Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနတြင္ ရာသီတုပ္ေကြးေရာဂါ ေစာင့္ၾကပ္ၾကည့္႐ႈျခင္းႏွင့္ တံု႔ျပန္ေဆာင္ရြက္ျခင္းဆိုင္ရာ ဗဟိုအဆင့္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကုိ ဇူလုိင္၂၄ရက္ကက်င္းပစဥ္ (ဓာတ္ပုံ−CDC)
လက္ရွိျဖစ္ပြားေန ေသာ ရာသီတုပ္ေကြး (H1N1) ေရာဂါႏွင့္ပတ္သက္၍ အေရးေပၚ အေျခအေန သတ္မွတ္ရန္ မရွိ ေသးေၾကာင္း ျပည္သူ႔က်န္းမာ ေရးဦးစီးဌာန ဒုတိယၫႊန္ၾကား ေရးမွဴးခ်ဳပ္ ေဒါက္တာသန္းထြန္း ေအာင္က ေျပာသည္။
‘‘ဇူလုိင္ ၃၀ ရက္မွာ ရန္ကုန္ မွာ ေဆြးေႏြးပြဲႀကီးတစ္ခုလုပ္ဖို႔ ရွိတယ္။ ပညာရွင္ေတြအားလံုးပါ မယ္။ ပညာေရး၊ ခရီးသြားလာ ေရး၊ ေလဆိပ္၊ ေရဆိပ္၊ တကၠ သိုလ္၊ ေဆးတကၠသိုလ္ေတြအ ကုန္ပါမွာ။ အဲဒီပြဲၿပီးရင္ေတာ့ ပိုၿပီးေတာ့ ျပတ္သားမွာ။ အခုလက္ရွိ ေတာ့ Public Guide Emergency ဆုိတဲ့ အဆင့္မေရာက္ေသးပါ ဘူး။ လူထုက အထိတ္တလန္႔ျဖစ္ မွာလည္း စိုးရိမ္တဲ့အတြက္ ကြၽန္ ေတာ္တုိ႔ကလည္း ခ်င့္ခ်ိန္ေနရ တာ။ ဒီေဆြးေႏြးပြဲၿပီးမွသာ ခ်မွတ္ မႈေတြကို ထုတ္ျပန္သြားပါမယ္’’ ဟု ၎က ေျပာသည္။

လက္ရွိတြင္ ၎တုိ႔အေန ျဖင့္ ဇူလုိင္ ၂၆ ရက္က ကမၻာ့ က်န္းမာေရးအဖြဲ႕ (WHO)သို႔ သတင္းေပးပို႔ထားသျဖင့္ Inter-national Health Regulation- (IHR)အရ ႏုိင္ငံတကာမွ ေဆးဝါး ေထာက္ပံ့မႈမ်ားလည္း ရႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။

‘‘ကမၻာ့က်န္းမာေရးအဖြဲ႕က တစ္ဆင့္ အိမ္နီးခ်င္းႏိုင္ငံေတြကို လည္း ပို႔ (သတင္း)ရတယ္။ ကမၻာ့က်န္းမာေရးအဖြဲ႕ကို ပို႔လိုက္ၿပီဆုိ တာနဲ႔ အဖြဲ႕ဝင္ႏုိင္ငံတုိင္းကို ျပန္႔ သြားၿပီ’’ဟု ၎က ေျပာသည္။

