင်နယ် ဓာတ်ပုံသမားများ ကတော့ တိရိစ္ဆာန်များကို ကြင်နာသနားတတ်ပြီး အပြင်ပိုင်းကြည့်ရင်တော့ လူကြမ်းတွေပေ့ါ။ ဒါပေမယ့် အတွင်းစိတ်က အရမ်းနူးညံ့လှပါတယ်။ ဒီလိုမဟုတ်ဘဲ အိမ်မွေးခွေး၊ ကြောင်နဲ့ ယုန်တွေရဲ့ပုံကို တင်လေ့ရှိသူတွေကတော့ အစွဲအလန်းကြီးပြီး ကလေးဆန်တာကို သဘောကျတဲ့ သူတွေပဲ ဖြစ်ပါတယ်။

(၁၀) တောတောင်၊ ရှုခင်းပုံများ

တောတောင်ရှုခင်းများရဲ့အလှကို ရိုက်တင်လေ့ရှိသူတွေကတော့ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းချင်ပြီး လက်ရှိဘဝကိုလည်း စိတ်ကျေနပ်မှု ရှိကြသူတွေပါ။ လွတ်လပ်မှုကိုမြတ်နိုးပြီး သဘာဝအလှတရားကို စီးမြောခံစားတတ်တဲ့ စိတ်ကူးယဉ် သမားတွေဆိုလည်း မမှားပါဘူး။

(၁၁) ဇိမ်ခံပစ္စည်းများနဲ့ပျော်ရွှင်နေပုံ

ကားအကောင်းစားနဲ့ ရိုက်ထားတဲ့ပုံ၊ သစ်လွင်တောက်ပတဲ့ အဝတ်အစားများနဲ့ ဇိမ်ခံသဘောၤကြီး ပေါ်မှာ ပျော့်မွေ့နေပုံတွေကို တင်ကြတဲ့သူတွေကတော့ မိမိရဲ့အောင်မြင်ကြီးပွားမှုကို ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြချင်သူ ဒါမှမဟုတ် အချို့ကျတော့ ဒီလိုပြည့်စုံတဲ့ဘဝကိုအားကျပြီး လိုချင်တပ်မက်တဲ့ သူတွေပဲဖြစ်ပါတယ်။

(၁၂) အရာဝတ္ထု ဒါမှမဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းပုံများ

မျက်နှာပုံမဟုတ်ဘဲ ခြေထောက်ပုံ၊ လက်ပုံ ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခုကိုအလှဆင်ပြီး ရိုက်ထားတဲ့ဓာတ်ပုံကို ဖေ့စ်ဘုတ်ပေါ်မှာ မကြာခဏတင်သူတွေက တီထွင်ဉာဏ်စွမ်းအားကောင်းတဲ့ အနုပညာသမားတွေပေါ့။ အနုပညာပိုင်းမှာ စိတ်ဝင်စားကြပြီး အနုပညာနဲ့ပတ်သတ်တဲ့ အရာတစ်ခုခုကို ကျွမ်းကျင်ကြသူတွေပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: နန်း (ရွှေအင်းလေး)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top