ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေန႕စဥ္ဘဝထဲမွာ စားရင္းေသာက္ရင္း၊ သြားရင္းလာရင္း အဝတ္အစားေတြေပၚမွာ ေကာ္ဖီေမွာက္တာ၊ အခ်ဥ္ (ေဆာ႔စ္) ေမွာက္တာ စတာေတြေၾကာင္႔ ေပက်ံစြန္းထင္းရတာမ်ိဳးေတြ ရွိတတ္ပါတယ္။

တစ္ခ်ိဳ႕အစြန္းအထင္းေတြက ေရနဲ႔နည္းနည္းပြတ္လိုက္ရင္ ေျပာင္ေပမယ္႔ တခ်ိဳ႕အစြန္းအထင္းေတြကေတာ႔ ဖ်က္ရခက္ခဲတဲ႔ အကြက္ႀကီးေတြအျဖစ္ က်န္ေနခဲ႔တတ္ပါတယ္။ ဘယ္သူမွေတာ႔ မိမိအႏွစ္သက္ဆံုးဝတ္စံုေပၚမွာ အစြန္းကြက္ႀကီးထင္းေနတာကို လိုခ်င္မွာမဟုတ္ပါဘူး။ ဒါေပမယ္႔ ေအာက္မွာေဖာ္ျပထားတဲ႔ အစြန္းခြ်တ္နည္းေတြနဲ႔ဆိုရင္ အစြန္းအထင္းေတြအားလံုးကို တာ႔တာ ဘိုင္းဘိုင္ဆိုၿပီး ႏႈတ္ဆက္လိုက္လို႔ရပါတယ္။
၁။ ေဖ်ာ္ရည္ေၾကာင္႔ျဖစ္တဲ႔ အစြန္းအထင္း

ခုမွစေတြ႕တဲ႔ ေကာင္မေလးတစ္ေယာက္နဲ႔ အေအးဆိုင္ထိုင္ရင္း ေျခမကိုင္မိ လက္မကိုင္မိျဖစ္ေနလို႕ ေဖ်ာ္ရည္ခြက္ေမွာက္တဲ႔အခါ အက်ၤ ီမွာ အစြန္းအထင္းက်န္ခဲ႔မွာပါပဲ။ ဒီအစြန္းကိုခြ်တ္ဖို႔ဆိုရင္ ဇလံုတစ္လံုးထဲမွာ ပန္းကန္ေဆးဆပ္ျပာရည္ (၁/၂) ခြက္ကို ရွာလကာရည္အၾကည္ (၁/၄) ခြက္နဲ႔ ေရာစပ္ေပးလိုက္ပါ။ သမေအာင္ေမႊၿပီးရင္ ေဖ်ာ္ရည္ေၾကာင္႔ျဖစ္တဲ႔ အစြန္းေပၚမွာ သုတ္လိမ္းေပးလိုက္ပါ။ မိနစ္ (၃၀) ေလာက္ ဒီတိုင္းထားၿပီးရင္ သြားပိုက္တံေလးတစ္ေခ်ာင္းနဲ႔ပြတ္တိုက္ေပးလိုက္ပါ။ ၿပီးရင္ ေရေအးေအးေလးတစ္ခြက္နဲ႔ ျပန္ေဆးခ်ေပးလိုက္ပါ။
၂။ ဘယ္ရီသီးေၾကာင္႔ျဖစ္တဲ႔အစြန္းအထင္း

စေတာ္ဘယ္ရီသီးတို႔၊ ဘလူးဘယ္ရီသီးတို႔လို ဘယ္ရီသီးႏြယ္ဝင္ေတြကထြက္တဲ႔ အခ်ိဳရည္ေတြဟာ စြန္းထင္းလြယ္ၿပီး တစ္ခါတေလမွာဖ်က္ရခက္ပါတယ္။ ဒါေတြကိုဖယ္ရွားဖို႔အတြက္ေတာ႔ ေရေအးကုိသံုးၿပီး အရင္ပြတ္တိုက္လိုက္ပါ။ ၿပီးရင္အေပၚက သံပုရာရည္နဲ႔ပြတ္တုိက္ၿပီး (၂) နာရီေလာက္ ဒီတိုင္းထားေပးလိုက္ပါ။ ၿပီးရင္ အထည္ကို အဝတ္ေလွ်ာ္စက္ထဲ ထည္႔ေလွ်ာ္လိုက္ပါ။ ၿပီးရင္ေတာ႔ သြားတိုက္တံေလး တစ္ေခ်ာင္းယူၿပီး ဆပ္ျပာရည္နည္းနည္းနဲ႔ ပြတ္လိုက္ပါ။ ဒါဆိုရင္ အစြန္းေတြေျပာင္ေလာက္ပါၿပီ။
၃။ ခရမ္းခ်ဥ္သီးေဆာ႔စ္ ေၾကာင္႔ျဖစ္တဲ႔ အစြန္းအထင္း

