ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

၁။ ေက်းဇူးတရားကို ဆင္ျခင္ပါ
ကၽြန္ေတာ္တို႔ အားလံုးက တစ္ခ်ိန္ထဲမွာ စိတ္ဆိုးေဒါသျဖစ္တာေရာ၊ တဖက္လူရဲ႕ ေက်းဇူးနဲ႔ ၾကင္နာမႈကို သိမွတ္ဆင္ျခင္တာေရာ ႏွစ္ခုစလံုးကို လုပ္လို႔မရပါဘူး။ ဒီလိုပဲ စိုးရိမ္ထိတ္လန္႔တာနဲ႔ ေက်းဇူးသိတတ္မႈကိုလည္း တစ္ၿပိဳင္နက္ မခံစားႏိုင္ပါဘူး။ စိုးရိမ္ေၾကာက္လန္႔တာနဲ႔ စိတ္ဆိုးေဒါသျဖစ္တာဟာ ကၽြန္ေတာ္တို႔ ေန႔စဥ္ဘ၀မွာ ၾကံဳေတြ႕ေနက်ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေမတၱာထားၿပီး ေက်းဇူးတရားေတြ၊ ကိုယ့္အေပၚေကာင္းခဲ့တာေတြကို ဆင္ျခင္ၾကည့္ပါ။ ဒီလို ဆင္ျခင္ႏိုင္လာမယ္ဆိုရင္ သင့္ခံစားခ်က္ေတြ ေျပာင္းလဲလာမွာ ျဖစ္ပါတယ္။ ေက်းဇူးသိတတ္တဲ့စိတ္က ကၽြန္ေတာ္တို႔ကို လက္ရွိအခ်ိန္ကို အာရံုစိုက္ႏိုင္ေစၿပီး အားလံုးအဆင္ေျပသြားမယ္ဆိုတာကို သေဘာေပါက္လာေစပါတယ္။

၂။ ျပံဳးလိုက္ပါ ရယ္လိုက္ပါ
ဒီနည္းလမ္းကေတာ့ သင့္ကို စိတ္ဆိုးေဒါသျဖစ္စရာအေျခအေနကေန ခ်က္ခ်င္းဆိုသလို လြန္ေျမာက္သြားေစႏိုင္ပါတယ္။ စိတ္ဆိုးေဒါသျဖစ္စရာေတြ ၾကံဳေတြ႕လာရၿပီဆိုရင္ အရင္ဆံုး ျပံဳးလိုက္ပါ။ ျဖစ္လာတဲ့အရာေတြကို လက္ခံတယ္လို႔ ေတြးထားလိုက္ပါ။ ျဖစ္ေပၚလာတဲ့ စိတ္ခံစားခ်က္ေတြကို ေသခ်ာသတိထားၿပီး ပိုေကာင္းမယ့္ ဖက္ကို ေျပာင္းလဲလိုက္ပါ။

၃။ ေဒါသျဖစ္ခ်ိန္တစ္ခု သတ္မွတ္လိုက္ပါ
သင္ ေဒါသျဖစ္လာၿပီဆိုရင္ ဘယ္ေလာက္ၾကာေအာင္ ျဖစ္မလဲအခ်ိန္တစ္ခု သတ္မွတ္လိုက္ပါ။ ေဒါသ စတင္ျဖစ္တည္လာၿပီဆိုတာနဲ႔ ဆယ္မိနစ္ ဆယ့္ငါးမိနစ္ေလာက္ အခ်ိန္တစ္ခုသတ္မွတ္ၿပီး ခံစားမႈေတြကို ခံစားေတြ႕ၾကံဳလိုက္ပါ။ သတ္မွတ္ခ်ိန္အတြင္းမွာ ဘာမွမလုပ္ပါနဲ႔။ ဘယ္သူနဲ႔မွလည္း စကားမေျပာပါနဲ႔။ သင့္စိတ္အေျခအေန တည္ၿငိမ္သြားၿပီဆိုမွ လုပ္သင့္တာကို လုပ္ပါ။

