Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မူးယစ္တပ္ဖြဲ႕စု(၄၁)မွ ရဲအရာရွိတစ္ဦး ေမာင္းႏွင္လာ သည့္ကားသည္ လမ္းေလွ်ာက္ လာေသာ ကုိယ္၀န္ေဆာင္အမ်ိဳး သမီးတစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦး ကို ပြတ္တိုက္မိၿပီး အျခားယာဥ္ႏွစ္စီးကုိ ဆင့္တိုက္မႈျဖစ္ပြားခဲ့သည္။

ဗဟန္းၿမိဳ႕နယ္ ျပည္ထဲေရး ႐ုံးေဟာင္းရွိ မူးယစ္တပ္ဖြဲ႕(၄၁)မွ ရဲအုပ္ျမတ္ဖုန္းသည္ ဇူလုိင္ ၂၅ ရက္ ည ၉ နာရီခန္႔က မာလာႏြယ္ လမ္းအတိုင္း ေမတၱာၫြန္႔ဘူတာ ဘက္မွ က်ိဳကၠဆံယာဥ္အပုိပစၥည္း ေရာင္း၀ယ္ေရးစခန္းဘက္သုိ႔ ေမာင္းႏွင္လာစဥ္ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ေၾကာင္း ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕႐ုံးမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ထုိသုိ႔ေမာင္းႏွင္လာစဥ္ အိမ္ အမွတ္(၇၂၉)ေရွ႕ အေရာက္တြင္ မ်က္ႏွာခ်င္းဆုိင္မွ လမ္းေလွ်ာက္လာသည့္ အသက္(၃၀)အရြယ္ကုိတင္ထြန္းႏုိင္ႏွင့္ အသက္ (၂၆)ႏွစ္အရြယ္ကုိယ္၀န္ေဆာင္မိခင္ မဇင္မာႏြယ္တို႔ကုိ ပြတ္တိုက္မိခဲ့ေၾကာင္း ၎က ရွင္းျပသည္။

ထုိ႔ေနာက္ ဆက္လက္ ေမာင္းႏွင္လာစဥ္ ျမတ္ေလး႐ုံ လမ္းသို႔အေရာက္ ဆူဇူကီးအျဖဴ ေရာင္ကုိယ္ပုိင္ယာဥ္ႏွင့္ ရပ္ထား ေသာ ဟုိင္းလပ္ဆာ့ဖ္ယာဥ္တို႔  ကုိ ထပ္မံဆင့္တိုက္ခဲ့သျဖင့္ ယာဥ္ႏွစ္စီးေပါင္းက်ပ္ တစ္သိန္း ခြဲဖိုးခန္႔ ပ်က္စီးဆုံး႐ႈံးခဲ့ေၾကာင္း တာေမြၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး႐ုံးမွ  ရဲအရာရွိတစ္ဦးက ဆုိသည္။

ယာဥ္တိုက္မႈေၾကာင့္ ပြန္းပဲ့ ဒဏ္ရာမ်ားရရွိခဲ့သည့္ အမ်ိဳး သားႏွင့္ ကုိယ္၀န္ေဆာင္မိခင္ တို႔ကုိ ရန္ကုန္ေဆး႐ုံႀကီးသုိ႔ တင္ပုိ႔ကုသေပးခဲ့ၿပီး ယာဥ္မဆင္ မျခင္ေမာင္းႏွင့္သည့္ ရဲအုပ္ျမတ္ ဖုန္းကုိ တာေမြၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီး ပုဒ္မ ၃၃၇/၂၇၉ ျဖင့္အမႈဖြင့္ ဖမ္းဆီးစစ္ေဆးေန ေၾကာင္း သတင္းရရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
မူးယစ်တပ်ဖွဲ့စု(၄၁)မှ ရဲအရာရှိတစ်ဦး မောင်းနှင်လာ သည့်ကားသည် လမ်းလျှောက် လာသော ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ကို ပွတ်တိုက်မိပြီး အခြားယာဉ်နှစ်စီးကို ဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။

ဗဟန်းမြို့နယ် ပြည်ထဲရေး ရုံးဟောင်းရှိ မူးယစ်တပ်ဖွဲ့(၄၁)မှ ရဲအုပ်မြတ်ဖုန်းသည် ဇူလိုင် ၂၅ ရက် ည ၉ နာရီခန့်က မာလာနွယ် လမ်းအတိုင်း မေတ္တာညွန့်ဘူတာ ဘက်မှ ကျိုက္ကဆံယာဉ်အပိုပစ္စည်း ရောင်းဝယ်ရေးစခန်းဘက်သို့ မောင်းနှင်လာစဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ထိုသို့မောင်းနှင်လာစဉ် အိမ် အမှတ်(၇၂၉)ရှေ့ အရောက်တွင် မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာသည့် အသက်(၃၀)အရွယ်ကိုတင်ထွန်းနိုင်နှင့် အသက် (၂၆)နှစ်အရွယ်ကိုယ်ဝန်ဆောင်မိခင် မဇင်မာနွယ်တို့ကို ပွတ်တိုက်မိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ထို့နောက် ဆက်လက် မောင်းနှင်လာစဉ် မြတ်လေးရုံ လမ်းသို့အရောက် ဆူဇူကီးအဖြူ ရောင်ကိုယ်ပိုင်ယာဉ်နှင့် ရပ်ထား သော ဟိုင်းလပ်ဆာ့ဖ်ယာဉ်တို့  ကို ထပ်မံဆင့်တိုက်ခဲ့သဖြင့် ယာဉ်နှစ်စီးပေါင်းကျပ် တစ်သိန်း ခွဲဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ  ရဲအရာရှိတစ်ဦးက ဆိုသည်။

ယာဉ်တိုက်မှုကြောင့် ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့သည့် အမျိုး သားနှင့် ကိုယ်ဝန်ဆောင်မိခင် တို့ကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသပေးခဲ့ပြီး ယာဉ်မဆင် မခြင်မောင်းနှင့်သည့် ရဲအုပ်မြတ် ဖုန်းကို တာမွေမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၂၇၉ ဖြင့်အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေ ကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top