ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ခြင့္ျပဳခ်က္မရွိေဆာက္လုပ္ထား သည္ဆုိသည့္ အေဆာက္အအုံကုိ ယမန္ေန႔ညက ယႏၲရားသုံး၍ ၿဖိဳဖ်က္ေနစဥ္ (ဓာတ္ပုံ−မ်ဳိးကုိကုိ)
ေက်ာက္ပန္းေတာင္းၿမိဳ႕ သာယာေအး   ရပ္ကြက္တြင္ ေဆာက္လုပ္ထားသည့္ ႏွစ္ထပ္ အလံုပိတ္အေဆာက္အအံုကုိ ဗလီျပဳလုပ္ရန္ဟု သံသယရွိသ ျဖင့္ ေဒသခံမ်ားက ဖ်က္ဆီးရန္ လူစုလူေ၀းျဖင့္ ေတာင္းဆုိမႈ ေၾကာင့္ အာဏာပိုင္မ်ားက အခ်က္ႏွစ္ခ်က္ကို အေျခခံ၍ ယမန္ေန႔ ညက ၿဖိဳဖ်က္ခဲ့ေၾကာင္း ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအးခုိင္က ေျပာသည္။

‘‘ဗလီဆုိၿပီးေတာ့ လူေတြက ႐ုတ္႐ုတ္သဲသဲနဲ႔ တစ္ရာ၊ ႏွစ္ရာ၊ သံုးရာကေန ေထာင္ခ်ီရွိလာတာ ေပါ့။ အဲဒီအိမ္ကို တာ၀န္ရွိသူေတြ စစ္ေဆးလိုက္တဲ့အခ်ိန္မွာ အဲဒီ အိမ္က စည္ပင္သာယာခြင့္ျပဳခ်က္ ရထားတာမဟုတ္ဘူး။ အဲဒီေတာ့ အိမ္ႀကီးကလည္း အလံုႀကီးျဖစ္ ေနတာေပါ့။ အဲဒါ ဗလီျဖစ္တယ္ ဆုိၿပီး လူေတြမ်ားလာၿပီး ဖ်က္ခိုင္း တယ္။ နံပါတ္(၁)ကေတာ့ စည္ ပင္ဥပေဒအရ ၿငိစြန္းတဲ့အတြက္ ဖ်က္တာ။ နံပါတ္ (၂)ကေတာ့ ဆူပူအံုႂကြမႈေတြျဖစ္မွာ ေၾကာက္လို႔ဖ်က္တာေပါ့။ လူေတြကလည္း အမ်ားႀကီးပဲ။ ထိန္းလို႔လည္း မရဘူး။ အခုထိလည္း မျပန္ေသးဘူး ရွိတယ္။ အသံေတြၾကားေနတာ ဖ်က္ေနတဲ့အသံေတြပဲ။ စစ္ေဆး ခ်က္အရ ဘာမွေတာ့ ထူးထူးေထြ ေထြမေတြ႕ရဘူး။ ဘာေျပာမလဲ ဆုိေတာ့ အိမ္ႀကီးက အလံုျဖစ္တဲ့ သေဘာျဖစ္တာေပါ့။ ရဲတပ္ဖဲြ႕က ခ႐ုိင္ေရာ၊ ၿမိဳ႕နယ္ရဲမွဴးေတြေရာ အကုန္ ေရာက္ေနပါတယ္။ ေရာက္ၿပီး ဖ်က္တာကို အကုန္ ေစာင့္ၾကည့္ၿပီး ျပည္သူလူထုမပါ ၀င္ေအာင္လို႔ ထိန္းသိမ္းထားပါ တယ္ဗ်။ ဖ်က္တာကေတာ့ ဒီမွာ ရွိတဲ့ တာ၀န္ရွိသူအားလံုးက ဆံုး ျဖတ္ၿပီးေတာ့ ဘက္ဟိုးနဲ႔ဖ်က္ေန တာပါ’’ဟု ဦးေအးခုိင္က ဇူလိုင္ ၂၇ ရက္ ည ၉ နာရီခန္႔က ေျပာ ၾကားသည္။

ႏွစ္ထပ္ အလံုပိတ္အ ေဆာက္အအံုကုိ ဗလီျပဳလုပ္ရန္ ေဆာက္လုပ္ထားသည္ဆိုကာ ၿမိဳ႕ေဒသခံ ေထာင္ဂဏန္းက ဖ်က္သိမ္းေပးရန္ ဇူလိုင္ ၂၇ ရက္ ညေနတြင္ ေတာင္းဆုိခဲ့သည္။

