ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဝက္ျခံမေပါက္ဖူးတဲ႔သူဆိုတာ ေတာ္ေတာ္ရွားပါလိမ္႔မယ္။ ေသြးျဖဴဥဆဲလ္ေတြ ပံုမမွန္ျခင္းေၾကာင္႔ျဖစ္ပြားတဲ႔၊ အေရျပားေရာင္ရမ္းတဲ႔ ဒီအေရျပားေရာဂါဟာ မ်က္ႏွာေပၚကအေရျပားေမြးညင္းေပါက္ေတြကို အဆီပိုေတြ၊ အေရျပား ဆဲလ္ေသေတြ၊ ဘက္တီးရီးယားေတြ၊ အညစ္အေၾကးေတြနဲ႔ ပိတ္ဆို႔ရာကေန ျဖစ္ပြားတာျဖစ္ပါတယ္။

ဝက္ျခံေပါက္ႏိုင္တဲ႔ တျခားအေၾကာင္းရင္းေတြကေတာ႔ ေဟာ္မုန္းအေျပာင္းအလဲေၾကာင္႔ျဖစ္ျခင္း၊ အစားအေသာက္ အေနအထိုင္ မဆင္ျခင္ရာကေန ျဖစ္ျခင္း၊ စိတ္ဖိစီးမႈမ်ားျပားျခင္း၊ အေရျပားသန္႕ရွင္းေရး ပံုမွန္ထိန္းသိမ္းမႈ မရွိျခင္း၊ တခ်ိဳ႕ေဆးဝါးမ်ား မွီဝဲျခင္းတို႔ေၾကာင္႔ ျဖစ္ႏိုင္ပါတယ္။ အဲဒီကေန နာက်င္မႈေဝဒနာေပးၿပီး ၾကည္႔ရလည္းဆိုးတဲ႔ဘုႀကီးေတြ မ်က္ႏွာအေရျပားေပၚမွာ ထြက္ေပၚလာရၿပီး မိမိကိုယ္ကိုယ္ ယံုၾကည္မႈကို က်ဆင္းေစပါတယ္။

လူတန္းစားမေရြး၊ အသက္အရြယ္မေရြး ဝက္ ျခံ ေပါက္ႏိုင္ၿပီး အမ်ားစုကေတာ႔ ဓာတုေဆးဝါးေတြနဲ႔ ဝက္ျခံကိုကုသဖို႔ ဆံုးျဖတ္ၾကပါတယ္။ အဲဒီကေန အေရျပားကိုထိခိုက္ေစႏိုင္ၿပီး ေဘးထြက္ဆိုးက်ိဳးေတြကိုလည္း ျဖစ္ေစပါတယ္။ အေကာင္းဆံုးကေတာ႔ ဝက္ျခံကိုကုသဖို႔အတြက္ သဘာဝေဆးၿမီးတိုေတြကို ေရြးခ်ယ္တာပါပဲ။

Essential Oil (ေပါင္းခံဆီ) ေတြဟာ ဝက္ျခံကိုကုသရာမွာ ျပႆနာရဲ႕အရင္းအျမစ္ထိ ကိုင္္တြယ္ေျဖရွင္းႏိုင္တဲ႔အရာေတြျဖစ္ၿပီး ဝက္ျခံေၾကာင္႔ စိတ္ေသာကေရာက္ရျခင္းေဘးမွ ကင္းေဝးေစမွာပါ။ ဝက္ျခံကုသရာမွာ က်ယ္က်ယ္ျပန္႔ျပန္႔သံုးၾကတဲ႔ essential oil ေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
၁။ လက္ဖက္ပင္ essential oil (Tea tree essential oil)

