ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

က်ေနာ္ လူပ်ိဳေပါက္အရြယ္ေလာက္ကေပါ့။အေဖက ရဲသားဆိုေတာ့ တာဝန္နဲ႔ ဘားအံဘက္ကို ေျပာင္းရတယ္။ျမိဳ႕ေပၚေတာ့ မဟုတ္ပါဘူး နယ္ဘက္ပါ။အေဖတာဝန္က်တဲ႔ ေနရာ စေရာက္ေတာ့ ရဲလိုင္းခန္း က်ဥ္းက်ဥ္းေလးမွာ မိသားစု ငါးေယာက္စုေနရတယ္။အေဖရယ္ အေမရယ္ အကိုရယ္ က်ေနာ္နဲ႔ ညီမေလးေပါ့။အခန္းကက်ဥ္းေတာ့ မိသားစုေတြေနလို႔ အဆင္မေျပတာနဲ႔ အေဖက ရွိတဲ႔ ပိုက္ဆံေလးစုျပီး အိမ္နဲ႔ျခံေလး တအိမ္ဝယ္လိုက္တယ္။
အိမ္ေလးက သိပ္မၾကီးေပမယ့္ ျခံဝန္းေလးနဲ႔ ဆိုေတာ့ ေနရတာ လိုင္းခန္းထက္စာရင္ေတာ့ လြတ္လြတ္လပ္လပ္ရွိမယ္လို႔ ထင္မိလို႔ ဝယ္လိုက္က်တာပါ။

အိမ္သစ္ကိုေျပာင္းရေတာ့မယ္ ဆိုေတာ့ က်ေနာ္တို႔ ေမာင္နွမေတြေပ်ာ္ေနက်တာေပါ့။
ဒါနဲ႔ပဲ အဲဒီအိမ္ကိုေျပာင္းျဖစ္က်ေရာ ဆိုပါေတာ့။

စေျပာင္းတဲ႔ ေန႔ကစျပီး ညီမေလးက ညညဆို ထထ ငိုတယ္။ငိုတာမွ မ်က္လံုးၾကီးျပဴးျပီး ေၾကာက္စရာ သတၱဝါ တေကာင္ေကာင္ကို ျမင္ေနရလို႔ ေၾကာက္ျပီးငိုတဲ႔ ပံုစံမ်ိဳးပါ။အေဖကလည္း ညပိုင္း ဂ်ဴတီက်ေတာ့ အိမ္မွာ မရွိဘူးေလ။

ေနာက္တခုက အေဖအလုပ္မအားတာနဲ႔ အဲဒီအိမ္ကိုေျပာင္းတာ အိမ္တက္မလုပ္ရေသးဘူး။ပထမေတာ့ အေမက ကေလးငိုတာ ရိုးရိုးတန္းတန္းပဲ ငိုတာမွတ္လို႔ ေခ်ာ့တယ္။ဘယ္လိုမွ ေခ်ာ့လို႔မရဘူး။ငိုတာေမာသြားျပီးမွ အိပ္ေပ်ာ္ေပ်ာ္သြားတယ္။က်ေနာ္တို႔လည္း သူငိုေနတာနဲ႔ ဘယ္လိုမွ အိပ္လို႔ကိုမရဘူးျဖစ္ေနတယ္။

ေနာက္ညေတြမွာလည္း ညီမေလးက ပထမညလိုပဲ ငိုငိုေနေတာ့ အေမလည္း နည္းနည္းရိပ္မိလာတယ္။အေဖျပန္လာေတာ့ ေျပာျပေတာ့ အေဖက မင္းစိတ္ထင္တာေနမွာပါကြာ လို႔ေျပာတယ္။အေမက အိမ္တက္ျမန္ျမန္လုပ္ခ်င္တဲ႔ အေၾကာင္းေျပာေတာ့ ''ေအးပါကြာ ငါအားတာနဲ႔ လုပ္ပါ့မယ္ ''တဲ႔။