ဖ်က္ဆီးခံရသည့္ အ ေဆာက္အအုံသည္ စည္ပင္သာ ယာ၏ခြင့္ျပဳခ်က္ ရယူထားျခင္း မရွိသည့္အျပင္ အေဆာက္အအံု ႏွင့္ပတ္သက္ၿပီး တာ၀န္ခံမည့္ တာ၀န္ရွိသူ ရွိမေနသည့္ အေျခ အေနတြင္ ျပႆနာမ်ား မက်ယ္ ျပန္႔ေစေရး အဆိုပါ အေဆာက္ အအံုကိုၿဖိဳရန္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ ေရးပုိင္းက ဆံုးျဖတ္ခဲ့ေၾကာင္း ေက်ာက္ပန္းေတာင္းၿမိဳ႕ခံ အမ်ိဳး သားအခ်ိဳ႕က ေျပာသည္။

အေဆာက္အအံုကို ဇူလိုင္ ၂၇ ရက္ ည ၈ နာရီခန္႔တြင္ ဖ်က္ ဆီးခဲ့ရာ ၉ နာရီ ၁၀ မိနစ္၌ ၿပီး စီးခဲ့ေၾကာင္း ဦးေအးခုိင္က ဆုိ သည္။

အေဆာက္အအံု ျပႆနာ ေၾကာင့္ ဆူပူမႈမျဖစ္ပြားရန္ လံုၿခံဳ ေရး တိုးျမႇင့္ခ်ထားေၾကာင္း ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ရဲ တပ္ဖဲြ႕မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ျဖစ္စဥ္ျဖစ္ပြားရာေနရာသို႔ ရဲတပ္ဖဲြ႕မွ တာ၀န္ရွိသူမ်ား သြား ေရာက္ေနေၾကာင္း ေက်ာက္ပန္း ေတာင္းၿမိဳ႕မရဲစခန္းမွ တာ၀န္က် ရဲတပ္ဖဲြ႕၀င္တစ္ဦးက ဇူလိုင္ ၂၇ ရက္ ည ၉ နာရီခန္႔က ေျပာၾကားခဲ့ ၿပီး အေသးစိတ္ေျဖၾကားႏုိင္ျခင္း မရွိဟု ဆုိသည္။

‘‘ေက်ာက္ပန္းေတာင္းအေန နဲ႔က အကဲဆတ္တဲ့ ၿမိဳ႕ျဖစ္တ့ဲအ တြက္ အေဆာက္အအံုေတြ ေဆာက္လုပ္တဲ့ေနရာမွာ စည္း မ်ဥ္းစည္းကမ္းနဲ႔ သင့္ေတာ္စြာ စည္ပင္သာယာဘက္က သင့္ ေတာ္ေအာင္ စည္းမ်ဥ္းစည္းကမ္း နဲ႔ ေဆာင္ရြက္သလို ၿမိဳ႕ခံေတြ အ ေနနဲ႔လည္း စည္းမ်ဥ္းစည္းကမ္းနဲ႔ ကိုက္ညီေအာင္ ေဆာင္ရြက္ေစ ခ်င္တယ္’’ဟု ၿမိဳ႕ခံ ကိုရဲ၀င္းေဇာ္ က ေျပာသည္။

အဆိုပါ ႏွစ္ထပ္အေဆာက္ အအံုကို ဘက္ဟိုးတစ္စီးျဖင့္ ဖ်က္ဆီးရာေနရာတြင္ ၿမိဳ႕ခံအ မ်ားအျပားက ဗလီဗလီဖ်က္ဖ်က္ ဟု ေအာ္ဟစ္ခဲ့ေၾကာင္း အ ေဆာက္အအံု ဖ်က္ဆီးေနမႈကို လူမႈကြန္ရက္၌ တိုက္႐ိုက္ထုတ္ လႊင့္ျပသသည့္ ဗီဒီယိုဖိုင္တြင္ ေတြ႕ရသည္။

‘‘အားလံုးပဲ ေမတၱာရပ္ခံပါ တယ္။ လူစုခဲြေပးပါ။ ေနာက္ ဆုတ္ေပးပါ’’ဟု တာ၀န္ရွိသူမ်ား က အေဆာက္အအံုကို ဖ်က္ဆီး ေနစဥ္ ၿမိဳ႕ခံမ်ားအား ေမတၱာရပ္ခံ ခဲ့သည္။