၄။ အာရုံေျပာင္းလိုက္ပါ
ကၽြန္ေတာ္တို႔ အားလံုးက လူေတြ၊ အရာ၀တၳဳေတြ၊ အေရးကိစၥေတြ စသျဖင့္ တစ္ခုခုေပၚမွာ အာရုံစိုက္ေနေလ့ ရွိပါတယ္။ လမ္းေလွ်ာက္သြားေနခ်ိန္ ဒါမွမဟုတ္ ကားေမာင္းေနခ်ိန္မွာ အာရံုစိုက္မိႏိုင္တာ အားလံုးက အညိဳ ဒါမွမဟုတ္ အျဖဴေရာင္ေတြပဲ ျဖစ္မွာပါ။ အာရုံစိုက္မိတဲ့ အစိမ္းေရာင္တစ္ခုခုကို ေျပာပါဆိုရင္ ေျပာႏိုင္ဖို႔ ခက္ပါလိမ့္မယ္။ ဒါ့ေၾကာင့္ သင့္ကို စိတ္ဆိုးေဒါသျဖစ္ေစတဲ့အရာေတြ၊ စိတ္ပ်က္လက္ပ်က္ျဖစ္ေစတဲ့အရာေတြကေန စိတ္အာရံုကိုေျပာင္းတတ္ဖို႔ လိုပါတယ္။ ဒီေနရာမွာ ေကာင္းကြက္ကို ရွာၾကည့္ၿပီး အာရံုေျပာင္းလို႔ရပါတယ္။ ဥပမာ ကားလမ္းေတြ ပိတ္ေနလို႔ စိတ္တိုေနတယ္ဆိုၾကပါစို႔။ သင္ စိတ္တိုၿပီး ေဒါသေတြေပါက္ကြဲေနလို႔လည္း ကားလမ္းေတြက ေခ်ာင္သြားမွာမဟုတ္ပါဘူး။ စိတ္တိုေနမယ့္အစား ကားလမ္းပိတ္ေတာ့ စာဖတ္ဖို႔၊ ဖုန္းသံုးဖို႔၊ အခ်ိန္ရတယ္လို႔ ေတြးၿပီး စာဖတ္တာ၊ ဖုန္းထဲကေန ဆိုရွယ္မီဒီယာေတြသံုးတာ၊ ဂိမ္းကစားတာ စတာေတြလုပ္ေနလို႔ ရပါတယ္။

၅။ ခြင့္လႊတ္တတ္ပါေစ
ခြင့္လႊတ္တတ္ျခင္းဟာ သင့္ဦးေႏွာက္ကို အေျခခံက်က် ေျပာင္းလဲေစပါတယ္။ ခြင့္မလႊတ္တတ္တာဟာ ဘာနဲ႔တူသလဲဆိုရင္ အတိတ္က ေလးလံတဲ့၀န္ထုပ္၀န္ပိုးႀကီးတစ္ခုကို သယ္ေနရသလိုပါပဲ။ ဒီ၀န္ထုပ္၀န္ပိုးႀကီးက ကၽြန္ေတာ္တို႔ကို ဖိစီးမႈေတြျဖစ္ေစပါတယ္၊ ဆံုးျဖတ္ခ်က္ေတြ မွန္ကန္ဖို႔ ခက္ခဲေစပါတယ္၊ လူေတြနဲ႔ ဆက္ဆံရာမွာလည္း ခက္ခဲေစပါတယ္။ ခြင့္လႊတ္တတ္မယ္ဆိုရင္ေတာ့ ၀န္ထုပ္၀န္ပိုးႀကီးကို လႊတ္ခ်လိုက္ရသလို ပိုမိုေပါ့ပါးလန္းဆန္းသြားမွာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ဆီမွာ ဖိစီးမႈျဖစ္ေစတဲ့ စိတ္ခံစားခ်က္ေတြကေနလည္း လြတ္ေျမာက္သြားမွာျဖစ္ပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Gentleman Magazine

#Unicode Version#
၁။ ကျေးဇူးတရားကို ဆင်ခြင်ပါ
ကျွန်တော်တို့ အားလုံးက တစ်ချိန်ထဲမှာ စိတ်ဆိုးဒေါသဖြစ်တာရော၊ တဖက်လူရဲ့ ကျေးဇူးနဲ့ ကြင်နာမှုကို သိမှတ်ဆင်ခြင်တာရော နှစ်ခုစလုံးကို လုပ်လို့မရပါဘူး။ ဒီလိုပဲ စိုးရိမ်ထိတ်လန့်တာနဲ့ ကျေးဇူးသိတတ်မှုကိုလည်း တစ်ပြိုင်နက် မခံစားနိုင်ပါဘူး။ စိုးရိမ်ကြောက်လန့်တာနဲ့ စိတ်ဆိုးဒေါသဖြစ်တာဟာ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေကျဖြစ်ပါတယ်။ ဒါ့ကြောင့် မေတ္တာထားပြီး ကျေးဇူးတရားတွေ၊ ကိုယ့်အပေါ်ကောင်းခဲ့တာတွေကို ဆင်ခြင်ကြည့်ပါ။ ဒီလို ဆင်ခြင်နိုင်လာမယ်ဆိုရင် သင့်ခံစားချက်တွေ ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ ကျေးဇူးသိတတ်တဲ့စိတ်က ကျွန်တော်တို့ကို လက်ရှိအချိန်ကို အာရုံစိုက်နိုင်စေပြီး အားလုံးအဆင်ပြေသွားမယ်ဆိုတာကို သဘောပေါက်လာစေပါတယ်။