လက္ဖက္ပင္ဆီဟာ သူ႔ရဲ႕အဏုဇီဝပိုးမႊားေလးေတြကို တိုက္ဖ်က္ႏိုင္တဲ႔အစြမ္းနဲ႔ ေသြးျဖဴဥဆဲလ္ေတြ မူမမွန္ျဖစ္ျခင္းကို တိုက္ဖ်က္ႏိုင္တဲ႔အစြမ္းေတြကိုသံုးၿပီး ဝက္ျခံေတြကို တိုက္ခိုက္ေခ်မႈန္းႏိုင္ပါတယ္။ သူ႕မွာ terpinen-4-ol လို႔ေခၚတဲ႔ ျဒပ္ေပါင္းတစ္မ်ိဳးလည္းပါဝင္ၿပီီး အေရျပားေပၚက ဝက္ျခံျဖစ္ေစတဲ႔ ဘက္တီးရီးယားေတြကိုတိုက္ခိုက္ႏိုင္ပါတယ္။ ေလ႔လာမႈေတြအရလည္း လက္ဖက္ပင္ဆီက ဝက္ျခံကုသရာမွာ တကယ္အစြမ္းထက္္တယ္လို႔ ဆိုၾကပါတယ္။

ျပဳလုပ္နည္းကေတာ႔ ဝါဂြမ္းလံုးေလးတစ္လံုးကိုယူၿပီး လက္ဖက္ပင္ဆီ (၂) စက္၊ (၃) စက္ေလာက္ေလာင္းထည္႔လိုက္ပါ။ ၿပီးရင္ဝက္ျခံေပါက္ေနတဲ႔ေနရာကို တိုက္ရိုက္ပဲလိမ္းေပးလိုက္ပါ။ မိနစ္အနည္းငယ္ ၾကာေအာင္ထားၿပီးမွ ေရနဲ႔ျပန္ေဆးခ်ေပးလိုက္ပါ။ သတိျပဳမိရမွာတစ္ခုကေတာ႔ sensitive skin (ထိခိုက္လြယ္တဲ႔အေရျပားပိုင္ရွင္ေတြ) ဆိုရင္ေတာ႔ လက္ဖက္ပင္ဆီကို တျခားဆီတစ္မ်ိဳးမ်ိဳးနဲ႔ ေရာၿပီးမွ လိမ္းေပးႏိုင္ပါတယ္။
၂။ လာဗင္ဒါဆီ (Lavender Essential Oil)

 လာဗင္ဒါဆီမွာလည္း အဏုဇီဝပိုးမႊားေတြကိုတိုက္ဖ်က္ႏိုင္္တဲ႔ဂုဏ္သတၱိ၊ နာက်င္ျခင္းကိုသက္သာေစတဲ႔ဂုဏ္သတၱိနဲ႔ antioxidant ေတြ ပါဝင္ေနတဲ႔အတြက္ ဝက္ျခံကိုျဖစ္ေစတဲ႔ ဘက္တီးရီးယားေတြနဲ႔ ဝက္ျခံေၾကာင္႔ျဖစ္တဲ႔ အေရျပားေပၚကအမာရြတ္ေတြကို ျပန္လည္သန္႔စင္ ကုသေပးႏိုင္ပါတယ္။ ေနာက္္တစ္ခုက လာဗင္ဒါဆီဟာ စိတ္ဖိစီးမႈနဲ႔ စိတ္ေသာကကို ေျပေလ်ာ႔ေစတဲ႔ေနရာမွာ နာမည္ႀကီးပါတယ္။ ဒါေၾကာင္႔ ပိုမိုေကာင္းမြန္စြာအိပ္စက္ႏိုင္ၿပီး က်န္းမာေပ်ာ္ရႊင္တဲ႔အေရျပားေလးကို ပိုင္ဆိုင္ႏိုင္ဖို႔ အေထာက္အကူျပဳႏိုင္ပါတယ္။