က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက ယင္းေရာဂါႏွင့္ ပတ္သက္၍ လက္ရွိတြင္ ေဆး႐ံု ႀကီးမ်ား၌ လူနာအတြက္ ေဆး ကုသမႈပိုင္းကို ႀကိဳတင္ျပင္ဆင္ ထားျခင္း၊ တမူး၊ ျမစ္ႀကီးနား၊ တာ ခ်ီလိတ္၊ ျမဝတီ၊ ေကာ့ေသာင္း စေသာနယ္စပ္ဝင္ေပါက္ ထြက္ ေပါက္မ်ား၌ ေရာဂါေထာက္လွမ္း ျခင္းႏွင့္ ေရာဂါရွာေဖြစစ္ေဆး သည့္ စက္ပစၥည္းမ်ားထားရွိျခင္း တုိ႔ကို ကမၻာ့က်န္းမာေရးအဖြဲ႕ႏွင့္ ပူးေပါင္းလုပ္ေဆာင္လ်က္ရွိ သည္။ အေျခခံပညာေက်ာင္းမ်ား တြင္လည္း အသိပညာေပးလုပ္ ငန္းမ်ား ေဆာင္ရြက္မည္ျဖစ္ သည္။

‘‘အခုေလာေလာဆယ္ ေတာ့ WHO အဖြဲ႕ကို ဒီကေန႔ (ဇူလုိင္ ၂၆ ရက္)ကပဲ အေၾကာင္း ၾကားထားပါတယ္။ အကူအညီ ေပးမယ့္ဟာက အခုခုေလာေလာ ဆယ္ေတာ့ မသိရေသးဘူးေပါ့။ WHO ကလြဲလုိ႔ေပါ့။ တျခားႏုိင္ငံ ေတြကိုေတာ့ အခုေလာေလာ ဆယ္ေတာ့ အကူအညီမေတာင္း ရေသးပါဘူး။ အခုေတာ့ ႏုိင္ငံ တကာကို မေတာင္းေသးဘူး။ လိုအပ္လာရင္ အကူအညီ ေတာင္းသြားမွာပါ။ ကြၽန္ေတာ္တုိ႔ က ႏိုင္ငံတကာကို ဒီေန႔မွ ထုတ္ ျပန္လိုက္တာဆုိေတာ့ ေစာင့္ ၾကည့္ရပါဦးမယ္ေနာ္။ တအား ႀကီးဆုိးေနတာလည္း မဟုတ္ေသးေတာ့ေလ။ လိုအပ္လာရင္ေတာ့ အကူအညီေတာင္းသြားမွာပါ’’ဟု ေဒါက္တာသန္းထြန္းေအာင္က ေျပာသည္။

ကမၻာ့က်န္းမာေရးအဖြဲ႕ သည္   အဖြဲ႕ဝင္၁၉၃ ႏုိင္ငံျဖင့္ ဖြဲ႕စည္းထားၿပီး    ယင္းအဖြဲ႕ထံသို႔ သတင္းေပးပို႔သည္ႏွင့္ အကူအညီမ်ား ရရွိမည္ျဖစ္ေၾကာင္း ၎က  ဆက္လက္ေျပာၾကားသည္။

က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနစာရင္းမ်ားအရ ဇူလုိင္၁၄ ရက္က စတင္ျဖစ္ပြားေသာ ရာသီတုပ္ေကြးေရာဂါေၾကာင့္ ဇူလုိင္ ၂၆ ရက္အထိ ေသဆံုးသူ သံုးဦးရွိၿပီး ျဖစ္ပြားသူ ၂၀ဦးအထိ ရွိခဲ့သည္။ ၎တုိ႔အနက္ ခ်င္းျပည္နယ္တြင္    ျဖစ္ပြားသူမ်ားသည္ သက္သာေကာင္းမြန္လ်က္ရွိၿပီး ရန္ကုန္တုိင္း၌ လူနာခုနစ္ဦးသည္ ေဆးကုသမႈခံယူေနသည္။

‘‘ခ်င္းျပည္နယ္က ေသဆံုး တာက ဒါနဲ႔မဆုိင္ဘူးေပါ့။ သူက နမိုးနီးယားျဖစ္တာေပါ့။ ဒီျဖစ္စဥ္ မွာေတာ့ လက္ရွိအခ်ိန္ထိ ၂၀ ဦး ျဖစ္တယ္။ အဲဒီထဲက သံုးဦးေသ ဆံုးသြားတယ္။ အခုေလာေလာ ဆယ္ ရန္ကုန္မွာ ခုနစ္ဦးေဆး ကုသမႈခံယူေနတယ္။ ခ်င္းျပည္ နယ္က ၁၀ ဦးက ေကာင္းသြားၿပီ’’ ဟု ေဒါက္တာသန္းထြန္းေအာင္ က ဆက္လက္ေျပာၾကားသည္။

