ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

လိင္ပိုင္းဆုိင္ရာေစာ္ကားမႈ မ်ားကုိ ေျခရာခံႏိုင္မည့္ wearable စတစ္ကာတစ္မ်ိဳးကို မက္ဆာခ်ဴး ဆက္ နည္းပညာတကၠသိုလ္ (MIT) အင္ဂ်င္နီယာမ်ားက ဖန္တီးခဲ့သည္။ အဆိုပါစတစ္ကာ သည္ ျပစ္မႈက်ဴးလြန္ခံရသူအ တြက္ သတိေပးခ်က္ ထုတ္ေပးၿပီး သက္ဆုိင္ရာသုိ႔ အေၾကာင္းၾကား မည္ျဖစ္သည္။

ယင္းထုတ္ကုန္ကို အက်ႌႏွင့္ အဝတ္အထည္မ်ိဳးစုံတြင္ တပ္ဆင္ႏိုင္ၿပီး လိင္ပုိင္းဆိုင္ရာ က်ဳးလြန္ခံရသူမ်ားကုိ ကာကြယ္ႏိုင္သည္။ ထုတ္ကုန္တြင္ active ႏွင့္ passivemode ပါဝင္ကာ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈကို ထုတ္ကုန္က ဝတ္ဆင္ထားသည့္ သူထံ message ေပးပုိ႔မည္ျဖစ္သည္။ အကယ္၍၎ message ကို မျပန္ၾကားႏိုင္ခဲ့လွ်င္ သတိေပးသံက်ယ္ေလာင္ စြာ ထြက္ေပၚလာၿပီး တည္ေနရာ ကုိ သက္ဆိုင္ရာထံ ေပးပုိ႔မည္ျဖစ္ ကာ မွတ္တမ္းတင္မႈ စတင္မည္ ျဖစ္သည္။

‘‘လုံၿခံဳမႈအတြက္ အမ်ိဳးသမီး ေတြ အလုပ္လုပ္တာရပ္ဖို႔၊ ဒါမွမဟုတ္ အိမ္ထဲမွာပဲေနဖို႔ အႀကိမ္ ေပါင္းမ်ားစြာ ေျပာေနၾကပါ တယ္။ သူတို႔အတြက္ လုံၿခံဳဖုိ႔ နည္းလမ္းေတြ အမ်ားႀကီးႀကံဆေပး သင့္ပါတယ္။ ကြၽန္မတို႔အေနနဲ႔ ကုိယ္ရံေတာ္ေတြ မလိုပါဘူး။ ကုိယ့္ဘာသာကုိယ္ ကာကြယ္ႏိုင္ ပါတယ္။ ကြၽန္မအတြက္ ကုိယ္တုိင္ကုိယ္က် ရပ္တည္ႏိုင္သင့္ပါ တယ္။ ဒီထုတ္ကုန္က အဲဒီနည္းလမ္းကို အေထာက္အပံ့ေပးႏိုင္ မယ္လို႔ ထင္ပါတယ္’’ဟု MIT Media Lab သုေတသီ မနီခ်ာမို ဟန္က အိႏၵိယႏိုင္ငံအတြင္း အ ေတြ႕အႀကံဳမ်ားကိုေျပာသည္။

အဆိုပါစီမံကိန္းကို Intrepid ဟုေခၚၿပီး စတစ္ကာအေသးစား ႏွင့္ ဆင္တူေသာ ထုတ္ကုန္ကို စမတ္ဖုန္း app ႏွင့္ တြဲဖက္အသုံး ျပဳရမည္ျဖစ္သည္။ ထုတ္ကုန္ သည္ လိင္ပုိင္းဆိုင္ရာေစာ္ကား မႈမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ ေျခ ရာခံ ဆက္သြယ္ႏိုင္မည္ျဖစ္ၿပီး ကာကြယ္ေပးႏိုင္သည္။

Passive mode ကို သံုးစြဲ ေသာအခါ ျပႆနာတစ္စုံတစ္ခု ေပၚလာလွ်င္ ထုတ္ကုန္ဝတ္ဆင္ သူက လုံၿခံဳေရးစတစ္ကာခလုတ္ တစ္ခုကို ႏွိပ္ႏိုင္မည္ျဖစ္သည္။ ထုတ္ကုန္ကုိ ဝတ္ဆင္ထားသူက ခြင့္ျပဳလုိက္ေလ်ာမႈ မရွိလွ်င္ active mode ကုိ သုံးႏိုင္မည္ျဖစ္ သည္။            