ျပဳလုပ္နည္းကေတာ႔ လာဗင္ဒါဆီကို နားၾကပ္တံထိပ္က ဂြမ္းစေလးမွာတင္ၿပီး ဝက္ျခံကိုတို႔ေပးပါ။ အေကာင္းဆံုးကေတာ႔ အိပ္ယာမဝင္ခင္ မိနစ္အနည္းငယ္အလိုမွာ လိမ္းေပးတာပါပဲ။ တစ္ညလံုးသိပ္ထား ေပးလိုက္ၿပီး မနက္လင္းမွ ေရျပန္ေဆးေပးလိုက္ပါ။ ေနာက္ၿပီး အဲဒီအတိုင္း တစ္ရက္ကို တစ္ႀကိမ္ (သို႔) ႏွစ္ႀကိမ္လုပ္ေပးပါ။

ေနာက္တစ္ခုကေတာ႔ လာဗင္ဒါဆီ (၇) စက္ေလာက္ကို လက္ေကာက္ဝတ္၊ နားထင္နဲ႔ ဂုတ္ပိုးနားမွာ လိမ္းေပးျခင္းက စိတ္ဖိစီးမႈကိုေျပေလ်ာ႔ေစၿပီး ဝက္ျခံေပ်ာက္ေစဖို႔ ခႏၶာကိုယ္ထဲကေဟာ္မုန္းေတြကိုလည္း လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။

Source: DIYremedies

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#
ဝက်ခြံမပေါက်ဖူးတဲ့သူဆိုတာ တော်တော်ရှားပါလိမ့်မယ်။ သွေးဖြူဥဆဲလ်တွေ ပုံမမှန်ခြင်းကြောင့်ဖြစ်ပွားတဲ့၊ အရေပြားရောင်ရမ်းတဲ့ ဒီအရေပြားရောဂါဟာ မျက်နှာပေါ်ကအရေပြားမွေးညင်းပေါက်တွေကို အဆီပိုတွေ၊ အရေပြား ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေ၊ အညစ်အကြေးတွေနဲ့ ပိတ်ဆို့ရာကနေ ဖြစ်ပွားတာဖြစ်ပါတယ်။

ဝက်ခြံပေါက်နိုင်တဲ့ တခြားအကြောင်းရင်းတွေကတော့ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ခြင်း၊ အစားအသောက် အနေအထိုင် မဆင်ခြင်ရာကနေ ဖြစ်ခြင်း၊ စိတ်ဖိစီးမှုများပြားခြင်း၊ အရေပြားသန့်ရှင်းရေး ပုံမှန်ထိန်းသိမ်းမှု မရှိခြင်း၊ တချို့ဆေးဝါးများ မှီဝဲခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီကနေ နာကျင်မှုဝေဒနာပေးပြီး ကြည့်ရလည်းဆိုးတဲ့ဘုကြီးတွေ မျက်နှာအရေပြားပေါ်မှာ ထွက်ပေါ်လာရပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုကို ကျဆင်းစေပါတယ်။

လူတန်းစားမရွေး၊ အသက်အရွယ်မရွေး ဝက်ခြံပေါက်နိုင်ပြီး အများစုကတော့ ဓာတုဆေးဝါးတွေနဲ့ ဝက်ခြံကိုကုသဖို့ ဆုံးဖြတ်ကြပါတယ်။ အဲဒီကနေ အရေပြားကိုထိခိုက်စေနိုင်ပြီး ဘေးထွက်ဆိုးကျိုးတွေကိုလည်း ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ ဝက်ခြံကိုကုသဖို့အတွက် သဘာဝဆေးမြီးတိုတွေကို ရွေးချယ်တာပါပဲ။

Essential Oil (ပေါင်းခံဆီ) တွေဟာ ဝက်ခြံကိုကုသရာမှာ ပြဿနာရဲ့အရင်းအမြစ်ထိ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့အရာတွေဖြစ်ပြီး ဝက်ခြံကြောင့် စိတ်သောကရောက်ရခြင်းဘေးမှ ကင်းဝေးစေမှာပါ။ ဝက်ခြံကုသရာမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးကြတဲ့ essential oil တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ လက်ဖက်ပင် essential oil (Tea tree essential oil)