၂။ ပြုံးလိုက်ပါ ရယ်လိုက်ပါ
ဒီနည်းလမ်းကတော့ သင့်ကို စိတ်ဆိုးဒေါသဖြစ်စရာအခြေအနေကနေ ချက်ချင်းဆိုသလို လွန်မြောက်သွားစေနိုင်ပါတယ်။ စိတ်ဆိုးဒေါသဖြစ်စရာတွေ ကြုံတွေ့လာရပြီဆိုရင် အရင်ဆုံး ပြုံးလိုက်ပါ။ ဖြစ်လာတဲ့အရာတွေကို လက်ခံတယ်လို့ တွေးထားလိုက်ပါ။ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကို သေချာသတိထားပြီး ပိုကောင်းမယ့် ဖက်ကို ပြောင်းလဲလိုက်ပါ။

၃။ ဒေါသဖြစ်ချိန်တစ်ခု သတ်မှတ်လိုက်ပါ
သင် ဒေါသဖြစ်လာပြီဆိုရင် ဘယ်လောက်ကြာအောင် ဖြစ်မလဲအချိန်တစ်ခု သတ်မှတ်လိုက်ပါ။ ဒေါသ စတင်ဖြစ်တည်လာပြီဆိုတာနဲ့ ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် အချိန်တစ်ခုသတ်မှတ်ပြီး ခံစားမှုတွေကို ခံစားတွေ့ကြုံလိုက်ပါ။ သတ်မှတ်ချိန်အတွင်းမှာ ဘာမှမလုပ်ပါနဲ့။ ဘယ်သူနဲ့မှလည်း စကားမပြောပါနဲ့။ သင့်စိတ်အခြေအနေ တည်ငြိမ်သွားပြီဆိုမှ လုပ်သင့်တာကို လုပ်ပါ။

၄။ အာရုံပြောင်းလိုက်ပါ
ကျွန်တော်တို့ အားလုံးက လူတွေ၊ အရာဝတ္ထုတွေ၊ အရေးကိစ္စတွေ စသဖြင့် တစ်ခုခုပေါ်မှာ အာရုံစိုက်နေလေ့ ရှိပါတယ်။ လမ်းလျှောက်သွားနေချိန် ဒါမှမဟုတ် ကားမောင်းနေချိန်မှာ အာရုံစိုက်မိနိုင်တာ အားလုံးက အညို ဒါမှမဟုတ် အဖြူရောင်တွေပဲ ဖြစ်မှာပါ။ အာရုံစိုက်မိတဲ့ အစိမ်းရောင်တစ်ခုခုကို ပြောပါဆိုရင် ပြောနိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒါ့ကြောင့် သင့်ကို စိတ်ဆိုးဒေါသဖြစ်စေတဲ့အရာတွေ၊ စိတ်ပျက်လက်ပျက်ဖြစ်စေတဲ့အရာတွေကနေ စိတ်အာရုံကိုပြောင်းတတ်ဖို့ လိုပါတယ်။ ဒီနေရာမှာ ကောင်းကွက်ကို ရှာကြည့်ပြီး အာရုံပြောင်းလို့ရပါတယ်။ ဥပမာ ကားလမ်းတွေ ပိတ်နေလို့ စိတ်တိုနေတယ်ဆိုကြပါစို့။ သင် စိတ်တိုပြီး ဒေါသတွေပေါက်ကွဲနေလို့လည်း ကားလမ်းတွေက ချောင်သွားမှာမဟုတ်ပါဘူး။ စိတ်တိုနေမယ့်အစား ကားလမ်းပိတ်တော့ စာဖတ်ဖို့၊ ဖုန်းသုံးဖို့၊ အချိန်ရတယ်လို့ တွေးပြီး စာဖတ်တာ၊ ဖုန်းထဲကနေ ဆိုရှယ်မီဒီယာတွေသုံးတာ၊ ဂိမ်းကစားတာ စတာတွေလုပ်နေလို့ ရပါတယ်။

၅။ ခွင့်လွှတ်တတ်ပါစေ
ခွင့်လွှတ်တတ်ခြင်းဟာ သင့်ဦးနှောက်ကို အခြေခံကျကျ ပြောင်းလဲစေပါတယ်။ ခွင့်မလွှတ်တတ်တာဟာ ဘာနဲ့တူသလဲဆိုရင် အတိတ်က လေးလံတဲ့ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို သယ်နေရသလိုပါပဲ။ ဒီဝန်ထုပ်ဝန်ပိုးကြီးက ကျွန်တော်တို့ကို ဖိစီးမှုတွေဖြစ်စေပါတယ်၊ ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့ ခက်ခဲစေပါတယ်၊ လူတွေနဲ့ ဆက်ဆံရာမှာလည်း ခက်ခဲစေပါတယ်။ ခွင့်လွှတ်တတ်မယ်ဆိုရင်တော့ ဝန်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်ရသလို ပိုမိုပေါ့ပါးလန်းဆန်းသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဖိစီးမှုဖြစ်စေတဲ့ စိတ်ခံစားချက်တွေကနေလည်း လွတ်မြောက်သွားမှာဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
ဖိုးသူတော် (www.phothutaw.com)
Credit: Gentleman Magazine




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top