အေမကလည္း ေၾကာက္တတ္ သားေတြကလည္း ေၾကာက္တတ္ေတာ့ ညညဆို စုျပီးအိပ္က်တာေပါ့။ဒါေပမယ့္ ညတိုင္း အငယ္မေလးက ငိုေနေတာ့ အိပ္ေရးေတြပ်က္လာတဲ႔ ရက္ေတြဆက္လာေတာ့ က်ေနာ္လည္း သီးမခံနိုင္ေတာ့ဘူး။ေဒါသကလည္း ေတာ္ေတာ္ထြက္လာတယ္။

ဒါနဲ႔ပဲ တညေရာက္ေတာ့ အငယ္မက ထလည္း ငိုေရာ က်ေနာ့္ ေဒါသက ေၾကာက္စိတ္ကို ေက်ာ္သြားျပီး ထေပါက္ကြဲေတာ့တာပဲ။
''ဘယ္အေကာင္လည္းကြ ကေလးကို လန္႔ေအာင္ လာလာလုပ္ေနတာ သတိၱရွိရင္ထြက္ခဲ႔ ရိုက္သတ္ပစ္မယ္'' လို႔ အက်ယ္ၾကီး ထေအာ္ပစ္လိုက္တယ္။''သတၱိရွိရင္လာေလ လူေကာသရဲေကာ နားမလည္ဘူး အကုန္ရိုက္သတ္ပစ္မယ္ ဘာမွတ္လည္း''လို႔ ေအာ္ေျပာလိုက္ေတာ့ အငယ္မေလးအငိုတိတ္သြားတယ္။

အဲဒီညက စျပီး ေနာက္ရက္ေတြဆို ညီမေလးမငိုေတာ့ပါဘူး။ေနာက္မွ သိလိုက္တာက အဲဒီအိမ္ကို မဝယ္ခင္က အဲဒီအိမ္ရွင္ အဖြားၾကီးဆံုးသြားတာ မၾကာေသးဘူးတဲ႔။သားသမီးေတြက အေမြခြဲခ်င္လို႔ ရတဲ႔ ေစ်းနဲ႔ ေရာင္းလိုက္တာတဲ႔ေလ။

အမွန္က ေဒါသထြက္ျပီး ရိုက္သတ္မယ္ ဘယ္မယ္ေျပာလိုက္မိတာ။ေဒါသလည္း ေျပသြားေရာ က်ေနာ္႔မွာ ေၾကာက္လြန္းလို႔ အေမ့နား ကပ္ျပီး အိပ္ရတယ္။ဘုရားစာေတြ ရြတ္လိုက္ရတာလည္း အေမာပဲ။က်ေနာ္ကို ဘာမွ လာမလုပ္လို႔ ေတာ္ေသးတယ္။သရဲလည္း က်ေနာ္ ေဒါသထြက္ျပီးဟေဟာက္လိုက္တာကို လန္႔သြားတယ္နဲ႔ တူပါတယ္။ေနာက္ပိုင္း အိမ္တက္လုပ္ျပီး အမွ်အတန္းေဝလိုက္ေတာ့ ကြ်တ္သြားတယ္ ထင္တယ္ ေနာက္ပိုင္းဘာမွ ထပ္မျဖစ္ေတာ့ပါဘူး။ ျပီးပါျပီ။

မွတ္ခ်က္။ ။ကေလးေတြက မေကာင္းဆိုးဝါးကို ျမင္နိုင္က်တယ္ ကေလးငယ္ေတြကို ညၾကီးအခ်ိန္မေတာ္ အျပင္ဘက္ အေမွာင္ေတြ ေခၚမသြားရဘူးဆိုတဲ႔ လူၾကီးေတြေျပာတာ ၾကားဘူးပါတယ္။ေနာက္တခုက ျမန္မာေတြရဲ႕ အယူအဆအရ အိမ္သစ္ကိုေျပာင္းရင္ အိမ္တက္လုပ္ရပါတယ္။လူမေနတာ ၾကာရင္ သရဲရွိတတ္တယ္လို႔လဲ ၾကားဘူးပါတယ္။အခုဇာတ္လမ္းဟာ လူၾကီးတဲ႔ ေျပာခဲ႔တာေတြနဲ႔ တထပ္တည္းတိုက္ဆိုင္ေနပါတယ္။