လက်ဖက်ပင်ဆီဟာ သူ့ရဲ့အဏုဇီဝပိုးမွှားလေးတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းနဲ့ သွေးဖြူဥဆဲလ်တွေ မူမမှန်ဖြစ်ခြင်းကို တိုက်ဖျက်နိုင်တဲ့အစွမ်းတွေကိုသုံးပြီး ဝက်ခြံတွေကို တိုက်ခိုက်ချေမှုန်းနိုင်ပါတယ်။ သူ့မှာ terpinen-4-ol လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးလည်းပါဝင်ပြီး အရေပြားပေါ်က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုတိုက်ခိုက်နိုင်ပါတယ်။ လေ့လာမှုတွေအရလည်း လက်ဖက်ပင်ဆီက ဝက်ခြံကုသရာမှာ တကယ်အစွမ်းထက်တယ်လို့ ဆိုကြပါတယ်။

ပြုလုပ်နည်းကတော့ ဝါဂွမ်းလုံးလေးတစ်လုံးကိုယူပြီး လက်ဖက်ပင်ဆီ (၂) စက်၊ (၃) စက်လောက်လောင်းထည့်လိုက်ပါ။ ပြီးရင်ဝက်ခြံပေါက်နေတဲ့နေရာကို တိုက်ရိုက်ပဲလိမ်းပေးလိုက်ပါ။ မိနစ်အနည်းငယ် ကြာအောင်ထားပြီးမှ ရေနဲ့ပြန်ဆေးချပေးလိုက်ပါ။ သတိပြုမိရမှာတစ်ခုကတော့ sensitive skin (ထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်တွေ) ဆိုရင်တော့ လက်ဖက်ပင်ဆီကို တခြားဆီတစ်မျိုးမျိုးနဲ့ ရောပြီးမှ လိမ်းပေးနိုင်ပါတယ်။
၂။ လာဗင်ဒါဆီ (Lavender Essential Oil)

 လာဗင်ဒါဆီမှာလည်း အဏုဇီဝပိုးမွှားတွေကိုတိုက်ဖျက်နိုင်တဲ့ဂုဏ်သတ္တိ၊ နာကျင်ခြင်းကိုသက်သာစေတဲ့ဂုဏ်သတ္တိနဲ့ antioxidant တွေ ပါဝင်နေတဲ့အတွက် ဝက်ခြံကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အရေပြားပေါ်ကအမာရွတ်တွေကို ပြန်လည်သန့်စင် ကုသပေးနိုင်ပါတယ်။ နောက်တစ်ခုက လာဗင်ဒါဆီဟာ စိတ်ဖိစီးမှုနဲ့ စိတ်သောကကို ပြေလျော့စေတဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်စွာအိပ်စက်နိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့အရေပြားလေးကို ပိုင်ဆိုင်နိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။

ပြုလုပ်နည်းကတော့ လာဗင်ဒါဆီကို နားကြပ်တံထိပ်က ဂွမ်းစလေးမှာတင်ပြီး ဝက်ခြံကိုတို့ပေးပါ။ အကောင်းဆုံးကတော့ အိပ်ယာမဝင်ခင် မိနစ်အနည်းငယ်အလိုမှာ လိမ်းပေးတာပါပဲ။ တစ်ညလုံးသိပ်ထား ပေးလိုက်ပြီး မနက်လင်းမှ ရေပြန်ဆေးပေးလိုက်ပါ။ နောက်ပြီး အဲဒီအတိုင်း တစ်ရက်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်လုပ်ပေးပါ။

နောက်တစ်ခုကတော့ လာဗင်ဒါဆီ (၇) စက်လောက်ကို လက်ကောက်ဝတ်၊ နားထင်နဲ့ ဂုတ်ပိုးနားမှာ လိမ်းပေးခြင်းက စိတ်ဖိစီးမှုကိုပြေလျော့စေပြီး ဝက်ခြံပျောက်စေဖို့ ခန္ဓာကိုယ်ထဲကဟော်မုန်းတွေကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်။

Source: DIYremedies


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top