ခရမ္းခ်ဥ္သီးေဆာ႔စ္ေၾကာင္႔ျဖစ္တဲ႔ အစြန္းအထင္းေတြကို ဖယ္ရွားဖို႔ အစြန္းအထင္းေပေနတဲ႔အဝတ္အစားကို ရွာလကာရည္ထဲ ထည္႔စိမ္လိုက္ပါ။ ဒါမွမဟုတ္ ေပေနတဲ႔ေနရာကို ရွာလကာရည္နဲ႔ ပြတ္ေပးလိုက္ပါ။ အဲဒီအတိုင္း တစ္နာရီေလာက္ထားၿပီး ပံုမွန္အတိုင္းျပန္ေလွ်ာ္ဖြတ္ေပးလိုက္ရင္ ရပါၿပီ။
၄။ ေကာ္ဖီတို႔၊ လက္ဖက္ရည္တို႔ေၾကာင္႔ျဖစ္တဲ႔ အစြန္းအထင္း

ေကာ္ဖီတို႔၊ လက္ဖက္ရည္တို႔ေၾကာင္႔ျဖစ္တဲ႔ အစြန္းအထင္းကို ဖယ္ရွားဖို႔ဆိုရင္ေတာ႔ ေျပာင္းဖူးမႈန္႕နဲ႔ ရွာလကာရည္အၾကည္ကို ေရာၿပီး အႏွစ္ေလးျဖစ္ေအာင္လုပ္ပါ။ ၿပီးရင္ အဲဒီအႏွစ္ကို ေပေနတဲ႔ေနရာေပၚမွာ လိမ္းၿပီး ခဏေလာက္အေျခာက္လွမ္းထားေပးလိုက္ပါ။ ေျခာက္သြားၿပီဆိုမွ ဓားေလးနဲ႔ အသာေလးျပန္ေကာ္ထုတ္ၿပီး ပံုမွန္အတိုင္းျပန္ေဆးေပးလိုက္ပါ။
၅။ ပီေကေၾကာင္႔ျဖစ္တဲ႔ အစြန္းအထင္း

အက်ၤ ီမွာ ပီေက (chewing gum) လာကပ္ေနရင္ ေတာ္ေတာ္အာရံုေနာက္ရပါတယ္။ ေျဖရွင္းနည္းကိုမသိခင္ကေတာ႔ အမွ်င္တန္းလန္းႀကီးကိုဆြဲခြာ၊ လက္နဲ႔လာကပ္နဲ႔... ေတာ္ေတာ္အာရံုေနာက္ရပါတယ္။ အမွန္ေတာ႔ လြယ္လြယ္ေလးပါ။ ပီေကကပ္ေနတဲ႔ အဝတ္အစားကို ေရခဲေသတၱာအေအးခန္းထဲ တစ္ညေလာက္ထည္႔ထားလိုက္ပါ။ မနက္မိုးလင္Qးရင္ ခဲေနတဲ႔ ပီေကေလးကို ဓားနဲ႔ ေကာ္ထုတ္ၿပီး ပံုမွန္အတိုင္း ျပန္လည္ေလွ်ာ္ဖြတ္ေပးႏိုင္ပါၿပီ။
၆။ ဆီေၾကာင္႔ျဖစ္တဲ႔ အစြန္းအထင္း

ဟင္းခ်က္ဆီတို႔၊ ေထာပတ္တို႔ေၾကာင္႔ျဖစ္တဲ႔ အစြန္းအထင္းေတြဟာလည္း ဖယ္ရွားရခက္ပါတယ္။ နက္ခ္တိုင္ေပၚမွာ ၾကက္သားဟင္းဖိတ္သြားလို႔ ဆီကြက္ႀကီးထင္းေနတာကို ေတြးၾကည္႔ပါ။ ဒါကိုဖယ္ရွားဖို႔ကေတာ႔ ဆီစြန္းထင္းေနတဲ႔ အဝတ္အစားကို ေရေႏြးပူပူထဲမွာ မိနစ္ (၃၀) ေလာက္ၾကာေအာင္ စိမ္ထားလိုက္ပါ။ ၿပီးရင္ေတာ႔ ဆပ္ျပာမႈန္႕ထည္႔ၿပီး သြားပြတ္တံေလးတစ္ေခ်ာင္းနဲ႔ ပြတ္ေပးလိုက္ပါ။ ၿပီးရင္ ေရေႏြးပူထဲမွာ ခဏျပန္စိမ္ထားၿပီး ပံုမွန္အတိုင္းပဲ ေလွ်ာ္ဖြတ္ေပးလိုက္ပါ။