ဒီဇာတ္လမ္းက စာေရးသူကို ညီငယ္တေယာက္ေျပာျပတဲ႔ ျဖစ္ရပ္မွန္ပါ။

အားလံုးကို ေက်းဇူးတင္ပါတယ္။
~~~~~~~~~~~~~~~~~~~~~~~~~
ျပီးပါျပီ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မရဏ ဖြား…akm

#Unicode Version#
ကျနော် လူပျိုပေါက်အရွယ်လောက်ကပေါ့။အဖေက ရဲသားဆိုတော့ တာဝန်နဲ့ ဘားအံဘက်ကို ပြောင်းရတယ်။မြို့ပေါ်တော့ မဟုတ်ပါဘူး နယ်ဘက်ပါ။အဖေတာဝန်ကျတဲ့ နေရာ စရောက်တော့ ရဲလိုင်းခန်း ကျဉ်းကျဉ်းလေးမှာ မိသားစု ငါးယောက်စုနေရတယ်။အဖေရယ် အမေရယ် အကိုရယ် ကျနော်နဲ့ ညီမလေးပေါ့။အခန်းကကျဉ်းတော့ မိသားစုတွေနေလို့ အဆင်မပြေတာနဲ့ အဖေက ရှိတဲ့ ပိုက်ဆံလေးစုပြီး အိမ်နဲ့ခြံလေး တအိမ်ဝယ်လိုက်တယ်။
အိမ်လေးက သိပ်မကြီးပေမယ့် ခြံဝန်းလေးနဲ့ ဆိုတော့ နေရတာ လိုင်းခန်းထက်စာရင်တော့ လွတ်လွတ်လပ်လပ်ရှိမယ်လို့ ထင်မိလို့ ဝယ်လိုက်ကျတာပါ။

အိမ်သစ်ကိုပြောင်းရတော့မယ် ဆိုတော့ ကျနော်တို့ မောင်နှမတွေပျော်နေကျတာပေါ့။
ဒါနဲ့ပဲ အဲဒီအိမ်ကိုပြောင်းဖြစ်ကျရော ဆိုပါတော့။

စပြောင်းတဲ့ နေ့ကစပြီး ညီမလေးက ညညဆို ထထ ငိုတယ်။ငိုတာမှ မျက်လုံးကြီးပြူးပြီး ကြောက်စရာ သတ္တဝါ တကောင်ကောင်ကို မြင်နေရလို့ ကြောက်ပြီးငိုတဲ့ ပုံစံမျိုးပါ။အဖေကလည်း ညပိုင်း ဂျူတီကျတော့ အိမ်မှာ မရှိဘူးလေ။

နောက်တခုက အဖေအလုပ်မအားတာနဲ့ အဲဒီအိမ်ကိုပြောင်းတာ အိမ်တက်မလုပ်ရသေးဘူး။ပထမတော့ အမေက ကလေးငိုတာ ရိုးရိုးတန်းတန်းပဲ ငိုတာမှတ်လို့ ချော့တယ်။ဘယ်လိုမှ ချော့လို့မရဘူး။ငိုတာမောသွားပြီးမှ အိပ်ပျော်ပျော်သွားတယ်။ကျနော်တို့လည်း သူငိုနေတာနဲ့ ဘယ်လိုမှ အိပ်လို့ကိုမရဘူးဖြစ်နေတယ်။

နောက်ညတွေမှာလည်း ညီမလေးက ပထမညလိုပဲ ငိုငိုနေတော့ အမေလည်း နည်းနည်းရိပ်မိလာတယ်။အဖေပြန်လာတော့ ပြောပြတော့ အဖေက မင်းစိတ်ထင်တာနေမှာပါကွာ လို့ပြောတယ်။အမေက အိမ်တက်မြန်မြန်လုပ်ချင်တဲ့ အကြောင်းပြောတော့ ''အေးပါကွာ ငါအားတာနဲ့ လုပ်ပါ့မယ် ''တဲ့။