—Ref: DailyMail

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
လိင်ပိုင်းဆိုင်ရာစော်ကားမှု များကို ခြေရာခံနိုင်မည့် wearable စတစ်ကာတစ်မျိုးကို မက်ဆာချူး ဆက် နည်းပညာတက္ကသိုလ် (MIT) အင်ဂျင်နီယာများက ဖန်တီးခဲ့သည်။ အဆိုပါစတစ်ကာ သည် ပြစ်မှုကျူးလွန်ခံရသူအ တွက် သတိပေးချက် ထုတ်ပေးပြီး သက်ဆိုင်ရာသို့ အကြောင်းကြား မည်ဖြစ်သည်။

ယင်းထုတ်ကုန်ကို အကျႌနှင့် အဝတ်အထည်မျိုးစုံတွင် တပ်ဆင်နိုင်ပြီး လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခံရသူများကို ကာကွယ်နိုင်သည်။ ထုတ်ကုန်တွင် active နှင့် passivemode ပါဝင်ကာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ထုတ်ကုန်က ဝတ်ဆင်ထားသည့် သူထံ message ပေးပို့မည်ဖြစ်သည်။ အကယ်၍၎င်း message ကို မပြန်ကြားနိုင်ခဲ့လျှင် သတိပေးသံကျယ်လောင် စွာ ထွက်ပေါ်လာပြီး တည်နေရာ ကို သက်ဆိုင်ရာထံ ပေးပို့မည်ဖြစ် ကာ မှတ်တမ်းတင်မှု စတင်မည် ဖြစ်သည်။

‘‘လုံခြုံမှုအတွက် အမျိုးသမီး တွေ အလုပ်လုပ်တာရပ်ဖို့၊ ဒါမှမဟုတ် အိမ်ထဲမှာပဲနေဖို့ အကြိမ် ပေါင်းများစွာ ပြောနေကြပါ တယ်။ သူတို့အတွက် လုံခြုံဖို့ နည်းလမ်းတွေ အများကြီးကြံဆပေး သင့်ပါတယ်။ ကျွန်မတို့အနေနဲ့ ကိုယ်ရံတော်တွေ မလိုပါဘူး။ ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင် ပါတယ်။ ကျွန်မအတွက် ကိုယ်တိုင်ကိုယ်ကျ ရပ်တည်နိုင်သင့်ပါ တယ်။ ဒီထုတ်ကုန်က အဲဒီနည်းလမ်းကို အထောက်အပံ့ပေးနိုင် မယ်လို့ ထင်ပါတယ်’’ဟု MIT Media Lab သုတေသီ မနီချာမို ဟန်က အိန္ဒိယနိုင်ငံအတွင်း အ တွေ့အကြုံများကိုပြောသည်။

အဆိုပါစီမံကိန်းကို Intrepid ဟုခေါ်ပြီး စတစ်ကာအသေးစား နှင့် ဆင်တူသော ထုတ်ကုန်ကို စမတ်ဖုန်း app နှင့် တွဲဖက်အသုံး ပြုရမည်ဖြစ်သည်။ ထုတ်ကုန် သည် လိင်ပိုင်းဆိုင်ရာစော်ကား မှုများကို အချိန်နှင့်တစ်ပြေးညီ ခြေ ရာခံ ဆက်သွယ်နိုင်မည်ဖြစ်ပြီး ကာကွယ်ပေးနိုင်သည်။

Passive mode ကို သုံးစွဲ သောအခါ ပြဿနာတစ်စုံတစ်ခု ပေါ်လာလျှင် ထုတ်ကုန်ဝတ်ဆင် သူက လုံခြုံရေးစတစ်ကာခလုတ် တစ်ခုကို နှိပ်နိုင်မည်ဖြစ်သည်။ ထုတ်ကုန်ကို ဝတ်ဆင်ထားသူက ခွင့်ပြုလိုက်လျောမှု မရှိလျှင် active mode ကို သုံးနိုင်မည်ဖြစ် သည်။           

—Ref: DailyMail


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top