Source: theindianspot
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duuwn
#Unicode Version#

နေ့စဉ်ဘဝထဲမှာ စားရင်းသောက်ရင်း၊ သွားရင်းလာရင်း အဝတ်အစားတွေပေါ်မှာ ကော်ဖီမှောက်တာ၊ အချဉ် (ဆော့စ်) မှောက်တာ စတာတွေကြောင့် ပေကျံစွန်းထင်းရတာမျိုးတွေ ရှိတတ်ပါတယ်။

တစ်ချို့အစွန်းအထင်းတွေက ရေနဲ့နည်းနည်းပွတ်လိုက်ရင် ပြောင်ပေမယ့် တချို့အစွန်းအထင်းတွေကတော့ ဖျက်ရခက်ခဲတဲ့ အကွက်ကြီးတွေအဖြစ် ကျန်နေခဲ့တတ်ပါတယ်။ ဘယ်သူမှတော့ မိမိအနှစ်သက်ဆုံးဝတ်စုံပေါ်မှာ အစွန်းကွက်ကြီးထင်းနေတာကို လိုချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အောက်မှာဖော်ပြထားတဲ့ အစွန်းချွတ်နည်းတွေနဲ့ဆိုရင် အစွန်းအထင်းတွေအားလုံးကို တာ့တာ ဘိုင်းဘိုင်ဆိုပြီး နှုတ်ဆက်လိုက်လို့ရပါတယ်။
၁။ ဖျော်ရည်ကြောင့်ဖြစ်တဲ့ အစွန်းအထင်း

ခုမှစတွေ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ အအေးဆိုင်ထိုင်ရင်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေလို့ ဖျော်ရည်ခွက်မှောက်တဲ့အခါ အင်္ကျ ီမှာ အစွန်းအထင်းကျန်ခဲ့မှာပါပဲ။ ဒီအစွန်းကိုချွတ်ဖို့ဆိုရင် ဇလုံတစ်လုံးထဲမှာ ပန်းကန်ဆေးဆပ်ပြာရည် (၁/၂) ခွက်ကို ရှာလကာရည်အကြည် (၁/၄) ခွက်နဲ့ ရောစပ်ပေးလိုက်ပါ။ သမအောင်မွှေပြီးရင် ဖျော်ရည်ကြောင့်ဖြစ်တဲ့ အစွန်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် (၃၀) လောက် ဒီတိုင်းထားပြီးရင် သွားပိုက်တံလေးတစ်ချောင်းနဲ့ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင် ရေအေးအေးလေးတစ်ခွက်နဲ့ ပြန်ဆေးချပေးလိုက်ပါ။
၂။ ဘယ်ရီသီးကြောင့်ဖြစ်တဲ့အစွန်းအထင်း

စတော်ဘယ်ရီသီးတို့၊ ဘလူးဘယ်ရီသီးတို့လို ဘယ်ရီသီးနွယ်ဝင်တွေကထွက်တဲ့ အချိုရည်တွေဟာ စွန်းထင်းလွယ်ပြီး တစ်ခါတလေမှာဖျက်ရခက်ပါတယ်။ ဒါတွေကိုဖယ်ရှားဖို့အတွက်တော့ ရေအေးကိုသုံးပြီး အရင်ပွတ်တိုက်လိုက်ပါ။ ပြီးရင်အပေါ်က သံပုရာရည်နဲ့ပွတ်တိုက်ပြီး (၂) နာရီလောက် ဒီတိုင်းထားပေးလိုက်ပါ။ ပြီးရင် အထည်ကို အဝတ်လျှော်စက်ထဲ ထည့်လျှော်လိုက်ပါ။ ပြီးရင်တော့ သွားတိုက်တံလေး တစ်ချောင်းယူပြီး ဆပ်ပြာရည်နည်းနည်းနဲ့ ပွတ်လိုက်ပါ။ ဒါဆိုရင် အစွန်းတွေပြောင်လောက်ပါပြီ။
၃။ ခရမ်းချဉ်သီးဆော့စ် ကြောင့်ဖြစ်တဲ့ အစွန်းအထင်း