အမေကလည်း ကြောက်တတ် သားတွေကလည်း ကြောက်တတ်တော့ ညညဆို စုပြီးအိပ်ကျတာပေါ့။ဒါပေမယ့် ညတိုင်း အငယ်မလေးက ငိုနေတော့ အိပ်ရေးတွေပျက်လာတဲ့ ရက်တွေဆက်လာတော့ ကျနော်လည်း သီးမခံနိုင်တော့ဘူး။ဒေါသကလည်း တော်တော်ထွက်လာတယ်။

ဒါနဲ့ပဲ တညရောက်တော့ အငယ်မက ထလည်း ငိုရော ကျနော့် ဒေါသက ကြောက်စိတ်ကို ကျော်သွားပြီး ထပေါက်ကွဲတော့တာပဲ။
''ဘယ်အကောင်လည်းကွ ကလေးကို လန့်အောင် လာလာလုပ်နေတာ သတ္တိရှိရင်ထွက်ခဲ့ ရိုက်သတ်ပစ်မယ်'' လို့ အကျယ်ကြီး ထအော်ပစ်လိုက်တယ်။''သတ္တိရှိရင်လာလေ လူကောသရဲကော နားမလည်ဘူး အကုန်ရိုက်သတ်ပစ်မယ် ဘာမှတ်လည်း''လို့ အော်ပြောလိုက်တော့ အငယ်မလေးအငိုတိတ်သွားတယ်။

အဲဒီညက စပြီး နောက်ရက်တွေဆို ညီမလေးမငိုတော့ပါဘူး။နောက်မှ သိလိုက်တာက အဲဒီအိမ်ကို မဝယ်ခင်က အဲဒီအိမ်ရှင် အဖွားကြီးဆုံးသွားတာ မကြာသေးဘူးတဲ့။သားသမီးတွေက အမွေခွဲချင်လို့ ရတဲ့ ဈေးနဲ့ ရောင်းလိုက်တာတဲ့လေ။

အမှန်က ဒေါသထွက်ပြီး ရိုက်သတ်မယ် ဘယ်မယ်ပြောလိုက်မိတာ။ဒေါသလည်း ပြေသွားရော ကျနော့်မှာ ကြောက်လွန်းလို့ အမေ့နား ကပ်ပြီး အိပ်ရတယ်။ဘုရားစာတွေ ရွတ်လိုက်ရတာလည်း အမောပဲ။ကျနော်ကို ဘာမှ လာမလုပ်လို့ တော်သေးတယ်။သရဲလည်း ကျနော် ဒေါသထွက်ပြီးဟဟောက်လိုက်တာကို လန့်သွားတယ်နဲ့ တူပါတယ်။နောက်ပိုင်း အိမ်တက်လုပ်ပြီး အမျှအတန်းဝေလိုက်တော့ ကျွတ်သွားတယ် ထင်တယ် နောက်ပိုင်းဘာမှ ထပ်မဖြစ်တော့ပါဘူး။ ပြီးပါပြီ။

မှတ်ချက်။ ။ကလေးတွေက မကောင်းဆိုးဝါးကို မြင်နိုင်ကျတယ် ကလေးငယ်တွေကို ညကြီးအချိန်မတော် အပြင်ဘက် အမှောင်တွေ ခေါ်မသွားရဘူးဆိုတဲ့ လူကြီးတွေပြောတာ ကြားဘူးပါတယ်။နောက်တခုက မြန်မာတွေရဲ့ အယူအဆအရ အိမ်သစ်ကိုပြောင်းရင် အိမ်တက်လုပ်ရပါတယ်။လူမနေတာ ကြာရင် သရဲရှိတတ်တယ်လို့လဲ ကြားဘူးပါတယ်။အခုဇာတ်လမ်းဟာ လူကြီးတဲ့ ပြောခဲ့တာတွေနဲ့ တထပ်တည်းတိုက်ဆိုင်နေပါတယ်။

ဒီဇာတ်လမ်းက စာရေးသူကို ညီငယ်တယောက်ပြောပြတဲ့ ဖြစ်ရပ်မှန်ပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~
ပြီးပါပြီ…

ဖိုးသူတော် (www.phothutaw.com)
Credit: မရဏ ဖွား…akm
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top