ရာသီတုပ္ေကြးေရာဂါ (Seasonal Influenza A (H1N1) 2009) သည္ ၂၀၀၁ ကတည္းက ျမန္မာႏုိင္ငံသုိ႔ စတင္ဝင္ေရာက္ခဲ့ ၿပီးေနာက္ ၂၀၀၉ တြင္ ယင္း ေရာဂါျဖစ္ပြားသူ တစ္ႏုိင္ငံလံုးအ တုိင္းအတာျဖင့္ ၁၇၆ ဦးရွိခဲ့ကာ ၂၀၁၆ ၌ ကိုးဦးရွိခဲ့ေၾကာင္း က်န္း မာေရးႏွင့္ အားကစားဝန္ႀကီးဌာန က ထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်၂၄ရက်ကကျင်းပစဉ် (ဓာတ်ပုံ−CDC)

 လက်ရှိဖြစ်ပွားနေ သော ရာသီတုပ်ကွေး (H1N1) ရောဂါနှင့်ပတ်သက်၍ အရေးပေါ် အခြေအနေ သတ်မှတ်ရန် မရှိ သေးကြောင်း ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းထွန်း အောင်က ပြောသည်။

‘‘ဇူလိုင် ၃၀ ရက်မှာ ရန်ကုန် မှာ ဆွေးနွေးပွဲကြီးတစ်ခုလုပ်ဖို့ ရှိတယ်။ ပညာရှင်တွေအားလုံးပါ မယ်။ ပညာရေး၊ ခရီးသွားလာ ရေး၊ လေဆိပ်၊ ရေဆိပ်၊ တက္က သိုလ်၊ ဆေးတက္ကသိုလ်တွေအ ကုန်ပါမှာ။ အဲဒီပွဲပြီးရင်တော့ ပိုပြီးတော့ ပြတ်သားမှာ။ အခုလက်ရှိ တော့ Public Guide Emergency ဆိုတဲ့ အဆင့်မရောက်သေးပါ ဘူး။ လူထုက အထိတ်တလန့်ဖြစ် မှာလည်း စိုးရိမ်တဲ့အတွက် ကျွန် တော်တို့ကလည်း ချင့်ချိန်နေရ တာ။ ဒီဆွေးနွေးပွဲပြီးမှသာ ချမှတ် မှုတွေကို ထုတ်ပြန်သွားပါမယ်’’ ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ၎င်းတို့အနေ ဖြင့် ဇူလိုင် ၂၆ ရက်က ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)သို့ သတင်းပေးပို့ထားသဖြင့် Inter-national Health Regulation- (IHR)အရ နိုင်ငံတကာမှ ဆေးဝါး ထောက်ပံ့မှုများလည်း ရနိုင်မည် ဖြစ်ကြောင်း သိရသည်။

‘‘ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တစ်ဆင့် အိမ်နီးချင်းနိုင်ငံတွေကို လည်း ပို့ (သတင်း)ရတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ပို့လိုက်ပြီဆို တာနဲ့ အဖွဲ့ဝင်နိုင်ငံတိုင်းကို ပြန့် သွားပြီ’’ဟု ၎င်းက ပြောသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယင်းရောဂါနှင့် ပတ်သက်၍ လက်ရှိတွင် ဆေးရုံ ကြီးများ၌ လူနာအတွက် ဆေး ကုသမှုပိုင်းကို ကြိုတင်ပြင်ဆင် ထားခြင်း၊ တမူး၊ မြစ်ကြီးနား၊ တာ ချီလိတ်၊ မြဝတီ၊ ကော့သောင်း စသောနယ်စပ်ဝင်ပေါက် ထွက် ပေါက်များ၌ ရောဂါထောက်လှမ်း ခြင်းနှင့် ရောဂါရှာဖွေစစ်ဆေး သည့် စက်ပစ္စည်းများထားရှိခြင်း တို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိ သည်။ အခြေခံပညာကျောင်းများ တွင်လည်း အသိပညာပေးလုပ် ငန်းများ ဆောင်ရွက်မည်ဖြစ် သည်။