ခရမ်းချဉ်သီးဆော့စ်ကြောင့်ဖြစ်တဲ့ အစွန်းအထင်းတွေကို ဖယ်ရှားဖို့ အစွန်းအထင်းပေနေတဲ့အဝတ်အစားကို ရှာလကာရည်ထဲ ထည့်စိမ်လိုက်ပါ။ ဒါမှမဟုတ် ပေနေတဲ့နေရာကို ရှာလကာရည်နဲ့ ပွတ်ပေးလိုက်ပါ။ အဲဒီအတိုင်း တစ်နာရီလောက်ထားပြီး ပုံမှန်အတိုင်းပြန်လျှော်ဖွတ်ပေးလိုက်ရင် ရပါပြီ။
၄။ ကော်ဖီတို့၊ လက်ဖက်ရည်တို့ကြောင့်ဖြစ်တဲ့ အစွန်းအထင်း

ကော်ဖီတို့၊ လက်ဖက်ရည်တို့ကြောင့်ဖြစ်တဲ့ အစွန်းအထင်းကို ဖယ်ရှားဖို့ဆိုရင်တော့ ပြောင်းဖူးမှုန့်နဲ့ ရှာလကာရည်အကြည်ကို ရောပြီး အနှစ်လေးဖြစ်အောင်လုပ်ပါ။ ပြီးရင် အဲဒီအနှစ်ကို ပေနေတဲ့နေရာပေါ်မှာ လိမ်းပြီး ခဏလောက်အခြောက်လှမ်းထားပေးလိုက်ပါ။ ခြောက်သွားပြီဆိုမှ ဓားလေးနဲ့ အသာလေးပြန်ကော်ထုတ်ပြီး ပုံမှန်အတိုင်းပြန်ဆေးပေးလိုက်ပါ။
၅။ ပီကေကြောင့်ဖြစ်တဲ့ အစွန်းအထင်း

အင်္ကျ ီမှာ ပီကေ (chewing gum) လာကပ်နေရင် တော်တော်အာရုံနောက်ရပါတယ်။ ဖြေရှင်းနည်းကိုမသိခင်ကတော့ အမျှင်တန်းလန်းကြီးကိုဆွဲခွာ၊ လက်နဲ့လာကပ်နဲ့... တော်တော်အာရုံနောက်ရပါတယ်။ အမှန်တော့ လွယ်လွယ်လေးပါ။ ပီကေကပ်နေတဲ့ အဝတ်အစားကို ရေခဲသေတ္တာအအေးခန်းထဲ တစ်ညလောက်ထည့်ထားလိုက်ပါ။ မနက်မိုးလင်Qးရင် ခဲနေတဲ့ ပီကေလေးကို ဓားနဲ့ ကော်ထုတ်ပြီး ပုံမှန်အတိုင်း ပြန်လည်လျှော်ဖွတ်ပေးနိုင်ပါပြီ။
၆။ ဆီကြောင့်ဖြစ်တဲ့ အစွန်းအထင်း

ဟင်းချက်ဆီတို့၊ ထောပတ်တို့ကြောင့်ဖြစ်တဲ့ အစွန်းအထင်းတွေဟာလည်း ဖယ်ရှားရခက်ပါတယ်။ နက်ခ်တိုင်ပေါ်မှာ ကြက်သားဟင်းဖိတ်သွားလို့ ဆီကွက်ကြီးထင်းနေတာကို တွေးကြည့်ပါ။ ဒါကိုဖယ်ရှားဖို့ကတော့ ဆီစွန်းထင်းနေတဲ့ အဝတ်အစားကို ရေနွေးပူပူထဲမှာ မိနစ် (၃၀) လောက်ကြာအောင် စိမ်ထားလိုက်ပါ။ ပြီးရင်တော့ ဆပ်ပြာမှုန့်ထည့်ပြီး သွားပွတ်တံလေးတစ်ချောင်းနဲ့ ပွတ်ပေးလိုက်ပါ။ ပြီးရင် ရေနွေးပူထဲမှာ ခဏပြန်စိမ်ထားပြီး ပုံမှန်အတိုင်းပဲ လျှော်ဖွတ်ပေးလိုက်ပါ။

Source: theindianspot

ဖိုးသူတော် (www.phothutaw.com)
Credit: Duuwn
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top