ဇူလိုင္ ၂၇ ရက္ ည ၁၀ နာရီ ခန္႔ကအထိ အဆုိပါအေဆာက္အ အံုဖ်က္ဆီးသည့္ေနရာတြင္ လူ ၅၀ ခန္႔ စုေ၀းေနဆဲဲျဖစ္ေၾကာင္း ႏွင့္ ရဲတပ္ဖဲြ႕က အင္အားတိုးလံုၿခံဳ ေရးေဆာင္ရြက္ေနေၾကာင္း ဦး ေအးခိုင္က ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ခွင့်ပြုချက်မရှိဆောက်လုပ်ထား သည်ဆိုသည့် အဆောက်အအုံကို ယမန်နေ့ညက ယန္တရားသုံး၍ ဖြိုဖျက်နေစဉ် (ဓာတ်ပုံ−မျိုးကိုကို)

 ကျောက်ပန်းတောင်းမြို့ သာယာအေး   ရပ်ကွက်တွင် ဆောက်လုပ်ထားသည့် နှစ်ထပ် အလုံပိတ်အဆောက်အအုံကို ဗလီပြုလုပ်ရန်ဟု သံသယရှိသ ဖြင့် ဒေသခံများက ဖျက်ဆီးရန် လူစုလူဝေးဖြင့် တောင်းဆိုမှု ကြောင့် အာဏာပိုင်များက အချက်နှစ်ချက်ကို အခြေခံ၍ ယမန်နေ့ ညက ဖြိုဖျက်ခဲ့ကြောင်း ကျောက်ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြောသည်။

‘‘ဗလီဆိုပြီးတော့ လူတွေက ရုတ်ရုတ်သဲသဲနဲ့ တစ်ရာ၊ နှစ်ရာ၊ သုံးရာကနေ ထောင်ချီရှိလာတာ ပေါ့။ အဲဒီအိမ်ကို တာဝန်ရှိသူတွေ စစ်ဆေးလိုက်တဲ့အချိန်မှာ အဲဒီ အိမ်က စည်ပင်သာယာခွင့်ပြုချက် ရထားတာမဟုတ်ဘူး။ အဲဒီတော့ အိမ်ကြီးကလည်း အလုံကြီးဖြစ် နေတာပေါ့။ အဲဒါ ဗလီဖြစ်တယ် ဆိုပြီး လူတွေများလာပြီး ဖျက်ခိုင်း တယ်။ နံပါတ်(၁)ကတော့ စည် ပင်ဥပဒေအရ ငြိစွန်းတဲ့အတွက် ဖျက်တာ။ နံပါတ် (၂)ကတော့ ဆူပူအုံကြွမှုတွေဖြစ်မှာ ကြောက်လို့ဖျက်တာပေါ့။ လူတွေကလည်း အများကြီးပဲ။ ထိန်းလို့လည်း မရဘူး။ အခုထိလည်း မပြန်သေးဘူး ရှိတယ်။ အသံတွေကြားနေတာ ဖျက်နေတဲ့အသံတွေပဲ။ စစ်ဆေး ချက်အရ ဘာမှတော့ ထူးထူးထွေ ထွေမတွေ့ရဘူး။ ဘာပြောမလဲ ဆိုတော့ အိမ်ကြီးက အလုံဖြစ်တဲ့ သဘောဖြစ်တာပေါ့။ ရဲတပ်ဖွဲ့က ခရိုင်ရော၊ မြို့နယ်ရဲမှူးတွေရော အကုန် ရောက်နေပါတယ်။ ရောက်ပြီး ဖျက်တာကို အကုန် စောင့်ကြည့်ပြီး ပြည်သူလူထုမပါ ဝင်အောင်လို့ ထိန်းသိမ်းထားပါ တယ်ဗျ။ ဖျက်တာကတော့ ဒီမှာ ရှိတဲ့ တာဝန်ရှိသူအားလုံးက ဆုံး ဖြတ်ပြီးတော့ ဘက်ဟိုးနဲ့ဖျက်နေ တာပါ’’ဟု ဦးအေးခိုင်က ဇူလိုင် ၂၇ ရက် ည ၉ နာရီခန့်က ပြော ကြားသည်။