‘‘အခုလောလောဆယ် တော့ WHO အဖွဲ့ကို ဒီကနေ့ (ဇူလိုင် ၂၆ ရက်)ကပဲ အကြောင်း ကြားထားပါတယ်။ အကူအညီ ပေးမယ့်ဟာက အခုခုလောလော ဆယ်တော့ မသိရသေးဘူးပေါ့။ WHO ကလွဲလို့ပေါ့။ တခြားနိုင်ငံ တွေကိုတော့ အခုလောလော ဆယ်တော့ အကူအညီမတောင်း ရသေးပါဘူး။ အခုတော့ နိုင်ငံ တကာကို မတောင်းသေးဘူး။ လိုအပ်လာရင် အကူအညီ တောင်းသွားမှာပါ။ ကျွန်တော်တို့ က နိုင်ငံတကာကို ဒီနေ့မှ ထုတ် ပြန်လိုက်တာဆိုတော့ စောင့် ကြည့်ရပါဦးမယ်နော်။ တအား ကြီးဆိုးနေတာလည်း မဟုတ်သေးတော့လေ။ လိုအပ်လာရင်တော့ အကူအညီတောင်းသွားမှာပါ’’ဟု ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သည်   အဖွဲ့ဝင်၁၉၃ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး    ယင်းအဖွဲ့ထံသို့ သတင်းပေးပို့သည်နှင့် အကူအညီများ ရရှိမည်ဖြစ်ကြောင်း ၎င်းက  ဆက်လက်ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနစာရင်းများအရ ဇူလိုင်၁၄ ရက်က စတင်ဖြစ်ပွားသော ရာသီတုပ်ကွေးရောဂါကြောင့် ဇူလိုင် ၂၆ ရက်အထိ သေဆုံးသူ သုံးဦးရှိပြီး ဖြစ်ပွားသူ ၂၀ဦးအထိ ရှိခဲ့သည်။ ၎င်းတို့အနက် ချင်းပြည်နယ်တွင်    ဖြစ်ပွားသူများသည် သက်သာကောင်းမွန်လျက်ရှိပြီး ရန်ကုန်တိုင်း၌ လူနာခုနစ်ဦးသည် ဆေးကုသမှုခံယူနေသည်။

‘‘ချင်းပြည်နယ်က သေဆုံး တာက ဒါနဲ့မဆိုင်ဘူးပေါ့။ သူက နမိုးနီးယားဖြစ်တာပေါ့။ ဒီဖြစ်စဉ် မှာတော့ လက်ရှိအချိန်ထိ ၂၀ ဦး ဖြစ်တယ်။ အဲဒီထဲက သုံးဦးသေ ဆုံးသွားတယ်။ အခုလောလော ဆယ် ရန်ကုန်မှာ ခုနစ်ဦးဆေး ကုသမှုခံယူနေတယ်။ ချင်းပြည် နယ်က ၁၀ ဦးက ကောင်းသွားပြီ’’ ဟု ဒေါက်တာသန်းထွန်းအောင် က ဆက်လက်ပြောကြားသည်။

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) 2009) သည် ၂၀၀၁ ကတည်းက မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ခဲ့ ပြီးနောက် ၂၀၀၉ တွင် ယင်း ရောဂါဖြစ်ပွားသူ တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ၁၇၆ ဦးရှိခဲ့ကာ ၂၀၁၆ ၌ ကိုးဦးရှိခဲ့ကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top