နှစ်ထပ် အလုံပိတ်အ ဆောက်အအုံကို ဗလီပြုလုပ်ရန် ဆောက်လုပ်ထားသည်ဆိုကာ မြို့ဒေသခံ ထောင်ဂဏန်းက ဖျက်သိမ်းပေးရန် ဇူလိုင် ၂၇ ရက် ညနေတွင် တောင်းဆိုခဲ့သည်။

ဖျက်ဆီးခံရသည့် အ ဆောက်အအုံသည် စည်ပင်သာ ယာ၏ခွင့်ပြုချက် ရယူထားခြင်း မရှိသည့်အပြင် အဆောက်အအုံ နှင့်ပတ်သက်ပြီး တာဝန်ခံမည့် တာဝန်ရှိသူ ရှိမနေသည့် အခြေ အနေတွင် ပြဿနာများ မကျယ် ပြန့်စေရေး အဆိုပါ အဆောက် အအုံကိုဖြိုရန် မြို့နယ်အုပ်ချုပ် ရေးပိုင်းက ဆုံးဖြတ်ခဲ့ကြောင်း ကျောက်ပန်းတောင်းမြို့ခံ အမျိုး သားအချို့က ပြောသည်။

အဆောက်အအုံကို ဇူလိုင် ၂၇ ရက် ည ၈ နာရီခန့်တွင် ဖျက် ဆီးခဲ့ရာ ၉ နာရီ ၁၀ မိနစ်၌ ပြီး စီးခဲ့ကြောင်း ဦးအေးခိုင်က ဆို သည်။

အဆောက်အအုံ ပြဿနာ ကြောင့် ဆူပူမှုမဖြစ်ပွားရန် လုံခြုံ ရေး တိုးမြှင့်ချထားကြောင်း ကျောက်ပန်းတောင်းမြို့နယ် ရဲ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ သွား ရောက်နေကြောင်း ကျောက်ပန်း တောင်းမြို့မရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဇူလိုင် ၂၇ ရက် ည ၉ နာရီခန့်က ပြောကြားခဲ့ ပြီး အသေးစိတ်ဖြေကြားနိုင်ခြင်း မရှိဟု ဆိုသည်။

‘‘ကျောက်ပန်းတောင်းအနေ နဲ့က အကဲဆတ်တဲ့ မြို့ဖြစ်တဲ့အ တွက် အဆောက်အအုံတွေ ဆောက်လုပ်တဲ့နေရာမှာ စည်း မျဉ်းစည်းကမ်းနဲ့ သင့်တော်စွာ စည်ပင်သာယာဘက်က သင့် တော်အောင် စည်းမျဉ်းစည်းကမ်း နဲ့ ဆောင်ရွက်သလို မြို့ခံတွေ အ နေနဲ့လည်း စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီအောင် ဆောင်ရွက်စေ ချင်တယ်’’ဟု မြို့ခံ ကိုရဲဝင်းဇော် က ပြောသည်။

အဆိုပါ နှစ်ထပ်အဆောက် အအုံကို ဘက်ဟိုးတစ်စီးဖြင့် ဖျက်ဆီးရာနေရာတွင် မြို့ခံအ များအပြားက ဗလီဗလီဖျက်ဖျက် ဟု အော်ဟစ်ခဲ့ကြောင်း အ ဆောက်အအုံ ဖျက်ဆီးနေမှုကို လူမှုကွန်ရက်၌ တိုက်ရိုက်ထုတ် လွှင့်ပြသသည့် ဗီဒီယိုဖိုင်တွင် တွေ့ရသည်။

‘‘အားလုံးပဲ မေတ္တာရပ်ခံပါ တယ်။ လူစုခွဲပေးပါ။ နောက် ဆုတ်ပေးပါ’’ဟု တာဝန်ရှိသူများ က အဆောက်အအုံကို ဖျက်ဆီး နေစဉ် မြို့ခံများအား မေတ္တာရပ်ခံ ခဲ့သည်။

ဇူလိုင် ၂၇ ရက် ည ၁၀ နာရီ ခန့်ကအထိ အဆိုပါအဆောက်အ အုံဖျက်ဆီးသည့်နေရာတွင် လူ ၅၀ ခန့် စုဝေးနေဆဲဖြစ်ကြောင်း နှင့် ရဲတပ်ဖွဲ့က အင်အားတိုးလုံခြုံ ရေးဆောင်ရွက်နေကြောင်း ဦး အေးခိုင်က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top